#Local_News
Published 21 May 2024
▪️ YBS ယာဉ်များစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့များနှင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ ခုမှာ ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်နိုင်ရန်“ခါးပိုက်နှိက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။
▪️ YBS စီးနင်းခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏ အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် YBS ကုမ္ပဏီများအားလုံးကို လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များ၌ CCTV တပ်ဆင်ရန်လည်းညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းစုစု ပေါင်း ၁၃၁ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၆ သိန်းကို သယ်ယူပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
မေရီချက်ပ်မင်း နားမကြားသောကလေးငယ်များကျောင်းမှာ ကျောင်းသားဟောင်းတွေကိုမေလ (၂၇ရက်မှ၃၀)ရက်အထိ ဦးစွာလက်ခံပြီး ကျောင်းသားသစ်တွေကို မေ ၃၁ မှ ဇွန် ၂ရက် နေ့အထိ ထပ်မံလက်ခံသွားမှာ ဖြစ်တယ်။အဆောင်နေ (၂၀၀)ဦးနဲ့ နေ့တက်ဦးရေ အကန့်အသတ်မရှိလက်ခံဖို့ရှိပါတယ်။
(မေရီချက်ပ်မင်းနားမကြားသောကလေးငယ်များကျောင်း၊ကျောင်းအုပ်ဆရာမကြီး)
#Local_News
Published_ 21 May 2024
#မေရီချက်ပ်မင်းကျောင်း #ကျောင်းအပ်လက်ခံပြီ
#tthl #Yangon_Times
ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်သားများနှင့်မိသားစုအများအပါအဝင် ၄၅ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)ထံက သိရသည်။
▪️ မေလ ၂၀ရက်နေ့ ညနေ၃နာရီ အချိန်ခန့်က လပွတ္တာမြို့ရှိ လ/တောင် ကွမ်းခြံကုန်း၊ ချောင်းကလေး ၊အမှတ် ၉ရပ်ကွက်နှင့်၃ရပ်ကွက်တို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အစာအဆိပ်သင့်မှု ဖြစ်ပွားရာတွင် ကလေးငယ်များ ပါ ပါရှိပြီး အော့အန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ "အခုဖြစ်တာက ဆောက်လုပ်ရေးဆိုက်မှာ စလစ်လောင်းတဲ့ အလုပ်သမားတွေ သူတို့ကို အလုပ်က ဘဲဥ ငံပြာရည်ချက် ပေးတာကို သူတို့အိမ်ရောက်မှ မိသားစုတွေနဲ့ စားလိုက်တော့ ကလေးတွေပါ ဖြစ်သွားတာ အခုက အကုန်လုံးနီးပါးကောင်းနေပါပြီ မနေ့ညနေပိုင်းကတော့ အော့အန်ပြီး နေလို့မရတော့ သူတို့အိမ်တွေကို မြို့နယ်က လူမူရေးအသင်းတွေကလူနာတင်ကားတွေနဲ့ ဆေးရုံကို သွားခေါ်ပို့ပေးရတာပေါ့"နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အစာအဆိပ်သင့်သည့်လူနာ ၄၅ဦး မှာ လပွတ္တာမြို့ရှိ ကုတင် ၂၀၀ပြည်သူ့ဆေးရုံကြီး တွင်ကုသမှုခံယူနေပြီး အစာအဆိပ်သင့်သည့်အကြောင်းရာကိုတော့ ဓါတ်ခွဲစစ်ဆေးလျက်ရှိကာမကြာမီတွင် အဖြေသိရှိရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသားတစ်ဦးရေတွင်းထဲသို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။
▪️ မေလ၂၁ရက် မနက်ဆယ်နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထားဝယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ရာ ၁၀နာရီ၁၅မိနစ်အချိန်တွင် ရေတွင်းထဲသို့ ပြုတ်ကျသည့်အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအမျိုးသားကို ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 21 May 2024
