#World_News
Published 22 October 2024
▪️ ရုရှားက BRICS ထိပ်သီးအစည်းအဝေးမှာ အနောက်တိုင်းမပါတဲ့ နိုင်ငံများအင်အားစုကို ပြသလိုနေပေမယ့် မိတ်ဖက်နိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ အာရပ်တို့ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်မယ့် နည်းလမ်းရှာဖွေရန် ရုရှားသမ္မတပူတင်ကို တိုက်တွန်းနေကြပါတယ်။
▪️ အဆိုပါနိုင်ငံများပါဝင်တဲ့ BRICS အဖွဲ့ဟာ အခုဆိုရင် ကမ္ဘာ့လူဦးရေအားလုံးရဲ့ ၄၅ ရာခိုင်နှုန်း၊ စီးပွားရေးအရ ၃၅ ရာခိုင်နှုန်းအထိ ရှိနေကာ တရုတ်နိုင်ငံတစ်ခုတည်းဖြင့်ပင် ယင်းတို့ စီးပွားရေးအင်အားရဲ့ တဝက်ကျော် ပါဝင်နေပါတယ်။
▪️ အနောက်တိုင်းနိုင်ငံတွေကနေ စစ်ရာဇဝတ်သားလို့ သတ်မှတ်ထားရတဲ့ ပူတင်က BRICS ဟာ ဘယ်သူ့ကိုမှ မဆန့်ကျင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု အပြောင်းအလဲက သပ်သပ်စီဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ "ဒီအဖွဲ့အစည်းဟာ တူညီတဲ့တန်ဖိုး၊ ရည်မှန်းချက်၊ ဖွံ့ဖြိုးမှု၊ အရေးကြီးဆုံးက အပြန်အလှန် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး အတူတကွ လုပ်ကိုင်နေကြတဲ့ နိုင်ငံများ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
▪️ BRICS အစည်းအဝေး ပြုလုပ်ချိန်မှာ ဝါရှင်တန်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြီးအကဲများ စုဝေးခဲ့ကြပြီး အမေရိကန် သမ္မတရွေးကောက်ပွဲကြောင့် ကုန်သွယ်ရေးပြိုင်ဆိုင်မှုများ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
▪️ ရုရှားသတင်းရင်းမြစ် ၂ ဦးပြောကြားချက်အရ ရုရှားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အကြောင်း ဆွေးနွေးမှုတိုးတက်နေပေမယ့် ဘာမှတော့ မသေချာသေးကြောင်း၊ တစ်ကမ္ဘာလုံးက အမေရိကန်မှ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။
▪️ ရုရှားဟာ အခုဆိုရင် ခရိုင်းမီးယားဒေသ အပါအဝင် ယူကရိန်းနယ်မြေရဲ့ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားပါတယ်။
▪️ ရုရှားသာ အနိုင်ရမယ်ဆိုတာကို အနောက်တိုင်းလည်း သဘောပေါက်လောက်ပြီလို့ ပူတင်က ပြောခဲ့ပါတယ်။
▪️ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဘရာဇီးလ်တို့ စတင်ဖွဲ့ထားတဲ့ BRICS အဖွဲ့ထဲကို တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ယူအေအီးတို့ ပါဝင်လာပါတယ်။
▪️ ရုရှားဟာ အနောက်တိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချေဖျက်ရန် နိုင်ငံတကာ ငွေပေးချေမှုမှာ အခြားနည်းလမ်းပုံစံတစ်ခု တည်ဆောက်ဖို့ BRICS နိုင်ငံတွေကို တိုက်တွန်းနေပါတယ်။
#Source: Reuters
#World_Health
Published 22 October 2024
▪️ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေခြင်းက ထိုင်နေတာထက်စာရင် နှလုံးသွေးကြော ကျန်းမာရေးကို မကောင်းမွန်စေသလို သွေးကြောထုံးခြင်း၊ သွေးခဲပိတ်ခြင်းစတဲ့ သွေးလည်ပတ်မှု အပိုင်းတွေမှာ အန္တရာယ်ပိုများစေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဩစတြေးလျ ဆစ်ဒနီတက္ကသိုလ်မှ ဦးဆောင်သုတေသီ မက်သရူးအာမက်ဒီနဲ့ အဖွဲ့ဟာ စမ်းသပ်ချက်စတင်ချိန်မှာ နှလုံးရောဂါမရှိတဲ့သူ ၈၃၀၀၀ ကို ၇ နှစ်- ၈ နှစ်လောက် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ စမ်းသပ်ခံတွေရဲ့ လက်ကောက်ဝတ်မှာ စမတ်နာရီလိုမျိုး စက်ပစ္စည်းတွေ တပ်ဆင်စေပြီး သွေးလည်ပတ်မှု အချက်အလက်များကို စောင့်ကြည့်ခဲ့ပါတယ်။
စမ်းသပ်ချက်ဟာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းရဲ့ သက်ရောက်မှုတွေကို အဓိကဦးတည်ခဲ့ပါတယ်။
