#LocalNews
Published - 30 March 2022

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ ခုမှာ ညမထွက်ရအမိန့်ကို မတ်လ ၂၄ ရက်နေ့က စတင်ပြီး ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲပြင်ဆင်ထုတ်ပြန်ထားပါတယ်။

 

ပဲခူးတိုင်းရှိ ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ်နဲ့ ပြည်မြို့နယ်စတဲ့ မြို့နယ် သုံးမြို့နယ်တို့မှာ ယခင်က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အစား ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

 

အခုလက်ရှိမှာ ပဲခူးတိုင်းအတွင်း တည်ငြိမ်အေးချမ်းမှုရှိပြီး တရားဥပဒေစိုးမိုးမှုရှိလာပြီဖြစ်တဲ့အပြင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကလည်း လျော့လာပြီဖြစ်တဲ့အတွက် အချိန်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group