#World_Health
Published 21 July 2023
အသက်အရွယ်ရလာတဲ့အခါ ကျန်းမာရေးကို ခြိမ်းခြောက်လာပြီး အထူးသဖြင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်လာပါတယ်။
အမြဲစွမ်းဆောင်မှု မြင့်မားနေအောင်၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင်၊ စွမ်းရည်အသစ်များ သင်ယူချင်စိတ်ရှိလာအောင် ကျွန်ုပ်တို့ရဲ့မှတ်ဉာဏ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
အသက်ကြီးလာတဲ့အခါ တစ်ခုခုကို သင်ယူလေ့လာရာမှာ ခက်ခဲလာခြင်း၊ သတိမေ့ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါပေမဲ့ အသက်ကြီးသူတွေမှာ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းရည် တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေရှိကြောင်း သုတေသန တွေ့ရှိထားပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
နေ့စဉ်အခြေခံ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။
- ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးပါက မှတ်ဉာဏ်စွမ်းရည် လျော့ကျခြင်းကို ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းစေပါတယ်။
ပရိုတိန်း၊ ကျန်းမာရေးအတွက် သင့်လျော်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်များ စားသုံးသင့်ပြီး သန့်စင်ပြီးသကြားတွေကို ရှောင်ရှားသင့်ပါတယ်။
- စိတ်နှင့်ဦးနှောက်ကို လှုံ့ဆော်ခြင်း
ပဟေဌိဖြေရှင်းခြင်း၊ စာဖတ်ခြင်း၊ စွမ်းရည်အသစ်သင်ယူခြင်း၊ ဗျူဟာမြောက်ဂိမ်းများ ဆော့ကစားခြင်းဖြင့် ဦးနှောက်ကို အလုပ်လုပ်စေပါ။
ထိုသို့ပြုလုပ်သွားခြင်းဖြင့် ၇ နှစ်တာကာလအတွင်း ဒီမန်ရှာဖြစ်နိုင်ချေ ၄၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။
- ဖိစီးမှုလျှော့ချပေးခြင်း
သီချင်းနားထောင်ခြင်း၊ ခရီးသွားခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့ပေးကာ မှတ်ဉာဏ်စွမ်းရည်ကို ပြုပြင်ပေးပါတယ်။
- လုံလောက်စွာ အိပ်စက်ခြင်း
တစ်ညကို ၇ နာရီမှ ၉ နာရီကြား အိပ်စက်ပေးသင့်ပြီး အိပ်ရေးမဝတဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။
#World_Health #ဦးနှောက်ထက်မြက်နေစေမည့်အလေ့အကျင့်
Source: India Today
#World_Health
Published 21 July 2023
အမျိုးသမီးများ ကလေးမွေးဖွားရန် အသင့်လျော်ဆုံး အသက်အရွယ်က ၂၃ နှစ်မှ ၃၂ နှစ်ကြားဖြစ်ကြောင်း သုတေသနရှာဖွေ တွေ့ရှိခဲ့ပါတယ်။
သန္ဓေသားပုံမှန်မဟုတ်ခြင်း အန္တရာယ်က အမျိုးသမီးတွေရဲ့ အသက် ၂၃ နှစ်မှ ၃၂ နှစ်ကြားမှာ ဖြစ်နိုင်ချေ အနည်းဆုံးဖြစ်တယ်လို့ Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အသက် ၃၂ နှစ်အထက် အမျိုးသမီးတွေမှာ ဒီလိုအန္တရာယ်ဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်းပိုများကာ ငယ်ရွယ်သူတွေမှာတော့ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။
၁၉၈၀ နဲ့ ၂၀၀၈ ခုနှစ်အတွင်း ကိုယ်ဝန်ပေါင်း ၂.၈ သန်းကို ခွဲခြမ်းလေ့လာခဲ့ကြပါတယ်။
