တရုတ်မီဒီယာဂရု (CMG)မှ ထုတ်လွှင့်တဲ့ မှတ်တမ်းအစီအစဉ်တစ်ခုမှာ တရုတ်ပြည် ရှန်ပင်ကျောင်မှ သန္တာကျောက်တန်းများ ပျက်စီးရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို တရုတ်သိပ္ပံပညာရှင်များ ထုတ်ဖော်ခဲ့ကြပုံကို ဖော်ပြထားပါတယ်။
#World_Nature
Published 03 September 2024
#ရှန်ပင်ကျောင်သာ #မှတ်တမ်းရုပ်ရှင်ရိုက်ကူး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 September 2024
၁။ မြန်မာမီးသတ်တပ်ဖွဲ့ 'အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးပြိုင်ပွဲ'၌ ပါဝင်ယှဉ်ပြိုင်မည်
၂။ ကမ္ဘာ့ရွှေဈေးတစ်ရက်တည်း(၁၆)ဒေါ်လာပြန်ကျ၍ မြန်မာ့ရွှေဈေးလည်း(၂)သောင်းကျော်ပြန်ကျ
၃။ ၈ လ အတွင်း YBS ယာဉ်မတော်တဆမှုကြောင့်ေ-သဆုံးသူ ၃၀အထိရှိလာ
၄။ ရှန်ပင်ကျောင်သာစကားပြောတတ်လျှင် အကြောင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လွှင့်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 03 September 2024
▪️ အမေရိကန်တို့က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မက်ဒူရိုရဲ့ လေယာဉ်ကို ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံထဲမှာ သိမ်းယူလိုက်ပြီး ဖလော်ရီဒါသို့ ပျံသန်းသွားခဲ့ပါတယ်။
▪️ ဒါဟာ ဓားပြတိုက်တာပဲလို့ ဗင်နီဇွဲလားသမ္မတက ရှုတ်ချလိုက်ပေမယ့် အမေရိကန်ကတော့ ထိုလေယာဉ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်တဲ့အတွက် လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
▪️ အမေရိကန်အရာရှိများ သွားရောက်သိမ်းဆည်းခဲ့တဲ့ လေယာဉ်ဟာ Dassault Falcon 900EX ကိုယ်ပိုင်လေယာဉ်ဖြစ်ပြီး မက်ဒူရိုနဲ့ အစိုးရအဖွဲ့ဝင်များ အသုံးပြုကြကြောင်း၊ ဒီလေယာဉ်ဟာ တရားမဝင် ဝယ်ယူထားတာ ဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။
▪️ "တရားရေးဌာနက သိမ်းဆည်းလိုက်တဲ့ လေယာဉ်ဟာ အကာပစ္စည်းကုမ္ပဏီတစ်ခုကနေ ဒေါ်လာ ၁၃ သန်းဖြင့် တရားမဝင် ဝယ်ယူပြီး အမေရိကန်ကနေ ခိုးထုတ်သွားခဲ့ကာ နီကိုလတ်စ်မက်ဒူရိုနဲ့ ခရိုနီတွေ အသုံးပြုနေတာ ဖြစ်တယ်" လို့ အစိုးရှေ့နေ မာရစ်ခ်ဂါးလန်းက ထုတ်ပြန်သွားပါတယ်။
▪️ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်သိမ်းဆည်းခြင်းကို ရှုတ်ချကြောင်း တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
▪️ အမေရိကန် ပြည်ထောင်စုမှ အာဏာပိုင်များက ဓားပြမှုလို့ဆိုရမယ့် လုပ်ရပ်မျိုး ထပ်မံပြုလုပ်ပြန်ပြီလို့ ဖော်ပြထားပါတယ်။
▪️ လေယာဉ်ခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 ရဲ့ဖော်ပြချက်အရ ထိုလေယာဉ်ဟာ ဆန်တိုဒိုမင်ဂိုမှ ဖို့လော်ဒါဒေးလ်သို့ တနင်္လာနံနက်ပိုင်းမှာ ပျံသန်းသွားတာ ဖြစ်ပါတယ်။
