#World_Health
Published 20 July 2023
ရောဂါပိုးမွှားသန့်စင်ခြင်းနဲ့ သန့်ရှင်းရေးနေရာတွေမှာ အသုံးပြုတဲ့ လက်ချား(ဘိုရက်စ်မှုန့်)ကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူးရရှိပုံများကို TikTok မှာ ဖော်ပြလာကြပါတယ်။
လက်ချားကို သေချာစွာ အသုံးမပြုတတ်ရင် ဘယ်လောက်အထိ အဆိပ်အတောက်ဖြစ်စေလဲ ဆိုတာကို ပညာရှင်များ သတိပေးဖူးပါတယ်။
လက်ချားကို စားသုံးရင် အဆစ်အမြစ်နာတာတွေ သက်သာစေတယ်ဆိုပြီး ဖော်ပြလာကြတာဖြစ်ပါတယ်။
ဘိုရက်စ်ဟာ ခြောက်သွေ့ရေကန်ကြမ်းပြင်တွေမှာ သဘာဝအတိုင်း တွေ့ရတတ်ပြီး ဘိုရွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ဆိုဒီယမ်များဖြင့် ဖွဲ့စည်းထားတဲ့ အဖြူရောင်သတ္တုဖြစ်ပါတယ်။
သန့်ရှင်းရေးပစ္စည်းအဖြစ် အများစုအသုံးပြုကြကာ လျှော်ဖွပ်ရေးပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။
ဒါ့အပြင် သွားတိုက်ဆေး၊ ခံတွင်းဆေးရည်၊ ပေါင်းသတ်ဆေး၊ သုတ်ဆေး၊ အချို့သောအလှကုန်ပစ္စည်းတွေမှာလည်း အသုံးပြုကြပါသေးတယ်။
သုတေသီဒေါက်တာ 'ရက်စ်နယူဟမ်'က အဆစ်အမြစ်ရောင်နဲ့ အရိုးပွရောဂါတို့ ကုသရာမှာ ဘိုရက်စ်အသုံးပြုပုံကို TikTok အသုံးပြုသူတွေက ကိုးကားဖော်ပြနေကြတာ ဖြစ်ပါတယ်။
တိရိစ္ဆာန်တွေနဲ့ လူသားတွေမှာ အဆစ်အမြစ်ရောင်ခြင်းကို ဘိုရွန်ဖြည့်စွက်ခြင်းဖြင့် သက်သာစေနိုင်တယ်လို့ နယူဟမ်က ယုံကြည်နေပါတယ်။
ဘိုရွန် သို့မဟုတ် ဆိုဒီယမ်တက်ထရာဘိုရိတ်ကို နေ့စဉ် ၆ မီလီဂရမ်ခန့်ဖြင့် လူတွေမှာ စမ်းသပ်ခဲ့ရာ ဩစတြေးလျမှာ ဘိုရွန်ဖြည့်စွက်ဆေးပုလင်းပေါင်း ၉ သောင်းရောင်းချခဲ့ရပေမယ့် ဩစတြေးလျ ကွပ်ကဲရေးစည်းမျဉ်းအသစ်တွေကြောင့် ဘိုရွန်ဟာ အဆိပ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
အွန်လိုင်းမှာ ဖော်ပြထားတဲ့ လက်ချားရဲ့အသုံးဝင်ပုံတွေကတော့ ပါးစပ်နဲ့မျက်လုံးမှာ ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ ဓမ္မတာလာစဉ်နာကျင်မှုကို သက်သာစေခြင်း၊ ကင်ဆာကုသခြင်း၊ အခြားအရာများစွာ ပါဝင်ပါတယ်။
လက်ချားက အရိုးသန်မာစေတယ်ဆိုတာကို နှစ်ပေါင်းများစွာ တွေ့ရှိထားကြောင်း NIH ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်စားသောက်ကုန်အားလုံးမှာ လက်ချားကို ပိတ်ပင်ထားပါတယ်။
လက်ချားက သဘာဝကုန်ကြမ်းပစ္စည်းဖြစ်ပေမယ့် ဘေးကင်းတာတော့ မဟုတ်ပါဘူး။
လက်ချားစားသုံးခြင်းကြောင့် အရေပြားနီမြန်းခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မျက်လုံးယားယံခြင်း၊ အသက်ရှူပြဿနာ၊ အမျိုးသားလိင်စိတ်ဆန္ဒနဲ့ မျိုးအောင်နိုင်စွမ်း ချို့ယွင်းခြင်း၊ အင်္ဂါများထိခိုက်နိုင်ခြင်း၊ အသက်သေဆုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
