၁၈ ဒီဇင်ဘာ ၂၀၂၃
မြန်မာသင်္ဘောသားများအလုပ်လုပ်နေတဲ့ ဘူဂေးရီးယားပိုင် The Ruen သင်္ဘောသည် ဒီဇင်ဘာ ၁၅ရက်က ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်တွင်ခုတ်မောင်းနေစဉ် အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ NAVIBULGAR သင်္ဘောကုမ္ပဏီက သတင်းထုတ်ပြန်ကြောင်း နိုင်ငံတကာသတင်းမီဒီယာ တွေက သတင်းရေးသားကြပါတယ်။
အဆိုပါသင်္ဘောဟာ ယီမင်းနိုင်င်ံ ဆိုကိုထရာကျွန်းရဲ့ အရှေ့ဖက် ရေမိုင်၃၈၀ခန့်အရောက်မှာ အဆိုပါသင်္ဘောနှင့် အဆက် အသွယ် ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
သင်္ဘောပေါ်မှာ သင်္ဘောသား ၁၈ ဦးလိုက်ပါသွားပြီး ဘူဂေးရီးယားနှင့် မြန်မာသင်္ဘောသားတွေဖြစ်ကြတယ်လို့ပြောပါတယ်။ သို့သော် မြန်မာသင်္ဘောသား ဘယ်နှစ်ဦးလိုက်ပါသွားတယ်ဆိုတာကိုတော့ သတင်းတွေမှာဖော်ပြမထားပါဘူး။
သင်္ဘောဟာ တောင်ကိုရီးယားမှထွက်ခွာခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့မှာ စင်္ကာပူမှာ ခရီးတစ်ထောက်ဆိုက်ကပ်ခဲ့တာဖြစ်ပြီး တူရကီနိုင်ငံ ဂမ်လစ်မြို့မှာ နောက်ဆုံးဆိုက်ကပ်ဖို့ရှိတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါသင်္ဘောပျောက်ဆုံးနေမှုနှင့်ပတ်သက်လို့ သင်္ဘောကုမ္ပဏီက နိုင်ငံတကာအဖွဲ့အစည်များနှင့်ဆက်သွယ်ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။ The Ruen သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတာဖြစ်နိုင်တယ်လို့လည်း အချို့ သတင်းတွေမှာ ရေးသား ထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဘယ်လို ဝယ်ယူတင်သွင်းနေပါသလဲ
#တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေသလဲ
#စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကားပါးလိုသလဲ
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရတာ ဘာကြောင့်လဲ။
#လက်ရှိစက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းပြည်ပ စက်သုံးဆီဈေးနှုန်းအခြေအနေတွေဘယ်လိုရှိပါသလဲ။
#ယခုလက်ရှိအခြေအနေမှာ စက်သုံးဆီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေပါသလဲ။
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကဖြေလျော့ပေးလိုက်ပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ တွင် အဆိုပါဖြေလျော့ ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။
“ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ရာမှ ယခုလို၃၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီးလိုက်နာခြင်းမရှိပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
၃ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံထုတ် လျှပ်စစ်အီးဗွီကားတွေကို အပြင်းအထန်ယာဉ်တိုက်မှုခံနိုင်ရည်စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ်နည်းပညာနှင့်သုတေသနစင်တာမှာ မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးစိတ်ချရအောင်အတွက် အဆိုပါ ယာဉ်တိုက်ခံနိုင်ရည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေမှာ ယာဉ်အရှေ့-အနောက်တိုက်မှု၊ ဘေးမှစောင့်တိုက်မှု၊တိမ်းမှောက်တိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ယာဉ်တည်ဆောက်ဖွဲ့စည်းမှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုတွေကို အကဲဖြတ်ခဲ့ကြပါတယ်။
Source CCYV+
၁ ဒီဇင်ဘာ ၂၀၂၃
ကာလရှည်ကြာ နှောင့်နှေးနေခဲ့တဲ့ တက်စ်လာရဲ့ ဆိုင်ဘာထရပ် Cybertruck လျှပ်စစ်ကားကို တက္ကဆပ်ပြည်နယ် ဩစတင်မှာ ကြာသပတေးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီကားဟာ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၆၀,၉၉၀ကနေ ၉၉,၉၉၀ ကြားရှိမယ်လို့ တက်စ်လာပိုင်ရှင် အီလွန်မတ်စ်ကပြောပါတယ်။ အဲဒီဈေးနှုန်းဟာ ၂၀၁၉တုန်းက သူပြောဖူးထက်ဈေးထက်များနေပါတယ်။
ဆိုက်ဘာထရပ်ကို တောက်ပြောင်တဲ့ သံမဏိနှင့်တည်ဆောက်ထားပါတယ်။ မှန်တွေက သံချပ်ကာကားမှန်က အမြန်နှုန်း တစ်နာရီ မိုင်၇၀နှင့်လာတဲ့ ဘေ့စ်ဘောတစ်လုံးကို ခံနိုင်ရည်ရှိပြီး ကလပ်စ်ဖိုးအသံလုံမှန်က ကားအတွင်းခန်းထဲမှာ အာကာသထဲရောက်နေရသလို တိတ်ဆိတ်အေးချမ်းစေမယ်လို့ တက်စ်လာက ဆိုထားပါတယ်။ကားရဲ့ ပုံစံက ၁၉၇၇ခုနှစ် ဂျိမ်းစ်ဘွန်းရုပ်ရှင် "The Spy Who Loved Me” ဇာတ်ကားထဲက ကားကနေ ရေငုပ်သင်္ဘောဖြစ်သွားတဲ့ ဒီဇိုင်းကို ခံစားပုံစံထုတ်ထားတာဖြစ်တယ်လို့ မတ်စ်က ဆက်ပြောပါတယ်။
အသုံးပြုတဲ့ သတ္တုအမျိုးအစားနှင့် သမားရိုးကျမဟုတ်ဘဲ ရှေ့ပြေးလှတဲ့ စတိုင်တွေကြောင့် ပိုရှုပ်ထွေးပြီး ထုတ်လုပ်မှုစရိတ်တွေ ပိုတက်လာ တာဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
ဒါပေမယ့် မတ်စ်ကတော့ သူ့ရဲ့ ဆိုက်ဘာထရပ်ကားဟာထရပ်ကားတစ်စီးထက်ပိုတယ်။ ပြိုင်ကားတစ်စီးထက်ပိုမြန်တယ်” လို့ ပြောဆိုပါတယ်။
ဆိုက်ဘာထရပ်ဟာ အားတစ်ကြိမ်အပြည့်သွင်းပြီးရင် မိုင်၃၄၀ခန့် မောင်းနှင့်နိုင်ပါတယ်။ ဘက်ထရီအပိုထပ်တပ်ရင် မိုင်၄၇၀ အထိမောင်းနှင်နိုင်အောင်လုပ်ထားပါတယ်။ ၂၀၁၉တုန်းကတော့ အီလွန်မတ်စ်ကဒီကားကို မိုင်၅၀၀အထိမောင်းနိုင်မယ်ပြောထားတာပါ။
ဆိုက်ဘာထရပ်ဟာ လေးနှစ်နီးပါးအတွင်း တက်ဆ်လာရဲ့ ပထမဆုံးထွက်ပေါ်လာတဲ့ မိုဒယ်အသစ်ဖြစ်ပါတယ်။
Source Reuters/Tesla website
Page 19 of 65