ကလေးမွေးဖွားတဲ့အချိန် အသက်အရွယ်ကို လေ့လာကာ တစ်နှစ်ချင်းစီမှာ သန္ဓေသားပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ဖြစ်နိုင်ချေကို တွက်ချက်ခဲ့ကြပါတယ်။
ပျမ်းမျှအားဖြင့် ကလေးအယောက် ၁၀၀ မှာ ၁ ယောက် ဒီလိုရောဂါဖြစ်ခဲ့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
မိခင်အသက်ကြီးလာတာနဲ့အမျှ ကလေးတွေမှာ ဒေါင်းဆင်ဒရုမ်း၊ နှလုံးရောဂါ၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲစတဲ့ အခြေအနေများ ဖြစ်နိုင်ချေပိုများနေပါတယ်။
ငယ်ရွယ်လွန်းတဲ့ မိခင်တွေမွေးဖွားရာမှာတော့ သူတို့ရဲ့ကလေးတွေမှာ ဗဟိုအာရုံကြောစနစ် ချို့ယွင်းတာမျိုး ဖြစ်တတ်ကြောင်း ဘူဒါပတ်စ်ရှိ ဆမ်မယ်ဝစ္စလေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။
အသက်ကြီးအမျိုးသမီးတွေမှာ ဒီလိုဖြစ်နိုင်ချေများတာက သူတို့ရဲ့မမျိုးဥသက်တမ်းကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။
အသက်ငယ်လွန်းတဲ့ အမျိုးသမီးတွေမှာတော့ ဆေးလိပ်၊ မူးယစ်ဆေး၊ အရက်သေစာတွေကြောင့် အန္တရာယ်ပိုများနေပါတယ်။
အခြားအကြောင်းအရာတွေ အနေနဲ့ ရေညစ်ညမ်းခြင်း၊ အာဟာရဓာတ် မလုံလောက်ခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှု ကာလအတွင်း အဆိပ်အတောက် ညစ်ညမ်းပစ္စည်း ဓာတ်ရောင်ခြည်များ ထိတွေ့ခြင်းတို့လည်း ပါဝင်နေပါတယ်။
၂၀၂၂ လေ့လာချက်မှာတော့ အမျိုးသမီးများအနေနဲ့ ပထမဆုံးကလေးရယူရန် အသင့်လျော်ဆုံးအချိန်က အသက် ၂၄ နဲ့ ၂၅ နှစ်ကြားဖြစ်ကြောင်း သုတေသီတွေ ဆိုထားပါတယ်။
ထိုအသက်အရွယ် အပိုင်းအခြားထက် စောမွေးသူများ ဒါမှမဟုတ် နောက်ကျပြီး မွေးသူများဟာ ၁၈ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အသက်သေဆုံးနိုင်ကြောင်း ၅ ရာခိုင်နှုန်း ပိုများနေကြောင်း တွေ့ရှိခဲ့ပါတယ်။
#World_Health #ဘေးကင်းစိတ်အချရဆုံး အသက်အရွယ်အပိုင်းအခြား
Source: The Jerusalem Post
တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် ဧရာမအပျော်စီးသင်္ဘောကြီး Adora Magic City ဟာ အစမ်းခရီးစဉ်ထွက်ခွာရန် ရှန်ဟိုင်းကနေ တနင်္လာနေ့က ဆိပ်ကမ်းမှထွက်လာပါတယ်။
Published 20 July 2023
#Asia_Travel #ပြည်တွင်းဆောက်လုပ်အပျော်စီးသင်္ဘောကြီး၏စမ်းသပ်ခရီးစဉ်တနင်္လာနေ့ကစတင်ထွက်ခွာ
#Daily_News
Published_ 20 July 2023
၁။ ကံပိုက်တည်ကုန်သွယ်ရေးစခန်းမှ ယခုလအတွက်ရည်မှန်းလျာထားသည့် ကုန်သွယ်မှုပမာဏပြည့်တော့မည်
၂။ ယခုဘဏ္ဍာနှစ် ပထမသုံးလတာကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့
၃။ အသည်းနှင့်ကျောက်ကပ်လူနာ(၃)ဦးအား အောင်မြင်စွာ အစားထိုးကုသပေးနိုင်ခဲ့
၄။ တရုတ်ပြည်မှ ပထမဆုံးသောပြည်တွင်းဆောက်လုပ် အပျော်စီးသင်္ဘောကြီး၏ စမ်းသပ်ခရီးစဉ် တနင်္လာနေ့ကစတင်ထွက်ခွာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပန်ဒါမကြီး ချင်ချင်၏ ၁၀နှစ်ပြည့်မွေးနေ့ပွဲ ရှီယန်မြို့တွင်ကျင်းပ