▪️ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မေလ(၂၂)ရက်တွင်မန္တလေး ၌ သံဃာတော် (၁၀၂၇၂)ပါး ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ ကျင်းပမည်ဖြစ်သည်။
▪️ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament Channel ၊ MWD-HD Channel၊ MWD- Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ Channel LIGHT Channel၊ Sky Net Buddha Channel နှင့် Channel -9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_News
Published 21 May 2024
▪️ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC)ရဲ့ အစိုးရရှေ့နေက အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ကို စစ်ပွဲရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ရန် တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။
▪️ ထို ၅ ဦးဟာ စစ်ပွဲရာဇဝတ်မှုများနဲ့ လူသားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့အတွက် ပြစ်မှုတာဝန်ခံသင့်တယ်လို့ ယုံကြည်ကြောင်း ICC ရှေ့နေ ကာရင်ခန်းက ထုတ်ပြန်လိုက်ပါတယ်။
▪️ ယင်းဟာ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့်နဲ့ နေတန်ညာဟူတို့ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားလိုက်ကြောင်း ပြောပါတယ်။
▪️ ထို ၂ ဦးဟာ အစ္စရေးလ်က ဂါဇာမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေတဲ့အပေါ် ကြီးကြပ်နေတဲ့သူတွေ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် ဟားမတ်စ်အကြီးအကဲ ယာဟာဆင်ဟွာ၊ ဟားမတ်စ်စစ်တပ်ဌာနခွဲ စစ်ဦးစီးချုပ် မိုဟာမက်အယ်မာဆရီ၊ ဟားမတ်စ်နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေးလ်ဟာနီယက်တို့ကိုလည်း ခန်းက ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားလိုက်ပါတယ်။
▪️ အမှုမမြောက်ခင်မှာ တရားသူကြီးများအဖွဲ့က ဖမ်းဝရမ်းထုတ်ရန် အထောက်အထား ခိုင်မာမှုရှိမရှိ ဆုံးဖြတ်သွားမှာဖြစ်ပြီး တရားရုံးအနေနဲ့ ဒီလိုမျိုးဝရမ်းထုတ်ဖို့ကိစ္စနဲ့ သိပ်ပြီးမသက်ဆိုင်သလို ဂါဇာအရေး စုံစမ်းစစ်ဆေးဖို့ကိုလည်း အမေရိကန်နဲ့ အစ္စရေးလ်တို့က ဆန့်ကျင်ထားပါတယ်။
▪️ အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းခေါင်းဆောင်တို့က စစ်ပွဲရာဇဝတ်မှုစွပ်စွဲချက်များကို ငြင်းပယ်လိုက်ကာ ခန်းရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပါတယ်။
▪️ တရားရုံးတင်ဖို့ ဆုံးဖြတ်လိုက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆိုလိုက်ကာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဓားစာခံသဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းချက်များ ပျက်စီးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ICC ဟာ ၂၀၂၃ မတ်လတုန်းကလည်း ယူကရိန်းကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။
