#World_Science
Published 25 November 2024
▪️ ဒိုင်နိုဆောတွေ ရှေးဟောင်းသတ္တဝါတွေလိုပဲ လူသားတွေဟာလည်း တစ်နေ့နေ့မှာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်။
▪️ ဒီလိုဖြစ်လာရင် ကမ္ဘာကြီးကို ဘယ်သူတွေအုပ်စိုးလိမ့်မလဲဆိုတော့ အဖြေက ရေဘဝဲပဲ ဖြစ်ပါတယ်။
▪️ ကမ္ဘာပေါ်မှာ လူသားတွေမရှိတော့ရင် ခြေလက် ၈ချောင်းပါ ရေဘဝဲတွေ အုပ်စိုးသွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တစ်ဦးက ဆိုပါတယ်။
▪️ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရာသီဥတု ဖောက်ပြန်မှုများကြောင့် လူသားများဟာ ယင်းတို့ကိုယ်တိုင် ကမ္ဘာကြီးကို ဖျက်ဆီးရာ ရောက်နေပါတယ်။
▪️ အဲဒီအခါ ရေဘဝဲတွေက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပိုင်ဆိုင်တာကြောင့် ဆင့်ကဲပြောင်းလဲလာပြီး နောက်ထပ်အဖွဲ့အစည်းတစ်ခု တည်ဆောက်လာလိမ့်မယ်လို့ သတ္တဗေဒနဲ့ ဇီဝဗေဒပညာရှင်က ပြောသွားပါတယ်။
▪️ ထိုသတ္တဝါတွေက ကမ္ဘာကြီးကို ခြယ်လှယ်ကာ သူတို့ကိုယ်တိုင် ဖန်တီးမယ့် ပစ္စည်းကိရိယာတွေ အသုံးပြုပြီး ရေအောက်နယ်ပယ်တစ်ခု တည်ဆောက်လိမ့်မယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ တင်မ်ကော်လ်ဆန်က ဆိုပါတယ်။
▪️ ရေဘဝဲတွေက အလွန်ဉာဏ်ကောင်းပြီး တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်လိုကြတယ်လို့ ပြောပါတယ်။
▪️ သူတို့က ပြဿနာများကို ဖြေရှင်းနိုင်ပြီး အရာဝတ္ထုများကို အသုံးပြုနိုင်ကာ ပုန်းကွယ်နေနိုင်သလို လူသားများ ပျောက်ကွယ်သွားရင် အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်တဲ့ မျိုးစိတ်များအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာနိုင်တယ်လို့ ပြောပါတယ်။
▪️ ကုန်းနေသတ္တဝါများအဖြစ် လုံးဝမပြောင်းလဲနိုင်ပေမယ့် တစ်ခါတလေမှာ ရေထဲကတက်လာပြီး သားကောင်လိုက်နိုင်ဖွယ် ရှိပါတယ်။
▪️ ရေပြင်ပမှာ မိနစ် ၃၀ လောက်နေထိုင်နိုင်ကာ နောက်နှစ်သန်းပေါင်းကြာလာရင် ကုန်းပေါ်က ကျွမ်းကျင်မုဆိုးများ ဖြစ်လာနိုင်ပါတယ်။
▪️ တစ်နေ့နေ့မှာ ရေပြင်ပမှာ ကြာရှည်စွာ နေထိုင်နိုင်ရန် အသက်ရှူကိရိယာများပင် ဖန်တီးလာနိုင်မယ်လို့ ကော်လ်ဆန်က ယုံကြည်နေပါတယ်။
▪️ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အာရုံကြောတည်ဆောက်ပုံနဲ့ အာရုံကြောစနစ်က အဆင့်မြင့်ပြီး ပြဿနာများကို ဖြေရှင်းနိုင်တာကြောင့် ဖြစ်ပါတယ်။
#Source: WION
#World_Health
Published 25 November 2024
▪️ အစားအသောက်များ သုံးဆောင်တဲ့အခါ သကြားက အသုံးများတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် အချိုစားတာ များလွန်းရင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။
▪️ နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ ကာကွယ်နိုင်ပြီး ကျန်းမာရေး ထိန်းသိမ်းနိုင်ဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့ သကြားပမာဏကို ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက လမ်းညွှန်ထားပါတယ်။
▪️ သကြားစားတာ များလွန်းရင် ဇီဝကမ္မ ချို့ယွင်းခြင်းများ၊ အဝလွန်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါ့အပြင် သွားကျန်းမာရေးကို ထိခိုက်စေကာ သွားပိုးစားခြင်းများလည်း ဖြစ်နိုင်ပါတယ်။
▪️ သကြားကိုမှ သဘာဝအတိုင်း တွေ့ရတဲ့သကြားနဲ့ ထည့်သွင်းအသုံးပြုတဲ့ သကြားဆိုပြီး နှစ်မျိုးရှိနေပါတယ်။
▪️ အသီးအနှံ ဟင်းရွက်တွေမှာ တွေ့ရတာက သဘာဝသကြားဖြစ်ပြီး အစားအစာတွေ ထုပ်ပိုးထုတ်လုပ်ရာမှာ ထည့်သွင်းတဲ့ သကြားကတော့ အာဟာရတန်ဖိုးမရှိဘဲ သကြားလွန်ကဲစေပါတယ်။
