#World_Health
Published 30 January 2025


▪️ ပန်းဂေါ်ဖီစိမ်းနဲ့ တရုတ်နံနံတို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်း လူတီယိုလင်ဟာ ဆံပင်ဖြူလာခြင်းကို လျှော့ချပေးနိုင်တယ်လို့ Antioxidantsဂျာနယ်မှာ ဖော်ပြထားပါတယ်။

▪️ ဂျပန် နာဂိုယာတက္ကသိုလ်မှ သုတေသီအဖွဲ့က ဓာတ်ခွဲခန်းကြွက်တွေမှာ လူတီယိုလင်ကို လိမ်းဆေးနဲ့ သောက်ဆေးပေးပြီး စမ်းသပ်ခဲ့ကြပါတယ်။

▪️ ဆံပင်ဖြူတယ်ဆိုတာဟာ ဆံပင်မွေးညင်းပေါက်အတွင်းရှိ ရောင်ခြယ်ဆဲလ်များ တဖြည်းဖြည်း လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။

▪️ ရောင်ခြယ်ပစ္စည်း မယ်လနင်ကြောင့် ဆံပင်မှာ သဘာဝအရောင် ထွက်ပေါ်စေတာ ဖြစ်ပါတယ်။

▪️ အသက်ကြီးလာရင် မယ်လနင်ထုတ်လုပ်မှု လျော့နည်းလာပြီး အရောင်မှိန်လာကာ ဆံပင်ဖြူလာရပါတယ်။

▪️ နာဂိုယာတက္ကသိုလ် သုတေသီတွေက လူတီယိုလင်ကို ကြွက်တွေရဲ့ကျောမှာ သုတ်လိမ်းခြင်းနဲ့ ပါးစပ်မှ ဆေးပေးခြင်းတို့ကို ရက်သတ္တပတ် ၁၆ ပတ်ကျော်ကြာအောင် စမ်းသပ်ခဲ့ပါတယ်။

▪️ ဆေးမပေးတဲ့ကြွက်တွေမှာ အမွေးအရောင်ဖျော့သွားမှုနှုန်းက ၆၀ မှ ၈၀ ရာခိုင်နှုန်းရှိပြီး လူတီယိုလင်ပေးတဲ့ ကြွက်တွေကတော့ အမွေးအရောင် ပြောင်းလဲမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။

▪️ ဆေးကို အတွင်းပိုင်းအထိရောက်အောင် ပေးတာထက်စာရင် အပြင်ပိုင်းမှာ အသုံးပြုခြင်းက ဆံပင်ဖြူခြင်းကို ပိုမိုဆန့်ကျင်ပေးနိုင်တယ်လို့ ယူဆနေကြပါတယ်။

▪️ ကြွက်တွေရဲ့ မွေးညင်းပေါက်တွေကို စစ်ဆေးရာမှာ အမွေးဖြူခြင်းကို လျော့ကျစေတဲ့ အင်ဒိုသီလင်က လူတီယိုလင်ပေးတဲ့ ကြွက်တွေမှာ ဆက်ရှိနေပါတယ်။

▪️ အင်ဒိုသီလင်က ဆံပင်ရောင်ခြယ် ဆဲလ်ထုတ်လုပ်မှုကို အားပေးပြီး လူတီယိုလင်ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဆဲလ်အိုမင်းခြင်းမှ ကာကွယ်ပေးတာကြောင့် ဆံပင်ဖြူခြင်းကို လျှော့ချပေးတာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။

▪️ လူတွေမှာ ဒီလိုမျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် ယခင်သုတေသနမှာ အလားတူဖြစ်ပျက်နိုင်မယ်လို့ ယူဆရကြောင်း ပရော်ဖက်ဆာ မာဆာရှီကာတိုက ပြောပါတယ်။

▪️ အချို့သော အာဟာရဓာတ် ချို့တဲ့ခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူစေနိုင်ပါတယ်။

▪️ အနာဂတ်မှာ လူသားတွေရဲ့ ဆံပင်ကိုစမ်းသပ်ပြီး ဆံပင်ဖြူခြင်းကို နှောင့်နှေးကာကွယ်ပေးနိုင်မယ့် ဆေးတွေ ထွက်ပေါ်လာဖို့ သုတေသနအဖွဲ့က မျှော်လင့်နေပါတယ်။

#Source: New York Post