၂၉ ဒီဇင်ဘာ ၂၀၂၄

မဲခေါင်မြစ်ဝှမ်းတွင် ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့အတွက် မြန်မာအပါအဝင် တရုတ်၊လာအိုနှင့် ထိုင်းတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရာဇဝတ်မှုနှိမ်နှင်းရေးဆိုင်ရာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ လေးနိုင်ငံအနေနှင့် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါတယ်။

"Vision-2024" လို့အမည်ပေးထားတဲ့ အဲဒီပူးတွဲလေ့ကျင့်မှုကို  ရွှေတြိဂံဒေသရဲ့ အထက်ပိုင်း ၁၁ကီလို မီတာအကွာမှာရှိတဲ့ မင်မို ရေပြင်မှာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

Source CCTV+