#World_Health
Published 13 July 2024
▪️ အနောက်တိုင်းကလူတွေက နေသာတဲ့ ရာသီဥတုမျိုးကို စောင့်ဆိုင်းကြပေမယ့် အခုဆိုရင် နေရာအနှံ့မှာ အပူချိန်လွန်ကဲနေပြီး အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုး ခံစားရနိုင်ပါတယ်။
▪️ အပြင်ကိုရောက်နေတဲ့အခါ အပူသက်သာအောင် ဘယ်လိုနေထိုင်မလဲ ဆိုတာနဲ့ လက္ခဏာတစ်ခုခု ခံစားရပြီဆိုရင် ဘာလုပ်သင့်လဲဆိုတာကို NYU လန်ဂွန်ကျန်းမာရေးစင်တာမှ အရေးပေါ်အထူးကု ဒေါက်တာ ရိဒ်ကောလ်ဝဲလ်က ဆွေးနွေးခဲ့ပါတယ်။
▪️ အပူဒဏ်ခံစားရတာနဲ့ ပတ်သက်ပြီး အဆင့်တစ်ဆင့်ချင်းစီရှိပြီး ပထမဆုံးအဆင့်က အရေပြားနီမြန်းလာကာ စပ်ဖျင်းဖျင်း ခံစားရတာမျိုးဖြစ်ပါတယ်။
▪️ နောက်တစ်ဆင့်က ရေဆာလောင်ပြီး အပူကြောင့် ကြွက်သားတွေ ကပ်တာမျိုး ခံစားရနိုင်ပါတယ်။
▪️ နောက်တစ်ဆင့်က အလွန်ပူလောင်ပြီး လမ်းဆက်မလျှောက်နိုင်လောက်အောင် ပင်ပန်းကာ နှလုံးခုန်မြန်၊ ချွေးထွက်လာတာ ဖြစ်ပါတယ်။
▪️ အဆိုးဆုံးအဆင့်က အပူရှပ်တာဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက်ကျော်သွားကာ စိတ်အာရုံရှုပ်ထွေးပြီး ချွေးမထွက်တော့ပါဘူး။
▪️ အလွန်ပူတဲ့အခါ ချွေးထွက်သင့်တာဖြစ်ပေမယ့် အပူရှပ်တဲ့အခါ အရေပြားခြောက်သွေ့ပူပြင်းလာပါတယ်။
▪️ ဒါဟာ အသက်အန္တရာယ်ရှိနိုင်တာကြောင့် ဒီလိုလက္ခဏာ ခံစားရတယ်ဆိုရင် အရေးပေါ်ကို အကြောင်းကြားသင့်ပါတယ်။
▪️ ဒါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ရေဓာတ်ပြည့်ဝအောင် နေသင့်တာပါပဲ။
ဆီးအရောင်ကိုလည်း သတိပြုသင့်ပြီး ကြည်နေရင် အခြေအနေကောင်းပြီးတော့ အရောင်ရင့်နေရင် ရေဓာတ်နည်းနေတဲ့ သဘောဖြစ်ပါတယ်။
▪️ နေရောင်ကာလိမ်းခြင်းနဲ့ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားများ ဝတ်ခြင်းတို့ကလည်း အရေးပါပါတယ်။
▪️ အပြင်ထွက်ပြီး အလုပ်လုပ်ရသူတွေ၊ အားကစားသမားတွေအနေနဲ့ နေရိပ်ထဲမှာ အနားယူပေးဖို့ကလည်း လိုအပ်ပါတယ်။
▪️ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက သူတို့ခံစားရတာကို ပြောပြဖို့ခက်ခဲတတ်တာကြောင့် အန္တရာယ်များတဲ့ အသက်အရွယ်တွေ ဖြစ်ပါတယ်။
▪️ တိုက်ခန်းတွေမှာ နေတဲ့သူတွေအနေနဲ့ လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။
▪️ အပြင်ဘက်မှာ အရက်သေစာ သောက်စားမယ်ဆိုရင် ရေသန့်သောက်ပေးဖို့လည်း လိုအပ်ပါတယ်။
#Source: New York Post
ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီးကြောင့် တရုတ်ပြည်ရှိ 'ရန်နေကျောင်း'သန္တာကျောက်တန်း၏ ဂေဟစနစ်ပျက်သုဉ်းလာ
'ရန်နေကျောင်း'ကျောက်တန်း ဂေဟစနစ်စစ်တမ်း လေ့လာချက်နဲ့ ပတ်သက်ပြီး ပထမဆုံးမှတ်တမ်းတစ်ခုကို တောင်တရုတ်ပင်လယ်ဆိုင်ရာ CMG မီဒီယာက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။
#World_Ecology
Published 12 July 2024
#ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီး #'ရန်နေကျောင်း'ကျောက်တန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 July 2024
၁။ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ် (၁၄)ကျောင်းကို တရားဝင်ဖွင့်ခွင့်ပြုလိုက်ပြီဟုဆို
၂။ ဓာတ်ဆီဈေး ဆက်တက်၊ ဒီဇယ်ဈေးပြန်ကျ
၃။ မြစ်ရေတိုက်စားပြီး တာတမံများမကျိုးအောင် မြို့(၃)မြို့၌ သဲအိတ်များဖြင့်ဆယ်တင်နေ
၄။ ဖိလစ်ပိုင်စစ်သင်္ဘောပျက်ကြီးကြောင့် တရုတ်ပြည်ရှိ 'ရန်နေကျောင်း'သန္တာကျောက်တန်း၏ ဂေဟစနစ်ပျက်သုဉ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၂ ဇူလိုင် ၂၀၂၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးကို သမ္မတပူတင်လို့ မှားခေါ်လိုက်ပြီး သူ့ရဲ့ ဒုသမ္မတ ကာမာလာဟာရစ်ကိုလည်း ဒုသမ္မတ ထရမ့်လို့ ထပ်မှားခေါ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့သမ္မတသက်တမ်း တစ်လျောက်မှာ သိသာထင်ရှားလှတဲ့ စကားပြောမှားမှုနှစ်ခုထပ်ဖြစ်ခဲ့တာပါ။
သူ့ရဲ့အသက်အရွယ်ကြောင့် သူ့ကို သမ္မတဆက်အရွေးမခံဖို့ တောင်းဆိုမှုတွေနှင့် ရင်ဆိုင်နေရတဲ့ ဘိုင်ဒင်ဟာ ယူကရိန်းအတွက်ကျင်းပတဲ့ နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးစင်မြင့်မှာ ယူကရိန်းသမ္မတနှင့် ရုရှားသမ္မတကို အိုးနင်းခွက်နင်းမှားပြောမိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်သူဟာသူ့ရဲ့ ဒုသမ္မတ ဟာရစ်ကို ဒုသမ္မတထရမ့်လို့ထပ်မှားလိုက်ပြန်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ဇူလိုင်၁၂ရက်က ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးပိတ်ပွဲမှာ ဘိုင်ဒင်က မှားပြောခဲ့တာပါ။
ဘိုင်ဒင်ဟာ အခြားသော နေတိုးခေါင်းဆောင်တွေ ၂၃ဦးရှေ့မှာ စကားတွေမှားခဲ့တာပါ။ သူဟာ ယူကရိန်းကို ဘယ်လို အကာအကွယ်ပေးရမယ်ဆိုတာကို မိနစ်များစွာပြောပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇီလင်စကီးဘက်လှည့်ကာ မိတ်ဆက်စကားပြောခဲ့ပါတယ်။
“အခု ကျွန်တော့်အနေနှင့် ယူကရိန်းသမ္မတကိုဖိတ်ခေါ်ပါတယ်။ သူဟာ အင်မတန်မှရဲရင့်ပြီး ပိုင်းပိုင်းဖြတ်ဖြတ် ရှိပြီးသား သူတစ်ဦးပါ။ လူကြီးမင်းများခင်ဗျား သူကတော့ “ သမ္မတ ပူတင်ပါ” ။ သမ္မတပူတင်၊ “ လို့ မှားပြောလိုက်ပါတယ်။ အဲဒီနောက်သူဟာ မိုက်ခရိုဖုန်းရှိရာပြန်လာပြီး သူ့အမှားကိုပြန်ပြင်ဖို့ကြိုးစားပါတယ်။
“ သမ္မတဇီလင်စကီး..။ကျွန်တော်က ပူတင်ကိုအနိုင်ရဖို့ အာရုံသိပ်ထားလွန်းတာ”လို့ပြန်ပြင်ခဲ့ပါတယ်။
မိနစ်ကိုးဆယ်ကြာတဲ့အခါ ဒုတိယမြောက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ထပ်မှားပြန်ပါတယ်။ သတင်းထောက်တစ်ဦးက “ လိုအပ်လာလျှင့် သူ့နေရာမှာ ကင်မာလာဟာရစ်က ဝင်လုပ်ဖို့ အရည်အချင်းမီပါသလား “ မေးခဲ့တဲ့အပေါ် ဘိုင်ဒင်ကပြန်ဖြေရင်း စကားမှားသွားခဲ့တာပါ။