▪️ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး မရှိတဲ့အပြင် တစ်နေ့ကို ၁၀ ကျော်လောက် ထိုင်နေတာကလည်း နှလုံးသွေးကြောရောဂါများ၊ သွေးပေါင်ကျခြင်းစတဲ့ ပြဿနာများ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဒီလိုလူတွေမှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
▪️ တစ်နေ့ကို ပြင်းထန်တဲ့ လေ့ကျင့်ခန်း ၆ မိနစ်ခန့် ဒါမှမဟုတ် သာမန်လေ့ကျင့်ခန်း နာရီဝက်မျှ ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
▪️ ပုံမှန်အနားယူမယ်၊ လမ်းလျှောက်မယ်၊ လှေကားတက်မယ်၊ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်မယ် စတာတွေ ပြုလုပ်သင့်တယ်လို့ ဆစ်ဒနီတက္ကသိုလ်မှ ပရော်ဖက်ဆာ အီမန်နျူယယ်စတာမာတာကစ်က ပြောပါတယ်။
▪️ အရွယ်ရောက်ပြီးသူများအနေဖြင့် တစ်ပတ်ကို ၁၅၀ မိနစ်ခန့် လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကြွက်သားလေ့ကျင့်ခန်း ၂ ရက်ပြုလုပ်ခြင်းတို့ ဦးတည်လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။
#Source: New York Post
#World_Health
Published 22 October 2024
▪️ အချို့သော အကြောင်းအရာတွေက ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသလို အချို့အရာတွေက ကင်ဆာကို ထိန်းချုပ်စေနိုင်ပါတယ်။
ကင်ဆာကာကွယ်ဖို့ တိကျသေချာတဲ့ အစားအစာရယ်လို့ မရှိပေမယ့် နည်းနည်းချင်းစီကတော့ ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။
(၁) ကျန်းမာပြီး အမျှင်ဓာတ်ကြွယ်ဝသော ကာဗိုဟိုက်ဒရိတ်များ
▪️ အမျှင်ဓာတ်မြင့်မားတဲ့ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်၊ အခွံမာသီးတို့က အမျိုးမျိုးသောကင်ဆာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
တစ်နေ့ကို အမျှင်ဓာတ်အနည်းဆုံး ၂၅ ဂရမ်မှ ၃၀ ဂရမ် စားသုံးပေးသင့်တယ်လို့ အမေရိကန် နှလုံးအဖွဲ့အစည်းက အကြံပြုထားပါတယ်။
(၂) အသားသေးငါးသေးနှင့် အပင်အခြေပြုပရိုတိန်း
▪️ တစ်ပတ်ကို အသားကြီးငါးကြီး ၁၈ အောင်စထက် ပိုစားသုံးပါက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။
အသားကြီးတွေမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်သံဓာတ်က ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းများ ထုတ်လုပ်ပေးပါတယ်။
ဒီအစား ကြက်သား၊ ငါး၊ အထူးသဖြင့် ဆော်လ်မွန်တို့လို အသားတွေ၊ တိုဖူး ပဲတို့လို အပင်ကရတဲ့ ပရိုတိန်းတွေ စားသုံးသင့်ပါတယ်။
(၃) အသီးအရွက်များ စားသုံးခြင်း
▪️ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ မှို၊ ဘယ်ရီသီးတို့ဟာ ကင်ဆာဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
အသီးအနှံနဲ့ ဟင်းရွက်အားလုံးဟာ အလားတူ အာနိသင်ရှိတာကြောင့် စားသုံးသင့်ပါတယ်။
(၄) အခွံမာသီးများနှင့် သစ်သီးခြောက်
▪️ စက်ရုံတွေကထုတ်လုပ်တဲ့ သရေစာတွေထက်စာရင် အခွံမာသီးအမျိုးမျိုး၊ သစ်သီးခြောက်တွေက အစာပြေအတွက် သင့်လျော်ပါတယ်။
သစ်ကြားသီးဆိုရင် အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေမှာ မှတ်ဉာဏ်ပိုင်းကို မြှင့်တင်ပေးတယ်လို့ တွေ့ရှိထားပါတယ်။
(၅) ကော်ဖီ လက်ဖက်ရည်
▪️ အယ်လ်ကိုဟော သောက်သုံးခြင်းက ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းကျော် သက်ဆိုင်နေပါတယ်။
ဒါ့အပြင် ဆိုဒါတွေဟာလည်း သကြားအစားထိုးများဖြစ်တဲ့ အက်စ်ပါတိမ်းနဲ့ အေ့စ်-ကေတို့လို အချိုဓာတ်အတုများ ပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ထိုအစား လက်ဖက်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် တစ်နေ့ကို ကော်ဖီလက်ဖက်ရည် ၃-၄ ခွက်ခန့် သောက်သုံးခြင်းဖြင့် အသည်းကင်ဆာနဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါများ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။
