Published 18 May 2024
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် (၁၀) သန်း ကို လာမည့် မေလ ၂၀ ရက်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေဈေး မြင့်တက်နေမှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတဆင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်များကို ရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးရာတွင် ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ မေလ (၉) ရက်အထိ သုံးလကျော်အတွင်း (၁၁) ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၂၆ သန်း၊ တရုတ်ယွမ် ၂၆ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်းအထိရှိပြီဖြစ်သည့်အပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ (၁) ရက်မှစ၍ မတ်လ (၄) ရက်အထိ နှစ်လကျော်အတွင်း ထုတ်ရောင်းပေးခဲ့သည့် (၁၅) ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားကာဇန်နဝါရီ (၁၉) ရက်မှစ၍ မတ်လ (၄) ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သ န်း ၁၃၀၀ ထုတ်ရောင်းပေးထားခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ (၁) ရက်တွင် အမေရိကန် ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားပြီး သီးခြားအနေဖြင့် လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသ မ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မုန်တိုင်းနဲ့ သဘာဝဘေးအတွက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ မြို့နယ်အလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၃၅ဦးစီ၊ တိုင်းအလိုက်၁၁၆ဦး စီနဲ့ ကူညီကယ်ဆယ်သွားဖို့ ရှိပါတယ်။
(မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး)
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ညောင်ကိုင်းကန်ကြီးကို နှစ်ပေါင်း၄၀ကျော်လောက် ပြုပြင်မှုမရှိဘဲ ထားခဲ့တဲ့အတွက် တိမ်ကော လာကာ ရေသိုလှောင်မှုနည်းလာတဲ့အတွက် အခုလို ပြန်လည်တူးဖော်ပြုပြင်မှုများ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရေနံသာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အခုရက်ပိုင်းအတွင်း တစ်ရိပ်ရိပ်စံချိန်တင်မြင့်တက်နေတဲ့ ရန်ကုန်အခေါက်ရွှေဈေးဟာ ဒီကနေ့မှာ တစ်ကျပ်သားကို ကျပ် ၅၁သိန်းအထိ စံချိန်တင်မြင့်တက်လာပေမယ့် ဈေးကွက်အတွင်း ဝယ်ယူသူမရှိဘူးလို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့လပိုင်းက ဈေးကျခဲ့တဲ့ ကြက်သွန်ဖြူဈေးကွက်ဟာ ကုန်အဝင်နည်းလာခြင်း နဲ့ ပြည်တွင်း သုံးစွဲမှု များတဲ့အတွက် ဈေးပြန်မြင့်လာတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဇူလိုင်လထဲမှာ 'မြန်မာ့ဂီတနေ့'အခမ်းအနားနဲ့ အောက်တိုဘာလထဲမှာ ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပဖို့ ရှိတယ်။ ဆု(၉)ဆုပေးဖို့မှန်းထားတယ်။
(မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်)
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ရွှေတိဂုံစေတီတော်သို့ ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ အဓိက လာရောက်ဖူးမျှော်လျှက်ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှသိရသည်။
ထိုသို့ လာရောက်ရာတွင် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြကြောင်းသိရသည်။
ယခုနှစ် လေးလတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ စုစုပေါင်းနိုင်ငံခြားခရီးသွားဧည့်သည် ၂၆,၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
လအလိုက် နိုင်ငံခြားသားဘုရားဖူးဝင်ရောက်မှုများအနေဖြင့် ဇန်နဝါရီလတွင် ၆,၈၃ဝ ဦး၊ ဖေဖော်ဝါရီလတွင် ၇,၄၇၄ ဦး၊ မတ်လတွင် ၇,၂၀၆ ဦး၊ ဧပြီလတွင် ၄,၅၅၇ ဦး စုစုပေါင်း ၂၆,၀၆၇ ဦး လာရောက်ဖူးမြော်ခဲ့ကြခြင်းဖြစ်သည် ။
ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေး၊ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ ပိုမိုအဆင်ပြေစေရန် နှင့် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြှော်ကြည်ညိုနိုင်စေရန် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်ရှိ ယုဇနဥယျာဉ်မြို့တော်အနီး မီးလောင်မှုကြောင့် နေအိမ် ၉လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမူကူညီရေးအသင်းများထံကသိရသည်။
မေ (၁၇)ရက်၊ ည (၇)နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကာဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီးဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။
"" အခု မီးလောင်တဲ့ နေရာ ကျူးကျော် နေအိမ် တွေ ပါ ၊ ဘယ်လို မီးစလောင်တယ်ဆိုတာတော့ သေချာမသိဘူး သက်ဆိုင်ရာက စစ်ဆေးနေတယ်တော့ ကြားတယ်""ဟု ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ မီးလောင်မှုကို ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၇)နာရီ (၁၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 18 May 2024
မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ကိုဂျမန်းမေလ(၁၇)ရက်၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကိုဂျမန်း (မဟော်ဂနီ)ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းကို အနုပညာလောကသားများ၊ကိုဂျမန်း၏ မိတ်ဆွေများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားသည်။
မဟော်ဂနီထုတ်လုပ်ရေး၏ စင်တင်မင်းသားဖြစ်သည့် သရုပ်ဆောင်အလင်းရောင်ကလည်း
"ကျနော့်ကို မဟော်ဂနီထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား အလင်းရောင်ဆိုပြီး စင်တင်မိတ်ဆက်ပေးခဲ့ပြီး ဒီလောကရဲ့ အကြောင်းတွေ သိသင့်သိထိုက်တာတွေကို (ပြီးခဲ့ လပိုင်းလောက်အထိ နင်ကဒီလိုကားမျိုးရိုက်ဆိုပြီး အကြံဥာဏ်တွေပေးနေခဲ့သေးတာ) အမြဲပြောဆိုဆုံးမ လမ်းပြပေးခဲ့လို့ အစဉ်အမြဲကျေးဇူးတင်နေပါတယ် အကော ။စိတ်ထားစေတနာကောင်းတဲ့အကော မိသားစုအပေါ်အရမ်းချစ် တဲ့ အကော အစစအရာရာတွေ စိတ်ချပါနော်၊ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပါတယ်။ကျနော် မန္တလေးမှာရောက်နေတဲ့အတွက် အကောရဲ့ နောက်ဆုံးခရီးကို လိုက် မပို့နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်"ဟု ဖော်ပြထားသည်။
ကိုဂျမန်းသည် မဟော်ဂနီထုတ်လုပ်ရေး၏ စင်တင်မင်းသားအဖြစ် အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်နှင့် သရုပ်ဆောင် အလင်းရောင်အပါအဝင် သရုပ်ဆောင်ပေါင်းများစွာကို စင်တင်ပျိုးထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ပြေတီဦး၏အစ်မဖြစ်သူ ငွေတီဦးကလည်း "ကြံ့ကြံ့ခံပြီိး ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့တာကို ဂုဏ်ယူပါတယ် အစ်ကိုရေ။အကောင်းဆုံး ရှင်သန်ခဲ့တာကိုလဲ လေးစားပါတယ်။ပါးစပ်မစိအောင် ရီစရာတွေ ပြောတတ်တဲ့ အရမ်းခင်စရာကောင်းတဲ့ အစ်ကို့ကို သတိရနေမှာပါ။စိတ်ထားကောင်းတဲ့ အကောထွက်သွားတာ ကိုယ့်မွေးနေ့ဖြစ်နေတဲ့ တိုက်ဆိုင်မှုနဲ့ အမြဲ သတိတရရှိနေမှာပါ။လေးလံတဲ့ဝန်တွေ လွှတ်ချပြီး RIP ပါ အကော"ဟုသူ၏လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုင်းပြည်ရဲ့ နျူကလီးယားတပ် ပိုမိုလျင်မြန်စွာ တိုးတက်ရေးအတွက် နျူကလီးယားဒုံးကျည်များ အရှိန်မြှင့် ထုတ်လုပ်ရန် မိန့်ကြားလိုက်ကာ ထိုနေ့မှာပဲ လမ်းညွှန်စနစ်သစ် ပါဝင်တဲ့ ဗျူဟာမြောက် ပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း KCNA သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက သောကြာနေ့မှာ လက်နက်ထုတ်စက်ရုံတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရန်သူတွေဘက်မှ အထိန်းအကွပ်မဲ့ စစ်ရေးရင်ဆိုင်မှုများ ရှိလာနိုင်တာကို ဖြေရှင်းရန်နဲ့ နျူကလီးယားစစ်ပွဲ ဟန့်တားရေးစနစ် မြှင့်တင်နိုင်ရန် လက်နက်များထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါမှသာ ရန်သူတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်ရေး အသင့်အနေအထားကို ကြောက်ရွံ့နေမှာ ဖြစ်တယ်လို့ ကင်မ်က ဆိုပါတယ်။