လက်ချားက သန့်ရှင်းရေးနဲ့ ပိုးသတ်ခြင်းတို့မှာ အလွန်ထိရောက်ပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်နေတာတော့ မဟုတ်ပါဘူး။
Source: The Jerusalem Post #World_Health #အဆစ်အမြစ်ရောင်ခြင်းအတွက် လက်ချားစားသုံးသင့်ကြောင်း
#Yangon_Times
ရာသီဥတုအပူချိန်မြင့်မားလွန်းခြင်းနှင့် မိုးခေါင်ရေရှားမှုများကြောင့် အီရတ်မှပျားရည်ထုတ်လုပ်မှုများစွာထိခိုက်
အီရတ်အလယ်ပိုင်း ဘာဘီလုံပြည်နယ်မှာ အပူချိန်မြင့်မားနေပြီး မိုးခေါင်မှုနဲ့ အပူချိန်မြင့်တက်ခြင်းတိုကြောင့် ပျားတွေကိုထိခိုက်လာပြီး ပျားရည်ထုတ်လုပ်မှု ခက်ခဲလာပါတယ်။
Published 19 July 2023
#World_Agriculture #မိုးခေါင်ရေရှားမှုများကြောင့် အီရတ်မှပျားရည်ထုတ်လုပ်မှုများစွာထိခိုက်
#Yangon_Times
၁၉ ဇူလိုင်၊၂၀၂၃
ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ပူးတွဲအစည်းအဝေးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင် ပီတာလင်းဂျာရွန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအဆိုပြခြင်းကို ပယ်ချလိုက်ပါတယ်။ ပါလီမန်ရဲ့ လုပ်ထုံးလုပ်န်းတွေကြောင့် ယခုလိုပိတ်ပင်လိုက်တာဖြစ်တယ်လို့ ပါလီမန်ဥက္ကဋ္ဌ ဝန်မူဟာမက် နို မာသာက ပြောပါတယ်။
ယနေ့ ဇူလိုင်၁၉ရက် ဒေသစံတော်ချိန်ညနေ ၅နာရီ၁၀မိနစ်မှာ ပါလီမန်အမတ် ၇၁၅ ဦးက မဲပေးပြီးတဲ့နောက် မစ္စတာဝန်က ယခုလိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ပါလီမန်အစည်းအဝေးကို မနက်၉နာရီခွဲစတင်ကတည်းက ရှည်လျားလှ သော အချေအတင်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်မဲခွဲခဲ့ကြတာဖြစ်ပါတယ်။
ပူးတွဲအစည်းအဝေးမှာ မစ္စတာပီတာ ထပ်မံအဆိုပြုခြင်းကို ကန့်ကွက်သူပေါင်း ၃၉၅ ဦးရှိပါတယ်။ အများစုဟာ ရွေးကောက်ခံမဟုတ်တဲ့ဆီးနိတ်အမတ်များဖြစ်ကြပါတယ်။ ၃၁၂ဦးကထောက်ခံခဲ့ပြီး (၈)ဦးက ကြားနေခဲ့ကာ တစ်ဦးက မဲပေးခွင့်ကိုမရယူခဲ့ပါဘူး။
ကန့်ကွက်ပယ်ချသူတွေဟာ သတ်မှတ်ထားတဲ့ အမတ်ဦးရေတစ်ဝက်ဖြစ်တဲ့ ၃၇၄မဲထက်ကျော်လွန်တဲ့အတွက် ဒါဟာ အများစုဖြစ်တယ်လို့ မစ္စတာဝန်ကပြောပါတယ်။ မဲပေးပြီးနောက် အစည်းအဝေးကို ရပ်နားလိုက်ပါတယ်။ သူတို့ဟာ လာမယ့် ကြာသပတေးနေ့မှာထပ်ဆုံကြဦးမှာဖြစ်ပြီး ဒီတစ်ခါတော့ ဖွေထိုင်းပါတီဟာ ဝန်ကြီးချုပ်လောင်းအသစ် အဆိုတင်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အဆိုပြုခံရဖို့ ဖြစ်နိုင်သူကတော့ စီးပွားရေးလုပ်ငန်းရှင် သရက်သာ သာဗစ်ဆင်ပဲ ဖြစ်ပါတယ်။ အကယ်၍ ဖွေထိုင်းပါတီဟာ တစ်ကြိမ်တည်းနှင့် ဝန်ကြီးချုပ်မတင်မြှောက်နိုင်ရင် အဲဒီ အဆိုပြုခံရသူအဖို့ နောက်တစ်ကြိမ်ပြန်ပြီး အဆိုပြုခံရတော့မှာမဟုတ်ပါဘူး။
