#Local_News
Published_7 December 2022
ရှေးဟောင်းသမိုင်းဝင် ဒလသင်္ဘောကျင်းကို ပြုပြင်ထိန်းသိမ်းမှု သတ်မှတ်ချိန်ပြီးစီးရန်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည်ပြုပြင်၍ လိုအပ်သည့်စက်ပစ္စည်းများ၊ စက်ယန္တရားများကိုဖြည့်တင်းကာ လုပ်ငန်းများ လည်ပတ်နိုင်ရေး ဆောင်ရွက်ရာတွင် ရေယာဉ်များလွန်းတင်ပြင်ဆင်မှု၊ စက်ရုံ၊ အလုပ်ရုံနှင့် ပတ်လမ်း၊ လွန်းလမ်း များ ပြင်ဆင်နေကြကြောင်း၊ ယင်းလုပ်ငန်းများ သတ်မှတ်ရက်အမီ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဒလသင်္ဘောကျင်းသည် နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်ကာ သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောကျင်းအဆင့် မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 7 December 2022
Amgen ကုမ္ပဏီမှ စမ်းသပ်ထုတ်လုပ်လျင်ရှိတဲ့ အဝလွန်ခြင်းအတွက်ဆေးဟာ အစောပိုင်းစမ်းသပ်ချက်အတွင်း အာနိသင်တာရှည်ခံနိုင်မယ့် အလားအလာရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နောက်နှစ်အစောပိုင်းမှာ နောက်ထပ်စမ်းသပ်မှုကြီး ပြုလုပ်ဖို့အခွင့်အလမ်း ရရှိလာပြီဖြစ်ကြောင်း စနေနေ့ အချက်အလက်တင်ဆက်ပွဲမတိုင်မီ ကုမ္ပဏီအရာရှိများမှ ပြောကြားလိုက်ပါတယ်။
AMG133 လို့ခေါ်တဲ့ဆေးကို အမြင့်ဆုံးပမာဏဖြင့် စမ်းသပ်ထိုးသွင်းခဲ့ပြီးနောက် လူနာတွေဟာ ရက်ပေါင်း ၇၀ ကြာအောင် ကိုယ်အလေးချိန်လျော့ကျနေကြောင်း ပထမအဆင့်စမ်းသပ်ရရှိခဲ့ပါတယ်။
AMG133 ကို လစဉ်အမြင့်ဆုံးဆေးပမာဏဖြင့် ၁၂ ပတ်စမ်းသပ်ရာမှာ ကိုယ်အလေးချိန် ၁၄.၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း နိုဝင်ဘာ ၇ ရက်နေ့က ကြေညာပြီးနောက် Amgen ရဲ့ရှယ်ယာတန်ဖိုး ၅ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။
နောက်ဆုံးဆေးထိုးပြီး ရက်ပေါင်း ၁၅၀ အထိ ကိုယ်အလေးချိန် ၁၁.၂ ရာခိုင်နှုန်း ဆက်လက်ကျဆင်းနေခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မှာပြုလုပ်တဲ့ ကမ္ဘာ့ဆီးချိုအစည်းအဝေးပွဲမှာ ဖော်ပြခဲ့ပါတယ်။
AMG133 ဆေးအသုံးပြုတဲ့လူနာတွေမှာ မူးဝေအော့အန်ခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိပေမယ့် အများစုက သာမန်အပျော့စားသာဖြစ်ကာ ပထမအကြိမ်ထိုးပြီး ရက်ပိုင်းအတွင်းမှာပင် ပြန်လည်သက်သာကြောင်း Amgen က ဆိုပါတယ်။
အဝလွန်ခြင်းဟာ ဆီးချိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ၊ ကင်ဆာများ၊ အခြားရောဂါပြဿနာများနဲ့လည်း ဆက်စပ်နေပါတယ်။
Eli Lilly and Co ကုမ္ပဏီနဲ့ Novo Nordisk ကုမ္ပဏီတို့မှ ဆီးချိုဆေးတွေဟာ ဆီးချိုဝေဒနာသည်တွေမှာ ကိုယ်အလေးချိန်ကျစေတယ်လို့ အထောက်အထားတွေ့ရတာကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်းကဏ္ဍမှာ ဆေးကုသမှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်လာကြပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက်ကုမ္ပဏီ Amgen ဟာ နောက်နှစ်အစောပိုင်းမှာ AMG133 ကို ဒီထက်ပိုကြီးမားတဲ့စမ်းသပ်မှုပြုလုပ်ရန် စီစဉ်ထားပြီး ဆီးချိုရောဂါကဲ့သို့ အခြားရောဂါရှိသူတွေမှာပါ စမ်းသပ်သွားဖို့ရည်ရွယ်ထားပါတယ်။
အားလုံးအဆင်ပြေသွားပါက နောက်ဆုံးစမ်းသပ်ချက်ကို ၂၀၂၄ မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀၂၆ ၊ ၂၀၂၇ တို့မှာ စတင်ထုတ်လုပ်သွားဖို့ရှိပါတယ်။
Source: yahoo!life
#Yangon_Media_Group
#Local_News
Published_6 December 2022
ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းမှာ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခု က ကန်ထရိုက်တာအဖြစ် လာရောက်လုပ်ကိုင်ဖို့ ရှိနေတယ်လို့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#World_Nostalgia
Published 6 December 2022
