#Local_News
Published_21 Jan 2025
▪️ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေ အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါ အဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ ထိုင်း - မြန်မာ (မဲဆောက် - မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့ သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်)အားထိုင်းနိုင်ငံအခြေစိုက် အနုပညာကုမ္ပဏီတစ်ခုဖြစ် သော GMM Grammy ၏ WeChat Account မှတစ်ဆင့် တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်လာပြီး ထိုင်းနိုင်ငံ ၌ သရုပ်ဆောင်အ ဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီလ ၃ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိခဲ့ကာဘန်ကောက်မြို့မှ တာ့ခ်ပြည် နယ်၊ မဲဆောက်မြို့၊ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း)သို့ရောက်ရှိပြီး လှေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်း၊ မြဝတီ- ရွှေကုက္ကိုလ်နယ်မြေသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။
▪️ ထို့နောက် အဆောက်အဦတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ ကျင့်ပေးခဲ့ကြောင်းနှင့် ယင်းအဆောက်အဦ၌ တရုတ်နိုင်ငံသား ၁၀ ဦးခန့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိ ယအဆောက်အဦတစ်ခုသို့ ဆက်လက် ရောက်ရှိခဲ့ပြီး ခေါင်းတုံးတုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ် ကိုင် ရန် စေခိုင်း ခြင်းခံခဲ့ရကြောင်း၊ အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့် နေရာ ဖြစ်ပြီး အဆောက်အဦအတွင်း တရုတ်နိုင်ငံသား ၅ဝ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစု နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီလ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့် ပတ်သက်ခဲ့သည့်အဖွဲ့အစည်းများက တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ ထဆောင်လွတ်မြို့ နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝမ်သခီရန်သိုင့် ကျေးရွာရှိအမှတ် (၃၄) ဂိတ်မှတစ် ဆင့် ၎င်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်း နောက် ညပိုင်း တွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ)သို့ ၁၀ ရက်တွင် တရုတ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
▪️ ထို့ပြင် အမှတ်(၅)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ် နိုင်ငံ သား Mr. Cheng Xiao Ning ပါ ၃ ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်း တို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှု အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာ နိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတ ဆင့် ငွေကြေး လိမ်လည်သည့်လုပ်ငန်းကိုလုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာသူများဖြစ်ကြောင်း ၊အလားတူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်း၊ နတ်သျှင်နောင် မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ ၂ ဦးအား တွေ့ရှိသဖြင့် စိစစ် ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၃ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသူများဖြစ်ကြောင်း သိရသည်။
▪️ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန် လျှပ်စစ်ဓာတ်အား၊အင်တာနက်ဆက်သွယ် မှုနှင့်တရားမဝင်လုပ်ငန်း အတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အဦလုပ်ငန်းဆောင်ရွက်မှုကိုတစ်ဖက်နိုင် ငံ မှ ရယူသုံးစွဲနေခြင်းသာဖြစ်ကြောင်း သိရသည်။
▪️ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်မြန် မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း ပြီး မြန်မာနိုင်ငံ အတွင်းသို့နယ်စပ်လမ်း ကြောင်း များ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေ သည့် ပြည်ပနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံ သားများအား စိစစ်ဖော်ထုတ် မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ် ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြ သူများ ဖြစ်ကြောင်း တွေ့ရှိရသော်လည်း အစိုးရအနေဖြင့် ၎င်းတရားမဝင် ဝင်ရောက်လာသူ များအား လူသားချင်းစာ နာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး မှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။
▪️ တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံ သား များအား စိစစ်ဖော် ထုတ်ခဲ့ရာ နယ်စပ်ဒေသ များဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များ အပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူ များကို သက် ဆိုင်ရာ နိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်ထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံ သို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ တရုတ်(တိုင်ပေ)သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှား နိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယ နိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုး ပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန် နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာ လန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိ လင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း၅၅၇၁၁ ဦးအား ပြန်လည် လွှဲပြောင်း ပေးနိုင်ခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး)ကို ကူညီစုံစမ်းရှာဖွေပေး ရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံ ရေးလမ်းကြောင်းများမှတစ်ဆင့်အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းကြောင့်၂၀၂၅ ရက် ဇန်နဝါရီလ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦး ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်နှင် လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း၈ ဦးလွှဲရန် ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦး နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံး နှင့်နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီသတင်းဖလှယ်ပေးလျက်ရှိကြောင်း သိရသည်။
▪️ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာ နိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီး နှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၃၁ ရက် အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင် နေသူများသည် သာမာန်လူ များမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများ ဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစား လုပ်နေကြသူများက ဦးဆောင် နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ “တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များ ကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံး ကို လိမ်နေခြင်းပင်ဖြစ်ကြောင်း” ယင်းကြောင့်အပြစ်ရှိသူများကို ဖော် ထုတ်အရေး ယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည် ဖြစ်ကြောင်းလည်း သိရသည်။
▪️ ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ် ကတည်းကပင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ကိစ္စရပ် များ ဆောင်ရွက်နိုင်ရန်အကြောင်းပြ၍ စီမံကိန်း တစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်း တွင် မီဒီယာများမှ ဖော်ပြ ချက်များ၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့် သတင်း များ ကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းကို ရပ်ဆိုင်းခဲ့သည့်ဒေသ ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါနယ် မြေ အတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရား ဥပဒေစိုးမိုးရေး အဖွဲ့များ နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝ စိုးမိုး အုပ်ချုပ်ရန် အခက်အခဲနှင့်ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသမတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိပြီး ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ အနေဖြင့် အခွင့်ကောင်းရယူကာ အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၎င်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက် ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာ နက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံ အတွင်းမှရရှိခြင်း မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့်ရယူနေခြင်းဖြစ် ကြောင်း နှင့် အခြေခံအဆောက်အဦ များနှင့် ရင်းနှီးမြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာ ရောက် ရင်း နှီး မြှုပ်နှံထားခြင်းဖြစ်ကြောင်းကိုတွေ့ရှိရကြောင်း သိရသည်။
▪️ အဆိုပါ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ် ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP