အရှေ့အလယ်ပိုင်းပဋိပက္ခ စိုးရိမ်မှုလျော့ကျလာတာကြောင့် ရေနံနဲ့ ရွှေဈေးနှုန်းများ တနင်္လာနေ့က သိသိသာသာ ကျဆင်းသွားကာ အနောက်တက္ကဆပ် အင်တာမီဒီယိတ်(WTI) ရေနံစိမ်းဈေးကွက်နဲ့ နိုင်ငံတကာရွှေဈေးနှုန်းတို့ ၃ ရာခိုင်နှုန်းကျော် ကျဆင်းလာပါတယ်။
#World_Business
Published 28 November 2024
#အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ #ရွှေဈေးကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 November 2024
၁။ ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဟု MRF ဥက္ကဋ္ဌပြော
၂။ အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ့ရိုးရာသိုင်းအားကစားသမားများစခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်နေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ တစ်လကျော်အတွင်း နိုင်ငံခြားသား ဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ အပစ်အခတ်ရပ်စဲရေးသတင်းများကြောင့် နိုင်ငံတကာရေနံနှင့်ရွှေဈေးကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၈ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်ခါက သူ့ကို ဖေ့စ်ဘုတ်ခ်မှာ ပိတ်ပင်ခဲ့တဲ့ Meta ရဲ့စီအီးအို မတ်ဇူကာဘတ်နှင့် ဖလော်ရီဒါရှိ ထရမ့်ရဲ့ မာအာလာဂိုကလပ်မှာ နိုဝင်ဘာ ၂၇ ရက်ဗုဒ္ဓဟူးနေ့က ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။
ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ဒုတိယရုံးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်ခံထားရတဲ့ စတိဖင်မီလာက ဇူကာဘတ်ဟာ အခြားသော စီးပွားရေးခေါင်းဆောင်တွေလိုပဲ ထရမ့်ရဲ့ စီပွားရေးအစီအစဉ်ကို ထောက်ခံ ခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။
ထရမ့်နှင့်ဆက်ဆံရေးတွေ ဆိုးရွားပြီးနောက် ဇူကာဘတ်ဟာ လက်ယာဝါဒီတွေအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းဖို့ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေကရေးသားပါတယ်။
“ မတ်ခ်ကြည့်ရတာ သူ့ကိုယ်ကျိုးရှိနေတာထင်ရှားတယ်။ သူမှာ ကိုယ်ပိုင်ကုမ္ပဏီနှင့် ကိုယ်ပိုင် အစီအစဉ်အာဂျင်ဒါတွေရှိနေတယ်” လို့ မီလာက ဖောက်စ်သတင်းဌာနနှင့် တွေ့ဆုံမှုအကြောင်း မေးမြန်း ခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် ထရမ့်ရဲ့ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ရဲ့ အမျိုးသားပြန်လည်သစ်လွင်မှုအစီအစဉ်ကို ထောက်ခံလိုတယ်ဆိုတာကို သူကရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့လည်း မီလာကဆိုပါတယ်။
ဇူကာဘတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွေ့ဆုံမှုကို အတည်ပြုပါတယ်။ ဇူကာဘတ်ဟာ ညစာအတူ စားဖို့ ထရမ့်ကဖိတ်ကြားခဲ့တာဖြစ်ပြီးထရမ့်နှင့်သူ့အဖွဲ့ဟာ လာမယ့်အစိုးရအကြောင်း ပြောဆိုဆွေးနွေး ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ထရမ့်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်အဆောက်အအုံကို အတိုက် အခိုက်ခံရပြီးတဲ့နောက် ဖေ့စ်ဘုတ်က အဖယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အကောင့်ကို ၂၀၂၃ခုနှစ်စောစောပိုင်းမှာ ဖေ့စ်ဘုတ်ခ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