“ ကျွန်တော့်အနေနှင့်ဒုသမ္မထရမ့်ကို ဒုသမ္မတအဖြစ်ရွေးချယ်ခဲ့လိမ့်မှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနှင့်တော့ သူမဟာ သမ္မတဖြစ်ဖို့အရည်အချင်းမပြည့်မီဘူးလို့ထင်တာပဲ” လို့ မှားပြောခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ အဲသလိုမှားပြောတဲ့အပေါ် ချက်ခြင်းပဲ ဆိုရှယ်မီဒီယာပေါ်မှာ “ ဂျိုးရေ...လုပ်ချလိုက်တာ ကောင်းသကွာ” လို့ ရေးတင်ခဲ့ပါတယ်။
အဲသလိုနောက်ထပ်စကားပြောအမှားနစ်ခုကြောင့် သူ့ကို သမ္မတဆက်အရွေးမခံဖို့ တိုက်တွန်း တွန်းအားပေးမှုတွေ ဒီမိုကရက်တွေကြားထဲ ပိုများပြားလာနေပါတယ်။
Source: Telegraph
ရန်ကုန်ရှိမြို့နယ်(၁၄)ခုမှာ ဇူလိုင်(၁၂) ရက်မှ (၁၅)ရက်အထိ (၄)ရက်တာ လျှပ်စစ်ဓာတ်အားယာယီပြတ်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှအသိပေးထားပါတယ်။ ၅၀၀ကေဗွီ၊ဘုရားကြီး - လှိုင်သာယာဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းအတွက် မလွတ်ကင်းတဲ့ဓာတ်အားလိုင်းနှစ်ခုကိုပိတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
#Local_News
Published 12 July 2024
#လျှပ်စစ်ဓာတ်အားယာယီပြတ် #ရန်ကုန်ရှိမြို့နယ်(၁၄)ခု
#tthl #Yangon_Times
အခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးက စက်သုံးဆီဆိုင် ၉၆၀ဆိုင် မှာ ဆီ အရည်အသွေးနဲ့ အခြင်အတွယ်စစ်ဆေးတာကို ရှောင်တခင်စစ်ဆေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 12 July 2024
#စက်သုံးဆီဆိုင်၉၆၀ဆိုင် #ရှောင်တခင်စစ်
#NN #Yangon_Times
#Local_News
Published 12 July 2024
▪️ ဧရာဝတီတိုင်း ဒေသကြီးမှထွက်ရှိသည့် ပုစွန်များကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့ လျှက်ရှိကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
▪️ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီတိုင်းရှိ ကျေးရွာများမှ ရေချို၊ ရေငန်ပုစွန်များအား ပုသိမ်မှ တစ်ဆင့်ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း သိရသည်။
▪️ "ရေချို၊ ရေငန် ပုစွန်တွေကို ပုသိမ်ကို တင်ပို့တဲ့အခါမှာ ကားနဲ့အဓိကတင်ပို့နေတယ်၊ အဲ့ဒီကတစ်ဆင့်ရန်ကုန်ကိုပြန်ပို့ကြတာ၊ ရန်ကုန်ငါးဈေးတွေကနေ နိုင်ငံခြားပို့မယ့်သူတွေက ဝယ်ပြန်ပို့ပေါ့၊ သူတို့ကကျတော့ ဂရမ်၂၀၀ အထက်နဲ့ ဂရမ် ၂၅၀ အထက်ပုစွန်တွေ ဝယ်ယူတာများတယ်"ဟု ဟိုင်းကြီးကျွန်းမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
▪️ ရေချို၊ရေငန် ပုစွန်များအား ထိုင်း၊ စင်္ကာပူ၊ ဂျပန်နှင့် ဥရောပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