တရုတ်နိုင်ငံ ရှန်ရှီပြည်နယ်မှာ ရှီယန်မြို့ ချင်လင်း ပန်ဒါကြီးသုတေသနဌာနရှိ ချင်ချင် ပန်ဒါမကြီးရဲ့ (၁၀)နှစ်ပြည့် မွေးနေ့ပွဲကို ဇူလိုင် ၁၈ ရက် အင်္ဂ်ါနေ့က ကျင်းပပေးခဲ့ပါတယ်။
ဝါးရွက်တွေ၊မုန်လာဥဝါတွေ၊ပန်းသီးတွေနှင့် ဖရဲသီးတွေနှင့်ပြုလုပ်ထားတဲ့ မွေးနေ့ကိတ်နှင့် အပူဒဏ်သက်သာစေမယ့် မုန်လာဥဝါဖျော်ရည်အေးနှင့် မွေးနေ့ပွဲဆင်ယင်ခဲ့ပါတယ်။
ချင်ချင်ဟာ ရှန်ရှီမှာ ပထမဆုံး သဘာအတိုင်းမဟုတ်ဘဲမွေးမြူလာခဲ့တဲ့ ပန်ဒါဖြစ်ပါတယ်။ သူမဟာ သိမ်မွေ့ပြီး ၂၀၂၀ နှင့် ၂၀၂၂နှစ်တွေမှာ ပန်ဒါအမြွှာကလေးတွေမွေးပေးခဲ့ပါတယ်။
Source CCTV+
#World_News
Published 20 July 2023
ထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးဟာ ဇူလိုင် ၁၈ ရက်နေ့က တောင်ကိုရီးယားကနေ မြောက်ကိုရီးယားသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
သူဟာ ရယ်မောနေရင်းနဲ့ပဲ တင်းတင်းကြပ်ကြပ် လုံခြုံရေးချထားတဲ့ နယ်စပ်ကိုဖြတ်ကျော်ပြီး ကွန်မြူနစ်နိုင်ငံထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း ဂါးဒီးယန်းသတင်းက ဖော်ပြခဲ့ပါတယ်။
ထိုစစ်သားဟာ 'ထရဲဗစ်ကင်း'လို့အမည်ရတဲ့ ဒုတိယတန်းစားတပ်သားတစ်ဦးဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ဖော်ပြထားပါတယ်။
ပန်မွန်ဂျွန် အပစ်အခတ်ရပ်စဲရေးရွာနယ်စပ်ရှိ တောင်ကိုရီးယားခရီးစဉ်ကနေ ခွဲထွက်ပြီး နယ်စပ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်ကျော်ကာ မြောက်ကိုရီးယားသို့ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလောက်အထိ ဖြတ်ကျော်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
တပ်သားကင်းရဲ့ အခြေအနေနဲ့ တည်နေရာအချက်အလက်များ ရရှိနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂတို့က အနီးကပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
ကင်းရဲ့ကျန်းမာရေး၊ တည်နေရာအကြောင်း အသေးစိတ်အချက်အလက်များကို တက်ကြွစွာ ဖော်ထုတ်နေပြီး မြောက်ကိုရီးယားစစ်တပ်အတွင်းမှ အဆက်အသွယ်များထံ ဆက်သွယ်နေကြောင်း နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ 'မက်သရူးမီလာ'က အတည်ပြုလိုက်ပါတယ်။
အခုအချိန်အထိတော့ မြောက်ကိုရီးယားအာဏာပိုင်တွေဘက်က တုံ့ပြန်မှု မရသေးပါဘူး။
သတင်းတွေအရတော့ ကင်းဟာ စည်းကမ်းပိုင်ဆိုင်ရာ ပြဿနာများကြောင့် အမေရိကန်ထံ ပြန်ပို့ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကင်းဟာ ခွင့်ပြုချက်မရဘဲ ပန်မွန်ဂျွန်သို့ သွားရောက်ကာ နယ်စပ်ကို တမင်တကာဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။
တပ်သားရဲ့ဘေးကင်းမှုကို အာမခံပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ရန် အမေရိကန်အစိုးရက ကတိပြုထားကြောင်း မီလာက အလေးပေးပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး မရှိတာကြောင့် ကင်းနဲ့ပတ်သက်တဲ့ အချက်အလက်များရရှိဖို့ အခြားဆက်သွယ်ရေး လမ်းကြောင်းများ အသုံးပြုနေပြီး တောင်ကိုရီးယား၊ ဆွီဒင်တို့နဲ့လည်း ပြောဆိုနေပါတယ်။