▪️ ကျန်းမာရေးပညာရှင်များက တစ်နေ့တာ ကယ်လိုရီစားသုံးခြင်းရဲ့ ၅-၁၀ ရာခိုင်နှုန်းအထိသာ သကြားစားသုံးဖို့ အကြံပြုထားပါတယ်။
▪️ သာမန်လူကြီးတစ်ယောက်အနေနဲ့ အမျိုးသမီးဆိုရင် လက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ အမျိုးသားဆိုရင် ၉ ဇွန်းနဲ့ ညီမျှပါတယ်။
▪️ ဒါတွေက စားစရာထုပ်တွေမှာ ပါဝင်တဲ့သကြားကိုသာ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
▪️ သကြားအလွန်အကျွံ စားသုံးမိတဲ့အခါ အဝလွန်ခြင်း၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်း၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ၊ အသည်းကျန်းမာရေး ထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ စွမ်းအင်ကျဆင်းခြင်းနဲ့ ဆာလောင်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။
▪️ သကြားစားသုံးခြင်းကို ထိန်းချုပ်ဖို့အတွက် အစားအသောက်တွေရဲ့ ပါဝင်ပစ္စည်းစာရင်းများ ဖတ်ရှုခြင်း၊ သကြားအစားထိုး ပစ္စည်းများ ရွေးချယ်ခြင်း၊ အသီးအနှံ ကောက်ပဲသီးနှံတို့ စားသုံးခြင်း၊ အချိုဓာတ်ပါသော အရည်များ လျှော့ချကန့်သတ်ခြင်း၊ စားသောက်တဲ့အခါ ပမာဏပိုင်းခြားခြင်း၊ အိမ်မှာချက်စားခြင်း၊ အချိုမပါသော စားစရာများ ရွေးချယ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
#Source: DoctorNDTV
၂၄ နိုဝင်ဘာ ၂၀၂၄
တရုတ်-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေ အားလုံးကို ချေမှုန်းပြီးပြီလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မကြာသေးမီကကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မြောက်ပိုင်းကကျားဖျန့်လုပ်ငန်းတွေကို တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့တွေ စတင်နှိမ် နှင်းခဲ့တဲ့အချိန်ကနေ ယခုအချိန်အထိ တရုတ်နိုင်ငံသား ငါးသိန်းသုံးသောင်ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်
Source CCTV+
#World_Health
Published 24 November 2024
▪️ သွေးဖိအားများခြင်း သို့မဟုတ် သွေးတိုးခြင်းကို ဆေးဝါးများဖြင့် ထိန်းချုပ်ကြသလို အစားအစာကလည်း အရေးပါနေပါတယ်။
▪️ အချို့သော ဟင်းရွက်တွေဟာ သွေးပေါင်ချိန်ကို သဘာဝအတိုင်း လျှော့ချပေးနိုင်ကြပါတယ်။
▪️ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆိုဒီယံနည်းပါးတာကြောင့် သွေးကြောတွေကို ပြေလျော့စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ ဒီအတွက် အသင့်လျော်ဆုံး ဟင်းရွက်တွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဟင်းနုနွယ် - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံတို့ ပါဝင်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၂) သကြားမုန်လာ - နိုက်ထရိတ်ကြွယ်ဝစွာ ပါဝင်ပြီး နိုက်ထရစ်အောက်ဆိုဒ် ပြောင်းပေးကာ သွေးပေါင်ချိန် လျော့ကျစေပါတယ်။
▪️ (၃) ပန်းဂေါ်ဖီစိမ်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပိုတက်ဆီယံ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၄) မုန်လာဥနီ - ပိုတက်ဆီယံ၊ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၅) နံနံပင် - သွေးကြောနံရံတွေကို ပြေလျော့စေကာ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး အပေါ်သွေးလျှော့ချပေးပါတယ်။
▪️ (၆) ကိုက်လံ - ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံ ပြည့်ဝပြီး ကယ်လိုရီနည်းပါးတာကြောင့် သွေးပေါင်ချိန်အတွက် ကောင်းမွန်စေကာ ကိုလက်စ်ထရောလ် လျော့ကျစေပါတယ်။