ဖွေထိုင်းပါတီဟာ အောက်လွှတ်တော် နေရာ ၁၄၁နေရာအနိုင်ရရှိထားတဲ့ ဒုတိယမြောက်အကြီးဆုံးအနိုင်ရ ပါတီဖြစ်ပါတယ်။
Source-Bangkok Post
#ThailandPolitics
#PitaLimjaroenrat
#Daily_News
Published_ 19 July 2023
၁။ အာဇာနည်နေ့အခမ်းအနားသို့ နစကအဖွဲ့ဝင်များနှင့် အာဇာနည်မိသားစုဝင်များတက် ရောက်ဂါရဝပြု
၂။ မွန်၊ ကရင်၊ တနင်္သာရီဒေသနှင့်ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက်သည်းမည်
၃။ မြန်မာ့ပြောင်း ဂျပန်ဈေးကွက်အထိ ထိုးဖောက်နိုင်ရန်အရည်အသွေးမြှင့်တင်နေ
၄။ ရာသီဥတု အပူချိန်မြင့်မားလွန်းခြင်းနှင့် မိုးခေါင်ရေရှားမှုများကြောင့် အီရတ်မှပျားရည်ထုတ်လုပ်မှုများစွာထိခိုက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁၉ ဇူလိုင်၊၂၀၂၃
ထိုင်းနိုင်ငံက ဖွဲ့စည်းပုံအခြေခံခုံရုံးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်သွင်းထားသူ ပီတာလင်မ်ဂျရွန်ရတ်ကို အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဗုဒ္ဓဟူးနေ့(ဇူလိုင်၁၉) ရက်မနက်မှာ ဆိုင်းငံ့လိုက်ပါတယ်။
မစ္စတာပီတာဟာ အိုင်တီဗွီ မီဒီယာကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဆက်ခံခဲ့သူအဖြစ်တိုင်တန်းမှုကိုလက်ခံလိုက်ပြီးနောက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ကြောင်းကြေညာလိုက် ခြင်းဖြစ်ပါ တယ်။
ထိုင်းအခြေခံဥပဒေအရ ပါလီမာန်အမတ်တွေကို မီဒီယာအဖွဲ့အစည်းတွေမှာ ရှယ်ယာပိုင်ဆိုင်ခွင့် တားမြစ်ထားပါတယ်။ မစ္စတာပီတာဟာ ကွယ်လွန်သူဖခင်ရဲ့ ပိုင်ဆိုင်မှုအစိတ်အပိုင်းအဖြစ် ရှယ်ယာပေါင်း ၄၂၀၀၀ ကိုသေတမ်းစာအရသာ ရရှိခဲ့ခြင်းဖြစ်ပြီးအဲဒါတွေအားလုံးကို ဆွေမျိုးတွေဆီ လွှဲပေးပြီဖြစ်တယ်လို့ စောဒကတက်ထားပါတယ်။
ယခုလိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ခံရသော်လည်း သူ့ကို ဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းခဲ့မှု အပေါ် ဟန့်တားလို့မရပါဘူး။ ဒီကနေ့မှာ အဲဒီအတွက် လွှတ်တော်ပူးတွဲအစည်းအဝေးကျင်းပပြီး အချေအတင် ပြောဆိုကြမှာဖြစ်ပါတယ်။
အဲဒီအမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ပြီးခဲ့တဲ့အပတ်က ရောက်ရှိခဲ့ပါတယ်။
