၂ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်များကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
ဂျပန်နိုင်ငံ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ဟာ အောက်လွှတ်တော်မှာ ထောက်ခံမှု ဆုံးရှုံးလာပြီး အနာဂတ်နိုင်ငံရေးနဲ့ စီးပွားရေးအုပ်ချုပ်မှုပိုင်းတွေမှာ မရေရာမှုများ အခက်အခဲများနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဂျပန်ကျွမ်းကျင်သူများ ပြောသွားပါတယ်။
#World_Crisis
Published 2 December 2024
#ထောက်ခံမဲဆုံးရှုံး #ဂျပန်ကျွမ်းကျင်သူများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 December 2024
၁။ မြန်မာ့ရွှေကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး စတင်ဆောင်ရွက်နေ
၂။ မြို့ပတ်ရထားလက်မှတ်ခနှုန်းထားများထပ်မံ တိုးမြှင့်ကောက်ခံ
၃။ ထိုင်းသို့ free visa ဖြင့် သွားရောက်သူများ သတ်မှတ်ရက်အပြည့်မရရှိမှုများကြုံတွေ့နေရ
၄။ အောက်လွှတ်တော်တွင် ထောက်ခံမဲဆုံးရှုံးခဲ့သည့်ဂျပန်အာဏာရအစိုးရအဖွဲ့ မရေရာမသေချာမှုများကြုံတွေ့လာနိုင်ဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 December 2024
▪️ ယခုပတ်အတွက် ထုတ်ပြန်သည့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်း ဈေးများ ထပ်မံမြင့်တက်လာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့်ဈေးနှုန်းများအရ သိရသည်။
▪️ မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဈေးသတ်မှတ်ကာ အပတ်စဉ် ရည်ညွှန်းဈေးများကို ထုတ်ပြန်ပေးလျှက်ရှိသည်။
▪️ ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်ပေးခြင်းအပြင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု လည်း ထုတ်ပြန်ထားသည်။
▪️ ကော်မတီက ထုတ်ပြန်ပေးသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၃၀၅) ကျပ် သတ်မှတ်လိုက်ရာ ယခင်အပတ်က တစ်ပိဿာလျှင် (၇,၂၈၀) ကျပ် သတ်မှတ်ထားခြင်းကြောင့် ၂၅ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
#YMG/SW#Yangon_Times
မန္တလေးတိုင်းဒေသကြီးရှိ တောင်သမန် အင်းသို့ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများလာတယ်လို့ တောင်သမန်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 2 December 2024
#တောင်သမန်အင်း #မန္တလေးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Local_News
Published 2 December 2024
▪️ တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာသုံးမျိုးအတွက် ယခုဒီဇင်ဘာလအတွက် ရန်ကုန်အထိုင်ဈေးနှုန်းများကို ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ ထိုသို့ သတ်မှတ်ရာတွင် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထား ကြောင်းသိရသည်။
▪️ ထို့အပြင် ဒေသအလိုက် သယ်ယူစရိတ်များပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 December 2024
▪️ ယနေ့ဒီဇင်ဘာ ၂ ရက်မနက်ပိုင်းကရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုကိုကျိုင်းတုံမြေငလျင်စခန်းမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁၁ နာရီ ၄၂ မိနစ် ၁၄ စက္ကန့်ခန့်က တိုင်းထွာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းငလျင်သည် မိုင်းပြင်းမြို့၏ အရှေ့ တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈) အဆင့်ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို Free Visaနဲ့ သွားရောက် သူတွေအနေနဲ့ Free Visa သတ်မှတ်ရက် ၁၄ ရက် အပြည့်မရရှိမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။
#Local_News
Published 2 December 2024
#Free_Visa #ထိုင်း
#YMG/SW#Yangon_Times
ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခနှုန်းထားတွေကို ဒီကနေ့ ဒီဇင်ဘာ ၂ရက်ကနေစတင်ပြီး ထပ်မံတိုးမြှင့် ပြောင်းလဲကောက်ခံသွားမယ်လို့ မြန်မာ့မီးရထားက နေသိရပါတယ်။
#Local_News
Published 2 December 2024
#မြို့ပတ်ရထား #လက်မှတ်ခနှုန်းများတိုးမြှင့်