▪️ (၇) ကန်စွန်းဥ - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံကြွယ်ဝပြီး ခန္ဓာကိုယ်ထဲက ဆိုဒီယံပမာဏကို ထိန်းညှိပေးကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၈) ခရမ်းချဉ်သီး - ပိုတက်ဆီယံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်း ပါဝင်တာကြောင့် သွေးတိုးရောဂါမှ ကာကွယ်ပေးပါတယ်။
▪️ (၉) ပဲသီး - ဆိုဒီယံနည်းပါးပြီး ပိုတက်ဆီယံ မြင့်မားတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 24 November 2024
▪️ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနဲ့ ကင်ဆာရောဂါ လျော့ပါးခြင်းတို့ ဆက်စပ်နေပုံကို နော့သ်ဝက်စ်တန်းဆေးတက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိထားပါတယ်။
▪️ သုတေသနက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် အနာဂတ်မှာ နောက်ထပ်စမ်းသပ်မှုတွေကနေ ကုသမှုအသစ်များ ထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ထဲမှ RNAဟာ ကင်ဆာဆန့်ကျင် ခုခံဆဲလ်တွေ ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ I-NCMs လို့ခေါ်တဲ့ ခုခံဆဲလ်တွေဟာ ကင်ဆာဆဲလ်များကို တိုက်ခိုက်နိုင်ပြီး ကိုဗစ်ရောဂါ ကူးစက်ချိန်မှာ ခုခံဆဲလ်ပွားများလာကာ ကုသမှုနည်းလမ်းအသစ်များ ဖြစ်လာနိုင်ပါတယ်။
▪️ ထိုဆဲလ်တွေဟာ အရေပြားအကျိတ်၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတို့ကိုလည်း တုံ့ပြန်နိုင်တာတွေ့ရတယ်လို့ သုတေသနပြုစုသူ အန်ကစ်ဘာရက်က ပြောပါတယ်။
▪️ သုတေသနက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ကင်ဆာအဆင့်မြင့် လူနာတွေမှာ အသုံးဝင်ဖို့ မျှော်လင့်နေကြပါတယ်။
▪️ ခန္ဓာကိုယ်ထဲက တိုက်ခိုက်တဲ့ဆဲလ်တွေက အကျိတ်ရှိရာနေသို့ စုပြုံလာကြပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ကြကာ အကျိတ်လျော့ပါးစေပါတယ်။
▪️ ဆရာဝန်တွေက လူသားတစ်ရှူးရော တိရိစ္ဆာန်တွေနဲ့ပါ စမ်းသပ်ကာ ကိုဗစ်-၁၉ ရဲ့ RNAလိုမျိုး အာနိသင်ရှိတဲ့ ဆေးဖန်တီးမှာဖြစ်ပါတယ်။
▪️ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အကျိတ်တွေကို ၆၀ ကနေ ၇၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။
▪️ စမ်းသပ်မှုက အစောပိုင်းသာရှိသေးပြီး ကင်ဆာလူနာတွေမှာ ဘေးကင်းစွာ အသုံးပြုနိုင်မလားဆိုတာ စမ်းသပ်ရဦးမယ်လို့ ဘာရက်က ပြောသွားပါတယ်။
#Source: New York Post
ပါကစ္စတန်တွင်ကျင်းပသည့် နိုင်ငံတကာကာကွယ်ရေးပြပွဲသို့ အီရန်တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်
ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံတကာကာကွယ်ရေးပြပွဲကို အီရန်စစ်တပ်မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပြီး စစ်ရေးနဲ့ကာကွယ်ရေး လက်နက်ပစ္စည်းအသစ်များ ပြသရင်းနှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့နေပါတယ်။
#World_Military
Published 23 November 2024
#ပါကစ္စတန် #ကာကွယ်ရေးပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 November 2024
၁။ ရေကျော်ပွဲဈေး ပြန်လည်ကျင်းပနေ၊ (၅)ရက်တိုင် ကျင်းပမည်
၂။ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲ ၆၀၀ ကျော်ရောင်းချနိုင်ခဲ့
၃။ ဆောင်းတွင်း ရန်ကုန်အပါအဝင်ဒေသ(၇)ခု မိုးရွာဦးမည်
၄။ ပါကစ္စတန်တွင်ကျင်းပသည့် နိုင်ငံတကာကာကွယ်ရေးပြပွဲသို့ အီရန်တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 418 of 1240