Source AP
၂၀၂၄ခုနှစ် သမ္မတမဲဆွယ်ပွဲမှာ ဇူကာဘတ်ဟာ သမ္မတစ်ဦးဦးကို ထောက်ခံတာတွေမလုပ်ခဲ့ပါဘူး။ သူဟာ ယခုနှစ်စောစောပိုင်းကစပြီး ထရမ့်အပေါ်အပြုသဘောပိုမိုပြသလာခဲ့ပါတယ်
#World_News
Published 28 November 2024
▪️ မကြာခင် အမေရိကန်အစိုးရ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူရတော့မယ့် ဒေါ်နယ်ထရမ့်ရဲ့အဖွဲ့ဝင် အများအပြားဟာ ဗုံးသတိပေးချက်များ အပါအဝင် ခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရတယ်လို့ ရွေးချယ်ခံသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
▪️ "မနေ့ညနဲ့ ဒီနေ့နံနက်တို့မှာ သမ္မတထရမ့်ရဲ့ ဝန်ကြီးများအဖွဲ့မှ အဖွဲ့ဝင်အများအပြားနဲ့ အုပ်ချုပ်ရေးပိုင်း ခန့်အပ်ခံရသူတွေဟာ အကြမ်းဖက်နည်းလမ်းဖြင့် ပစ်မှတ်ထားခံခဲ့ရကာ အမေရိကန် နိုင်ငံသားမဆန်တဲ့ လူတွေက သူတို့နဲ့ အတူနေထိုင်သူတွေရဲ့ အသက်အိုးအိမ်ကိုပါ ခြိမ်းခြောက်နေတယ်" လို့ ကယ်ရိုလင်းလီဗစ်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
▪️ ပစ်မှတ်ထားခံရသူတွေမှာ မပြောပေမယ့် ထိုဖြစ်ရပ်တွေထဲမှာ ဗုံးခြိမ်းခြောက်မှုတွေကစလို့ ရဲတွေချက်ချင်းခေါ်ရတဲ့အထိ ဖြစ်စေတဲ့ ဟန်ပြလုပ်ရပ်များလည်း ပါဝင်တယ်လို့ မစ္စလီဗစ်က ပြောပါတယ်။
▪️ ကုလသမဂ္ဂသံအမတ် ဖြစ်လာမယ့် ထရမ့်သစ္စာခံ လွှတ်တော်အမတ် အဲလစ်စတက်ဖာနစ်က နယူးယော့ခ်နေအိမ်မှာ ကားဗုံးခြိမ်းခြောက်ခံရတယ်လို့ ပြောလာပါတယ်။
▪️ သူမရဲ့ ခင်ပွန်း၊ သားငယ်တို့နဲ့အတူ ဝါရှင်တန်ကနေ အိမ်သို့ ကားမောင်းလာစဉ် ခြိမ်းခြောက်ခံရတယ်လို့ ဖော်ပြထားပါတယ်။
▪️ FBIကတော့ ဗုံးခြိမ်းခြောက်မှုများနဲ့ ဟန်ပြလုပ်ရပ်အများအပြား အကြောင်းကို သိရှိပြီးဖြစ်ကာ အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
▪️ ဇန်နဝါရီလမှာ သမ္မတတာဝန် ပြန်လည်ထမ်းဆောင်တော့မယ့် ထရမ့်က ဝန်ကြီးများအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ရာ အတွေ့အကြုံနုနယ်သူများစွာ ပါဝင်တာကြောင့် ဝေဖန်ခံနေရပါတယ်။
▪️ ထရမ့်ကိုယ်တိုင်ဟာလည်း ဇူလိုင်လ စည်းရုံးရေးပွဲတစ်ခုမှာ လုပ်ကြံခံခဲ့ရကာ နားရွက်မှာ ဒဏ်ရာရခဲ့ပါတယ်။
#Source: News.com.au
#World_News
Published 28 November 2024
▪️ အမေရိကန်တွေဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်းနှစ်တွေမှာ အရက်အလွန်အကျွံ သောက်သုံးနေဆဲဖြစ်တယ်လို့ ဆေးဂျာနယ်တစ်ခုမှာ ဖော်ပြလာပါတယ်။
▪️ ၂၀၁၈-၂၀၂၀ ကထက်စာရင် ၂၀၂၁-၂၀၂၂ တို့မှာ အယ်လ်ကိုဟော သောက်သုံးသူ ပိုများလာပြီး ကိုဗစ်ကပ်ရောဂါပြီးတဲ့တိုင်အောင် အရက်သောက်နှုန်းကတော့ ပြန်ပြီးမကျသွားပါဘူး။
▪️ အမေရိကန်မှ အသက် ၁၈ နှစ်အထက် လူပေါင်း ၂၄၀၀၀ ကျော်ကို စစ်တမ်းများကောက်ယူခဲ့ပြီး အယ်လ်ကိုဟော သောက်သု့းခြင်း၊ လူမှုစီးပွားရေးအခြေအနေ၊ ကျန်းမာရေး အခြေအနေတို့ကို မေးမြန်းခဲ့ကြပါတယ်။
▪️ ကပ်ရောဂါအတွင်း အမေရိကန်တွေဟာ ဖိစီးမှု၊ အထီးကျန်မှု၊ မရေရာမှုတို့ ခံစားခဲ့ရကာ အယ်လ်ကိုဟောဆက်စပ် ပြဿနာများလည်း ရှိလာကြပြီး စွဲလမ်းလာကြတယ်လို့ ဆောက်သန်းကယ်လီဖိုးနီးယား တက္ကသိုလ်မှ အသည်းဆရာဝန် ဒေါက်တာ ဘရိုင်ယန်ပီလီက ဆိုပါတယ်။
