#Breaking_News
Published 13 March 2023
နယူးယောက်ပြည်နယ်အာဏာပိုင်တွေက နယူးယောက်အခြေစိုက် ဆစ်ခ်နေချာဘဏ် Signature Bank ကို မတ် လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ မှာ ပိတ်သိမ်းလိုက်ပါတယ်။ ဒါဟာ ကာလီဖိုနီးယားအခြေစိုက် ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲပြီး နှစ်ရက်အကြာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်ဘဏ်ပြိုလဲခြင်းဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားဘဏ်အာဏာပိုင်တွေက ပူးတွဲကြေညာချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာရာမှာ Signature Bank ရဲ့ အပ်နှံသူတွေရဲ့ငွေတွေ ပြန်လည်ရရှိလိမ့်မှာဖြစ်ပြီး ဆုံးရှုံးမှုတွေကို အခွန်ထမ်းပြည်သူတွေပေးစရာမလိုဘူးလို့ ပြောပါတယ်။
Signature Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ တတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။
Signature Bank ဟာ မတ်၈ရက်နေ့အထိ အပ်နှံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉.၁၇ ဘီလျံရှိပြီး ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၁၁၀.၃၆ ဘီလျံရှိတယ်လို့ နယူးယောက်ပြည်နယ်ဘဏ္ဍာရေးဌာနကနေသိရှိရပါတယ်။
Source CNA
Published _28 February 2023
Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ လူ ၇၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
အဆိုပါလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့အား လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၂၉ ရက် ည ၇ နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူ သစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်း များလုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မို့မို့စံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစား ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)ကို ထပ်မံဝင်ရောက်ရှာဖွေရာ Golden Gift(Online ကံစမ်း မဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော်(ခ)အယ်လစ် ပါ တရားခံ ၁၉ ဦးတို့အား လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သတင်းဆက်ဖော်ထုတ်ချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်း လမ်းရှိ အိမ်အမှတ်(FG-95)ကို ထပ်မံဝင်ရောက်ရှာဖွေရာ TTbet Online Game လောင်းကစား လုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ် လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော် ပါ တရားခံ ၁၉ ဦးတို့အား လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီး စီမံ ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအား ဇန်နဝါရီလ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes-Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application I Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း (ခ)အားချန် ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ဖေဖော်ဝါရီလ ၅ ရက်မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICTPark ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application