▪️ နိုင်ငံတိုင်းဟာ ခုခံပိုင်ခွင့်ရှိတယ်ဆိုပေမယ့် အစ္ရရေးလ်ရဲ့ လုပ်ရပ်က နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ခန်းက ဆိုလိုက်ပါတယ်။
▪️ ယင်းရဲ့အထောက်အထားတွေထဲမှာ အစ္စရေးလ်က ပါလက်စ်တိုင်းအရပ်သားများ အသက်ရှင်ရန်လိုအပ်တဲ့ အစားအစာ၊ ရေ၊ ဆေးဝါး၊ လောင်စာတို့ကို ပြတ်တောက်ဖို့ စနစ်တကျ ဆောင်ရွက်ခဲ့တယ်လို့ တွေ့ရှိထားကာ လူအများအပြား သေဆုံးဘေးဒုက္ခရောက်ခြင်းအတွက် စစ်ရာဇဝတ်မှု မြောက်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဟားမတ်စ်ခေါင်းဆောင်တို့ကတော့ ဟားမတ်စ်တို့ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုများ၊ ဓားစာခံခေါ်ဆောင်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ပြစ်မှုများအတွက် တာဝန်ခံဖို့ စွပ်စွဲချက်များကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
#Source: Reuters
၂၁ မေ ၂၀၂၄
အမေရိကန်နိုင်ငံသားတွေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသားအတော်များများပါဝင်တဲ့ အာဏာသိမ်းဖို့ကြံစည်တဲ့ အုပ်စုတစ်စုကို တနင်္ဂနွေနေ့ မနက်လင်းအားကြီးအချိန်မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နှိမ်နှင်းလိုက်နိုင်တယ်လို့ ကွန်ဂိုအစိုးရကသတင်းထုတ်ပြန်ပါတယ်။
အဆိုပါအာဏာသိမ်းအုပ်စုကို ကွန်ဂိုလူမျိုး အမေရိကန်နိုင်ငံသားခံယူထားတဲ့ ခရစ်ရှန် မာလန်ဂါဆိုသူက ကြိုး ကိုင်ခဲ့တာဖြစ်ပြီး သူဟာ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ကြစဉ်အတွင်း သေဆုံးသွား တယ်လို့ ကွန်ဂိုစစ်တပ်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ကြီး ဆိုင်ဗိန်းအက်ကင့်ရှ်က အတည်ပြုပြောကြားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြို့တော် ကင်ရှာဆာ၊ ဂွမ်ဘီဧရိယာရှိ ကွန်ဂိုစီးပွားရေးဝန်ကြီး ဗစ်တဲလ်ကမာဟီ ရဲ့ အိမ်အပြင်ဘက်မှာဖြစ်ပွားခဲ့တာပါ။အဲဒီအိမ်ဟာ သမ္မတ ဖီလစ် ရှီဆက်ကီဒီရဲ့ ရုံးတွေရှိတဲ့ နိုင်ငံတော် သမ္မတ အိမ်တော်ဝင်းအနီးမှာတည်ရှိပါတယ်။
လူ ၄၀ ဦးခန့်ပါဝင်တဲ့ အဆိုပါ တိုက်ခိုက်သူတွေကိုဖမ်းဆီးမိပြီး အဲဒီအထဲက မာလန်ဂါအပါအဝင် (၄)ဦးဟာ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။
ဖမ်းဆီးမိသူတွေအထဲမှာ ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်ပြီး သူဟာ အဲဒီအာဏာသိမ်းအုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။မာလာဂါရဲ့သားဖြစ်သူ မာဆယ်မာလန်ဂါလည်း အာဏာသိမ်း ဖို့ကြံစည်တဲ့အုပ်စုထဲမှာ ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီးအက်ကင့်ရှ်ကပြောပါတယ်။
တိုက်ခိုက်မှုတွေမှာ ဝန်ကြီးကမာဟီနှင့်မိသားစု လွတ်မြောက်သွားခဲ့ပေမယ့် အစောင့်ရဲနှစ်ဦးကတော့ သေဆုံးသွားခဲ့ရပါတယ်လို့ ဝန်ကြီးရဲ့ အနီးကပ်သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။
အာဏာသိမ်းရန်ကြံစည်သူတွေဟာ အသစ်ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ် ဂျူဒစ် ဆူမင်ဝါနှင့် ပြည်ထဲရေး ဝန်ကြီး ယွန်းပီယဲဘမ်ဘာတို့ရဲ့အိမ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ်။ဒါပေ မယ့် သူတို့ဟာ ဝန်ကြီးချုပ်အိမ်ဘယ်မှာရှိသလဲ ရှာမရခဲ့ဖြစ်ခဲ့ရပြီး ဘမ်ဘာကိုလည်း သူ့အိမ်မှာရှာမတွေ့ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။
