အစ္စရေးလ်ထံလက်နက်ထောက်ပံ့ရေးနှင့်ပတ်သက်နေသည့် တက္ကသိုလ်များ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပတ်သက်မှုရုပ်သိမ်းရန် ကမ္ဘာတစ်ဝှမ်းမှကျောင်းသားများဆန္ဒပြ
မိုနက်ရှ်တက္ကသိုလ် ကလေတန်ကျောင်းဝင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန္ဒပြသူများ စခန်းချနေကြပြီး အစ္စရေးလ်လက်နက်ထုတ်လုပ်ရေးများနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ တက္ကသိုလ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ပတ်သက်မှုရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။
#World_News
Published 09 May 2024
#အစ္စရေးလ်လက်နက်ထုတ်လုပ်ရေး #ကမ္ဘာတစ်ဝှမ်းမှကျောင်းသားများဆန္ဒပြ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_09 May 2024
၁။ ဧပြီလအတွင်းပြောင်းတင်ပို့မှုလျာထားချက်ထက်ကျော်လွန်တင်နိုင်ခဲ့ပြီး အိန္ဒိယသို့အဓိကတင်ပို့
၂။ နယ်စုံမှ ဝယ်လိုအားရှိလာသည့်အတွက် ရှမ်းခရမ်းချဉ်သီး တစ်ပိဿာကျပ် ၁၇၀၀အထိ ဈေးမြင့်တက်
၃။ မုတ်သုန်အဝင်တွင်ဖြစ်ပွားနိုင်သည့် မုန်တိုင်းနှင့်သဘာဝဘေးအတွက်အသင့်ပြင်ထားပြီဖြစ်
၄။ အစ္စရေးလ်ထံလက်နက်ထောက်ပံ့ရေးနှင့် ပတ်သက်နေသည့်တက္ကသိုလ်များ ပွင့်လင်းမြင်သာမှုရှိရန်နှင့်ပတ်သက်မှုရုပ်သိမ်းရန် ကမ္ဘာတစ်ဝှမ်းမှကျောင်းသားများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 09 May 2024
▪️ ဂါဇာတောင်ပိုင်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ရာဖာမြို့ကို အစ္စရေးလ်တပ်များ ကျူးကျော်တိုက်ခိုက်ပါက အမေရိကန်မှ အစ္စရေးလ်ထံ လက်နက်ထောက်ပံ့နေတာတွေကို ရပ်တန့်ပစ်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအနေနဲ့ လူသိရှင်ကြား သတိပေးလိုက်ပါတယ်။
▪️ ရာဖာမြို့ကို ကျူးကျော်မယ်ဆိုရင် လက်နက်တွေ ထောက်ပံ့မှာမဟုတ်ဘူးဆိုတာကို အတိအလင်း ပြောကြားလိုက်ပါပြီလို့ ဘိုင်ဒင်က CNN နဲ့အင်တာဗျူးမှာ ဆိုပါတယ်။
▪️ ဒါဟာ ရာဖာမြို့ကို အစ္စရေးလ်ကျူးကျော်မှာနဲ့ ပတ်သက်ပြီး တားဆီးဖို့အတွက် ဘိုင်ဒင်က အပြင်းထန်ဆုံး သတိပေးလာတာ ဖြစ်သလို အစ္စရေးလ်နဲ့ အမေရိကန်ကြားမှာ ဆက်ဆံရေး အက်ကွဲစပြုလာပါတယ်။
▪️ ဟားမတ်စ်တို့ကို သုတ်သင်ရန် ရည်ရွယ်ကာ အစ္စရေးလ်တို့က ဂါဇာမှာ စစ်ဆင်နွှဲရင်း အမေရိကန်မှ ထောက်ပံ့တဲ့ လက်နက်များဖြင့် ဂါဇာအရပ်သားတွေ သေစေတာကို ဘိုင်ဒင်က သတိပြုမိပါတယ်။
▪️ အစ္စရေးလ်စစ်ဆင်ရေးကြောင့် ယခုအချိန်အထိ ပါလက်စ်တိုင်းဘက်မှ ၃၄၇၈၉ ဦးသေဆုံးထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ဆိုပါတယ်။
▪️ ရာဖာမှာ အသုံးပြုဖွယ်ရှိနေတဲ့ လက်နက်များ ပေးပို့မှုကို အမေရိကန်က သေချာအကဲဖြတ်နေပြီး ပေါင် ၂၀၀၀ ရှိတဲ့ဗုံး ၁၈၀၀ နဲ့ ပေါင် ၅၀၀ ရှိတဲ့ဗုံး ၁၇၀၀ ပါဝင်တဲ့ ပေးပို့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။