▪️ လတ်တလောတွင် ဂရမ် ၂၅၀ အထက်ပုစွန်ဈေးမှာ တစ်ပိဿာလျှင် ၈၅,၀၀၀ ကျပ်၊ ဂရမ် ၂၀၀ အထက်တစ်ပိဿာလျှင် ၆၅,၀၀၀ ကျပ်၊ ဂရမ် ၅၀ မှ ဂရမ် ၁၀၀အတွင်း တစ်ပိဿာလျှင်ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ကျပ် ဝန်းကျင်အထိဈေးနှုန်းအသီးသီးရရှိနေကြောင်း သိရသည်။
#YMG/ NN #Yangon_Times
မြစ်ရေတိုက်စားပြီး တာတမံတွေမကျိုးအောင်ရေစကြို၊ စစ်ကိုင်း၊ မုံရွာစတဲ့ မြို့(၃)မြို့မှာ သဲအိတ်တွေနဲ့ဆယ်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
#Local_News
Published 12 July 2024
#မြစ်ရေတိုက်စား #သဲအိတ်များဖြင့်ဆယ်တင်
#tthl #Yangon_Times
ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီဈေးတွေဆက်လက်မြင့်တက်ပြီး ဒီဇယ်ဈေးတွေ ပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 12 July 2024
#ဓာတ်ဆီဈေးဆက်တက် #ဒီဇယ်ဈေးပြန်ကျ
#NN #Yangon_Times
#Local_News
Published 12 July 2024
▪️ ရန်ကုန်မြစ်အတွင်း သဗ္ဗာန်မှောက်၍ ပျောက်ဆုံးသူ(၉)ဦးအနက်(၄)ဦး အသက်ဆုံးရှုံးလျက်ပြန်တွေ့ထားပြီး နှစ်ဦးကိုဆက်ရှာဖွေနေဆဲဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
▪️ "လှိုင်မြစ် သဗ္ဗာန်မှောက်ဖြစ်စဉ် ပျောက်ဆုံး (၉)ဦး လက်တလောအခြေနေ သေဆုံး (၄) ဦး ရှာဖွေတွေ့ရှိခဲ့ပြီး ထပ်မံသတင်းရရှိ အတည်မပြုနိုင်သေးသော သေဆုံး (၂) ဦးအား ဆက်လက်အတည်ပြုနိုင်ရန် သွားနေပါတယ်"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအဖွဲ့မှ ဇူလိုင်(၁၂)ရက်နေ့လည်ပိုင်း၌ ရေးသားဖော်ပြထားသည်။
▪️ ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်း သဗ္ဗာန်တိမ်းမှောက်ခဲ့ပြီး ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၉)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး (၈)ဦးကိုဆက်ရှာနေကြောင်း ဇူလိုင်(၁၀)ရက်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထုတ်ပြန်ချက်တွင် ၁၀.၇.၂၀၂၄ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း၊
▪️ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
မြန်မာနိုင်ငံမှာ အခုနှစ်တရားဝင်ဖွင့်ခွင့်ပြုလိုက်တဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ် (၁၄) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကျောင်းများအသင်းမှ သိရပါတယ်။
#Local_News
Published 12 July 2024
#တရားဝင်ဖွင့်ခွင့်ပြုလိုက်ပြီ #ပုဂ္ဂလိကတက္ကသိုလ်
#tthl #Yangon_Times
#Local_News
Published 12 July 2024
▪️ မြန်မာကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက် ပထမဆုံးအလုပ်သင်ပရိုဂရမ်စတင်အကောင်အထည်ဖော်လျက်ရှိပြီး အိန္ဒိယနိုင်ငံ အသိအမှတ်ပြုပညာသင်ဆုများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာကျောင်းသားများအတွက် Digital Talent & Career Fair/ Scholarship Program (India) အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ကြမည်ဖြစ်သည်။
