Published 01 March 2022
နေတိုးအဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံက ယူကရိန်းကို တိုက်လေယာဉ်အစီး(၇၀)ကျော် ပို့ပေးမယ်လို့ ယူကရိန်းနိုင်ငံရဲ့ စစ်ရေးကိုယ်စာလှယ်တွေက ဒီကနေ့ မတ်လ၁ရက် အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဖေ့စ်ဘုတ်ခ်မှာ တင်ထားတဲ့ သတင်းထုတ်ပြန်ချက်အရ ပိုလန်၊ဘူဂေးရီးယားနှင့် ဆလိုဗေးကီးယားတို့ဟာ ဆိုဗီယက်ခေတ်က တိုက်လေယာဉ်တွေဖြစ်တဲ့ MiG-29 နှင့် SU-25 တို့ကို ပိုလန်နိုင်ငံရဲ့ လေယာဉ်ကွင်းထဲမှာ အခြေစိုက်ထားရှိပေးမယ်လို့ သိရပါတယ်။
MiG-29 တိုက်လေယာဉ် (၁၆)စီးနှင့် လေယာဉ် (၁၄)စီးတို့ကို ဘူလ်ဂေးရီးယားက ထောက်ပံ့မှာဖြစ်ပြီး ပိုလန်က MiG-29 (၂၈)စီး၊ ဆလိုဗေးကီးယားက MiG-29 jets (၁၂)စီး ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ကျွန်တော်တို့ကို MiG-25နှင့်SU-25တွေပေးပါတယ်။လိုအပ်လာရင် ပိုလန်လေယာဉ်ကွင်းတွေမှာ အခြေစိုက်ထားပြီး ယူကရိန်းလေယာဉ်မှူးတွေက အဲဒီကနေ တိုက်ခိုက်မှုစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ ကြေညာချက်ကဆိုပါတယ်။ “ကိဗ်ရဲ့ တစ္ဆေတွေ” မကြာမီထပ်ပြီးလာဦးမယ်လို့လည်း ပြောဆိုထားပါတယ်။
“ကိဗ်ရဲ့တစ္ဆေတွေ” ဆိုတဲ့ ဝေါဟာရဟာ ယူကရိန်းလေယာဉ်မှူးတစ်ဦးက ရုရှားတိုက်လေယာဉ်(၆)စီးကို တစ်ခါတည်းနှင့် ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတွေ့ရအပြီးမှာ အဲဒီစကားက မီဒီယာမှာ အကျော်ဇေယျဖြစ်လာတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ တစ္ဆေ(လေယာဉ်)ဟာ ကွန်ပျူတာဂိမ်းတစ်ခုဖြစ်တဲ့ ‘Digital Combat Simulator’ထဲက ဗွီဒီယိုအပိုင်းအစတစ်ခုဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။
Source RT/Agencies
#LocalNews
Published - 1 March 2022
ပြည်ပနိုင်ငံတွေမှာ IT အင်ဂျင်နီယာဖြင့် အလုပ်လုပ်ချင်သူတွေအတွက် ITPEC အသိအမှတ်ပြု စာမေးပွဲတွေကို ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ထုတ်ပြန်ထားပါတယ်။
ITPEC အသိအမှတ်ပြုတဲ့ FE သိုမဟုတ် AP စာမေးပွဲ အောင်မြင်ထားပါက တက္ကသိုလ်က ဘွဲ့ရစရာမလိုဘဲ ဂျပန်နိုင်ငံအပါအဝင် ITPEC အာဆီယံအဖွဲ့ ဝင်နိုင်ငံ ၇ နိုင်ငံမှာ IT ဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး IT Passport ( Information Technology Passport Examination)စာမေးပွဲဟာ IT ဆိုင်ရာ အခြေခံဗဟုသုတရှိပြီး IT နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ချင်သူတွေကို ရည်ရွယ်ပြီး စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။
FE ( Fundamental Information Technology Engineer Examination)ဟာ IT ဆိုင်ရာဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူတွေ Programmer Program Design ရေးဆွဲလိုသူတွေနဲ့ Software Development လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေအတွက် ရည်ရွယ်တဲ့ စာမေးပွဲဖြစ်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာ IT Passport ကို ဝင်ကြေး ၂၀၀၀၀ ကျပ်နဲ့ FE ကို ၃၀၀၀၀ ကျပ် ဝင်ကြေးပေးဆောင်ပြီး မတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
စာမေးပွဲတွေကို ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ စစ်ဆေးမှာ ဖြစ်ပြီး ဖြေဆိုမယ့် လူဦးရေကို အများဆုံး ၅၀၀ ဦးအထိသာ လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက FE စာမေးပွဲဝင်ရောက်ဖြေဆိုမယ့် စာမေးပွဲအထောက်အကူပြုသင်တန်းကို မတ်လ ၁၂ ရက်ကစတင်ပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၉ နာရီကနေ ညနေ ၅နာရီခွဲအထိ သင်တန်ကြေး ၃၀၀၀၀ ကျပ်နဲ့ သင်တန်းတတ်ရောက်နိုင်ကြောင်း သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 1 March 2022
ကချင်ပြည်နယ် ဖားကန့်မြို့ မမုံရွာ နှင့် မနရွာကြား ၁၁၁ YTT လုပ်ကွက်တွင် မြေစာပုံပြိုကျမှု ဖေဖော်ဝါရီလ ၂၈ ရက် ည ပိုင်းက ဖြစ်ပွားခဲ့ရာ လူ ဦးရေ ၅၀ ခန့် နှင့် စက်ယန္တရား ၅၀ ခန့် ပါသွားကြောင်း သိရသည်။
"လောလောဆယ်ဝင်လို့မရသေးဘူး။အန္တရာယ်နည်းနည်းများလို့ပါ၊ဖြစ်တာက ညက ၁၁ နာရီလောက်ကပေါ့၊အကြောင်းကြားတာကတော့ ဘက်ဟိုး ၅၀ လူ ၅၀ လောက်ပါတယ်ပြောတယ်၊မမုံရွာနဲ့ မနရွာကြားထဲက ၁၁၁ YTT လုပ်ကွက်ကမြေစာပုံပြိုကျတာပါ၊လူတော့ ထိခိုက်မှု ရှိမယ်"ဟု ဒေသခံ ပရဟိတ လုပ်ငန်းလုပ်နေသူ တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ခန့်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းလုပ်ကွက်အတွင်း မနကျေးရွာအနီး လုပ်ကွက်ဟောင်းတစ်ခု၌ နွံကန်ပေါက်ကျခဲ့သဖြင့် လူနေအိမ် သုံးလုံးနှင့် ဆိုင်ကယ်စီး ရေ ၂၀ ခန့် မျောပါသွားခဲ့ကြောင်းမျောပါသွားခဲ့သည့်အထဲမှ ဆိုင်ကယ်အချို့ ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း ဖားကန့်ရှိ မနမှော် လုပ်ကွက်ဟောင်းအတွင်းမှ နွံ ကန်ပေါက်ပြီး မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ ၂ ဦးသေဆုံးပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးသည်။
YMG/MT
Yangon_Media_Group
#DailyNews
Published - 1 March 2022
၁။ ရန်ကုန်တိုင်းတွင် ရေဆိုးသန့်စင် စက်ရုံများကို ခရိုင်အလိုက်တည်ဆောက်ရန်စီစဉ်ဆဲသာရှိ။
၂။ ကျန်းမာရေးအသိပညာအားနည်းမှုကြောင့် နာဂဒေသခံများ မသေဆုံးသင့်ပဲသေဆုံးနေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဒေါ်လာသန်း(၂၀)တန်ကမ္ဘာ့ကြေးအကြီးဆုံး ဆော်ဒီဖလားမြင်းပြိုင်ပွဲတွင် 'အမ်ဘလမ်ရုတ်ဒ်'အံ့အားသင့်ဖွယ်အနိုင်ရခဲ့..... အစရှိတဲ့သတင်း တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 1 March 2022
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေး တို့အပေါ် အဂတိဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သိရသည်။
ယင်းတို့နှစ်ဦးအနေဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅သန်းကျော် တန်ဖိုးရှိ နိုင်ငံတော်ပိုင်(အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်ကို နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကို အကြောင်းပြု၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို ပေးအပ်ခဲ့ကာ အဆိုပါမြေနေရာကို ပြန်လည်အလှူခံရယူခဲ့ကြောင်းလည်း သိရသည်။
ဦးအယ်လ်ဖောင်းရှိသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါ အောင်မြင်သော ကုမ္ပဏီထံမှ ပေးအပ်သည့် စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်း လုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ် နှစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ပေးအပ်သည့် စုစုပေါင်း ငွေကျပ် ၈၂ သိန်းကိုလည်းကောင်း ရယူခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးအယ်လ်ဖောင်းရှိသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးနှင့် ဧည့်ရိပ်သာတို့ အား လျှပ်စစ်မီးအလှဆင်ခြင်းနှင့် လွိင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ် ခေါ်ယူဆောင်ရွက်ခြင်းမပြုသဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်အခနှင့် နိုင်ငံတော်ငွေကြေး သက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ ကို စစ်ဆေးပေါ်ပေါက်ကြောင်းလည်း သိရသည်။
ယခုအခါ ဦးအယ်လ်ဖောင်းရှိနှင့် စည်ပင်သာယာရေးနှင့် ဦးအောင်ကျော်ဌေး တို့ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိင်ကော်မြိုမရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်တွင်ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အခြားသော စစ်ဆေးပေါ်ပေါက်ချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄၀ သန်းဖြင့် တင်ဒါခေါ်ယူ ဝယ်ယူခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ ပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခ ရငွေများကို ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိက ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလတွင် စက်ယန္တရားငှားရမ်းခရငွေ ငွေကျပ် ၃၁၁ သန်းကျော်ထဲမှ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာငွေစာရင်းသို ပေးသွင်းခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယားပြည်နယ်နေ့အခမ်းအနားနေ့ ကျင်းပသည့် အစိုးရမြေနေရာ (ကယားဒေးကွင်း)အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်းခွင့်ပြုခဲ့ခြင်းတို့ နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
YMG/MT
photo- L Phaung Sho
Yangon_Media_Group
#LocalNews
Published -1 March 2022
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မှုသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်ရှိ မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်အား မတ်လ ၁၆ ရက်နေ့ တွင် ကျင်းပမယ်လို့ နတ်တလူသာသနာပြုစခန်းကသိရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားရဲ့သီလရိပ်သို့ ခိုဝင်လျက်ကပင် မကောင်းမှုကို လွှင့်နှင်ရန်၊ သမာဓိရိပ်သို့ ခိုဝင်လျက်ကပင် ကောင်းမှုကို ပင့်တင်ရန်၊ ပညာရိပ်သို့ ခိုဝင်လျက်ကပင် စိတ်ဓာတ်ကို မြှင့်တင်ရန်အလိုငှာ ပင့်သံဃာ (၁၀၈) ပါးတိုအား ဒါနဝတ္ထုအစုစုတိုနှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်တလူသာသနာပြုစခန်းတွင်၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့ နံနက် ၈ နာရီအချိန်တွင် ဒါနဝတ္ထုအစုစုတို့ နဲ့ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွား မှာဖြစ်သလို နံနက် ၅ နာရီမှ နေ့ ၁၂ နာရီအထိ စတုဒိသာများနဲ့ ကျွေးမွေးဧည့်ခံသွားမယ်လို့ သိရပါတယ်။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မတ်လ ၁၃ရက်မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို ၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားတပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည် ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့ အား သိရှိစေရန် ကြေညာထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalHealth
Published_ 1 Mar 2022
ကျန်းမာရေးဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၈၄ ဦးအား မနေ့က အလုပ်ခန့်အပ်တာဝန်ပေးအပ် ခဲ့ကြောင်း သိရပါတတယ်။
ထိုကဲ့သို့ပေးအပ်ရာမှာ နေပြည်တော်၊ မုံရွာ၊ လွိင်ကော် သူနာပြုသင်ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ နှင့် သူနာပြု/သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၌လည်းကောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး၊ စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်အပ်ခဲ့ကြောင်းသိရှိရပါတယ်။
ဒါ့အပြင် မကြာမီသင်တန်းပြီးဆုံးတော့မယ့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံးအလုပ်ခန့်အပ် တာဝန်ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေသေးသော သူနာပြုသားဖွား သင်တန်း၊ ပေါင်းကူးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ သင်တန်းကျောင်းများ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ကာ သူနာပြုသင်တန်းသား/သူလေးများရဲ့ မဆုတ်မနစ် ဇွဲ၊ လုံလ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သင်ယူခဲ့ကြလို့ သူနာပြု-သားဖွားဒီပလိုမာစာမေးပွဲကို အောင်မြင်စွာဆွတ်ခူးနိုင်ကြတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ကျန်းမာရေး ဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်တဲ့ ဆရာဝန်များ၊ သူနာပြုဆရာ/ဆရာမများ၊ သားဖွား ဆရာမများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်ရဲ့ လိုအပ်ချက်နှင့်အညီ နှစ်စဉ်လေ့ကျင့်မွေးထုတ်လျက်ရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 1 March 2022
သီလဝါစက်မှုဇုန်တွင် တန်ဖိုးမြှင့်ငါးစာထုတ်စက်ရုံတစ်ခုကို အမေရိကန်အခြေစိုက် Scoular က ဖွင့်လှစ်ခဲ့ကြောင်း ယင်း၏ တရားဝင် သတင်းစာမျက်နှာတွင် ထုတ်ပြန်ထားသည်။
"အာရှမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် Scoular ရဲ့ ငါးအသားလုပ်ငန်းကို တိုးချဲ့ရတာ ကျွန်ုပ်တို့ စိတ်လှုပ်ရှားမိပါတယ်၊ အရည်အသွေးရှိတဲ့ ငါးအသားထွက်ပစ္စည်းတွေကို အာရှအစာဈေးကွက်တွေကို အချိန်နှင့်တပြေးညီ တင်ပို့ ပံ့ပိုးပေးဖို့ လုပ်ငန်းမှာအချက်အချာ ကျမှာပါ"ဟုလည်း ထုတ်ပြန်ရေးသားထားရာတွင် ဖော်ပြထားသည်။
သီလဝါစက်မှုဇုန်တွင် လာရောက်ဖွင့်လှစ်ခဲ့သော ငါးစာ တန်ဖိုးမြှင့် ထုတ်လုပ်မယ့် စက်ရုံသစ်ကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် Scoular Myanmar Co,. Ltd. က ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သော အဆိုပါစက်ရုံသစ်က အမေရိကန်အခြေစိုက် Scoular ၏ အာရှဒေသအတွင်း တိုးချဲ့တည်ရှိမှုအဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Scoular သည် ရောင်းအားဒေါ်လာ ၆ ဘီလီယံရှိသော နှစ်ပေါင်း ၁၃၀ သက်တမ်းရှိ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ယင်းထုတ်ကုန်များမှာ ဘေးကင်းလုံခြုံ ယုံကြည်စိတ်ချရကြောင်းနှင့် Scoular ၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်မှာ အမေရိကန်၊ Omaha၊ Nebraska တွင် တည်ရှိကြောင်းလည်း သိရသည်။
