ဧရာဝတီမြစ်ဟာ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မကွေး၊ မင်းဘူး၊ အောင်လံ၊ ဆိပ်သာ၊ ဇလွန်၊ပြည်၊ ဟင်္သာတမြို့တို့မှာ မြစ်ရေတွေထပ်တိုးဖို့နဲ့ သောင်ရင်းမြစ်ဟာ ငါးသိုင်းချောင်းမြို့မှာကြီးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 July 2024
#ဧရာဝတီမြစ်နှင့်သောင်ရင်းမြစ် #ရေကြီးနိုင်
#tthl #Yangon_Times
#World_Research
Published 14 July 2024
▪️ ပုရွက်ဆိတ်တွေကို စောင့်ကြည့်လေ့လာခဲ့ရာမှာ ဒဏ်ရာရထားတဲ့ သူတို့ရဲ့ မိတ်ဆွေပုရွက်ဆိတ်တွေကို သယ်ဆောင်ကြပြီး လူသားတွေလို ပြုမူတတ်ကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ပိုပြီးအံ့အားသင့်စရာ ကောင်းတာက ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ပုရွက်ဆိတ်တွေကို ဒဏ်ရာထပ်မံမပျံ့ပွားအောင် ခြေထောက်ဖြတ်ခွဲစိတ်တာမျိုးကိုပါ ပြုလုပ်ပေးတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါဟာ လူသားမဟုတ်တဲ့ သတ္တဝါတွေက ခြေလက်တွေဖြတ်ပြီး အသက်ကယ်ဆယ်တာမျိုးကို ပထမဆုံးတွေ့ရတာ ဖြစ်ပါတယ်။
▪️ ဖလော်ရီဒါကာပင်တာ ပုရွက်ဆိတ်တွေက ဒဏ်ရာတွေကို စစ်ဆေးသန့်စင်ပေးနိုင်ပြီး ခြေဖြတ်ပစ်ရင် အသက်ရှင်နိုင်မလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။
▪️ တိရိစ္ဆာန်လောကမှာ မျိုးတူသတ္တဝါအချင်းချင်း စနစ်ကျကျ ခြေလက်ဖြတ်ခွဲစိတ်တာမျိုး တွေ့ရတာဖြစ်ကြောင်း ဝါ့ဇ်ဘာ့ဂ်တက္ကသိုလ်မှ ဂေဟပညာရှင် အဲရစ်ဖရန့်ခ်က ပြောပါတယ်။
▪️ ဖရန့်ခ်နဲ့ သုတေသနအဖွဲ့က အဆိုပါပုရွက်ဆိတ်တွေကို ညာဘက်နောက်ခြေထောက်ကို ဖြတ်တောက်ပြီး အပေါင်းအဖော် ပုရွက်ဆိတ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ဒဏ်ရာရထားတဲ့ ပုရွက်ဆိတ် ၁၇ ကောင်ထဲက ၁၃ ကောင်ကို ကျန်တဲ့ပုရွက်ဆိတ်တွေက ခြေဖြတ်ပစ်ခဲ့ကြပါတယ်။
▪️ ပါးစပ်တွေနဲ့ မသယ်ဆောင်ခင် ဒဏ်ရာခြေထောက်ကို လျက်ပေးပြီးနောက် ခြေထောက်မပြတ်မချင်း ကိုက်ဖြတ်ကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ ခြေထောက်အောက်ပိုင်း ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေကို လျက်ပေးခြင်းဖြင့်သာ ကုသပေးကြပြီး နှစ်ဖွဲ့စလုံးမှာ အသက်ရှင်နှုန်း အတော်လေးမြင့်မားခဲ့ပါတယ်။
▪️ ခြေထောက်ဖြတ်ပစ်မလား ဒါမှမဟုတ် သာမန်အတိုင်း ကုသမလားဆိုတာကတော့ ဒဏ်ရာရတဲ့ နေရာအပေါ် မူတည်ပါတယ်။
▪️ ထိုပုရွက်ဆိတ်တွေက ခန္ဓာကိုယ်ကနေ ဖြတ်တောက်ဖို့လိုအပ်တဲ့ အစိတ်အပိုင်းကို ပိုင်းခြားတတ်ပါတယ်။
#Source: WION
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ နယ်ခြားကာကွယ်ရေး ခေါင်းဆောင်များ ၁၀ ကြိမ်မြောက်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမှာကျင်းပခဲ့ပါတယ်။
#Asia_News
Published 13 July 2024
#SCO #နယ်စပ်ကာကွယ်ရေးခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 July 2024
၁။ မိုးရာသီလမ်းပိုင်းပြုပြင်ထား၍ ကျိုက်ထီးရိုးကိုတစ်ရက်လျှင်ဘုရားဖူး(၂၀၀)ခန့်လာရောက်ဖူးမြော်
၂။ ၂၀၂၅ ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံ တစ်နာရီလုပ်အားခ ဝမ်တစ်သောင်းကျော်အထိ တောင်ကိုရီးယား၌ တိုးမြှင့်သတ်မှတ်
