#Local_News
Published_ 19 January 2024
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံး ဗိုလ်လုပွဲနှင့်ဆု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်ရှိ သိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ပြိုင်ပွဲ ဝဏ္ဏသိဒ္ဓိ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လ မြိုင် ဇုန်အသင်း နှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။
နှစ်ဖက်အသင်းအနေဖြင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယ ပိုင်း ပြီးဆုံးချိန် တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း ပြီးဆုံးခဲ့သောကြောင့်အချိန်ပို မိနစ် ၃၀ ကစားရာ ယင်းပွဲစဉ် တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန် စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲအတွင်း အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ် တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအ များ ဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကိုလည်းကောင်း၊ တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်း ၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန် အသင်း၊ပထမ ဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ #ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ် #Yangon_Times/PP
#World_Science
Published 19 January 2024
နယူးယော့ခ် ကိုင်ရိုအနီးရှိ လူသူကင်းမဲ့တဲ့ ကျောက်ကျင်းအနီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၈၅ သန်းက ကျောက်တုံးတွေထဲမှာ နစ်မြုပ်နေတဲ့ ကမ္ဘာ့ရှေးအကျဆုံး သစ်တောကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ရှေးဟောင်းသစ်တောကို သုတေသနအဖွဲ့က ယခင်က သိရှိပြီးသားဖြစ်ပေမယ့် ထိုသစ်တောမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေရဲ့ သက်တမ်းတွေကို ဆုံးဖြတ်နိုင်တဲ့ ပထမဆုံးအခြေအနေ ဖြစ်ပါတယ်။
ကျောက်တုံးတွေထဲမှာ ထိန်းသိမ်းထားတဲ့ ရုပ်ကြွင်းအပင်မြစ်တွေက အတိတ်ကအကြောင်းတွေကို သိရှိလာစေပြီး ကီလိုမီတာ ၄၀၀ ခန့်ရှိတဲ့ ရှေးဟောင်းသစ်တောကို သိရှိလာစေပါတယ်။
ဘင်ဂမ်တန်တက္ကသိုလ်နဲ့ ကာဒစ်ဖ်တက္ကသိုလ်မှ သုတေသီတွေက ထိုအပင်များနဲ့ သစ်ပင်ရုပ်ကြွင်းများကို လေ့လာခဲ့ကြပါတယ်။
အစေ့တွေကနေ ပေါက်လာတဲ့ အပင်တွေမဟုတ်ဘဲ အဆိုပါရှေးဟောင်းသစ်ပင်တွေဟာ မျိုးမှုန်ပေါက်တွေကနေ မျိုးပွားတာ ဖြစ်ပါတယ်။
ဒါဟာ ရှေးဟောင်းဂေဟစနစ်အကြောင်းနဲ့ သက်ရှိအပင်တွေ ဗီဇပြောင်းလဲလာပုံတွေကို နားလည်စေပါတယ်။
ထိုအပင်တွေရဲ့ အမြစ်တွေက လေထုကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ယူပုံ၊ ရာသီဥတု ပြောင်းလဲစေပုံတို့မှာ အရေးပါနေပါတယ်။
ဒါတွေဟာ ကမ္ဘာမြေ ဘူမိဗေဒနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှု ပဟေဌိတို့ကို ဖြေရှင်းနိုင်မယ့် အဓိကအချက် ဖြစ်နေပါတယ်။
#World_Science #အမေရိကန်ရှိကမ္ဘာ့သက်တမ်းအရင့်ဆုံးသစ်တော #ပထမဆုံးအကြိမ် စူးစမ်းလေ့လာနိုင် #Source: WION
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုပြည်နယ်မှ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးက အမေရိကန် စစ်အခြေစိုက်အဓိကစခန်းကြီးကို အိုကီနာဝါမှာ ဆောက်လုပ်မယ့်အရေးအပေါ် ဂျပန်အစိုးရ ခေါင်းမာမာဖြင့် ထောက်ခံနေခြင်းကို ဆန့်ကျင်ကြောင်း CCTV နဲ့အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
#World_Military
Published_ 18 January 2024
#အိုကီနာဝါစီရင်စု #အမေရိကန်စစ်အခြေစိုက်စခန်းကြီးပြောင်းရွှေ့
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 18 January 2024
၁။ ပျူမြို့သရေခေတ္တရာအကြောင်းနှင့် ပျူအနုပညာရှင်၏ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းအကြောင်း ဇာတ်လမ်းတွဲရိုက်ကူးရန်ရှိ
၂။ ကုန်ကြမ်းဈေးမြင့်တက်ခြင်းအပြင် စားအုန်းဆီနေရာ၌ အစားထိုးသုံးစွဲလာခြင်းကြောင့် အော်ဒါမှာယူမှုများပြီး မြေပဲဆီဈေးနှုန်းများမြင့်တက်လာ
၃။ ကုန်စည်သယ်ယူခနှုန်းထားများ ပိုမိုမြင့်လာပြီး လမ်းခရီးအခြေအနေကြောင့် အချိန်မီမရောက်ရှိတာမျိုးများ ဖြစ်ပေါ်သည့်အတွက် အရောင်းဝယ်ပြုလုပ်သူများ အခက်တွေ့နေ