#YMG/NN #Yangon_Times
မြန်မာ့ရွှေကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
#Local_News
Published 2 December 2024
#မြန်မာ့ရွှေ #ISOလက်မှတ်ထုတ်ပေး
#YMG/SW#Yangon_Times
#World_News
Published 02 December 2024
▪️ ရုရှားနဲ့ ဆီးရီးယား တိုက်လေယာဉ်တွေက တနင်္ဂနွေနေ့မှာ ဆီးရီးယားမြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားတဲ့ အစ်ဒ်လစ်မြို့ကို တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။
▪️ ဆီးရီးယားသမ္မတ ဘာရှာအယ်အက်ဆက်ဒ်က အလက်ပိုမြို့ထဲသို့ ဝင်ရောက်လာတဲ့ သောင်းကျန်းသူများကို ချေမှုန်းမယ်လို့ ကြုံးဝါးထားပါတယ်။
▪️ တူရကီနယ်စပ်အနီး လူ ၄ သန်းခန့် ပုန်းကွယ်နေထိုင်နေတဲ့ သူပုန်နယ်မြေတစ်ခုရှိ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ အစ်ဒ်လစ်မြို့ရှိ လူစည်ကားရာနေရာတစ်ခုကို ဒုတိယမြောက်နေ့ တိုက်ခိုက်ခဲ့တယ်လို့ အရပ်သားများက ဆိုပါတယ်။
▪️ ကယ်ဆယ်ရေးသမားများက လူ ၇ ဦးသေဆုံးပြီး ဒါဇင်ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
▪️ ဆီးရီးယားစစ်တပ်နဲ့ ရုရှားတို့ကတော့ သူပုန်အဖွဲ့များ ပုန်းခိုရာနေရာတွေကို ပစ်မှတ်ခဲ့တာဖြစ်ပြီး အရပ်သားများကို မတိုက်ခိုက်ဘူးလို့ ငြင်းဆိုထားပါတယ်။
▪️ သူပုန်တွေလက်ထဲ ကျရောက်ခဲ့ကာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အစ်ဒ်လစ်မှ အခြားမြို့များကို ရုရှားနဲ့ ဆီးရီးယားလေယာဉ်တို့က စနေနေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
▪️ အကြမ်းဖက်သမားတွေက အင်အားသုံးဖို့ကိုပဲ သိတာကြောင့် အင်အားနဲ့ပဲ ဖြိုခွင်းရမယ်လို့ အက်ဆက်ဒ်က မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။
▪️ သူပုန်များ လတ်တလော ကြီးစိုးနေတဲ့ မြို့အများအပြားကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။
▪️ တူရကီထောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေနဲ့ အစ္စလာမ် ဟာယက်တာရီယာအယ်ရှမ်အဖွဲ့တို့ ပူးပေါင်းထားတဲ့ သူပုန်တွေကို အမေရိကန်၊ ရုရှား၊ တူရကီနဲ့ အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားပါတယ်။
▪️ ၂၀၁၁ ခုနှစ်တည်းက ဖြစ်ပွားနေတဲ့ စစ်အတွင်း လူပေါင်းသိန်းချီ သေဆုံးထားကာ လူသန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
▪️ အလက်ပိုမြို့ထဲမှာ အရပ်သားများ ကြောက်လန့်နေကြပြီး အိမ်ထဲမှာပဲ နေနေကြကာ မြို့ထဲမှထွက်ခွာသူ အများအပြားရှိတယ်လို့ မျက်မြင်တွေ့ရှိသူများ ပြောပါတယ်။
#Source: Reuters
#World_Health
Published 2 December 2024
▪️ သွေးပေါင်ချိန်များခြင်း (သွေးတိုးခြင်း)ကို ထိန်းချုပ်နိုင်မယ့် ပေါင်းစပ်ဆေးဝါးကို အိန္ဒိယမှာ လေ့လာစမ်းသပ်နေတာ အပြီးသတ်ခါနီးပြီ ဖြစ်ပါတယ်။
▪️ အိန္ဒိယဆေးဝါးသိပ္ပံတက္ကသိုလ် (AIIMS)၊ အင်ပီရီယယ်ကောလိပ်လန်ဒန်နဲ့ NGO စင်တာတို့မှ ပညာရှင်များက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
▪️ စမ်းသပ်ချက်မှာ အသုံးများတဲ့ ဆေးဝါးနှစ်မျိုးပေါင်းစပ်မှုတွေကတော့..
- Amlodipine/Perindopril
- Perindopril/Indapamide
- Amlodipine/Indapamide တို့ဖြစ်ပါတယ်။
▪️ ထိုပေါင်းစပ်မှုတွေက သွေးပေါင်ချိန်လျှော့ခြင်းနဲ့ နှလုံးပြဿနာများ ဖြစ်နိုင်ခြေ လျော့နည်းခြင်းတို့ ပေးစွမ်းနိုင်တာကြောင့် ရွေးချယ်ထားတာ ဖြစ်ပါတယ်။
▪️ ဆေးတစ်မျိုးထက်စာရင် ပေါင်းစပ်အသုံးပြုခြင်းက သွေးပေါင်ချိန်ကို ပိုမိုလျင်မြန်စွာ ထိန်းချုပ်နိုင်ပြီး ဘေးထွက်ဆိုးကျိုး ပိုနည်းစေပါတယ်။
▪️ စမ်းသပ်ခံတဲ့သူတွေကို အစပိုင်းမှာ ဆေးပမာဏအနည်းငယ် စပေးပြီး ၂လအပြီးမှာ တိုးမြှင့်လာပါတယ်။
▪️ ၆လအကြာမှာတော့ ဆေးပမာဏအပြည့်အတိုင်း နှိုင်းယှဉ်ခဲ့ကြပါတယ်။
ဒီလေ့လာချက်ဟာ သွေးပေါင်ချိန် လျော့ကျဖို့ကိုပဲ အာရုံစိုက်ခဲ့ကြကာ နှလုံးကျန်းမာရေး ရေရှည်အတွက်တော့ မစဉ်းစားခဲ့ပါဘူး။
▪️ ဒါ့အပြင် ယခုစမ်းသပ်တဲ့ လူတွေကလည်း အခြားလူမျိုးတွေထက်စာရင် ကျန်းမာရေးထူးခြားတတ်တဲ့ အိန္ဒိယတွေ ဖြစ်နေပါတယ်။
#Source: India Today
Page 586 of 2058