I Cash Now Application | Cola Kyat Application I U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီး စီမံ ခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအား ဇန်နဝါရီလ ၃၀ ရက် နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes-Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application I Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း (ခ)အားချန် ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ဖေဖော်ဝါရီလ ၅ ရက်မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICT Park ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application I Cash Now Application | Cola Kyat Application I U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ TTbet Online Game လောင်းကစား လုပ်ငန်း၊ Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)နှင့် Sky Pay Mobile Financial Services Co.,Ltd. 3pm Money Bag Application Cash Now Application Cola Kyat နှင့် U Loan Application များအသုံးပြု၍ တရားမဝင် Online ချေးငွေလုပ်ငန်းတို့အား တရားခံ ရန်နိုင်ကျော်(ခ)အားဖုက ပိုင်ရှင်အဖြစ် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး TTbet Online Game လောင်းကစားလုပ်ငန်းအား Telegram မှတစ်ဆင့် သိရှိသူ Yang Song (စိစစ်ဆဲ)နှင့် ချိတ်ဆက်၍ လည်းကောင်း၊ Sky Pay Mobile Financial Services Co.,Ltd. အမည်ခံကာ Money Bag Application | Cash Now Application Cola Kyat & U Loan Application :တရားမဝင် Online ချေးငွေလုပ်ငန်းကို Telegram မှတဆင့်သိရှိသူ Sunny(စိစစ်ဆဲ)နှင့်ချိတ်ဆက်၍ လည်းကောင်း၊ Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား အစ်ကိုဖြစ်သူ အောင်ဖုန်းကျော်အား ဦးစီးစေ၍လည်းကောင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် ကျော်ဆန်းလင်း(ခ)အားချန်သည် မန်နေဂျာအဖြစ် လည်းကောင်း၊ အေးငြိမ်းသူ(ခ)Neo သည် ကြီးကြပ်/စာရင်းကိုင်အဖြစ်လည်းကောင်း၊ မို့မို့စံ(ခ)Yuki နှင့် ကျော်မျိုးအောင်တို့သည် စာရင်းကိုင်များအဖြစ်လည်းကောင်း၊ ထင်အောင်ကျော်(ခ)အယ်လစ် နှင့် စိုင်းသီဟဇော်တို့သည် ကြီးကြပ်သူများအဖြစ်လည်းကောင်း အသီးသီးလုပ်ကိုင်ခဲ့ကြပြီး အခြား ဝန်ထမ်းများခန့်ထားကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။
ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီးတို့အား ว ว သိမ်းဆည်းရမိခဲ့ပြီး အမှုမှ တရားခံများ ပြစ်မှုကျုးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့် များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီးထိန်းသိမ်းထားရှိကာ အဆိုပါအကောင့်များအတွင်းရှိ ငွေများအား စိစစ်လျက် ရှိပြီး တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
Yangon _Media_Group
Published 26 Feb 2023
ပြည်ပနိုင်ငံတွေမှာရှိကြတဲ့ မြန်မာသံရုံးတွေနှင့် ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ စီးပွားရေးသံမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဝန်ကြီးဌာနတွေက အရာထမ်း (၁၆)ဦးကို ခန့်အပ်လိုက်တယ်လို့ ဇန်နဝါရီ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်တဲ့ နစက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၃ အရသိရပါတယ်။