၃။ ညောင်ဦးတွင်မြစ်ရေကြီးနေပေမယ့် ပုဂံဘုရားများ မြစ်ရေတက်၍ ထိခိုက်ပျက်စီးမှုမရှိသေးဟုဆို
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 July 2024
▪️ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော နေအိမ်များအားကူညီကယ်ဆယ်မှုများပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၁၃ ရက်နေ့၊ မနက် ၈ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှေဆိပ်ကမ်းအနီးရှိ နေအိမ်များသို့ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော နေအိမ်များရှိ အသုံးအဆောင်ပစ္စည်းများအား ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ညောင်ဦးမှာ ဧရာဝတီမြစ်ရေကြီးနေပေမယ့် ဇူလိုင်(၁၂)ရက်အထိ ပုဂံဘုရားတွေကိုတော့ မြစ်ရေ ကြောင့် ထိခိုက်ပျက်စီးမှုမရှိသေးဘူးလို့ ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 13 July 2024
#ညောင်ဦးတွင်မြစ်ရေကြီး #ပုဂံဘုရားများထိခိုက်ပျက်စီးမှုမရှိ
#tthl#Yangon_Times
တောင်ကိုရီးယားနိုင်ငံမှာလာမယ့် ၂၀၂၅ခု ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံတစ်နာရီလုပ်အားခ ကို ၁၀,၀၃၀ ဝမ် အဖြစ်သတ်မှတ်လိုက်တယ်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူတွေနဲ့ EPS-Korea သင်တန်းကျောင်းတွေက သိရပါတယ်။
#Local_News
Published 13 July 2024
#တောင်ကိုရီးယားနိုင်ငံ #တစ်နာရီလုပ်အားတိုးမြှင့်ပေး
#NN #Yangon_Times
အခုမိုးရာသီဇူလိုင်လထဲမှာ တောင်တက်ကားလမ်းရော ခြေလျင်လမ်းပိုင်းပါအဆင်ပြေတဲ့ အတွက် ကျိုက်ထီးရိုးကို နေ့စဉ်ဘုရားဖူးလာရောက်သူ(၁၀၀)ဦးမှ (၂၀၀)ဦးခန့်ရှိတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 13 July 2024
#ဘုရားဖူး(၂၀၀)ခန့်ဖူးမြော် #ကျိုက်ထီးရိုး
#tthl #Yangon_Times
#Local_News
Published 13 July 2024
▪️ တောင်ကိုရီးယားနိုင်ငံ Gunsun မြို့၌ ယခုလအတွင်း ပြုလုပ်မည့်၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်၌ မြန်မာအကအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
▪️ အဆိုပါကပွဲကို Gunsan မြို့၊ Jeonju Indoor Stadium ၌ ဇူလိုင်လ ၁၉ ရက်၊ ညနေ ၇ နာရီခွဲမှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကပွဲအား အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့ ယဉ်ကျေးမှုအကပွဲတော် ကြိုတင်ပြင်ဆင်ရေးကော်မတီ (International Youth Fellowship- IYF Cultural Dance Festival Preparation Committee) ကကြီးမှူးကာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှအကအဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် Gunsan မြို့တွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါအကပွဲတော်သို့ လာရောက် အားပေးလိုပါက ကြည့်ရှုခွင့်နှင့် မော်တော်ယာဉ်နဲ့ ပို့ဆောင်ပေးခြင်းတို့ကို အခမဲ့ ခွင့်ပြု/စီစဉ်ပေးမည်ဖြစ်ကြောင်း ၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုပွဲတော် Gunsan ရုံးခွဲ (2024 World Cultural Festival Gunsan branch) မှ ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 13 July 2024