၄။ အိုကီနာဝါစီရင်စုတွင် အမေရိကန်စစ်အခြေစိုက်စခန်းကြီး ပြောင်းရွှေ့ဆောက်လုပ်ရေးကို ဒေသခံများအပြင်းအထန်ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာမှာရှိတဲ့ရွှေနဲ့ပတ်သက်တဲ့ အတုံးအခဲဈေးကွက်က အခုချိန်မှာဝယ်တဲ့သူကလည်းဝယ်ပြီးသွားပြီ၊ ရောင်းစရာရှိတဲ့သူကလည်းပဲ ရောင်းပြီးသွားပြီ၊ ရွှေနဲ့ပတ်သက်ပြီးကိုင်လှုပ်လိုရတဲ့အချိန်မဟုတ်ဘူး၊ ရာသီလည်းမဟုတ်ဘူး၊ အဲ့တော့ရွှေဈေးကဒီကြားထဲမှာလုပ်လည်းလုပ်တဲ့သူပဲ အမောဖြစ်မယ်၊ ဒီကာလမှာတက်လည်းတစ်သောင်း၊ နှစ်သောင်း၊ ကျလည်းတစ်သောင်း၊ နှစ်သောင်းပဲ
#Local_News
Published_ 18 January 2024
#ရွှေတုံးရွှေခဲဈေးကွက်အေးနေ #ရွှေဈေးနှုန်းအတက်အကျနည်းပါးနိုင်
#YMG/NN #Yangon_Times
"ပြင်ပမှာငွေလိမ်လည်တာဟာ ငွေကြေးလိမ်လည်မှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မ ၄၂၀နဲ့လည်း ငြိစွန်းနေသလို အွန်လိုင်းကနေ ငွေလိမ်ရင်တော့ ဆိုက်ဘာလုံခြုံရေးဥပဒေ ဆိုက်ဘာ Law အရလည်း အရေးယူနိုင်မှာဖြစ်တယ်" တရားလွှတ်တော်ရှေ့နေ
#Local_News
Published_ 18 January 2024
#အွန်လိုင်းနှင့်ဖုန်းများမှတစ်ဆင့်ငွေလိမ် #ငွေလိမ်နေသူများကိုအရေးယူနိုင်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ စျေးဟောင်းအရှေ့နားတွင်ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၈ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ထားသည့် ကားနှစ်စီးကို မောင်းနှင်လာသည့် ကားကအရှိန်မထိမ်းနိုင်ဘဲဝင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေရာမှ လူနာများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ အားမာန်လူငယ်ပရဟိတအသင်း (ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
#Local_News #ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် #YMG/LW #Yangon_Times
စက်သုံးဆီဈေးနှုန်းများ မြင့်လာတဲ့အတွက် တနယ်မှ တနယ်သို့ ကုန်စည်ပို့ဆောင်ပေးရာမှာ ကုန်စည် သယ်ယူခနှုန်းထားတွေဟာ တစ်လနဲ့တစ်လပိုမိုမြင့်လာပြီး အချို့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ကုန်စည်မရောက်တာတွေပါရှိတဲ့အတွက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ အခြေခံစားသောက်ကုန်ရောင်းဝယ်တဲ့ ပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 18 January 2024
#ကုန်စည်သယ်ယူခနှုန်းများပိုမိုမြင့် #အရောင်းအဝယ်ပြုလုပ်သူများအခက်တွေ့
#YMG/LW #Yangon_Times
'တရုတ်လိုင်းအတွက် အဝယ်များပြားတာကြောင့် မြေပဲဆံဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပြီး တစ်လခွဲ အတွင်းတစ်ပိဿာကို ကျပ်၁၀၀၀ အထိမြင့်တက်လာခဲ့တာကြောင့်ပဲဆီ ၁၀ ပိဿာတစ်ပုံးကို တစ်သိန်းခွဲအထိဖြစ်လာပြီး အရင်လကထက်ကျပ် ၁၅,၀၀၀ အထိမြင့်တက်လာတယ်၊ ပဲဆီအော်ဒါကြိုမှာထားသူတွေကို ပေးကာနီးအချိန်မှာတော့ ကုန်ကြမ်းဈေးကွာဟတာကြောင့် တွက်ခြေကိုက်မှုနည်းပါးပြီးအခက်အခဲတွေရှိနေတယ်'
#Local_News
Published_ 18 January 2024
#စားအုန်းဆီနေရာ၌အစားထိုးသုံးစွဲ #မြေပဲဆံဈေးနှုန်းတွေမြင့်တက်
#YMG/ NN #Yangon_Times
"ပျူဘုရင်ကို လက်ဆောင်ပဏ္ဍာပို့တဲ့ သံအဖွဲ့မှာ ပါလာတဲ့ ကုန်သည်လေးနဲ့ ပျူအနုပညာရှင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံထားပြီး ပျူခေတ်သရေခေတ္တရာမြို့ရဲ့ ကြီးကျယ်ခမ်းနားပုံကို ပေါ်လွင်အောင်ရိုက်ကူးဖို့ရှိနေတယ်"
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာဦးဇော်မြင့်ဦး
#Local_News
Published_ 18 January 2024
#ပျူ၊ သရေခေတ္တရာ #ဇာတ်လမ်းတွဲရိုက်
#tthl #Yangon_Times
#Local_News
Published 18 January 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်မှုအရ သိရသည်။
နံနက် ၁နာရီ ဝန်းကျင်ခန့်က လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဉီးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၄၀ မိနစ်ခန့်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။
"ရွှေတောင်ရိုးကားဂိတ်ကားခြံမှာ လောင်တာ မီးလောင်ချိန်ကကြာပြီး မီးများတယ် လူထိခိုက်မိတယ်တော့ မကြားဘူး တန်ဆာပို့ရမယ့်ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်တော့ကြားတယ် သေချာတော့မသိဘူး"ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။ မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ရေအေးကွင်းရပ်ကွက် #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Local_News
Published_ 18 January 2024
တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတိုက ပူးတွဲတတိယရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊ အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
Page 587 of 1700