စီး/ကူးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လက်မှတ်ရေထိုးထုတ်ပြန်တဲ့ အဆိုပါ စီးပွားရေးသံမှူးများခန့်အပ်တာဝန်ပေးတဲ့ အမိန့်မှာ စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိကြီး (၁၆)ဦးပါဝင်ပါတယ်။
ခန့်အပ်ခံရတဲ့ စီးပွားရေးသံမှူးများမှာ အဆိုပါ ဝန်ကြီးဌာန (၅)ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဦးစီးအရာရှိအဆင့်(၁)ဦး၊လက်ထောက်ညွှန်ကြားရေးမှူးအဆင့် (၆)ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်(၉)ဦးတို့ပါဝင်ကြတယ်လို့ အမိန့်ကြော်ငြာစာတွင်ဖော်ပြထားပါတယ်။
ယင်းစီးပွားရေးသံမှူး (၁၆)ဦးသည် ပြည်ပ(၁၂)နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်၊အိန္ဒိယ၊ တောင်ကိုရီးယား၊တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ရုရှားဖက်ဒရေးရှင်းစင်္ကာပူနှင့်ထိုင်းနိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။
အဆိုပါစီးပွားရေးသံမှူးတွေဟာ သက်ဆိုင်ရာ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အဆင့်တူသံတမန်ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် လစာနှင့် နိုင်ငံခြားစရိတ်များအတိုင်း ခံစားခွင့်ပြုကြောင်းလည်းအမိန့်အရသိရပါတယ်။
YMG/knl
#စီးပွားရေးသံမှူး
#မြန်မာစီးပွားရေးသံမှူး
#မြန်မာနိုင်ငံရေး
#မြန်မာစီးပွားရေး
#YangonMediaGroup
#Myanmar_News
Published 26 Feb 2023
သာမာန်အိမ်ထောင်စုရဲ့ အခြေခံစားကုန်ဖြစ်တဲ့ ကြက်သွန်နီရဲ့ ဈေးနှုန်းတွေဟာ အခြားဟင်းသီးဟင်းရွက်တွေလိုပဲ မြင့်တက်လာတဲ့အတွက် ကြက်သွန်နီ ရှားပါးပြတ်လပ်မှုတွေဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းတစ်ခုကို စနက်မီးပျိုးပေးနိုင်တယ်လို့ အိန္ဒိယတူဒေးသတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။
နိုင်ငံတော်တော်များများက ပြည်သူတွေဟာ ပစ္စည်းရှားပါးပြတ်လပ်မှုကြောင့် ကြက်သွန်ဈေးမတန်တဆတက်နေတာကြောင့် ဟင်းလျာများချက်ပြုတ်ရာမှာ မပါမဖြစ်ကြက်သွန်နီကို ဖယ်ထားနေကြရပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် ကြက်သွန်ဈေးတွေမတရားမြင့်တက်နေလို့ မှောင်ခိုကြက်သွန်တွေ ခေါင်းထောင်ထလာနေပါတယ်။ အစိုးရက အမြတ်ကြီးစားကုန်သည်တွေကို အဲဒီကိစ္စနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းလုပ်လာနေကြရပါတယ်။
#ကြက်သွန်နီပြတ်လပ်မှုကအချို့နိုင်ငံတွေမှာအကျပ်အတည်းဖြစ်လာ
ဘလွမ်းဘတ်သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ကြက်သွန်နီဈေးတွေဟာ ကမ္ဘာအနှံ့မှာ မြင့်တက်လာနေဆဲဖြစ်ပြီး အဲဒါက ငွေကြေးဖောင်းပွမှုကို ပိုအားကောင်းလာစေပါတယ်လို့ရေးသာပါတယ်။ မော်ရိုကို၊တူရကီနှင့် ကာဇက်စတန်လို နိုင်ငံတွေမှာ ရောင်းချမှုစိတ်ချရဖို့ အရေးယူလုပ်ဆောင်မှုတွေ လုပ်လာရပါတယ်လို့ဆိုပါတယ်။
ကြက်သွန်နီတွေပြတ်လပ်တာနှင့် ဈေးတက်လာတာတွေဟာ မုန်လာဥနီ၊အာလူး၊ပန်းသီးစတာတွေလို အခြားသော သစ်သီးဝလံဟင်းသီးဟင်းရွက်တွေရဲ့ ဈေးနှုန်းကိုပါရိုက်ခတ်နေပါတယ်လို့ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကနေသိရပါတယ်။