▪️ အဆိုပါအစီအစဉ်သည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနနှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွား ရေးလုပ်ငန်းရှင်များအသင်း (Myanmar Digital Economy Association- MDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် ပထမဆုံးသော University- Research-Industry (URI) Model ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသားများအကြား ဒစ်ဂျစ်တယ်စွမ်းရည်များကို မြှင့်တင်သည့် သုံးလကြာ Internship Program ဖြစ်သည်။
▪️ ယင်းတွင်နိုင်ငံ၏ ဒေသအသီးသီးမှ ကျောင်းသား ၈၃ ဦးကို ငွေကြေးကူညီထောက်ပံ့ခြင်းနှင့် ထူးချွန်ကျောင်းသား ၁၀ ဦးကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ဖွင့်လှစ်သော အိန္ဒိယနိုင်ငံအသိအမှတ်ပြု Professional Diploma in Java Programming Course တက်ရောက်ရန် ပညာသင်ဆုချီးမြှင့်ခြင်းတို့ ပါရှိသည်။
▪️ ယင်းအလုပ်သင်ကာလ သုံးလအတွင်း၌ ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ ကျောင်းသားများအတွက် အရည်အသွေးဖြည့်ဆည်းရန် လိုအပ်မှု တို့အလိုက် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှု (Software Development)၊ ကွန်ရက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး (Networking Development) နှင့် ဉာဏ်ရည်တု AI (Artificial Intelligence) အယူအဆများဖြင့် IoT တွင် အသုံးချခြင်းဆိုင်ရာ လက်ဆင့်ကမ်းအတွေ့အကြုံများကို မျှဝေပေးမည်ဖြစ်သည်။
▪️ အခမ်းအနားတွင် အလုပ်သင်ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေးသည့်ကုမ္ပဏီ ၁၀ ခုမှ ပြခန်းများပါရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်တာဗျူးများနှင့် Professional Diploma in Java Programming Course (India) အတွက် ပညာသင်ဆုအခွင့်အလမ်းများ စီစဉ်ထားရှိသည်။
▪️ အလုပ်သင်ပရိုဂရမ်သည် ပထမဆုံးအကြိမ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် စီစဉ်အကောင်အထည်ဖော်မည်ဖြစ်ကာ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
▪️ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ Digital Talent & Career Fair/ Scholarship Program (India) အစီအစဉ်ဖွင့်လှစ်ခြင်းကိုရန်ကုန်မြို့ ပါရမီလမ်းရှိ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ကျင်းပခဲ့ကြောင်းနှင့်
▪️ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် MDEA ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
#tthl#Yangon_Times
Page 591 of 1931