▪️ ဒိုမီနီကန်နိုင်ငံကတော့ အမေရိကန်တွေ လေယာဉ်အကြောင်း စုံစမ်းရာမှာ ပတ်သက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
▪️ "ဒိုမီနီကန် အစိုးရရော အစိုးရရုံးကရော အမေရိကန်တွေ စစ်ဆေးရာမှာ ပါဝင်ခြင်းမရှိပါဘူး။ လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒိုမီနီကန်နယ်မြေထဲမှာ ရောက်ရှိနေတာ ဖြစ်တယ်" လို့ ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီး ရော်ဘတ်တိုအယ်ဗာရက်ဇ်က သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ ၂၀၂၂ နဲ့ ၂၀၂၃ တို့မှာ မက်ဒူရိုနဲ့ ပတ်သက်သူတွေက လေယာဉ်ကို တရားမဝင်ဝယ်ယူရာမှာ ယင်းတို့ပါဝင်မှုကို ဖုံးကွယ်ဖို့အတွက် ကာရစ်ဘီယန်အခြေစိုက် အကာပစ္စည်းကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
▪️ ဒီနောက် ၂၀၂၃ ဧပြီလမှာ အမေရိကန်မှ ဗင်နီဇွဲလားသို့ ကာရစ်ဘီယန်မှတဆင့် တရားမဝင်တင်ပို့လိုက်ပါတယ်။
▪️ ၂၀၂၃ မေလနောက်ပိုင်း ဗင်နီဇွဲလားရှိ စစ်အခြေစိုက်စခန်းတစ်ခုကနေပဲ လေယာဉ်က အသွားအပြန် ပြုလုပ်နေခဲ့ပါတယ်။
▪️ နီကိုလတ်စ်မက်ဒူရို ခရီးစဉ်သွားတဲ့အခါ အများဆုံးအသုံးပြုဖြစ်တယ်လို့ မိုင်ယာမီလုံခြုံရေးရုံးမှ တာဝန်ရှိသူအထူးအေးဂျင့် အန်သိုနီဆာလစ်ဘူရီက ပြောပါတယ်။
▪️ ဇူလိုင် ၂၈ ရွေးကောက်ပွဲမှာ မက်ဒူရိုက အနိုင်ရသူအဖြစ် အငြင်းပွားဖွယ် ကြေညာပြီးနောက် ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူဒါဇင်ခန့်သေဆုံးခဲ့ကာ ၂၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
▪️ အတိုက်အခံပါတီက တဖက်သတ် အနိုင်ရခဲ့တာကို မဲမှတ်တမ်းများဖြင့် သက်သေပြနိုင်တယ်လို့ ဆိုထားပါတယ်။
▪️ မက်ဒူရိုနဲ့ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဘဲ အင်အားအသုံးပြုကာ ဆက်လက်ဖိနှိပ်ခဲ့တယ်လို့ အမေရိကန် လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
▪️ လေယာဉ်ကို သိမ်းဆည်းတာဟာ ဗင်နီဇွဲလားမှ လွဲမှားတဲ့ အစိုးရလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မက်ဒူရိုဆက်လက်ခံစားရစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

#Source: Barrons
#World_Health
Published 03 September 2024
▪️ ကိုဗစ်-၁၉ နှာခေါင်းအစက်ချ ကာကွယ်ဆေးသစ်ဟာ ကာကွယ်ဆေးပေးတဲ့ နေရာမှာ အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
▪️ ဆေးထိုးအပ် ကြောက်တတ်သူတွေအတွက် ရွေးချယ်စရာဖြစ်လာပြီး ထိုကာကွယ်ဆေးကို နှာခေါင်းပေါက်ကနေ ပေးရတာ ဖြစ်ပြီး တစ်ကြိမ်ပေးရုံဖြင့် အမြှေးပါးနဲ့ သွေးစီးဆင်းမှုထဲမှာ ရောဂါခုခံအားကို ပေးစွမ်းနိုင်တယ်လို့ ဂရစ်ဖစ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဆူရက်ရှ်မဟာလင်ဂမ်က ပြောပါတယ်။