ယူကေမှာဆိုရင် အခြေအနေအတော့်ကိုဆိုးနေပါတယ်။ အချို့သော သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေကိုစူပါမားကက်ကြီးတွေမှာ ခွဲတမ်းစနစ်နှင့်ကန့်သတ်ရောင်းချနေရပါတယ်။ စပိန်တောင်ပိုင်းနှင့် မြောက်အာဖရိကတို့မှာ စိုက်ရေးပျိုးရေး မကောင်းလို့ ဒါတွေဖြစ်နေရတာပါ။
တစ်ကမ္ဘာလုံးမှာ ဟင်းလျာမှသည် အသုပ်တွေအထိ အခြေခံစားကုန်ဖြစ်နေတဲ့ ကြက်သွန်နီဟာ ကမ္ဘာပေါ်မှာ စားသုံးမှု အများဆုံး ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို မက်ထရစ်တန် ၁၀၆သန်းခန့် ထုတ်လုပ်ပေးနေရပြီး အဲဒီ ပမာဏဟာ မုန်လာဥနီ၊တရုတ်မုန်လာ၊ငရုတ်သီးစိမ်း၊ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ အားလုံးပေါင်းထုတ်ကုန်နှင့်ပင် ညီမျှပါတယ်။
#ပြတ်လပ်မှုဘာကြောင့်ဖြစ်တာလဲ
ဈေးနှုန်းတွေမြင့်တက်ပြတ်လပ်မှုဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ရာသီဥတုဖောက်ပြန်တာကအစ ပထဝီနိုင်ငံရေးတင်းမာမှုတွေအဆုံးပါ။ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်မှာ ရေအကြီးအကျယ်လွှမ်းမိုးခဲ့ပါတယ်။ အလယ်အာရှမှာ ဆီးနှင်းရိုက်လို့ သိုလှောင်ထားတာတွေပျက်စီးကုန်ပါတယ်။ ပြီးတော့ ယူကရိန်းမှာ ရုရှားစစ်ပွဲကလည်း အချို့သော အဓိကအကြောင်းရင်းတွေထဲကတစ်ခုဖြစ်နေပြန်ပါတယ်။
မြောက်အာဖရိကမှာလည်း မိုးခေါင်ရေရှားဒဏ်၊မျိုးစေ့နှင့်ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်မှုတွေ ကြောင့် ကြက်သွန်နီထုတ်လုပ်မှုတွေ ထိခိုက်ခဲ့ရပါတယ်။မော်ရိုကိုနိုင်ငံမှာဆို ရာသီဥတုညံ့ဖျင်းလို့ ကြက်သွန်အထွက်နှုန်းတွေကျဆင်းခဲ့ရပြန်ပါတယ်။
#ကြက်သွန်နီပြတ်လပ်မှုကကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကိုအစပျိုးလာနိုင်
လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က ဖိလစ်ပိုင်မှာ ကြက်သွန်နီမလုံလောက်မှုက အခြားသော အိမ်ထောင်စုစားသောက်ကုန်တွေဖြစ်တဲ့ ဆားနှင့်သကြားတို့လိုမျိုးအမည်တွေကိုပါ ဒိုမီနိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကြက်သွန်နီဈေးက ဈေးတွေ မတရားခေါင်ခိုက်ခဲ့တာဟာ အသားဈေးထက်တောင် ဈေးကြီးနေသလို ဖြစ်ခဲ့ကြရပါတယ်။ အဲဒါကြောင့် အချို့သော လေယာဉ်မောင် လေယာဉ်မယ်တွေဟာ အရှေ့အလယ်ပိုင်းကနေ ကြက်သွန်နီမှောင်ခိုသွင်းတာကို ဖမ်းဆီမိတဲ့အထိဖြစ်လာခဲ့ပါတယ်။
ကာဇက်စတန်မှာ ကြက်သွန်နီဈေး မိုးထိအောင်ခေါင်ခိုက်နေတာကြောင့် အာဏာပိုင်တွေဟာ မဟာဗျူဟာမြောက် လှောင်ထားတဲ့အထဲက ရောင်းချဖို့လုပ်ခဲ့ရပါတယ်။ ကုန်သွယ်ရေးဝန်ကြီးကလည်း စူပါမားကက်တွေမှာ အလျင်စလိုနှင့် အမြောက်အမြားဝယ်ယူတာမျိုးမလုပ်ဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။ အဲဒီအပြင် ကာဇက်စတန်၊ဥဘက်ကစ္စတန်နှင့်တာဂျစ်ကစ္စတန်တို့မှာ ကြက်သွန်နီပြည်ပတင်ပို့မှုပိတ်ပင်ခဲ့ပါတယ်။ အာဇာဘိုင်ဂျန်လို နိုင်ငံမျိုးမှာတောင် ကြက်သွန်နီရောင်းတာကို ပမာဏကန့်သတ်ခဲ့ပြီး ဘယ်လာရုစ်မှာ ကြက်သွန်နီတင်ပို့မှုအတွက် လိုင်စင်ရယူဖို့ လုပ်ဆောင်နေကြောင်း ဘလွမ်းဘတ်သတင်းဌာနက သတင်းရေးသားထားတာဖြစ်ပါတယ်။
Source: IndiaToday/Bloomberg
#ကြက်သွန်နီဈေးမြင့်တက်
#ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်း
#ကြက်သွန်နီပြတ်လပ်
#YangonMediaGroup
#အထူးဆောင်းပါး
Published 19 Feb 2023
တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့ ဘီဝိုင်ဒီ BYD ဟာ ပင်လယ်ရပ်ခြားလုပ်ငန်းတွေကိုတိုးချဲ့နေရာ ၂၀၂၃ခုနှစ်မှာ ဘီဝိုင်ဒီကားအရောင်းဟာ ပြိုင်ဘက် အမေရိကန် Tesla တဲဆ်လာလို ကျော်ဖြတ်ဖို့ ရည်မှန်းထားပါတယ်။
ဂျပန်၊အရှေ့တောင်အာရှနှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၄၀ကျော်ကို လုပ်ငန်းတွေတိုးချဲ့ထားတဲ့ BYD ဟာ ဒီနှစ် အတွင်းမှာ လျှပ်စစ်ကားစီးရေ (၂)သန်းနီးပါး အထိရောင်းချဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။
“ နှစ်ပေါင်း ၂၀ ကျော် သုတေသနနှင့်ဖွံ့ဖြိုးရေးရလာဒ်တွေအရ ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။ဇိမ်ခံကားတွေအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံတွေကို ကျွန်တော်တို့ ပြောင်းလဲပစ်ပါမယ်” လို့ BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝမ်ချွမ်ဖူးက ပြောခဲ့ပါတယ်။
BYD ဟာ ၂၀၀၃ခုနှစ်မှာ ကားဈေးကွက်ထဲဝင်ရောက်လာပြီးနောက် ဇိမ်ခံလျှပ်စစ်ကားတွေကို ရည်မှန်းပစ်မှတ်ထားနေပါတယ်။
BYD ဟာ ၂၀၂၃ခုနှစ်အတွင်း လမ်းကြမ်းမောင်း အက်စ်ယူဗွီ ကား Yangwang U8 နှင့် U9 supercarတို့ကို ယွမ်ငွေ ရှစ်သောင်းနှင့် တစ်သန်းခွဲအကြား ဈေးနှုန်းတွေနှင့် ရောင်းချဖို့ရှိနေပါတယ်။
Yangwang မိုဒယ်လ်ဟာ ကားဘီးလေးဘီးမှာ တစ်ဘီးစီးကို သီးခြားခွဲထိန်းချုပ်မောင်းနှင်တာဖြစ်လို့ ကားဘီးတစ်လုံးပေါက်သွားရင်တောင် ကားကိုဆက်မောင်းနိုင်မှာဖြစ်ပါတယ်။ U8 ကတော့ ရေပေါ်မှာ ပေါလောပေါ်ပြီး မောင်းနှင်နိုင်ပါတယ်။
BYD ဟာ ဇိမ်ခံလျှပ်စစ်ကားလုပ်ငန်းထဲကို ဝင်လာဖို့လုပ်နေပါတယ်။ ကုမ္ပဏီဟာ Song၊Qin၊Dolphin နှင့် Han တို့လို ယွမ်တစ်သိန်းမှ သုံးသိန်းအကြား ဈေးနှုန်းနိမ့်နှင့်အလတ် ကားတွေမှာ ရောင်းအားအလွန်ကောင်းနေပါတယ်။ တရုတ်နိုင်ငံမှာ ဗောက်စ်ဝက်ဂွန်နှင့်ဟွန်ဒါ လျှပ်စစ်ကားတွေဟာ BYD ရဲ့ ဈေးကွက်မင်းမူနေမှုကို စိန်ခေါ်လာနေပါတယ်။
Source: Nikkei Asia
#BYD
#Tesla
#Luxury_EV
Published 27 January 2023
တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက ဥမင်လှိုဏ်ခေါင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်နှစ်သစ်ကူးရက်မှာပင် မနားဘဲ အလုပ်သမားတွေ ကြိုးစားဖောက်လုပ်နေကြပါတယ်။
၃၃၀ကီလိုမီတာရှည်လျားတဲ့ ဒါလီ-ရွှေလီရထားလမ်းဟာ တရုတ်-မြန်မာရထားလမ်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဒါလီမြို့ကနေ ပေါင်ရှန်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။
ပေါင်ရှန်မှ နယ်စပ်မြို့ရွှေလီအထိ လမ်းပိ,င်းမှာ ကောင်လီကောင်းတောင်ဥမင်လှိုဏ်ခေါင်းဟာ ၃၄.၅ ကီလိုမီတာအထိ ရှည်လျားပြီး တရုတ်နိုင်ငံမှာ အရှည်လျားဆုံး ရထားဥမင်လှိုဏ်ခေါင်းဖြစ်ပါတယ်။ အဲဒီအပြင် အဆိုပါဥမင်လှိုဏ်ခေါင်းဟာ ရထားကြီးတစ်ခုလုံးရဲ့ အဓိကစီမံကိန်းလည်းအပြင် ဟန်တွမ်တောင်တန်းများကိုဖြတ်သန်းတဲ့ ပထမဆုံး လှိုဏ်ခေါင်းလည်း ဖြစ်ပါတယ်။ အဆိုပါဥမင်လှိုဏ်ခေါင်းဟာ အနက်၁၁၀၀ မီတာမှာ တည်ဆောက်ထားပြီး ပြတ်ရွေ့ကြောဇုန် ၁၉ဇုန်ကိုလည်း ဖြတ်သန်းဖောက်လုပ်ထားတာပါ။
Source CCTV+
#China_Myanmar_Railway
#Dali-Ruili_Railway
#Myanmar_China_Relations
Published 20 Jan 2023