ymg/mt
photo-Scoular
Yangon_Media_Group
Published 1 March 2022
ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အခြေအနေတွေ တင်းမာနေတဲ့ အကျိုးဆက်တွေဟာ ယူကရိန်းနယ်စပ် လုဗျူးနယ်စပ်မြို့ကလေးရဲ့ ဒေသခံတော်တော်တော်များများနှင့် တစ်နိုင်ငံလုံးကို ရိုက်ခတ်နေပါတယ်။
လုဗျူးမြို့က ဒေသခံတွေဟာ ဆီရီယယ်လ်တွေ၊ရေနှင့် အခြားအစားအစာတွေ၊ပြီးတော့ အိမ်မွေးတိရိစ္ဆာန်အစားအစာတွေကို စတိုးဆိုင်တွေမှာ ဝယ်ယူနေကြပါတယ်။ သူတို့ဟာ ဆေးဆိုင်တွေမှာလည်း ဆေးတွေ အမျာကြီးကို ဝယ်ယူနေကြပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ ဆီလက်ကျန်မရှိသလောက်ဖြစ်နေပြီး အေတီအမ်စက်တွေမှာလည်း ငွေလက်ကျန်မရှိနီးပါးဖြစ်နေပါတယ်။
ဒေသခံတွေနှင့်စစ်ဘေးရှောင်တိမ်းလာကြသူတွေရဲ့ ကိုယ်တွေ့ခံစားချက်တွေကို ရုပ်သံတင်ဆက်ထားပါတယ်။
Source CMG
#LocalNews
Published - 1 March 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသော YBSယာဉ်များကို ကတ်စနစ်နဲ့စီးနှင်းနိုင်ဖို့အတွက် YPS ကတ်အရောင်းစင်တာတွေကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကသိရပါတယ်။
YPS အမှတ်တံဆိပ်ပါသော g&g ဆိုင်များအပြင်YPS ရဲ့ အရောင်းကောင်တာများကို ဆူးလေမှတ်တိုင်၊မြန်မာပလာဇာရှေ့၊ သခင်မြပန်းခြံ(ကမ်းနားလမ်း)၊ယုဇနပလာဇာရှေ့နဲ့စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ YPS အရောင်းကောင်တာများတွင် တနင်္လာမှ သောကြာ နံနက် ၈နာရီခွဲ မှ ညနေ ၄နာရီခွဲ အတွင်း၊ စနေနေ့တွင် နံနက် ၈နာရီခွဲမှ နေ့လည် ၁၂နာရီခွဲအတွင်း YPS ကတ်သစ်ဝယ်ယူခြင်း၊ယာဉ်စီးခဖြည့်သွင်းခြင်း၊လက်ကျန်ငွေစစ်ဆေးခြင်း၊YPS ကတ်အခြေအနေစစ်ဆေးခြင်း တို့ကို သတ်မှတ်အချိန်အတွင်းဝန်ဆောင်မှုရယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းတွေကိုYangon Payment Service(YPS)စနစ်နဲ့ ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ပိုင်းဖြတ်ကောက်ခံသွားမှာဖြစ်တယ်လို့ YRTC ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့က စပြီးတော့ YBS ခရီးသည်တင်ဘတ်စ်ကားလိုင်းတွေမှာ ငွေပေးချေစနစ်ဖြစ်တဲ့ YPS (Yangon Payment Services) စတင် အသုံးပြုခဲ့ကြတာ ဖြစ်ပေမယ့် တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာကြောင့် YRTC အနေနဲ့ ပြီးခဲ့တဲ့ ရက်က Asia Starmar ကုမ္ပဏီ၊ လူထုမိတ်ဆွေယာဉ်လိုင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီ ၊ GYCT Public ကုမ္ပဏီ ၊ IGE ကုမ္ပဏီ ၊ uab Bank စတာတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိမှာ YPS ကတ် တပ်ဆင်ထားတဲ့ ယာဉ်လိုင်းကုမ္ပဏီ ၅ ခု ရှိပြီး YPS ကတ်အသုံးပြုနိုင်တဲ့ ယာဉ်စီးရေ ၁၉၀၂ စီးရှိပြီ လို့ YRTC က သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 2008 of 2052