#World_Health
Published 30 January 2025


▪️ မျက်လုံးစမ်းသပ်မှုလေးတစ်ခု ပြုလုပ်ရုံဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်မယ့် ဒီဂျစ်တယ်ပစ္စည်းတစ်မျိုးကို စကော့တလန် သိပ္ပံပညာရှင်များ ထုတ်လုပ်နေကြပါတယ်။

▪️ စကော့တလန် မျက်စိဆရာဝန်များထံမှ မျက်လုံးစကင်ပေါင်းတစ်သန်းကို ရယူကာ အကြီးမားဆုံး အချက်အလက်စုစည်းမှုကြီး ပြုလုပ်ခဲ့ကြပါတယ်။

▪️ ဦးနှောက်ကျန်းမာရေးကို ညွှန်ပြနိုင်တဲ့ မြင်လွှာအစိတ်အပိုင်း ပုံရိပ်တွေကို ဆန်းစစ်ဖို့ AIနဲ့ မှတ်သားသင်ယူနိုင်တဲ့ စက်ကိရိယာတို့ အသုံးပြုကြပါတယ်။

▪️ AI က အချက်အလက်တွေကို ဆန်းစစ်ပေးတာကြောင့် သိပ္ပံပညာရှင်တွေက ဒီမန်ရှာရောဂါကို လက္ခဏာမပေါ်ခင်တည်းက တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

▪️ ဒီမန်ရှာရောဂါ ဖြစ်တဲ့အခါ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်၊ တွေးတောမှု၊ အပြုအမူ၊ စိတ်နဲ့ခန္ဓာထိန်းချုပ်မှုတို့ကို သက်ရောက်လာပါတယ်။

▪️ နေ့စဉ်ဘဝလှုပ်ရှားမှုကိုတောင် ပြုလုပ်ရန်ခက်ခဲလာပြီး အဖြစ်အများဆုံး ဒီမန်ရှာရောဂါတစ်မျိုးက အယ်လ်ဇိုင်းမား ဖြစ်ပါတယ်။

▪️ အာရုံကြောချို့ယွင်းရောဂါတွေကို ညွှန်ပြနေတဲ့ မျက်လုံးထဲမှ သွေးကြောများ အခြေအနေကို ဆန်းစစ်နိုင်မယ့် အယ်လ်ဂိုရစ်သမ်ကို အီဒင်ဘာ့ဂ်တက္ကသိုလ်ဦးဆောင်တဲ့ NeurEYE သုတေသနအဖွဲ့နဲ့အတူ ဂလက်စ်ဂိုကယ်လေဒိုနီယန်တက္ကသိုလ်မှ သုတေသီများ ဖော်ထုတ်နေကြပါတယ်။

▪️ AI အဆင့်မြင့်လာတဲ့အခါ ရောဂါတွေကို ခန့်မှန်းလာနိုင်ပြီး ဒီမန်ရှာလိုရောဂါမျိုးကို စောစီးစွာ တွေ့ရှိနိုင်မှာဖြစ်တယ်လို့ ပရော်ဖက်ဆာ မီဂွယ်ဘာနေဗျူးက ဆိုပါတယ်။

▪️ "မျက်လုံးက ထင်ထားတာထက် ပိုပြီးဖော်ပြနိုင်ပါတယ်။ မြင်လွှာဟာ အချက်အလက်များစွာ ပိုင်ဆိုင်ထားပြီး ဦးနှောက်ကျန်းမာရေး အတိုင်းအတာတစ်ခုလို ဖြစ်ပါတယ်" လို့ အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဘယ်ဂျင်းဒီလွန်က ပြောသွားပါတယ်။

▪️ မြင်လွှာပုံရိပ်တစ်ပုံဖြင့် အသုံးချပြီး ဦးနှောက်မှာ ပြောင်းလဲသွားနိုင်ခြေကို ခန့်မှန်းနိုင်မယ်လို့ ဆိုပါတယ်။

#Source: India Today