သောကြာနေ့က မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ တာတိုပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကလည်း ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက အလိုအလျောက် လမ်းညွှန်ပြစနစ်ပါဝင်တဲ့ ဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်နေပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လေကြောင်းတိုက်ခိုက်မှုပုံစံ ဖန်တီးကာ ကိုယ်ပျောက်တိုက်လေယာဥ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
အိန္ဒိယအပါအဝင် အရှေ့တောင်အာရှဒေသမှာ သွေးတိုးရှိသူ ၂၉၄ သန်းခန့် ရှိနေနိုင်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ WHO ညွှန်ကြားရေးမှူး ဆိုင်မာဝါဇက်က ကြာသပတေးနေ့က ဆိုလိုက်ပါတယ်။
မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့မှာ အသံတိတ်ဒုက္ခပေးနေတဲ့ ရောဂါအကြောင်း ပိုမိုသိရှိစေရန်နဲ့ သွေးတိုးတိုက်ဖျက်ရေးများ လုပ်ဆောင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
စောစီးစွာ သိရှိဖို့နဲ့ ထိန်းချုပ်နိုင်ဖို့က အလွန်အရေးကြီးပြီး သွေးတိုးရောဂါရှိသူ တဝက်ခန့်က ရောဂါရှိမှန်း မသိကြဘူးလို့ ပြောပါတယ်။
မထိန်းသိမ်းပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ စောစီးစွာ သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေက ဆားစားသုံးမှု လွန်ကဲခြင်း၊ ဆေးလိပ် အရက်သောက်သုံးခြင်း၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ စိတ်ဖိစီးမှု၊ လေထုညစ်ညမ်းခြင်းတို့ ပါဝင်နေပါတယ်။
နိုင်ငံအများအပြားမှာ အထောက်အထား အခြေပြုပြီး သွေးတိုးထိန်းသိမ်းခြင်း ဗျူဟာများ ချမှတ်နေပါပြီ။
ဆေးလိပ်လျှော့ချသောက်ခြင်း၊ အိမ်တွင်းလေထုညစ်ညမ်းမှု သက်သာအောင် ပြုလုပ်ခြင်းတို့ဖြင့် သွေးတိုးနိုင်ခြေ လျော့ပါးနိုင်ပါတယ်။
နိုင်ငံ ၄ နိုင်ငံကတော့ စားသောက်ကုန် လည်ပတ်မှုပိုင်းမျာ ဖက်တီးအက်ဆစ်များ ဖယ်ရှားရန် အတိုင်းအတာများ စလုပ်နေပြီဖြစ်ပြီး ၂ နိုင်ငံကတော့ စားသုံးသူများ ရွေးချယ်ဝယ်ယူနိုင်ရန် တံဆိပ်ကပ်နှိပ်ရေး စံနှုန်းများ သတ်မှတ်ထားပါပြီ။
ဒါ့အပြင် နိုင်ငံအများအပြားကလည်း သွေးတိုးနဲ့ ဆီးချိုထိန်းသိမ်းမှု တိုးတက်လာအောင် ရည်မှန်းချက်များထားပြီး လုပ်ဆောင်နေပါပြီ။
Source: NDTV.
#World_Health
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ဂရိပ်ဖရုသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။
အချဥ်သီးအမျိုးအစားဖြစ်တဲ့ ဂရိပ်ဖရုဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်များ ကြွယ်ဝတယ်လို့ အသိအမှတ်ပြု အာဟာရပညာရှင် အယ်ရင်ပယ်လန်စကီဝိတ်ဒ်က ပြောပြပါတယ်။
အာဟာရဓာတ်များ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မမြင့်စေပါဘူး။
အမျှင်ဓာတ်က အူလမ်းကြောင်း ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်ပြည့်စေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပေးပါတယ်။
ဂရိပ်ဖရုတစ်လုံးစားခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင်-စီ ပေးစွမ်းနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးကာ ကော်လာဂျင် ထုတ်လုပ်ပေးပါတယ်။
ရေဓာတ်ကြွယ်ဝတဲ့အတွက် အသားအရေ ဝင်းပစေပါတယ်။
ဂရိပ်ဖရုက အက်ဆစ်ဓာတ် ပါဝင်တာကြောင့် အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်တဲ့ လူတွေမှာ ပိုဆိုးစေနိုင်ပါတယ်။
အစာအိမ်နံရံရောင်ခြင်း၊ အစာအိမ် အူသိမ် အစာရေမျိုတို့မှာ အနာဖြစ်ခြင်း ခံစားရတဲ့သူတွေလည်း ဂရိပ်ဖရုကို ရှောင်ရှားသင့်တယ်လို့ ဟော့ပ်ကင်းစ်ဆေးဌာနက ဆိုပါတယ်။
အချို့သောဆေးဝါးတွေကို ချေဖျက်ရာမှာ ကူညီပေးတဲ့ အင်မ်ဇိုင်းတစ်မျိုးကိုလည်း ဟန့်တားတာမျိုး ရှိပါတယ်။
ထိုဆေးတွေထဲမှာ ကိုလက်စ်ထရောလ် ချပေးတဲ့ အေတိုဗာစတက်တင်၊ လိုဗာစတက်တင်၊ ဆင်မ်ဗာစတက်တင်၊ အလာ့ဂျစ်ဆေး ဖက်ဆိုဖာနာဒင်း၊ သွေးပေါင်ချိန်ထိန်းဆေး နစ်ဖက်ဒီပင်း၊ ကိုယ်ခံအားနှိမ့်ဆေး ဆိုက်ကလိုစပိုရင်းတို့ ပါဝင်ပါတယ်။
Source: New York Post.
#World_Health
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 586 of 1860