▪️ နှာခေါင်းတွင်း အမြှေးပါးထဲက ခုခံအားကို မြှင့်တင်ပေးကာ တစ်နှစ်ကျော်လောက်အထိ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
▪️ ဆေးထိုးအပ်ကြောက်သူတွေ အတွက် ကာကွယ်ဆေးတစ်ခု ဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေလည်း မရှိစေပါဘူး။
▪️ ဗိုင်းရပ်စ်အရှင် အသုံးပြုထားတဲ့ ကာကွယ်ဆေးဖြစ်တာကြောင့် ခုခံအား ကြာမြင့်စေပြီး ဗိုင်းရပ်စ်မျိုးဗီဇကွဲ အများအပြားကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
▪️ ဒါ့အပြင် ရောဂါကူးစက်မှုနဲ့ မျိုးဗီဇကွဲအသစ် ဖြစ်ပေါ်ခြင်းတို့မှလည်း ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ သုတေသန ဦးဆောင်သူ ဒေါက်တာ ရှန်လူက ပြောပါတယ်။
▪️ ဒီကာကွယ်ဆေးက ၄ ဒီဂရီဆဲလ်စီးယပ်စ်မှာ ၇ လလောက်အထိ တည်မြဲနိုင်တာကြောင့် အလယ်အလတ်နဲ့ နိမ့်ပါးနိုင်ငံတွေအတွက် အထူးသင့်လျော်ပါတယ်။
▪️ အိန္ဒိယအင်မြူနိုလော်ဂျီကယ် ကုမ္ပဏီလီမိတက်က ကာကွယ်ဆေး လိုင်စင်ရရှိထားပါတယ်။
▪️ ကာကွယ်ဆေးက ဗိုင်းရပ်စ်ကို အားနည်းသွားစေပြီး အခြားကာကွယ်ဆေး နည်းလမ်းတွေထက် ဘေးကင်း ထိရောက်လျင်မြန်မှု ရှိပါတယ်။
▪️ ဒီကာကွယ်ဆေးဟာ အခုဆိုရင် လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဦးတည်နေပါပြီ။
▪️ သုတေသီတွေက ကာကွယ်ဆေးကို ဆန်းသစ်တီထွင်ဖို့ ရည်မှန်းထားပြီး ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ နည်းလမ်းများ ဖန်တီးသွားမှာဖြစ်ကြောင်း ပရော်ဖက်ဆာ လီစမစ်က ပြောသွားပါတယ်။
#Source: India Today
#World_Health
Published 03 September 2024
▪️ နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ ပြေးခြင်းနဲ့ လမ်းလျှောက်ခြင်းတို့က လူသိအများဆုံး ၂ မျိုးဖြစ်ပါတယ်။
▪️ နှစ်မျိုးစလုံးက ကျန်းမာရေး အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပေမယ့် ဘယ်ဟာက ပိုကောင်းလဲဆိုတာ လူတွေ သိချင်နေကြပါတယ်။
▪️ ဒါကြောင့် ထိုနှစ်မျိုးကြား ကွာခြားချက်ကို သိပ္ပံနည်းကျ သုတေသန ဖော်ထုတ်လိုက်ကာ အမျိုးမျိုးသော ကျန်းမာရေး ရည်မှန်းချက်ပြည့်ဝဖို့အတွက် ဘယ်နည်းလမ်းက ပိုသင့်လျော်လဲဆိုတာကို ရှင်းပြထားပါတယ်။
▪️ ပြေးခြင်းရော လမ်းလျှောက်ခြင်းကပါ နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပေမယ့် ပြေးခြင်းက အချိန်တိုအတွင်းမှာ အကျိုးကျေးဇူး ပိုမိုရရှိစေနိုင်ပါတယ်။
▪️ အမေရိကန် နှလုံးကောလိပ်မှ ဖော်ပြချက်မှာ အပြေးလေ့ကျင့်ခန်း လုပ်သူတွေက မပြေးတဲ့သူတွေထက် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၅ ရာခိုင်နှုန်း လျော့နည်းပါတယ်။
