၂ မေ ၂၀၂၅
အိန္ဒိယနိုင်ငံရဲ့ မီဒီယာနှင့်ဖျော်ဖြေရေးနည်းပညာအားသာမှုကို တီထွင်ဖန်တီးသူ Creator များမှတစ်ဆင့် ချိတ်ဆက်ရယူကြပါက မြန်မာနိုင်ငံအပါအဝင် နည်းပညာအားနည်းမှုရှိတဲ့နိုင်ငံများ အကျိုးရှိမှာ ဖြစ်တယ် လို့ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲတင့်ကပြောပါတယ်။
မေလ ၂ ရက်နေ့မနက်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Jio World Centerတွင် လေးရက်ကြာကျင်းပနေတဲ့ WAVES 2025 ကမ္ဘာ့ အသံအရုပ်နှင့် ဖျော်ဖြေရေးထိပ်သီးတွေ့ဆုံပွဲရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Global Media Dialogue ကမ္ဘာလုံးဆိုင်ရာ မီဒီယာဆွေးနွေးပွဲ၌ မြန်မာပြန်ကြားရေးဒုဝန်ကြီးက ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
ပြန်ကြားရေးဒုဝန်ကြီးဦးရဲတင့်က မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ မန္တလေးငလျင်ကြီးမှာ အိန္ဒိယအစိုးရ နှင့် ပြည်သူတွေရဲ့ ကူညီခဲ့မှုတွေကိုလည်း မြန်မာအစိုးရနှင့်ပြည်သူတွေက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မီဒီယာဆွေးနွေးပွဲတွင် သဘာပတိနှင့်တွဲဖက်သဘာပတိများအဖြစ် အိန္ဒိယအစိုးရ ပြန်ကြားရေးနှင့်ရုပ်သံလွှင့်ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Sh. Ashwini Vaishnaw ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး Dr S Jaishankar တို့ဆောင်ရွက်ကြပြီး အိန္ဒိယနိုင်ငံ၏ Creative Industry ၏ တိုးတက်ဖြစ်ထွန်းမှုများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ နှင့်ပတ်သက် ပြီး အမှာစကားများပြောကြား ခဲ့ပါတယ်။
အိန္ဒိယပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ကြီးဌာနဝန်ကြီး Sh. Ashwini Vaishnaw က “ မီဒီယာအကြောင်း အရာများဖန်တီးမှုနှင့်သုံးစွဲမှု များမှာ နည်းပညာများနှင့်အတူ လျင်မြန်စွာပြောင်းလဲနေပါတယ်။ ကျွန် တော်တို့ဇာတ်လမ်းပြောဆိုတင်ဆက်ပုံတွေကို ပုံသွင်းပေးနေပါတယ်” လို့ ပြောကြားပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး Dr S Jaishankar ကလည်း “ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းခွင်တွေနှင့် လုပ်သား အင်အားတွေဟာ စိတ်ပိုင်းဆိုင်ရာခံယူချက်၊မူဘောင်၊မူဝါဒတွေနှင့်လက်တွေ့ကျင့်သုံးမှုတွေမှာ ပြောင်းလဲ ဖို့လိုအပ်လာနေပါတယ် လို့ပြောလိုက်ပြီး WAVES ကို ကမ္ဘာလုံးဆိုင်ရာမီဒီယာများနှင့်ဖျော်ဖြေရေး ကဏ္ဍ တွေရဲ့ အဓိကပြဿနာတွေကို ချင့်ချိန်စဉ်းစာဆောင်ရွက်နိုင်တဲ့ ပလက်ဖောင်းဖြစ်လာဖို့ယုံကြည်တယ် လို့ ပြောသွားပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၇၇ နိုင်ငံမှ အစိုးရပိုင်းဆိုင်ရာတာဝန်ရှိသူများ၊မီဒီယာများ၊ ရုပ်သံနှင့် ဖျော်ဖြေရေးကျွမ်းကျင်သူများ၊ လုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် အချက်၁၃ချက်ပါ ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲကြေညာချက် GMD declaration ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကြေညာချက်မှာ “ နယ်စပ်ဖြတ်ကျော် မိတ်ဖဖက်ဖြစ်မှု၊ပူးတွဲထုတ်လုပ်မှု၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုများမှတစ်ဆင့် အခွင့်အလမ်းများတိုးချဲ့ရေး၊ မီဒီယာများရှင်သန်ရေး နှင့်ကြံ့ကြံခံနိုင်ရေးဆောင်ရွက်ကြမယ်” လို့လည်းဖော်ပြပါရှိပါတယ်။
WAVES 2025 သို့ မြန်မာနိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိကမီဒီယာကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ ကြောင်းသိရှိရပါတယ်။
#ymg/knl