ဝန်ကြီးအိမ်မှာ တိုက်ခိုက်မှုမအောင်မြင်ဖြစ်ပြီးနောက် သူတို့ဟာ သမ္မတနန်းတော်ဖက်ကို ဇိုင်ယာအလံ ကိုင်ဆောင်ပြီးဆက်သွားခဲ့ကြပါတယ်။ ဇိုင်ယာဆိုတာ ၁၉၉၇ခုနှစ်မှာ ရာထူးမှဖြုတ်ချခံရတဲ့ အာဏာရှင် မိုဘူတူးဆီဆီဆီကို အုပ်ချုပ်ခဲ့တုန်းက ကွန်ဂိုရဲ့ယခင်အမည်ဟောင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့အဖွဲ့ကို လုံခြံရေးတပ်ဖွဲ့တွေက ဟန့်တားနှိမ်နှင်းနိုင်ခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက သူမအနေနှင့် သတင်းကြားရတာ အတော်တုန်လှုပ်သွားတယ်လို့ပြောပြီး အာဖရိက သမဂ္ဂကတော့ အာဏာသိမ်းရန် ကြံ့စည်မှုကိုရှုတ်ချထားပါတယ်။
အာဏာပိုင်တွေက အာဏာသိမ်းမှုနှင့်ပတ်သက်လို့ အသေးစိတ်နားလည်အောင် အချက်အလက်တွေ ကြိုးစား ရှာဖွေနေဆဲဖြစ်ကြောင်းသိရပါတယ်။
Source: Hindustan Times
@ymg/knl



Published 21 May 2024
နေ့စဥ်တရားထိုင်ခြင်း အလေ့အထဟာ စိုးရိမ်ပူပန်မှု လျှော့ချပေးခြင်း၊ အလုံးစုံကျန်းမာရေး တိုးတက်စေခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန်စေခြင်း အပါအဝင် အကျိုးကျေးဇူးများစွာ ရရှိစေတယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။
သတိပြုစရာကတော့ ပထမဆုံး အတားအဆီးကို ကျော်ဖြတ်ဖို့ပါပဲ။
အယူအဆလွဲမှားချက်တွေကို ဖယ်ထုတ်လိုက်မှ တရားထိုင်လို့ ရစေမှာဖြစ်ပါတယ်။
အတွေးတွေကို ရပ်တန့်ဖို့မကြိုးစားဘဲ ဒီအတွေးကို ပိုမိုသိရှိကျယ်ပြန့်အောင် ကျင့်ကြံနိုင်ရမယ်လို့ စိတ်ကျန်းမာရေးပညာဘွဲ့ရ တယ်ရာဘရက်ခ်က ပြောပြသွားပါတယ်။
စပြီးတရားထိုင်မယ်ဆိုရင် အဓိကအချက်က စိတ်ဖြေလျှော့ထားပြီး လက်ရှိအခြေအနေကို အာရုံစိုက်ထားဖို့ ဖြစ်ပါတယ်။
စတင်တရားထိုင်ရာမှာ အချိန်ဘယ်လောက် သတ်မှတ်ရမယ်ဆိုတာ မရှိပေမယ့် တစ်မျိုးမျိုးတော့ သတ်မှတ်သင့်ပါတယ်။
အချိန်ဘယ်လောက် ထိုင်နိုင်တယ်ဆိုတာထက် ထိုင်တဲ့အခါ ဘယ်လောက်အထိ ထိရောက်မှုရှိလဲ ဆိုတာကို ဂရုပြုရမှာ ဖြစ်ပါတယ်။
တစ်စုံတစ်ခုကြောင့် အာရုံပျက်ပြားစရာ ကြုံတွေ့တဲ့အခါ အာရုံကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားရပါမယ်။
ပြောင်းရွှေ့ချင်တယ်ဆိုရင် မတ်တပ်ရပ်၊ အကြောဆန့်၊ အသက်ပြင်းပြင်းရှူပြီး ပြန်ထိုင်သင့်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ကဏာမငြိမ်တာတွေ လျော့နည်းသွားတာကို သတိထားမိလာပါလိမ့်မယ်။
အကျိုးကျေးဇူး ခံစားလိုရင်တော့ တရားထိုင်ခြင်းကို အမြဲတည်ငြိမ်စွာ ကျင့်ကြံဖို့ လိုအပ်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်၊ စိတ်အတွက် သင့်လျော်တဲ့ တရားထိုင်နည်းလမ်းတွေကို ကိုယ်တိုင်စမ်းသပ် ရှာဖွေရမှာ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#Published_ 21 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 21 May 2024
ဆေးရုံခွဲစိတ်ခန်းတွေမှာ တွေ့ရတဲ့ အမျိုးသမီးဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အရေအတွက်က ဆယ်စုနှစ်တွေ ကြာလာတာတောင် နည်းပါးနေဆဲ ဖြစ်ပြီး နိုင်ငံအများစုမှာ အမျိုးသမီး မေ့ဆေးဆရာဝန်များနဲ့ ခွဲစိတ်ဆရာဝန် အရေအတွက်က ဆယ်နှစ်အတွင်း ၅ ရာခိုင်နှုန်းသာ မြင့်တက်လာပါတယ်။
