#LocalNews
Published 7_August 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ နှလုံးရောဂါဖြင့် သြဂုတ်လ ၇ ရက်နံနက်က ကူမင်းလေဆိပ်၌ ရုတ်တရက်လဲကျကွယ်လွန်သွားကြောင်း သိရသည်။
သံအမတ်ကြီး ဦးမျိုးသန့်ဖေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် မြန်မာသံအမတ်အဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပေကျင်းမြို့၌ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Published 7 August 2022
နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်ရဲ့ တူးမြောင်းတွေမှာ ကျင်းပတဲ့ တူးမြောင်းစီတန်းလှည့်လှည်ပွဲကို ဩဂုတ် ၆ ရက်နေ့က ကျင်းပပါတယ်။
ဒီပွဲဟာ လိင်တူ LGBTQ Pride တွေဆင်နွှဲကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ (၂)နှစ်က မကျင်းပဖြစ်ခဲ့ဘဲ ယခုနှစ်မှပြန်လည်ကျင်းပဖြစ်ခဲ့တာပါ
ပွဲတော်လာပရိဿတ်ထောင်ပေါင်းမျာစွာဟာ တူးမြောင်းတလျောက် တန်းစီပြီး တူးမြောင်းလှည့်လှည်ပွဲတော်တော်ကို အားပေးခဲ့ကြပါတယ်။
တူးမြောင်းထဲမှာ အလှဆင်ယင်ထားတဲ့ သင်္ဘောအစီး (၈၀)ပါတဲ့ သင်္ဘောအုပ်စုကြီးတွေ လှည့်လည်နေပြီး သင်္ဘောတွေပေါ်မှာ မိုးပျံဗူဗောင်းတွေ၊သက်တန့်ရောင်စုံအလံတွေ၊ထီးတွေနှင့် လူတွေဟာ ကခုန်သီချင်းသီဆိုနေကြပါတယ်။
အဲဒီ အလှပြသင်္ဘောတွေမှာ လူ့အခွင့်အရေးအုပ်စုတွေ၊အရက်ဘားဆိုင်တွေ၊အဝတ်အထည်အမှတ်တံဆိပ်တွေနှင့် ဒတ်ချ် စစ်တပ်တွေကိုပင် ကိုယ်စားပြုလှည့်လည်ဆင်နွှဲနေကြပါတယ်။
Source : AFP
#LocalNews
Published _7August 2022
လေဖိအားနည်းပိုမိုအားကောင်းလာကာ ရန်ကုန် ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာ ဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)မှာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိ၍အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုမိုးဇလပ ခန့်မှန်းထားခြင်းဖြစ်သည်။
နောက်(၂)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု လည်း ယင်းခန့်မှန်းချက်အရသိရသည်။
ymg/mt
#Yangon _Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 7 August 2022
အမျိုးသမီးတစ်ဦးဟာ မောင်းနှင်နေတဲ့ အက်စ်ယူဗွီကားတစ်စီးရဲ့ ပြတင်းပေါက်အပြင်ထွက်ပြီး ဝမ်းဗိုက်လှုပ်အက ကရင်း လိုက်ပါလာရာကနေ မတော်တဆ ပြတင်းပေါက်က ထွက်ကျခဲ့ပေမယ့် ထူးဆန်းတဲ့ကံကြမ္မာကြောင့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။
ပထမဆုံး အဲဒီအမည်မသိ အမျိုးသမီးဟာ မစ်ဆူဘီရှီ ပါဂျရိုးကားပြတင်းပေါက်ပေါ်ကို ထိုင်ချလိုက်တာတွေ့ရပါတယ်။
အဲဒီနောက် သူမဟာ ကိုယ်ကိုအပြင်ထုတ်ပြီး ဗိုက်လှုပ်အက ကပြီးလိုက်ပါလာတာပါ။
အဲဒီနောက် ဟန်ချက်လွတ်ပြီး ကားပြတင်ကနေ လမ်းပေါ်ကို ခေါင်းနှင့် ကျသွားပါတယ်။
သူမရဲ့ခေါင်းနှင့်လမ်းရိုက်မိပေမယ့် ကြီးကြီးကျယ်ကျယ်ထိခိုက်သွားပုံမပေါ်ပါဘူး။
သူမဟာ ကပျာကယာပြန်ထလိုက်ပြီး ပါဂျရိုးဆီအပြေးသွားပါတော့ယ်။ ကားမောင်းသူကလည်း သူမကိုကားရပ်ပေးလိုက်ပါတယ်။
ရုရှားနိုင်ငံတောင်ပိုင်းက မူစလင်တွေအများစုနေတဲ့ ဒါဂက်စတန်ပြည်နယ်ရဲ့ မြို့တော် မာခါချက်ကလာမှာ ဖြစ်ခဲ့တာပါ။
ယဉ်မောင်းဟာ အသက် ၂၄နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရှာရက်ကာဗာနော့ဗ်ဖြစ်ပြီး နောက်နောင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာပါမယ့်အကြောင်း အာဏာပိုင်တွေက သူ့ကို ဝန်ချတောင်းပန်ခိုင်းခဲ့ပါတယ်။
Source: DailyMail
Video ကြည့်ရန်...
