#World_Health
Published 12 May 2024
▪️ လက်ဖက်ပင်က Camellia sinensis အပင်မျိုးမှဖြစ်ပြီး အခြားအပင်များနဲ့ ရောစပ်ကာ အနံ့အရသာ အမျိုးမျိုးဖြစ်ပေါ်စေပါတယ်။
▪️ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် လက်ဖက်အကြမ်းရည် တစ်ခွက်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။
(၁) ဓာတ်တိုးဆန့်ကျင်အာနိသင်
▪️ သဘာဝဇီဝသတ္တိကြွ အပင်ဒြပ်ပေါင်းဖြစ်တဲ့ ပိုလီဖီနောလ် ကြွယ်ဝစွာပါဝင်ပြီး ဆဲလ်များအိုမင်းပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ လက်ဖက်ရည်ထဲကို နို့ထည့်သောက်ခြင်းက အာနိသင်လျော့ကျစေလား ဆိုတာကတော့ မသေချာဖြစ်နေပါတယ်။
(၂) နှလုံးကျန်းမာရေး ထောက်ပံ့ခြင်း
▪️ ပိုလီဖီနောလ်က သွေးကြောစီးဆင်းမှု ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကျစေပါတယ်။
▪️ သွေးပေါင်ချိန်ကျခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၃) အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေခြင်း
▪️ လက်ဖက်မှာလည်း အူလမ်းကြောင်းရှိ ဘက်တီးရီးယားများကို အကျိုးပြုစေတဲ့ ပစ္စည်းများပါဝင်ပါတယ်။
▪️ ဒါကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ကူးစက်မှုများ ဖြစ်နိုင်ခြေနည်းစေသလို ကိုယ်ခံအားစနစ် ပိုမျှစေပါတယ်။
(၄) သွေးတွင်းသကြားဓာတ်လျော့ကျခြင်း
▪️ လက်ဖက်ရည်ကို တစ်နေ့ ၄ ခွက်ထက် ပိုသောက်သုံးခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။
(၅) ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေခြင်း
▪️ ပိုလီဖီနောလ်ဓာတ်က အချို့သောကင်ဆာတွေကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များကို ပျက်စီးစေပါတယ်။
(၆) အာရုံစူးစိုက်မှုကောင်းမွန်စေခြင်း
▪️ လက်ဖက်မှာ ကဖင်းဓာတ် ၄၀-၅၀ ဂရမ်လောက် ပါဝင်ပြီး မှတ်ဉာဏ်ပိုင်း၊ နိုးကြားနိုင်စွမ်း၊ အာရုံစူးစိုက်မှုတို့ကို မြှင့်တင်ပေးပါတယ်။
(၇) စိတ်ကျန်းမာရေးမြှင့်တင်ပေးခြင်း
▪️ ဖလေဗိုနောလ်က ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေပြီး ကျန်းမာပျော်ရွှင်စေပါတယ်။
#Source: Telegraph
#World_Health
Published 12 May 2024
▪️ လူတွေအိပ်စက်တဲ့ ပုံစံအနေအထားက ဘယ်လောက်အထိ နှစ်ခြိုက်စွာ အိပ်ပျော်စေသလဲဆိုတာကို သက်ရောက်တဲ့အပြင် ရေရှည်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။
▪️ အိပ်စက်တဲ့ပုံစံ ဆိုးရွားပါက ဖြည်းဖြည်းချင်း အသက်အန္တရာယ် ရှိစေသည်အထိ ဖြစ်နိုင်ပါတယ်။
▪️ အိပ်စက်မှုပုံစံ မမှန်ပါက ဒီမန်ရှာ၊ နှလုံးရောဂါတို့ ဖြစ်စေနိုင်သလို နာကျင်ကိုက်ခဲခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။
▪️ အိပ်စက်မှုပုံစံ တစ်ခုချင်းစီက ကောင်းကျိုးဆိုးကျိုးတွေ ရှိနေတာကြောင့် ချိန်ညှိဖို့ လိုအပ်ပါတယ်။
▪️ အချို့သော အိပ်စက်မှုပုံစံတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့ အချက်တွေကတော့..