အမေရိကန်ရဲ့ ကြွေးမြီပမာဏဟာ ကွန်ဂရက်သတ်မှတ်ပေးထားတဲ့အမြင့်ဆုံးပမာဏ ၃၁.၄ ထရီလီယံ ကိုရောက်ရှိလာပြီ လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ယီလင်က ပြောပါတယ်။ အဲဒါကြောင့် အစိုးရအနေနှင့် ပေးချေစရာရှိတာတွေ ဆက်ပြီးငွေပေးချေနိုင်အောင် အထူးဆောင်ရွက်ချက်တွေကို စတင်ကျင့်သုံးနေပြီလို့ သူမက ပြောပါတယ်။
ယီလင်ဟာ ကြွေးမြီ အမြင့်ဆုံးသတ်မှတ်ချက်ကို ရောက်တော့မယ်လို့ ယခင်ကသတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်မှုကိုရှောင်ရှားနိုင်ဖို့ အရေးပေါ်အစီအစဉ်တစ်ခုပြင်ဆင်နေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အထူးဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပြီး အဲဒီအထဲမှာ အစိုးရအငြိမ်းစားရန်ပုံတွေထဲ ရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းဖို့ ပါဝင်ပါတယ်။
အမေရိကန်ရဲ့စီးပွားရေးဟာ လိုငွေတွေပြပြီး မောင်းနှင်နေတာဖြစ်တဲ့အတွက် ငွေပေးချေစရာရှိတာတွေ ပေးချေဖို့အတွက် ပိုက်ဆံချေးငှား ဖို့ လိုအပ်ပါတယ်။ ယခုအချိန်အထိ အစိုးရအနေနှင့် ဒေါ်လာ ၃၁.၄ ထရီလီယံအထိသာ ငွေချေးလို့ရအောင် ကန့်သတ်ထားပါတယ်။
ကြွေးမြီကန့်သတ်ချက်ကို မြှင့်တင်ပေးဖို့ဆိုတာ ကွန်ဂရက်အတွက် ပုံမှန်ဆောင်ရွက်ရတာမျိုးဖြစ်ပေမယ့် အခုဆို ပိုပိုပြီး တော့ဝရုန်းသုန်းကားနိုင်လာနေပါတယ်။ အချို့သော အောက်လွှတ်တော်ရီပတ်ဗလီကန်အမတ်တွေက အဲဒီကန့်သတ် ချက်မြှင့်တင်မှာကို ပိတ်ပင်တားဆီးဖို့ ဆုံးဖြတ်ထားကြတဲ့အတွက် ဒီနှစ်မှာတော့ အဆိုပါကိစ္စကြောင့် နိုင်ငံရေးတိုက်ခိုက်မှုတွေရုတ်တရက် ကြီးမားလာမယ့် အလားအလာတွေရှိနေပါတယ်။
အမေရိကန်ရဲ့ ကြွေးမြီပျက်ကွက်ခြင်းဟာ စီးပွားရေးနှင့်ဈေးကွက်အပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ရိုက်ခတ်နိုင်တဲ့ အတွက် အတော့်ကိုစိတ်ပူစရာဖြစ်နေပါတယ်။အီဲဒအပြင် နိုင်ငံရဲ့ အကြွေးပြန်ဆပ်နိုင်ဖို့ စိတ်ချလက်ချယုံကြည်ရမှု အပေါ်လည်း သံသယတွေပွားများစေလာနိုင်ပါတယ်။
အမေရိကန်ရဲ့ ကြွေးမြီဟာ ကန့်သတ်ချက်ကို ဇွန်လမှာ အစောဆုံးရောက်ရှိနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ဘာဖြစ်မယ်ဆိုတာကို အသေအချာမပြောနိုင်တော့ဘူးလို့ ယီလင်က ကြာသပတေးနေ့ကပြောပါတယ်။
၂၀၁၁ခုနှစ်တုန်းက အဲသလိုအဖြစ်မျိုးကြုံခဲ့ပြီး အောက်လွှတ်တော်ရီပတ်ဘလီကင်တွေနှင့် အဲဒီတုန်းက သမ္မတ အိုဘားမားတို့ နိုင်ငံရေးအန္တရာယ်ခံတွင်းဝတိုးဝင်မှုတွေကြောင့် ရှယ်ယာရောင်းချဈေးကွက်အပေါ် ထိခိုက်မှု ရှိခဲ့ပြီး ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့် ကျဆင်းခဲ့ပါတယ်။
ရီပတ်ဗလီကင်တွေဟာ ယခု အောက်လွှတ်တော်မှာ အမတ်အနည်းငယ်အသာနှင့် ကြီးစိုးထားပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ ကေဗင် မက်ကသီကို ရွေးချယ်ရာမှာ ၁၅ကြိမ် အထိ ပြန်ပြီးမဲပေးခဲ့ရတဲ့အတွက် ရီပတ်ဗလီကင်ထဲမှာလည်း အကွဲအပြဲက နက်ရှိုင်းနေပါတယ်။
သမ္မတဘိုင်ဒင်ကတော့ စေ့စပ်အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူးလို့ အိမ်ဖြူတော်က ပြောထားပါတယ်။ အဲဒီအပြင် ကြွေးမြီကန့်သတ်ချက်အပေါ် နိုင်ငံရေးကစားတာကိုလည်း သူက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
Source NPR
#Treasury_Secretary_Janet Yellen
#U.S_reach_debt_limit
#US_Economy
Page 23 of 57