#Local_News
Published_6 August 2022
ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကွေ့ချောင်းခံတပ်ကြီးကို လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားတွေ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ လမ်းတွေကို ပြုပြင်ဖို့ စီစဉ်နေပါပြီ။
#Yangon_Media_Group
Published 7 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အမြောက်တပ်ဖွဲ့တစ်ခုသည် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဝင် စွမ်းရည်များကို အကဲဖြတ်ရန် မကြာသေးမီက ခဲယမ်း အစစ် များဖြင့် ပစ်ခတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။
လေ့ကျင့်ရေးကွင်းတစ်ခုက ပြုလုပ်ခဲ့တဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အမြောက်တပ်တစ်ခုက ပစ်ခတ်မှု အမြောက်အမြား ဆောင်ရွက်ခဲ့ပြီး ဒုံးကျည်တွေဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တရုတ် အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းအနီး ရေပြင်နှင့်ဝေဟင်တွေမှာ တနင်္ဂနွေနေ့က တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။
Source CCTV+
#China_artillery_drill
#China_missiles_exercise
#China_Taiwan
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 August 202
၂၀၂၂ ခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် JLPT ဝင်ခွင့်လျှောက်လွှာ ၂၆၀၀၀ နီးပါး ရောင်းချပေးထားပြီးဖြစ်ကြောင်း ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှကြေညာထားသည်။
အဆိုပါဝင်ခွင့်လျှောက်လွှာရောင်းချမှုကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)၊ စာမေးပွဲကျင်းပရေးကော်မတီ (JLPT)က စီစဉ်ခဲ့ခြင်းဖြစ်သည်။
၎င်းအရေအတွက်သည် ရန်ကုန်စာဖြေဌာန N3 ၊ N4 နှင့် N5 Level အတွက် ရောင်းချပေးခဲ့သည့်အရေအတွက်ဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၅ ရက်ကစပြီး ဒီဇင်ဘာလစာမေးပွဲအတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းထားခဲ့ပြီး ကျန်သည့်စာမေးပွဲများအတွက်ကိုလည်း အွန်လိုင်းကနေသာ လျှောက်လွှာရောင်းချတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် JLPT စာမေးပွဲလျှောက်လွှာ ဝယ်ယူရန်လူငယ်များ မနက် ၂ နာရီကတည်းက တန်းစီခဲ့ကြပြီး လူ ၅၀၀၀ လောက်ရှိသည့် လူစုလူဝေးကြီးဖြစ်ပေါ်ခဲ့သည့်အတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းခဲ့ရသည်။
ymg/sth
#Yangon_Media_Group
Published: 7 August 2022
မစ်စစ္စပီပြည်နယ်က လူတစ်ဦးရဲ့ အိမ်မွေးကြောင်မကလေး တစ်ကောင်ဟာ သူ့အိမ်ကို ဓားပြတိုက်မယ့် အန္တရာယ်မှ ဟန့်တားနိုင်ခဲ့ပြီး အဲဒီကာလီကိုကြောင်ကလေးဟာ သူ့အသက်ကိုတောင်ကယ်ခဲ့တာဖြစ်နိုင်တယ်လို အဲဒီပြည်နယ်သားက ချီးကျုးလိုက်ပါတယ်။