▪️ ဒါ့အပြင် တစ်နေ့ကို ၅ မိနစ် - ၁၀ မိနစ်ခန့် ဖြည်းဖြည်းပြေးခြင်းဖြင့်ပင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ လျော့နည်းစေပါတယ်။
▪️ နောက်တစ်မျိုးဖြစ်တဲ့ လမ်းလျှောက်ခြင်းကလည်း အကျိုးကျေးဇူး များပါတယ်။
▪️ လမ်းလျှောက်ခြင်းရော ပြေးခြင်းရောက သွေးပေါင်ချိန်မြင့်ခြင်း၊ ကိုလက်စ်ထရောလ် များခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို ၆ နှစ်တာအတွင်း လျော့နည်းစေပါတယ်။
▪️ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေအတွက် ပြေးခြင်းက တစ်မိနစ်အတွင်းမှာ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာကြောင့် အကျိုးကျေးဇူး မြန်မြန်ရရှိစေနိုင်ပါတယ်။
▪️ မွမ်ဘိုင်းမြို့ အပိုလိုစပက်ထရာဆေးရုံမှ ဒေါက်တာ ချယာဗာဂျာက ကျန်းမာစွာ နေထိုင်ဖို့အတွက် အဓိကအချက်ဟာ ခန္ဓာကိုယ်ကို ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် လှုပ်ရှားနေဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ တော်တော်နဲ့ မလုပ်ဖြစ်တဲ့သူဆိုရင် လမ်းလျှောက်ခြင်းနဲ့ စတင်သင့်ကြောင်း၊ ဒါက သက်လုံကောင်းစေပြီး ကျန်းမာရေးကို ကောင်းမွန်စေကြောင်း၊ လမ်းလျှောက်ခြင်းက အသက်အရွယ် ဘယ်လိုပဲဖြစ်ဖြစ် သင့်လျော်တဲ့ လှုပ်ရှားမှုဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုနဲ့ နှလုံးသွေးကြောရောဂါ ရှိခြင်း၊ နာတာရှည် အဆစ်အမြစ်နာခြင်းတို့လို ကျန်းမာရေးပြဿနာ ရှိသူတွေကတော့ ပြေးဖို့ခက်ခဲတတ်ပါတယ်။
▪️ ပြေးခြင်းရော လမ်းလျှောက်ခြင်းကပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။
#Source: India Today
နိုင်ဂျီးရီးယားမှပထမဆုံးအပေါ့စား ရထားလိုင်းတွင်စိတ်ကူးထားသလို အလုပ်နေရာရသွားသည့်ရထားယာဉ်မောင်း
အိုမိုတိုရှိ တိုဖွန်မီအိုမိုတိုလာဟာ လာဂိုစ်ရဲ့ ပထမဆုံးအပေါ့စား ရထားလိုင်းမှာ ဖြစ်ချင်တဲ့စိတ်ကူးအတိုင်း ယာဉ်မောင်းဖြစ်လာပြီးနောက် မြို့တလျှောက် ခရီးသွားလာရေးမှာ အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ဖို့ စိတ်အားထက်သန်နေပါတယ်။
#World_Development
Published 02 September 2024
#အပေါ့စားရထားလိုင်း #ရထားယာဉ်မောင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 02 September 2024
၁။ လူကြီးလူနာ၊ လေဖြတ်နေသူများနှင့်ခွဲစိတ်ကုသရန်လိုသူများအတွက် ငွေကြေးအကူအညီတောင်းခံမှုပိုများလာ
၂။ U - 21 မြင်းစီး အရည်အချင်းစစ် ပြိုင်ပွဲပြုလုပ်မည်
၃။ တောင်ငူတွင် ရေဘေးရှောင်မိသားစုများနှင့်နေရပ်စွန့်ခွာမိသားစုများအတွက် စားနပ်ရိက္ခာများလိုအပ်နေ
၄။ နိုင်ဂျီးရီးယားမှပထမဆုံးအပေါ့စား ရထားလိုင်းတွင်စိတ်ကူးထားသလိုအလုပ်နေရာရသွားသည့်ရထားယာဉ်မောင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 417 of 1181