အများစုအသုံးမပြုကြတော့တဲ့ လန်ဒန်ရှိ အနီရောင်တယ်လီဖုန်းအိမ်တွေကို ခရီးသွားဧည့်သည်တွေကလွဲပြီး ကျန်တဲ့လူတွေက စိတ်မဝင်စားကြတော့ပါဘူး။
#Yangon_Media_Group
#Local_News
Published_ 6 December 2022
(၃၇)မင်းနတ်အကတွေနဲ့ အပျိုတော်အကဖျော်ဖြေတင်ဆက်မှုတွေကို အမျိုးသားအဆင့်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 6 December 2022
မြန်မာနိုင်ငံအတွင်းသကြားစက်ရုံတွေကနေ ကြံတစ်တန်ကို ကျပ် ၇၀၀၀၀ ကနေ အများဆုံး ကျပ် ၉၀၀၀၀ ဈေးအထိ သတ်မှတ်ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ၃ ဒသမ ၅ ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခလစာကိုရရှိဖိုအတွက် Brand ပေါင်း ၃၈ ခုကိုတင်ပြထာတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်းဝင်းက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 December 2022
၁။ ၃ ဒသမ ၅ ဒေါ်လာနှင့်ညီမျှသည့် လုပ်ခလစာရရှိရန် brand ၃၈ ခုကိုတင်ပြထား
၂။ ကြံတစ်တန် ၉သောင်းကျပ်စျေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိနေ
၃။ ၃၇မင်းနတ်အကများနှင့် အပျိုတော်အကဖျော်ဖြေတင်ဆက်မှုများကို အမျိုးသားအဆင့် အမွေအနှစ်အဖြစ်ထိန်းသိမ်းမည်
၄။ ခေတ်ကုန်ဆုံးသွားသည့်အသံများကို ယူကေမှလူတစ်ဦး မှတ်တမ်းတင်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၅ ရက်အထိ ၈ လတာကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇၃ ဒသမ ၈ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
ရုရှား-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၇ ခုကို ဒီဇင်ဘာလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်ပြုလုပ်သော တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် အထက်ပါအတိုင်း လက်မှတ်ရေးထိုးလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးသည့်အချက်များမှာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(Strategy for the Development of Russia-Myanmar Economic Cooperation)ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းခြင်း၊ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊တွင်းထွက်ပစ္စည်း ထုတ်လုပ်ခြင်း၊စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှု ထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 December 2022
မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းသို့ လက်နက်ကိုင်အဖွဲ့များက Drone ယာဉ်ဖြင့် Drop Bomb တစ်လုံးကို ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Drop Bomb မှာ အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သတ္တမဝေပုလ္လဓမ္မာရုံပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဓမ္မာရုံ၏ အမိုးပွင့်ထွက်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လက်ရှိတွင် ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 December 2022
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်နက်ကိုင်များထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရုံးဝန်ထမ်းတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာလ ၅ ရက် နံနက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သီနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်လျက် ရှိစဉ် ရုံး၏လက်ယာဘက်ခြမ်း ပြတင်းပေါက်အနီး၌ အဆိုပါ လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရုံးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ခြင်း ဖြစ်ရာ အမျိုးသား ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုအခါ ကျန်လူနာများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1470 of 2001