မစ္စတာပီတာဟာ မီဒီယာအဖွဲ့အစည်းရဲ့ ရှယ်ယာရှင်ဖြစ်လို့ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေခုံရုံးကို ထောက်ခံတင်ပြခဲ့ပါတယ်။
အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ခုံရုံးက အဲဒီအမှုကို ကန့်ကွက်သူမရှိ သဘောတူလက်ခံခဲ့ကြတာဖြစ်ပါတယ်။အဲဒီအပြင် သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှဆိုင်းငံ့ဖို့ကိုလည်း ထောက်ခံမဲ(၇)မဲ ကန့်ကွက်မဲ(၂)မဲနှင့် ခုံရုံးက အတည်ပြုခဲ့ပါတယ်။
မစ္စတာပီတာဟာ ခုံရုံးစာရရှိပြီး ၁၅ရက်အတွင်းဖြေရှင်းချက်ပေးပို့ရမှာဖြစ်ပါတယ်။
Source-Bangkok Post
#ThailandPolitics
#PitaLimjaroenrat
#Asia_Politics
Published 19 July 2023
ထိုင်းနိုင်ငံ MFP ပါတီခေါင်းဆောင် 'ပီတာလင်မ်ဂျရွန်နရတ်'သာ ဗုဒ္ဓဟူးနေ့မှာ ပါလီမန်အတွင်း ဝန်ကြီးချုပ်ဖြစ်လာရန် လုံလောက်တဲ့ ထောက်ခံမှုမရရှိပါက ဖွေထိုင်းပါတီအနေဖြင့် MFP ပါတီမပါဝင်တဲ့ အခြားသောညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် အသင့်ဖြစ်နေပြီး နှုတ်ထွက်ရန်ပြင်နေတဲ့ အစိုးရမှ ပါတီများကိုခေါ်ယူသွားမှာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်များအရ MFP ရဲ့ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်း မစ္စတာပီတာဟာ ဝန်ကြီးချုပ်ဖြစ်လာရေးမှာ အတားအဆီးများစွာ ကြုံတွေ့နေရပြီး ဗုဒ္ဓဟူးနေ့ ဒုတိယအကြိမ် မဲခွဲမှုမှာလည်း လုံလောက်တဲ့ ထောက်ခံမှု ရရှိဦးမှာမဟုတ်ကြောင်း သိရပါတယ်။
ပထမဆုံးအတားအဆီးကတော့ အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ ဝေဖန်ရေးသမားများက ပါလီမန်အစည်းအဝေး စည်းမျဉ်းအမှတ် ၄၁ ကို ကိုးကားကာ ပါလီမန်မှ ပယ်ချထားတဲ့ အဆိုကို ထိုအစည်းအဝေးအတွင်း ပြန်လည်တင်သွင်းခြင်းမပြုရန် တားမြစ်ထားပြီး ရာထူးမှခန့်အပ်ခြင်းကို ပိတ်ပင်ထားပါတယ်။
အကယ်၍ပယ်ချခံရပါက ဝန်ကြီးချုပ်မဲခွဲခြင်းကို ရက်ပြန်လည်ရွှေ့ဆိုင်းမှာဖြစ်ပြီး ဖွေထိုင်းပါတီအနေနဲ့ သူတို့ကိုယ်ပိုင် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းခွင့်ရှိမှာ ဖြစ်ကာ ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်း ၃ ဦးအနက်မှ 'ဆရက်ထာထာဝိုင်ဆင်'က ဝင်ရောက်ရွေးချယ်ခံရန် အခြေအနေကောင်းနေပါတယ်။
MFP နဲ့ ညွန့်ပေါင်းအစိုးရ မဖွဲ့ချင်တဲ့အကြောင်းအရင်းက ဘုရင်မင်းမြတ်စော်ကားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ အပေါ် ပါတီရဲ့သဘောထားကြောင့် ဖြစ်တယ်လို့ လွှတ်တော်အမတ်အများစုက ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။
