#World_News
Published 30 January 2025


▪️ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်ကပ်ပီတိုလ် တိုက်ခိုက်ခံရခြင်းဖြစ်စဉ်နောက်ပိုင်း Metaက သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကောင့်တွေကို ပိတ်ပင်ခဲ့တဲ့အတွက် ထရမ့်ကနေ တရားစွဲဆိုခဲ့ခြင်းအပေါ် ကျေအေးပေးဖို့ Metaကုမ္ပဏီက ဒေါ်လာ ၂၅ သန်းပေးဆောင်ရန် သဘောတူညီလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ဆိုပါတယ်။

▪️ ထရမ့်ဟာ ၂၀၂၁ ဇူလိုင်လမှာ ယခု Xလို့အမည်ပြောင်းထားတဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ အယ်လ်ဖာဘက်ရဲ့ ဂူဂဲလ်ကုမ္ပဏီတို့အပြင် ယင်းတို့ရဲ့ အမှုဆောင်ချုပ်တို့ကိုပါ တရားစွဲဆိုခဲ့တာဖြစ်ပြီး ကွန်ဆာဗေးတစ်အမြင်တွေကို ဥပဒေမဲ့နှုတ်ပိတ်နေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။

▪️ ထိုစဉ်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ထရမ့်က လိမ်လည်လှည့်ဖျားခံရတာ ဖြစ်တယ်လို့ ထပ်ခါထပ်ခါ ပြောဆိုခဲ့ပြီး အမေရိကန်ကပ်ပီတိုလ် လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူများ တိုက်ခိုက်ခဲ့ကြပြီးနောက် ထရမ့်ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်အကောင့်တွေ ပိတ်ခံခဲ့ရပါတယ်။

▪️ ကျေအေးငွေထဲက ဒေါ်လာ ၂၂ သန်းဟာ သမ္မတစာရွက်စာတမ်းထိန်းသိမ်းရေး အဆောက်အအုံအတွက် ရန်ပုံငွေဖြစ်လာမှာဖြစ်ပြီး ကျန်တဲ့ပမာဏကတော့ တရားရုံးစရိတ်နဲ့ အမှုထဲက အခြားတရားလိုများအတွက် ဖြစ်ပါတယ်။

▪️ ဖေ့စ်ဘွတ်ခ်မူရင်းကုမ္ပဏီ Metaက ကျေအေးမှုနဲ့ပတ်သက်တဲ့ အသိပေးအကြောင်းကြားစာကို ဆန်ဖရန်ဆစ္စကိုရှိ ဖက်ဒရယ်တရားရုံးတစ်ခုမှာ တင်ပြခဲ့ပါတယ်။

▪️ နိုဝင်ဘာလက Meta စီအီးအို မာ့ခ်ဇူကာဘက်ခ် ထရမ့်ရဲ့ညစာစားပွဲကို တက်ရောက်ခဲ့ပြီးနောက် တရားစွဲဆိုမှုအကြောင်း ဆွေးနွေးမှုတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်တယ်လို့ ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြထားပါတယ်။

▪️ Metaကုမ္ပဏီက ယင်းတို့စီအီးအိုကို ခြိမ်းခြောက်ဖို့လုပ်နေတဲ့ သမ္မတနဲ့ ဆက်ဆံရေး ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

▪️ ဒီဇင်ဘာလက Metaဟာ ထရမ့်ကျမ်းသစ္စာဆိုပွဲရန်ပုံငွေအတွက် ဒေါ်လာ ၁ သန်းထည့်ဝင်ဖို့ ကြေညာခဲ့ပါသေးတယ်။

▪️ Meta က ထင်ရှားတဲ့ ရီပတ်ဘလစ်ကန် ဂျိုးလ်ကပ်ပလန်ကို ကမ္ဘာ့ရေးရာ အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပြီး UFCစီအီးအိုနဲ့ ထရမ့်မိတ်ဆွေဖြစ်သူ ဒါနာဝှိုက်ကို ဘုတ်အဖွဲ့ထံ ခေါ်ယူလိုက်ပါတယ်။

#Source: Reuters