▪️ လက်နက်ပေးပို့မှုတွေ ရပ်ဆိုင်းလိုက်တဲ့ အမေရိကန်ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိကြောင်း၊ အစ္စရေးလ်ကို လက်နက်ထောက်ပံ့ခြင်း ရပ်တန့်မယ်လို့တော့ မထင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလက်အာဒန်က ပြောကြားလိုက်ပါတယ်။
▪️ အမေရိကန်ဟာ အစ္စရေးလ်ကို လက်နက်များ အဓိကထောက်ပံ့နေသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ ကျူးကျော်ပြီးကတည်းက လက်နက်တင်ပို့မှုများ အရှိန်မြှင့်လာပါတယ်။
▪️ အစ္စရေးလ်ကို ကာကွယ်ရေးလက်နက်များ ဆက်လက်ထောက်ပံ့သွားမယ်လို့တော့ ဘိုင်ဒင်က ဆိုပါတယ်။
#Source: Reuters
#World_Health
Published 09 May 2024
▪️ အမေရိကန်လူမျိုး ၃၆၁၆၄ ဦးရဲ့ ကယ်လ်စီယမ် စားသုံးမှုကို သုတေသီများး ဆန်းစစ်ခဲ့ကြရာ နံနက်စာနဲ့ ညစာစားချိန်အတွင်း ကယ်လ်စီယမ် စားသုံးခြင်းက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ညစာစားချိန်မှာ ကယ်လ်စီယမ် စားသုံးမှု ၅ ရာခိုင်နှုန်း လျှော့ချပြီး နံနက်စာ စားချိန်မှာ ၅ ရာခိုင်နှုန်း ပိုမိုစားသုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။
▪️ အစားအစာထဲမှာပါတဲ့ ကယ်လ်စီယမ်က သွေးအဆီဓာတ်၊ သွေးပေါင်ချိန်တို့ကို ကောင်းမွန်စေတယ်လို့ သုတေသီများ မှတ်ချက်ပြုထားပါတယ်။
▪️ နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ နှလုံးသွေးကြောရောဂါတွေဟာ ကမ္ဘာတဝှမ်းမှာ သေဆုံးမှုအများဆုံးဖြစ်ရတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ နေ့ပိုင်းမှာဆိုရင် ကယ်လ်စီယမ် ဖြစ်ပျက်မှုအတွက် လိုအပ်တဲ့ ဟော်မုန်းတွေ မြင့်တက်တာကြောင့် ကယ်လ်စီယမ်စုပ်ယူမှုက နေ့ပိုင်းမှာ ပိုအားကောင်းကြောင်း အာဟာရပညာရှင် မယ်လာနီမာဖီရစ်ချ်တာက ပြောပြသွားပါတယ်။
▪️ အသက် ၁၉ နှစ်မှ ၇၀ ကြား အမျိုးသားတွေနဲ့ ၁၉ နှစ်မှ ၅၀ ကြား အမျိုးသမီးတွေဟာ တစ်နေ့ကို ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ် သောက်သုံးသင့်ပြီး အသက် ၇၁ နှစ်အထက် အမျိုးသားတွေနဲ့ အသက် ၅၁ နှစ်အထက် အမျိုးသမီးတွေကတော့ ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။
▪️ နို့တစ်ခွက်မှာဆိုရင် ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။
▪️ အရွက်၊ အခွံမာသီး၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများ စားသုံးသူတွေဟာ ကယ်လ်စီယမ် ဖြည့်စွက်စာ မလိုအပ်ဘူးလို့ ရစ်ချ်တာက ဆိုပါတယ်။
#Source: New York Post
#World_Health
Published 09 May 2024
▪️ သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးနဲ့ ပိုမိုသင့်လျော်မယ်လို့ ယူဆထားကြပေမယ့် မကောင်းတဲ့ အချက်တွေလည်း ရှိနေနိုင်ပါတယ်။
▪️ (၁) သကြားပါဝင်မှုများခြင်း