ယခုအချိန်အထိ မြောက်ကိုရီးယားနိုင်ငံအတွင်း တပ်သားရဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခြေအနေက အမေရိကန်အာဏာပိုင်တွေအတွက် စိုးရိမ်စရာဖြစ်နေပြီး ဆက်လက်စောင့်ကြည့်နေပါတယ်။
မြောက်ကိုရီးယားသို့ တရားမဝင် မဝင်ရောက်ခင်မှာ ကင်းက ကိုယ်ထိလက်ရောက်မှုဖြင့် တောင်ကိုရီးယားအကျဉ်းထောင်မှာ ၂ လနေထိုင်ခဲ့ရပြီး ဇူလိုင် ၁၀ ရက်နေ့က လွတ်မြောက်လာခဲ့ပါတယ်။
Source: WION #World_News #ရယ်မောရင်းနယ်စပ်ကိုဖြတ်ကျော်ကာမြောက်ကိုရီးယားသို့ဝင်ရောက်ခဲ့
#Yangon_Times
#World_Health
Published 20 July 2023
အကြားအာရုံဆဲလ်တွေ ပြုပြင်ရာမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုရလာပြီး အကြားအာရုံဆုံးရှုံးမှုကို ကုသကာကွယ်ရာမှာ တိုးတက်မှုတွေရှိလာကြောင်း ဗာဂျီးနီးယားဆေးတက္ကသိုလ်မှ သုတေသီများက ဖော်ပြလိုက်ပါတယ်။
အာရုံခံစားမှုကို ထိန်းသိမ်းပေးပြီး အကြားအာရုံအတွက် အရေးကြီးတဲ့ အမွှေးအမျှင်ဆဲလ်တွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်အထိ ပျက်စီးသွားတဲ့ အကြားအာရုံအမျှင်ဆဲလ်တွေဟာ ပြန်ရှင်သန်မလာပေမယ့် အခုအခါမှာတော့ သူတို့ဘာသာ ပြန်လည်ပြုပြင်နိုင်ကြောင်း အဆိုပါတက္ကသိုလ်မှ သုတေသနတွေ့ရှိထားပါတယ်။
ဆံပင်ဆဲလ်များ မွေးရာပါပြုပြင်မှု လုပ်ငန်းစဉ်များကို ရှင်းထုတ်ရန် ရည်ရွယ်ပြီး နောက်ဆုံးမှာ အားကောင်းလာစေမယ့် ထိရောက်တဲ့နည်းဗျူဟာများ ဖြစ်ပေါ်စေမှာဖြစ်ကြောင်း ဦးဆောင်သုတေသီ 'ဂျန်ဘမ်ရှင်း'က ဆိုပါတယ်။
ဆေးဝါးတွေ အသုံးပြုပြီး ဆဲလ်ပြုပြင်လှုံ့ဆော်ဖို့ သုတေသနပြုချက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဆိုပါပြုပြင်နည်းလမ်းဖြင့် အကြားအာရုံနဲ့ ဆက်စပ်ရောဂါတွေကို ကုသရာမှာ တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။
အသံကြားခြင်းကို လုပ်ဆောင်ပေးတဲ့ အမွှေးမျှင်ဆဲလ်တွေဟာ သဘာဝအရ နူးညံ့ပြီး ဆူညံသံတွေကို ကြာရှည်စွာထိခိုက်တာကို မခံနိုင်ပါဘူး။
အတွင်းပိုင်းထဲက စတီရီယိုစီလီယာကို ထိခိုက်ခြင်းက ထိုအန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
အသက်အရွယ်ကြောင့် သက်ကြီးရွယ်အို ၃ ပုံ ၁ ပုံခန့်မှာ အကြားအာရုံ ဆုံးရှုံးနေရပါတယ်။
ဒီလိုဖြစ်ရတဲ့ အတွင်းပိုင်းအကြောင်းအရင်းများကို သိရှိနားလည်ကာ အသုံးချခြင်းဖြင့် အကြားအာရုံဆုံးရှုံးမှု ကာကွယ်ရန် နည်းလမ်းများ ရရှိလာနိုင်ပါတယ်။
ဒါ့အပြင် အယ်လ်ဇိုင်းမား၊ ဒီမန်ရှာရောဂါတွေမှာလည်း အသုံးဝင်နိုင်ချေ ရှိနေပါတယ်။
ထိုလေ့လာချက်က အမွှေးမျှင်ဆဲလ် ပြုပြင်ခြင်းဖြစ်စဉ်ကို နားလည်စေနိုင်ရုံမက ဆဲလ်ဇီဝဗေဒသုတေသနမှာလည်း ပိုမိုအသုံးချစေနိုင်မှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းကြောင့် ဆဲလ်ပြုပြင်မှုများ ဆက်လက်လေ့လာရန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းကနေ ဒေါ်လာ ၂.၃ သန်း ရရှိထားပါတယ်။
Source: WION #World_Health #အကြားအာရုံဆဲလ်များကို ပြုပြင်နိုင်မည့် ပြုပြင်မှုလုပ်ငန်းစဉ်
#Yangon_Times
Page 742 of 1212