(၁) ဘေးတိုက်အိပ်ခြင်း
▪️ ဘေးတိုက်အိပ်ခြင်းက အအိပ်အများဆုံး ပုံစံတွေထဲက တစ်မျိုးဖြစ်ပြီး ဘယ်ဘက်စောင်းတာလား ညာဘက်စောင်းတာလား ဆိုတာက ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။
▪️ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်သူတွေ၊ အခြားအူလမ်းကြောင်း ပြဿနာရှိသူများအနေနဲ့ ဘယ်ဘက်ကို စောင်းအိပ်သင့်တယ်လို့ ဇီဝကမ္မအထူးပြု ဆမ်မီမာဂိုက အကြံပြုပါတယ်။
▪️ နှလုံးပြဿနာရှိသူများကတော့ ညာဘက်ကို စောင်းအိပ်သင့်ပါတယ်။
▪️ ဘေးစောင်းအိပ်ခြင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ခေါင်းအုံးထူထူထားခြင်းဖြင့် ဦးခေါင်းနဲ့လည်ပင်းကို ကျောရိုးမနဲ့ တတန်းတည်း ဖြစ်စေကာ ဒူးခေါင်းကြားမှာ ဖက်လုံးထားအိပ်သင့်ပါတယ်။
(၂) ပက်လက်အိပ်ခြင်း
▪️ ပက်လက်အိပ်ခြင်းရဲ့ အဖြစ်အများဆုံး ပြဿနာကတော့ ဟောက်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
▪️ နှစ်ခြိုက်စွာအိပ်ပျော်ရန် ခက်ခဲသဖြင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ကျောနဲ့လည်ပင်း ကိုက်ခဲသူတွေအတွက်တော့ ပက်လက်အိပ်ခြင်းက သင့်လျော်ပါတယ်။
▪️ အိပ်နေစဥ် လန့်နိုးတာမျိုး မဖြစ်တဲ့သူတွေကတော့ ပက်လက်အိပ်ခြင်းက သင့်လျော်တဲ့ပုံစံ ဖြစ်ပါတယ်။
(၃) မှောက်အိပ်ခြင်း
▪️ ဒီပုံစံက ဟောက်ခြင်းကို သက်သာစေပေမယ့် လည်ပင်းနဲ့ ကျောနာကျင်ကိုက်ခဲစေပါတယ်။
▪️ လည်ပင်းကို ဘေးသို့စောင်းထားရတာကြောင့် လည်ပင်းနဲ့ ကျောရိုးမကို ထိခိုက်စေနိုင်ပါတယ်။
▪️ ဒီအတွက် ခေါင်းအုံးပါးပါး ဒါမှမဟုတ် ခေါင်းအုံးမပါဘဲ မှောက်အိပ်ခြင်းဖြင့် လည်ပင်းကို ပုံမှန်အတိုင်း ရှိစေမှာဖြစ်ပါတယ်။
▪️ ညအိပ်စဥ်မှာ ပုံစံပြောင်းလဲခြင်းက ပုံမှန်ဖြစ်ပြီး အိပ်စက်မှုပြဿနာ မဟုတ်ပါဘူး။
#Source: Telegraph
၁၁ မေ ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် စီမံခန့်ခွဲသူ တရုတ်နိုင်ငံသားသုံးဦး၊လောင်းကစားသူ တရုတ်နိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသားများ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့မေလ ၁၁ရက်တွင်သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ် ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရှာဖွေစစ်ဆေးခဲ့ရာတွင် အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲ လုပ်ကိုင် နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား အမျိုးသား(၇)ဦး၊ အမျိုးသမီး (၂၄)ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ် နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၄၇)ဦးတို့အားဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄) ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြု သည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား(၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁) လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ်၊ ကား(၁၇)စီးတို့နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဖြစ်တဲ့ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၄၇)ဦးတို့ အား မရမ်းကုန်းမြို့ နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ
ဂါဇာတောင်ပိုင်းမှ ရာဖာမြို့အရှေ့ဘက်ခြမ်းမှာ အစ္စရေးလ်တပ်များ စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေတာကြောင့် ဒေသခံများရဲ့ အသက်ဘဝ အလွန်ခက်ခဲလာပြီး စိတ်ပျက်အားငယ်မှု၊ မရေရာမှုတို့ ခံစားလာရပါတယ်။
#World_News
Published_11 May 2024
#ရာဖာမြို့ကိုအစ္စရေးလ်ဆက်လက်တိုက်ခိုက် #ဒေသခံများစိတ်ပျက်အားငယ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_11 May 2024
၁။ လာမည့် (၇)ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရန်ရှိ
၂။ မြင်းမွေးမြူရေး သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုး
၃။ ပြည်ပဝယ်လိုအား နည်းလာပေမယ့် နနွင်းတတ်ကုန်အဝင်နည်းသဖြင့် တစ်ပိဿာကိုကျပ်တစ်သောင်းကျော်အထိ စျေးမြင့်လာ