သစ်သီးတွေကို ဖျော်ရည်လုပ်လိုက်တဲ့အခါ သကြားပါဝင်မှု မြင့်မားလာတာကြောင့် ရေနဲ့ရောသောက်တာမျိုး ပြုလုပ်သင့်ပါတယ်။
▪️ (၂) အမျှင်ဓာတ်နည်းသွားခြင်း
အသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဖျော်ရည်လုပ်လိုက်တဲ့အခါ နည်းပါးသွားတာကြောင့် ထွက်သွားတာ အမျှင်ဖတ်တွေကို ပြန်ထည့်သောက်သင့်ပါတယ်။
▪️ (၃) အာဟာရဓာတ်များ ဆုံးရှုံးခြင်း
အသီးတွေမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖျော်ရည်လုပ်တဲ့အခါ ဆုံးရှုံးသွားတတ်ပါတယ်။
▪️ (၄) ကယ်လိုရီများခြင်း
အသီးဖျော်ရည်တွေမှာ ကယ်လိုရီမြင့်မားပြီး အများအပြား သောက်သုံးပါက ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
▪️ (၅) အက်ဆစ်ဓာတ်ပါဝင်ခြင်း
အချဥ်ပါတဲ့ အသီးတွေဟာ အက်ဆစ်ဓာတ်ဖြစ်စေပြီး အစာမကြေ အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ (၆) ရောဂါပိုးဝင်ရောက်နိုင်ခြင်း
အသီးတွေကို အရည်ညှစ်တဲ့အခါ သေချာသန့်သန့်ရှင်းရှင်း မကိုင်တွယ်ပါက အစားအစာနဲ့ ပတ်သက်တဲ့ ရောဂါများ ဝင်ရောက်နိုင်ပါတယ်။
▪️ (၇) ဆေးဝါးများနှင့်ဓာတ်ပြုနိုင်ခြင်း
အချို့သော အသီးနဲ့ ဖျော်ရည်တွေက ဆေးဝါးများနဲ့ ဓာတ်ပြုနိုင်ကာ အာနိသင်ကျဆင်းတာမျိုး ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။
▪️ (၈) ကုန်ကျစရိတ်များခြင်း
ဖျော်ရည်တွေကို ဝယ်သောက်ရတာဟာ ဈေးကြီးတတ်တာကြောင့် အိမ်မှာလုပ်သောက်တာက ဈေးသက်သာနိုင်ပါတယ်။
▪️ (၉) သွားပိုးစားနိုင်ခြင်း
အသီးဖျော်ရည်တွေက သကြားပါဝင်မှု မြင့်မားတာကြောင့် မကြာခဏ သောက်သုံးပြီး ခံတွင်းသန့်ရှင်းရေး သေချာမလုပ်ပါက သွားပိုးစားခြင်းမျိုး ဖြစ်တတ်ပါတယ်။
#Source: DoctorNDTV
တရုတ်ရှေးဟောင်းဂန္တဝင်စာပေများထဲမှရှီကျင့်ဖင်၏ ကိုးကားပြောဆိုချက်များကိုပြင်သစ်တွင်ထုတ်လွှင့်ပြသ
ရှေးဟောင်းတရုတ် ဂန္တဝင်စာပေတွေထဲက တရုတ်သမ္မတ ရှီကျင့်ဖင် ပြောကြားခဲ့တဲ့ ကိုးကားချက်များပါဝင်တဲ့ ‘ရှီကျင့်ဖင်၏ဂန္တဝင်ကိုးကားချက်များ’ တီဗီရုပ်သံအစီအစဥ်တွဲတစ်ခုကို ပြင်သစ်ဘာသာစကားဖြင့် ကြာသပတေးနေ့ကစပြီး ပြင်သစ်မီဒီယာတွေကနေ စတင်ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။
#World_News
Published_08 May 2024
#တရုတ်ရှေးဟောင်းဂန္တဝင်စာပေ #တရုတ်သမ္မတရှီကျင့်ဖင်
#Yangon_Times #YMG_News #Yangon_Media_Group
၈ မေ ၂၀၂၄
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားတဲ့ သံအမတ်ကြီး Mr. Imran Haider သည် ယနေ့ မေလ ၈ ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်၌ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ပါကစ္စတန်သံအမတ်ကြီးနှင့် မြန်မာနှင့်ပါကစ္စတန်နှစ် နိုင်ငံအကြားသံတမန်ဆက်ဆံရေး ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ် လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
@ymg/knl
Page 138 of 823