ဘန်ဒစ်လို့အမည်ပေးထားတဲ့ အဲဒီကြောင်မကလေးဟာ အလေးချိန်ပေါင် ၂၀ရှိပြီး သခင်ဖြစ်သူ အငြိမ်းစားအမျိုးသားကြီး ဖရက် အဲဗားရစ်နှင့်အတူ ဘဲလ်ဒင်မြို့ဆင်ခြေဖုံး တူပီလိုအရပ်မှာ နေထိုင်ကြပါတယ်။
ပြီးခဲ့တဲ့အပတ်က အနည်းဆုံးလူနှစ်ဦးဟာ သူတို့နေတဲ့ အိမ်ကို ဖောက်ထွင်းဖို့ကြိုးစားခဲ့ကြပါတယ်။ ကြောင်မကလေးဟာ သူလုပ်နိုင်သမျှအားလုံးကို လုပ်ပေးခဲ့ရာမှာ သခင်ဖြစ်သူအဲဗားရစ်ကို အန္တရာယ်ရှိနေတဲ့အကြောင်း သွားပြီး သတိပေးခဲ့ပါတယ်လို့ သူက အရှေ့မြောက်မစ်စစ္စပီဂျာနယ်က ပြောပါတယ်။
“ အိမ်စောင့်ခွေးတော့ ခင်ဗျာမကြာခဏ ကြားဖူမှာပဲ။ ဒါက အိမ်စောင့်ကြောင်ဗျ” လို့ အသက် ၆၈နှစ်အရွယ် အဲဗားရစ်က ပြောပါတယ်။
အဲဒီဓားပြတိုက်ဖို့ကြိုးစားမှုဟာ ဇူလိုင် ၂၅ ရက် မနက် ၂နာရီခွဲနှင့် ၃ နာရီအကြား မှာ ဖြစ်ပွားခဲ့တာပါလို့ အဲဗားရစ်က ပြောပါတယ်။သူဟာ မီးဖိုဆောင်ထဲက ဘန်ဒစ်ရဲ့ ညောင်လို့ အော်သံကြားလို့ ပထမဆုံလန့်နိုးလာတာပါ။ အဲဒီနောက် ကြောင်မကလေးဟာ အိပ်ခန်းထဲကို ပြေးဝင်လာပါတယ်။ အိပ်ရာပေါ်ခုန်တက်ပြီး သူ့စောင်တွေကို အတင်းဆွဲဖယ်ပါတယ်။ ပြီးတော့ သူ့လက်တွေကို ဆွဲကုတ်ပါတော့တယ်။ အဲဗားရစ်က တစ်ခုခုတော့ မှားယွင်းနေပြီလို့ ချက်ခြင်းသိလိုက်ပါတယ်။
သူကလေးက အရင်တစ်ခါမှ မလုပ်ဖူးဘူးလေလို့ အဲဗားရစ်ကပြောပါတယ်။
“ ကျွန်တော်အပြင်ထွက်လိုက်တယ်။ တစ်ခုခုများဖြစ်နေပြီလားပေါ့” လို့ သူကဆက်ပြောပါတယ်။
အဲဗားရစ်က အိပ်ရာကထပြီး စူးစမ်းကြည့်လိုက်တဲ့အခါ သူ့အိမ်နောက်ဘက်တံခါးအပြင်ဘက်မှာ လူနှစ်ယောက်ကို တွေ့လိုက်ရပါတယ်။တစ်ယောက်က လက်ထဲမှာ သေနတ်တိုတစ်လက်ကိုင်ထားတယ်။ နောက်တစ်ဦးကတော့ သံတူရွင်းနှင့် တံခါးကို ကြိုးစားဖွင့်နေတာတွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။
သူက သူ့သေနတ်ကိုပြန်ထုတ််လိုက်ပြီး မီးဖိုဆောင်ပြန်လာတဲ့အချိန်မှာ ဖောက်ထွင်းသူနှစ်ဦးဟာ ထွက်ပြေးသွားကြပြီလို့ သူကပြောပါတယ်။ သူက ရဲကိုတော့မခေါ်တော့ဘူးလို့လည်း ဆက်ပြောပြပါတယ်။
ဘန်ဒစ်ကြောင်မလေးသာမရှိရင် အခြေအနေက တစ်မျိုးဖြစ်သွားမှာလို့လည်း သူကဆိုပါတယ်။
“ တော်သေးတာပေါ့။ ထိပ်တိုက်ရင်ဆိုင်မတွေ့လိုက်ရလို့။ ကြောင်မလေးကြောင့် ပေါ့” သူကပြောပါတယ်။
အဲဗားရစ်ဟာ ဘန်ဒစ်ကို တူပီလိုလီဟူမင်းအဖွဲ့ Tupelo-Lee Humane ထံက လွန်ခဲ့တဲ့ လေးနှစ်က မွေးစားခဲ့တာ ဖြစ်ပါတယ်။
Source AP
#A- guard_cat_saves_robbery
#Mississippi_cat
#Everitt_Bandit
Published 7 August 2022
ချီကာဂိုမြစ်ကမ်းနဖူတလျောက်မှာ ပရိဿတ်တွေဟာ နှစ်စဉ်ကျင်းပတဲ့ ချီကာဂိုရဲ့ ဒတ်ကီဒါဘီ Ducky Derby လို့ခေါ်တဲ့ ဘဲအပြေးပြိုင်ပွဲ ပွဲတော်ကို လာရောက်ကြည့်ရှုနေကြပါတယ်။ ဒီပွဲတော်ကို အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမှာ ဒီနှစ်လည်း ကျင်းပရာမှာ ရာဘာဘဲရုပ်ကလေးတွေ စုစုပေါင်း ခုနှစ်သောင်းခွဲကို ရေထဲပစ်ချခဲ့ကြပါတယ်။ ဒီပွဲဟာ အီလီနွိုက်စ်ရဲ့ အိုလံပစ်အထူးပွဲအတွက် ရန်ပုံငွေရှာတာလည်းဖြစ်ပါတယ်။
Source AFP
#Ducky_Derby
#Illonois_Chicago
#Special_Olympics_Illinois
Page 1422 of 1741