(၆) ဆော့စ်ကိုသေချာရွေးခြယ်ခြင်း
▪️ ဆော့စ်အများစုဟာ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ ပစ္စည်းများ ပါဝင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးအစားတွေကို ရွေးခြယ်နိုင်ပါသေးတယ်။
သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီကလေး၊ ရှောက်နဲ့သံပရာ၊ ရှာလကာရည်၊ လျှော်စေ့၊ ဆယ်လ်ဆာစတဲ့ ပါဝင်ပစ္စည်းများက ကင်ဆာဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
#Source: New York Post
ကမ္ဘာ့စီးပွားရေးသည် တိုးတက်မှု အနိမ့်ဆုံးနှုန်းဖြင့်သွားနေတယ်လို့ ကမ္ဘာ့ဘဏ် စီနီယာစီမံညွှန်ကြားရေးမှူး အိတ်ဆဲလ်ဗန်ထရော့ဆန်ဘာ့ဂ်က ဖော်ပြလိုက်ကာ ငွေကြေးဖောင်းပွခြင်း၊ အခြေခံစနစ် ပြဿနာများ၊ ကုန်သွယ်ရေး ပြန့်ကျဲမှုများက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုပြဿနာကို အဓိကသက်ရောက်နေတယ်လို့ ထောက်ပြသွားပါတယ်။
#World_Business
Published 21 October 2024
#ကမ္ဘာ့စီးပွားရေးတိုးတက်မှု #ကမ္ဘာ့ဘဏ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 October 2024
၁။ စားအုန်းဆီဈေးပြန်ကျလာ၊ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူစနစ်ဖြင့် ပြန်မှာယူနိုင်ပြီ
၂။ ဖရဲခင်းများ ပျက်စီးမှုများ၍ အသီးဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လုနီးပါးရှိနေ
၃။ ရေဘေးသင့်ပြည်သူများအတွက် လှူမည့် (၃၅)သိန်းတန်နေအိမ်(၅၀)လုံးအနက်(၂၉)လုံးပြီးစီး
၄။ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအနိမ့်ဆုံးနှုန်းဖြင့်သွားနေဟု ကမ္ဘာ့ဘဏ်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၁ အောက်တိုဘာ ၂၀၂၄
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဖောက်ခွဲတိုက်ခိုက်မှုခံရသည့်အတွက် အဆိုပါတိုက်ခိုက်မှု လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ တရုတ်အစိုးရကပြောပါတယ်။
အောက်တိုဘာ ၂၁ ရက် ယနေ့တွင် ဘေဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ သတင်းထောက်တစ်ဦး၏အမေးအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စတာလင်းကျန့်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
“မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်နေ့ ၅ နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ တရုတ်ကောင် စစ် ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲရေးတိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက် သေဆုံးမှုမရှိခဲ့သော်လည်း ရုံးဆောင်အချို့တဝက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။ တရုတ်ဘက်က အဆိုပါတိုက် ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချပါတယ်” လို့ မစ္စတာလင်ကျန့်က ပြောဆိုခဲ့ တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေး ပေါ်တုံ့ပြန်မှုယန္တရားကိုလျင်မြန်စွာစတင်တုန့်ပြန်လုပ်ဆောင်ခဲ့တယ်လို့လည်းသူကပြောပါတယ်။ယင်းအပြင် တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူကို အစွမ်းကုန် ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် မြန်မာနိုင်ငံဘက်သို့ တရုတ်နိုင်ငံဘက်က လေးနက် စွာ အရေးဆို တိုက်တွန်းထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သောအစီအမံများ ကို လုပ်ဆောင်ပြီးဖြစ်ကာ နိုင်ငံတကာဥပဒေအရ ကတိကဝတ်နှင့် တာဝန်ဝတ္တရားများကို ဆောင် ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေး ပဓာန တာဝန်ကို လက် တွေ့ကျကျတာဝန်ယူသွားမည်ဖြစ်တယ်လို့ပြောဆိုထားကြောင်း မစ္စတာ လင်ကျန့်က သတင်းထောက် တွေကိုပြောပါတယ်။