▪️ မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည်အိန္ဒိယအသင်းနှင့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ (ဒုတိယပွဲ)ကန်ရာတွင် (၁)ဂိုး-(၁)ဂိုးဖြင့်သရေရလဒ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည်ဇူလိုင် ၉ ရက်နှင့် ၁၂ရက်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏကွင်း၌ အိန္ဒိယအမျိုးသမီး လက်ရွေးစင်အသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့ပြီး ဇူလိုင်(၉)ရက်ပွဲစဉ်တွင် မြန်မာအသင်း နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီး ဇူလိုင်(၁၂)ရက်ပွဲစဉ်၌ (၁)ဂိုး- တစ်ဂိုးဖြင့်သရေရလဒ်ရရှိခဲ့သည် ဟုဆိုသည်။
▪️ ပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ယူကီတက်ဆူရိုက "ကျွန်တော်တို့ နှစ်ပွဲကစားရာမှာ ပထမပွဲမှာ အနိုင်ရခဲ့ပြီး ဒီနေ့ပွဲမှာတော့ သရေကျခဲ့ပါတယ်။
▪️ ဒီနေ့ပွဲ ပထမပိုင်းမှာ ရာသီဥတု အခြေအနေကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းမှာတော့ မှာကြားထားတဲ့အတိုင်း လိုက်နာပြီး ခြေစွမ်းပြနိုင်ခဲ့သလို အခွင့်အရေးကောင်းတွေလည်း ရခဲ့ပါတယ်။ အထူးသဖြင့် ပွဲပြီးကာနီးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပါတယ်။
▪️ တစ်ဂိုးစီ သရေကျခဲ့တာက အကောင်းဆုံး ရလဒ်မဟုတ်ခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာတော့ ကျေနပ်မိပါတယ်"ဟု ပြောခဲ့သည်။
▪️ အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်လန်ဂန် ချော်ဘာ ဒေဝီကလည်း "ပထမဆုံး အနေနဲ့ ကိုယ့်ထက် ကမ္ဘာ့အဆင့်မြင့်တဲ့ မြန်မာအသင်းက ကျွန်မတို့ကို အခုလိုဖိတ်ကြားပြီး ခြေစမ်းပွဲ နှစ်ပွဲကစားပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပထမပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး ကျွန်မတို့ သေချာပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်မတို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။အထူးသဖြင့် ပွဲချိန်ပထမပိုင်းကို ကျွန်မတို့ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ နှစ်သင်းစလုံးက တိုးတက်လာတဲ့ အသင်းတွေဖြစ်ပြီးတော့ နောက်လည်း အခုလို တွေ့ဆုံခွင့်ရပြီး အကောင်းဆုံး ကစားချင်ပါသေးတယ်"ဟု ပြောသည်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး ဇွန် ၁၆ ရက်မှ စတင်ပြီး လက်ရွေးစင်အသင်းများအဆောင်မှာ ကစားသမား (၃၀) ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ပြီးကြိုတင်ပြင်ဆင်ခဲ့ကြောင်းနှင့်နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပနိုင်ငံတွေကိုလည်း လေ့ကျင့်ရေး ခြေစမ်းခရီးစဉ် များသွားရောက်ဖို့ စီစဉ်ထားကြောင်း သိရသည်။


#tthl #Yangon_Times
#World_News
Published 13 July 2024
▪️ သောကြာနေ့က ဆန်ဖရန်ဆစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မိုင်ယာမီသို့ ထွက်ခွာမယ့် အမေရိကန်အဲလိုင်းစ် လေကြောင်းခရီးစဉ်တစ်ခုမှာ ခရီးသည်တစ်ဦးရဲ့ လက်ဆွဲအိတ်ထဲမှ လက်ပ်တော့ပ်ကွန်ပျူတာက မီးခိုးထွက်နေခဲ့တာကြောင့် ခရီးသည်များ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရတယ်လို့ လေကြောင်းကုမ္ပဏီက ပြောပါတယ်။