▪️ ကိုဗစ်ကာလမတိုင်ခင်မှာပင် အရက်သေစာ သောက်သုံးခြင်းနဲ့ အသည်းဆက်စပ်ရောဂါများ အဖြစ်များနေကာ ကိုဗစ်ကာလမှာတော့ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
▪️ ၂၀၂၁ မှ ၂၀၂၂ အတွင်း အမေရိကန်တွေ အရက်ပိုမိုသောက်သုံးလာရာကနေ ကပ်ရောဂါပြီးတဲ့အထိ ကျန်းမာတဲ့ နေထိုင်မှုပုံစံဆီသို့ ပြန်မရောက်ကြတော့ပါဘူး။
▪️ စပြီးတော့ အသောက်များလာတာက ခပ်ခွာခွာနေထိုင်မှုတွေ ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့တာတွေကြောင့် ဖြစ်နေပြီး အကူအညီတွေ ဘယ်လိုရယူမလဲဆိုတာကို မသိရှိကြဘူးလို့ ဒေါက်တာ ဒစ်ဗ်ယာအိုင်ယာလာက ပြောသွားပါတယ်။
#Source: The Jerusalem Post
#World_Health
Published 28 November 2024
▪️ ကိုယ်အလေးချိန်ချဖို့က အလွန်ခက်ခဲသလို ဝိတ်ကျပြီးနောက်မှာတောင် အဆီဆဲလ်တွေက အဝလွန်ခြင်းကို မှတ်မိနေနိုင်တယ်လို့ သုတေသီများ တွေ့ရှိလာပါတယ်။
▪️ ဒါဟာ ကိုယ်အလေးချိန်များစွာ ကျဆင်းတာတောင်မှ ပြန်ပြီးဝလာနိုင်ခြေများတဲ့ သဘောဖြစ်ပါတယ်။
▪️ အဝလွန်ခြင်းက မျိုးဗီဇတွေ အလုပ်လုပ်ပုံကို ပြောင်းလဲစေကာ အဆီဆဲလ်များ ပုံမှန်လုပ်ဆောင်ချက်ကို ပြောင်းလဲနိုင်ပါတယ်။
▪️ ကိုယ်အလေးချိန်ကျအောင် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်မှာပါ ထိုမျိုးဗီဇကြောင့် အလွယ်တကူ ပြန်ဝလာနိုင်ပါတယ်။
▪️ ဒါဟာ ခန္ဓာကိုယ်ကနေ အဝလွန်ခြင်းကို မှတ်မိနေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ခက်ခဲနေတာဖြစ်တယ်လို့ ETH ဇူးရစ်မှ ဒေါက်တာလော်ရာဟင့်က ပြောပါတယ်။
▪️ အဝလွန်သူတွေနဲ့ မဝဖူးသူတို့ရဲ့ အဆီတစ်ရှူးများကို သုတေသန ပြုလုပ်ခဲ့ပါတယ်။
▪️ ထိုအခါမှ မျိုးဗီဇလှုပ်ရှားမှုပုံစံများ သိသိသာသာ ကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ အချို့မျိုးဗီဇတွေက အဝလွန်သူတွေမှာ ရောင်ရမ်းခြင်းပိုမိုဖြစ်ပွားပြီး အချို့ကတော့ အဆီဆဲလ်များကို ပုံမှန်အလုပ်လုပ်စေပါတယ်။
▪️ ခွဲစိတ်မှုတွေ ပြုလုပ်ပြီး ကိုယ်အလေးချိန်များစွာ ကျဆင်းသွားတာတောင် ထိုပုံစံက မပြောင်းလဲပါဘူး။
▪️ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ဝတဲ့ကြွက်တွေက အချိုဓာတ်နဲ့ အဆီတို့ကို ပိုမိုစုပ်ယူကာ ကိုယ်အလေးချိန် အတက်မြန်စေပါတယ်။
▪️ ဒါကြောင့်မို့လို့ အဝလွန်ခြင်းမဖြစ်အောင် အစတည်းက ကြိုတင်ကာကွယ်ဖို့က အရေးကြီးပါတယ်။
▪️ အဆီဆဲလ်တွေက အဝလွန်ခြင်းကို မှတ်မိနေတာကို သိရှိခြင်းဖြင့် အဝလွန်သူတွေမှာ ကိုယ်အလေးချိန် ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ကို အကူအညီဖြစ်စေနိုင်ပါတယ်။
#Source: India Today
ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ အကြီးကျယ်ဆုံး အမြင့်တက်ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၄ ရှန်ဟိုင်းတာဝါတက်မာရသွန် ပြိုင်ပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး နိုင်ငံဒေသပေါင်း ၂၀ ကျော်မှ အားကစားသမားပေါင်း ၂ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။
#World_Event
Published 27 November 2024
#ဒေါင်လိုက်မာရသွန်ပြိုင်ပွဲ #ရှန်ဟိုင်းတာဝါ
#YMG #Yangon_Times #Yangon_Media_Group
Page 415 of 1240