၂၉ နိုဝင်ဘာ ၂၀၂၄

CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု “ Four Countries, One Destination “ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး အဆိုပါလေးနိုင်ငံက အဆိုပြုလိုက်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ် CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ ၏ ၇ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကို အဆိုပြု   ခဲ့တာဖြစ် ပါတယ်။

ခရီးသွားလုပ်ငန်းတွေထပ်မံမြှင့်တင်ဖို့အတွက် အဆိုပါ “လေးနိုင်ငံ ခရီးစဉ်တစ်ခု” ကို ဆွေးနွေးပြီး အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး (၂၀၂၅-၂၀၂၆)  အလုပ်အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြ ပါတယ်။

ယင်းအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေရဲ့ အကြီးတန်းအရာရှိများနှင့် ဦးဆောင် နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကိုလည်း အစည်းအဝေးက တာဝန်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာကိုလည်း အစည်းအဝေးက အသိအမှတ် ပြု ချီးကျူးခဲ့ပါတယ်။

အစည်းအဝေးတွင် မြန်မာနစကအစိုးရရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်တို့မှ ခရီးသွားလာရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

@knl/ymg