▪️ ထွက်ပြေးကြစဉ် လူတစ်ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရပါတယ်။
▪️ ခရီးသည်တွေက အရေးပေါ်လျှောထိုးဘေးတံခါးတွေနဲ့ လေယာဉ်သို့သွားရာ လျှောက်လမ်းတံတားကနေ ထွက်ပြေးခဲ့ကြပါတယ်။
▪️ နောက်ထပ်ခရီးသည် ၂ ဦးလည်း အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနက တင်ပြထားပါတယ်။
▪️ ခရီးသည်တွေ လေယာဉ်ပေါ် တက်နေကြတဲ့အချိန်မှာ လက်ပ်တော့ပ်က မီးခိုးထွက်နေခဲ့တာ ဖြစ်တယ်လို့ လေယာဉ်ဝန်ထမ်းတွေ အကြောင်းကြားခဲ့ကြောင်း လေကြောင်းလိုင်းက ဆိုပါတယ်။
▪️ အမေရိကန်အဲလိုင်းစ် ခရီးစဉ် ၂၀၄၅ ဟာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ဆန်ဖရန်ဆစ္စကိုကနေ မိုင်ယာမီသို့ ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပြီး ထိုခရီးစဉ်ကို သောကြာနေ့ နောက်ပိုင်းမှာမှ ထွက်ခွာနိုင်ခဲ့ပါတယ်။
▪️ အစိုးရလေကြောင်းကွပ်ကဲရေးမှ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ကမ်းလ်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
#Source: AP News
#World_Health
Published 13 July 2024
▪️ ပဲပိစပ်နဲ့ ဆက်စပ်စားသောက်ကုန်တွေမှာ ပါဝင်တဲ့ အိုင်ဆိုဖလေဗွန်ဓာတ်ဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ အာရုံစူးစိုက်မှုနဲ့ စဉ်းစားတွေးတောနိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ယင်းသုတေသနမှာ ကလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်ဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေကို ပဲပိစပ်စားစရာတွေမှာ အထောက်အထားတွေ့ရကြောင်း အမေရိကန် အီလီနွိုက်အာဘန်နာကမ်ပိန်းတက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာဘွဲ့ရ အက်ဂျလာဘရစ္စတီနာက ပြောပါတယ်။
▪️ လေ့လာချက်ပြုလုပ်ရာမှာ အသက် ၇ နှစ်မှ ၁၃ နှစ်ကြား ကလေး ၁၂၈ ဦးပါဝင်ကာ တစ်ဦးချင်းစီရဲ့ နေ့စဉ်အာဟာရဓာတ်များ၊ ဗိုက်တာမင်များ၊ အိုင်ဆိုဖလေဗွန်များ စားသုံးမှုတို့ကို ၇ ရက်တာ အကဲဖြတ်တွက်ချက်ခဲ့ကြပါတယ်။
▪️ ထိုဓာတ်ဟာ သဘာဝအတိုင်း တွေ့ရတဲ့ အပင်ဒြပ်ပေါင်းမျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ရောင်ရမ်းဆန့်ကျင်ခြင်းစတဲ့ အစွမ်းသတ္တိများ တွေ့ရှိထားပါတယ်။
▪️ ကလေးတွေကို ခဲတံနဲ့စာရွက်များဖြင့် စမ်းသပ်ခဲ့ကြပြီး သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အာရုံစူးစိုက်မှု စွမ်းရည်တို့ကို လေ့လာခဲ့ကြပါတယ်။
▪️ တစ်နေ့ကို အိုင်ဆိုဖလေဗွန် ပျမ်းမျှ ၁.၃၃ မီလီဂရမ်စားသုံးခြင်းဟာ အတန်အသင့်နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။
▪️ ပဲပိစပ်အစားအစာ ပိုစားတဲ့ကလေးတွေကတော့ တုန့်ပြန်မှုပိုင်းနဲ့ စဉ်းစားတွေးတောမှုပိုင်းတွေမှာ ပိုမိုမြန်ဆန်ခဲ့ပြီး ဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာတော့ ဆက်စပ်မှုမရှိတာကို တွေ့ခဲ့ကြပါတယ်။
▪️ ပဲနို့၊ တိုဖူး စတဲ့အစားအစာတွေမှာ လိုအပ်တဲ့ အိုင်ဆိုဖလေဗွန် ပေးစွမ်းနိုင်တယ်လို့ အကြံပြုသွားပါတယ်။
#Source: New York Post
Page 590 of 1931