ဒီအခက်အခဲကို ကျော်လွှားရန် ဖွေထိုင်းပါတီက MFP မပါဝင်တဲ့ အစိုးရအသစ်ဖွဲ့စည်းဖို့ ဦးဆောင်သွားမှာဖြစ်ပြီး နှုတ်ထွက်ရန်ပြင်ဆင်နေတဲ့ အစိုးရမှ ပါတီအချို့ကို ညွန့်ပေါင်းအဖွဲ့ထဲ ခေါ်ဆောင်ရန် ကြိုးပမ်းနေပါတယ်။
ပူးတွဲပါလီမန်ကနေ ဗုဒ္ဓဟူးနေ့မှာ မစ္စတာပီတာ ဝန်ကြီးချုပ်ယှဉ်ပြိုင်ခွင့်ကို ပယ်ချလိုက်ပါက မစ္စတာဆရက်ထာကို ဝန်ကြီးချုပ်ရာထူးအတွက် တင်သွင်းသွားမှာဖြစ်ကြောင်း ဖွေထိုင်းပါတီဝန်ကြီးချုပ်လောင်း ၃ ဦးထဲမှ 'ပယ်တုန်ထန်ရှီနာဝါထရာ'က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ထိုအကြောင်းကို ဝန်ကြီးချုပ်ဟောင်း 'သက်ဆင်ရှီနာဝါထရာ'ရဲ့ သမီးဖြစ်သူ မစ္စပယ်တုန်ထန်က ပြောကြားခဲ့ပါတယ်။
မစ္စတာဆရက်ထာကို တင်သွင်းခြင်းမပြုမီ ဖွေထိုင်းပါတီကတော့ မစ္စတာပီတာကို ဝန်ကြီးချုပ်အဖြစ် အပြည့်အဝထောက်ခံသွားမယ်လို့ ဆိုခဲ့ပါတယ်။
မစ္စတာပီတာဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ ဇူလိုင် ၁၃ ရက်နေ့က ပူးတွဲပြုလုပ်တဲ့ အစည်းအဝေးမှာ လိုအပ်တဲ့မဲအရေအတွက် မရရှိခဲ့ပါဘူး။
မစ္စတာဆရက်ထာရဲ့ စီးပွားရေးအသိပညာကို မစ္စပယ်တုန်ထန်က အသိအမှတ်ပြု ထောက်ခံနေပါတယ်။
နိုင်ငံရေးအခြေအနေ တည်ငြိမ်ပြီး ၃၀ ဦးမြောက်ဝန်ကြီးချုပ်ကို မဲခွဲရွေးချယ်ပြီးခါမှ သက်ဆင်က ထိုင်းနိုင်ငံသို့ ပြန်လာရန် ဆုံးဖြတ်နေကြောင်း မစ္စပယ်တုန်ထန်က ပြောပြသွားပါတယ်။
Source: Bangkok Post #Asia_Politics #ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန်ဖွေထိုင်းပါတီပြင်ဆင်
#Yangon_Times
#World_Health
Published 19 July 2023
မျိုးပွားသန္ဓေတည်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ထိန်းချုပ်နိုင်တာ မဟုတ်ပေမယ့် စားစရာ သောက်စရာတွေကတော့ ကိုယ်ဝန်ဆောင်ရနိုင်မယ့် အခွင့်အလမ်းကို ကွဲပြားစွာ သက်ရောက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
မိခင်ဖြစ်ချင်သူများအတွက်သာမက ဖခင်ဖြစ်ချင်သူတွေကပါ အစားအသောက်တွေက အရေးပါလာပါတယ်။
ကိုယ်ဝန်ရချင်တယ်ဆိုရင် အဆီဓာတ်အမျိုးမျိုး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ငါးတို့ကို စားသုံးသင့်ကြောင်း ဒေါက်တာ'ဂျိန်းဖရက်ဒရစ်ခ်'က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ချင်ရင် ရှောင်ရှားသင့်တဲ့ အစားအစာတွေကိုလည်း ဖော်ပြသွားပါတယ်။
(၁) အရက်သေစာ
ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဆိုရင် ရှောင်ရှားရမယ့်အထဲမှာ အရက်သေစာက ထိပ်ဆုံးက ပါဝင်နေပါတယ်။