ခွဲစိတ်ရေးအဖွဲ့တွေမှာ ကျားမကွဲပြားစွာ ပါဝင်ခြင်းက လူနာတွေ ခွဲစိတ်ပြီးနောက်ပိုင်း ရလဒ်ပိုမိုကောင်းမွန်စေတာနဲ့ ဆက်စပ်နေတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြလာကြပါတယ်။
ဒါ့အပြင် အခြားလုပ်ငန်းကဏ္ဍ အမျိုးမျိုးမှာလည်း အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်လာခြင်းက ကျားမတန်းတူညီမျှရေးအတွက် အရေးကြီးသလို ကွဲပြားသော အတွေ့အကြုံတွေနဲ့ အမြင်တွေ ထွက်ပေါ်လာစေပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တွေနဲ့ ရလဒ်ပိုင်းတွေနဲ့ ပတ်သက်ပြီး ကျားမပါဝင်လာြခင်း ကဏ္ဍမှာတော့ အထောက်အထား အနည်းအကျဥ်းသာ တွေ့ရှိထားပါသေးတယ်။
အလုပ်ခွင်မှာရှိနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဆရာဝန်တွေထံမှ ကွဲပြားမှုတွေကနေ လူနာရဲ့ ကျန်းမာရေးအခြေအနေကို သက်ရောက်နေပြီး မတူညီတဲ့ အရည်အသွေးတွေ၊ အသိပညာ ဗဟုသုတတွေ၊ ယုံကြည်ချက်တွေ၊ တန်ဖိုးထားမှုတွေ၊ ခေါင်းဆောင်မှုပိုင်းတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရက် ၉၀ အတွင်း ဆေးရုံ ၈၈ ခုမှ ခွဲစိတ်မှုပေါင်း ၇ သိန်းကျော်ကို လေ့လာခဲ့ကြပါတယ်။
ထိုထဲမှာမှ ပျမ်းမျှအားဖြင့် အမျိုးသမီးခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုပေါင်း ၆.၇ ရာခိုင်နှုန်းပြုလုပ်ခဲ့ပြီး အမျိုးသမီး မေ့ဆေးဆရာဝန်တွေကတော့ ခွဲစိတ်မှုပေါင်း ၂၇ ရာခိုင်နှုန်းမှာ ပါဝင်ခဲ့ပါတယ်။
လေ့လာချက်များအရ အမျိုးသမီး ခွဲစိတ်ဆရာဝန်တွေနဲ့ မေ့ဆေးဆရာဝန်တွေ ၃၅ ရာခိုင်နှုန်းကျော်ပါတဲ့ ဆေးရုံတွေမှာ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ရလဒ်တွေ ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုတွေ့ရှိချက်တွေကြောင့် ခွဲစိတ်မှုပိုင်းနဲ့ ပတ်သက်ပြီး ကျားမနှစ်မျိုးစလုံး ပါဝင်ခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိစေတယ်ဆိုတာကို နားလည်လာစေမှာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျူလီဟန်ဒရစ်ဟောလက်က ပြောပြသွားပါတယ်။
Source: The Jerusalem Post.
#World_Research
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
ဂါဇာဒေသမှာ အစ္စရေးလ်စစ်ဆင်ရေး ဆင်နွှဲနေတာကို ရပ်ဆိုင်းရန် တောင်အာဖရိကရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ကြာသပတေးနေ့မှာ နိုင်ငံတကာတရားရုံး ICJက နှစ်ရက်တာကြားနာမှု စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းမြို့ ရာဖာမှာ အစ္စရေးလ်တိုက်ခိုက်နေတာတွေက လူမျိုးသုဥ်းသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ပေးခြင်းပြစ်မှုဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာကျပြီး ICJ အနေဖြင့် ထိုလုပ်ရပ်တွေ ချက်ချင်းရပ်တန့်သွားအောင် လုပ်ဆောင်သင့်ကြောင်း နယ်သာလန်ဆိုင်ရာ တောင်အာဖရိကသံအမတ် ဗူဆီမူဇီမာဒုံဆယ်လာက တရားရုံးကြားနာမှုမှာ ပြောကြားသွားပါတယ်။
#World_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 583 of 1860