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကလည်း မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသအတွင်းလုံခြုံ ရေး အခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံ ရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။
#ymg/knl
၂၁ အောက်တိုဘာ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံမှာ ပရာဘိုဝိုဆူဘီယန်တို သမ္မတသစ်အဖြစ် စတင်တာဝန်ယူပြီးနောက်မှာ အရေးကြီးတဲ့ အစိုးရဝန်ကြီးတစ်နေရာဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ဂါရင်ဒရာပါတီဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ဆူဂီယိုနိုကို ခန့်အပ်လိုက်ပါတယ်။ ဆူဂီယိုနိုဟာ ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ ယခင်အစိုးရ နိုင်ငံ ခြားရေးဝန်ကြီး ရက်တနို မာဆူဒီ ရဲ့ နေရာကို အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ တနင်္ဂနွေညနေခင်းမှာ ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့အသစ် ဖွဲ့စည်းမှု မှာ အရေးကြီးဝန်ကြီးဌာနနေရာတော်တော်များများမှာ အသစ်တွေခန့်အပ်ထားတာတွေ့ရပါတယ်။
အဲဒီအပြင် ဂီလိုရာပါတီက နိုင်ငံရေးသမား အန်နစ်မက်တာ၊က ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် အာမန်နန်သာနာဆီယာနှင့် ဂျာမနီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး အာရစ် ဟာဗက်စ်အိုဂအီဂရိုဆီနိုတို့ကိုလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဖြစ်ခန့်အပ်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် ဆူဂီယိုနိုဟာ အင်ဒိုနီးရှားစစ်တပ် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်တပ်ကထွက်ပြီးနောက် ယခုသမ္မတသစ်ဖြစ်လာတဲ့ ပရာဘိုဝိုရဲ့ ဂါရင်ဒရာပါတီကို ဝင်ရောက်ခဲ့ပါတယ်။သူဟာ အင်ဒိုနီးရှားပါလီမန်ရဲ့ နိုင်ငံခြားရေးရာ၊ကာကွယ်ရေးနှင့် လုံခြုံရေးကော်မရှင် အဖွဲ့ဝင်လည်းလုပ်ခဲ့ပါတယ်။
သူဟာ ပါရာဘိုဝိုရဲ့ ပုဂ္ဂိုလ်ရေးအတွင်းရေးမှူးလည်းလုပ်ခဲ့ဖူးပြီး နော်ဝစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ကာ သိုသိသိပ်သိပ်နေတတ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သမ္မတသစ်ပရာဘိုဝိုရဲ့ အယုံအကြည်ရဆုံး အတွင်း လူတွေထဲကတစ်ဦးဖြစ်ပြီး ပရာဘိုဝိုရဲ့ အတွေးအခေါ်ခံယူသူလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံပိုင်မီဒီယာ အန်တာရာကရေးသားပါတယ်။
“ ကျွန်တော်ဟာစစ်သားတစ်ယောက်ပါ။ ဘာတာဝန်ပေးပေး၊ အပြည့်အဝေတာဝန်ယူပြီး အကောင်းဆုံး လုပ်မှာပါ” လို့ ပရာဘိုဝိုနှင့် အောက်တိုဘာ ၁၄ရက်က ပရာဘိုဝိုအိမ်မှာ တွေ့ဆုံခဲ့အပြီးမှာ သတင်း ထောက်တွေကိုပြောခဲ့ပါတယ်။
အနားယူသွားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို မာဆူဒီဟာ သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၄ မှ ၂၀၂၄ အထိ ဆယ်နှစ်တိတိလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံခြားရေးဝန်ကြီးမဖြစ်ခင် နယ်သာလန်၊အိုက်စ်လန်နှင့် နော်ဝေတို့မှာ အင်ဒိုနီးရှားသံအမတ်ကြီးလုပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းဘဝကနေ ရာထူး အဆင့်ဆင့်ရယူခဲ့သူဖြစ်ပါတယ်။
Ref: News Wires
Page 412 of 1210