(၂) ကဖင်းဓာတ်
တစ်နေ့ကို ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ၂၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးသင့်ကာ ဒီထက်များရင်တော့ သားအိမ်အချွဲအမြှေးပါးလေးတွေကို ထိခိုက်စေနိုင်ပါတယ်။
(၃) ကျန်းမာရေးအတွက်မသင့်လျော်သောအဆီ
အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာပါဝင်တဲ့ အဆီတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။
(၄) သန့်စင်ပြီးသကြား
မုန့်တွေ၊ အချိုရည်တွေမှာပါတဲ့ သကြားတွေကို များများစားမိပါက သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ကာ သားဥကြွေခြင်းကို ထိခိုက်နိုင်ချေများပါတယ်။
(၅) သန့်စင်ပြီးကာဗိုဟိုက်ဒရိတ်
ပေါင်မုန့်ဖြူ၊ ကွတ်ကီးတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်တွေက အရသာရှိပေမယ့် အနည်းဆုံးပမာဏသာ စားသုံးသင့်ပါတယ်။
(၆) အချိုဓာတ်ပစ္စည်း
သကြားရှောင်ချင်လို့ အချိုဓာတ်ပစ္စည်း အစားထိုးမယ်ဆိုရင်လည်း သူတို့က သားဥကြွေခြင်းကို ထိခိုက်စေနိုင်ပါတယ်။
(၇) ဂလူတင်
ပေါင်မုန့်နဲ့ ခေါက်ဆွဲတို့မှာပါတဲ့ ဂလူတင်ကလည်း ဒီစာရင်းထဲမှာ အံ့အားသင့်ဖွယ် ပါဝင်နေပါတယ်။
အကောင်းဆုံးကတော့ ကိုယ်ဝန်ရသလိုမျိုး ကျင့်ကြံစားသုံးဖို့ ဒေါက်တာဖက်ဒရစ်ခ်က ပြောပြခဲ့ပါတယ်။
ကိုယ်ဝန်ရချင်သူများအတွက် စားသင့်တာတွေကတော့..
- ဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ အခွံမာသီး၊ ထောပတ်သီး၊ သံလွင်ဆီ၊ စပျစ်စေ့ဆီတို့မှာပါတဲ့ အဆီတွေကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ရောင်ရမ်းခြင်းလျှော့ချပေးတဲ့ ပစ္စည်းများ ပါဝင်ပါတယ်။
- အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး စားသုံးပေးခြင်းကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေနဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
- အသားကြီးငါးကြီးတွေကရတဲ့ ပရိုတိန်းတွေအစား အပင်မှရတဲ့ပရိုတိန်းအစားအစာတွေ စားပေးပါ။
- ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာတို့က အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ရောင်ရမ်းခြင်းဆန့်ကျင်တဲ့ပစ္စည်းတွေ ပါဝင်ကာ သားဥကြွေခြင်း၊ သန္ဓေသားကြီးထွားခြင်း၊ အမျိုးသမီးတွေမှာ မျိုးပွားဟော်မုန်း ထုတ်လုပ်ခြင်းတို့ကို ထောက်ပံ့ပေးပါတယ်။
Source: The Sun #World_Health #ရှောင်ရှားရန်နှင့်စားသုံးရမည့် အစားအစာများ
#Yangon_Times
Page 743 of 1212