၄။ ရာဖာမြို့ကို အစ္စရေးလ်ဆက်လက်တိုက်ခိုက်နေရာ အရပ်သားများအသက်ရှင်သန်နေထိုင်ရေးအလွန်ခက်ခဲလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 11 May 2024
▪️ ရုရှားတပ်တွေက ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ဒုတိယမြို့ ခါကိဗ်အနီးမှာ သောကြာနေ့က မြေပြင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းငယ်ကျူးကျော်လာခဲ့ရာ စစ်မျက်နှာပြင်အသစ်တစ်ခု ဖွင့်လှစ်လာခဲ့ပါတယ်။
▪️ ရုရှားတို့က နယ်စပ်မြို့ ဗော့ဗ်ချန့်စ်ကို ဝေဟင်ဗုံးများ အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ယူကရိန်းက တပ်ကူများစေလွှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ‘‘ရုရှားတို့က တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်လာပါပြီ၊ အခုဆိုရင် အဲဒီဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်’’ လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
▪️ ထိုနေရာမှာ ရုရှားက တပ်စုနေပြီး ယူကရိန်းဘက်က တပ်အင်အားနည်းတာကို ချုံ့လာစေရန် ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။
▪️ ယူကရိန်း ဆူမီဒေသတွေနဲ့ ခါနီဟိဗ်ဒေသများအနီး ခါကိဗ်မြောက်ပိုင်းမှာလည်း ရုရှားတို့တပ်စုနေတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
▪️ ယခုနွေဦး နွေရာသီမှာ ထိုးစစ်ဆင်မှုကြီး ပြုလုပ်ရန် ရုရှားကပြင်ဆင်နေနိုင်တယ်လို့ ဇယ်လန်စကီက ဆိုပါတယ်။
▪️ နံနက် ၅ နာရီခန့်မှာ ရုရှားတို့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ရုရှားတပ်တွေက ဗော့ဗ်ချန့်စ်အနီး ယူကရိန်းနယ်စပ်အတွင်းသို့ ၁ ကီလိုမီတာအထိ တိုးတင်လာခဲ့တယ်လို့ ယူကရိန်း စစ်တပ်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
▪️ ရုရှားတပ်တွေက ယူကရိန်းတပ်တွေကို အနောက်သို့ ၁၀ ကီလိုမီတာလောက်အထိ ဆုတ်ခွာစေရန် ရည်ရွယ်ထားတယ်လို့ သတင်းရင်းမြစ်က ပြောထားကာ ယူကရိန်းတပ်တွေကတော့ ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းနေပါတယ်။
▪️ ရုရှားတိုက်ခိုက်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်က ယူကရိန်းနဲ့ အနီးကပ်ပူးပေါင်း လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
▪️ ယူကရိန်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ နာဇာဗိုလိုရှင်က ညနေခင်းအထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး ရုရှားရဲ့စစ်ဆင်ရေးက အရှေ့ဘက်ခြမ်းမှ တပ်တွေကို ခါကိဗ်သို့ဆွဲခေါ်လာဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
#Source: Reuters
#World_Science
Published 11 May 2024
▪️ တရုတ်သိပ္ပံပညာရှင်တွေက ငယ်ရွယ်တဲ့ ကြွက်တွေရဲ့ သွေးထဲမှာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ပစ္စည်း တွေ့ရှိခဲ့တယ်လို့ ဆိုလိုက်ကာ သူတို့ရဲ့ သုတေသန စမ်းသပ်ချက်ထဲမှာ သက်တမ်းအရှည်ဆုံး ဖြစ်ခဲ့တဲ့ကြွက်က ၁၂၆၆ ရက်အထိ နေနိုင်ခဲ့ကာ လူ့သက်တမ်းနဲ့ဆိုရင် အသက် ၁၂၀-၁၃၀ နှစ်လောက်အထိ ရှိခဲ့ပါတယ်။
▪️ အသက်ရှင်သန်သက်တမ်း အလယ်အလတ်အားဖြင့် ၈၄၀ ရက်ခန့်ရှိတဲ့ လ ၂၀ သက်တမ်းရှိကြွက်ထီးတွေကို ထိုပစ္စည်းပါဝင်တဲ့ သွေးများ အပတ်စဥ် ထိုးသွင်းပေးခဲ့ပါတယ်။
▪️ ထိုအခါမှာ ပျမ်းမျှရှင်သန်သက်တမ်းက ၂၂.၇ ရာခိုင်နှုန်းတက်လာပြီး ၁၀၃၁ ရက်အထိ ဖြစ်လာပါတယ်။
▪️ အသက်ကြီးတဲ့ ကြွက်တွေမှာလည်း အသက်အရွယ်ကြောင့် လုပ်ဆောင်ချက် ကျဆင်းလာတာတွေ သိသိသာသာ လျော့နည်းသွားတယ်လို့ သုတေသန ပူးတွဲခေါင်းဆောင် ကျန်းချင်ယုက ပြောပြပါတယ်။
▪️ လူငယ်လူရွယ်တွေရဲ့ သွေးကို အသုံးပြုမယ်ဆိုရင် အထင်လွဲမှားတာတွေလိုမျိုး ကျင့်ဝတ်နဲ့မညီတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
▪️ ကုသနည်းလမ်း ပေါ်ပေါက်လာပြီဆိုရင် သွေးရည်ကြည် တိုက်ရိုက်ထိုးသွင်းတာမျိုး မဟုတ်ဘဲ ဆေးဝါးများဖြင့်သာ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။
▪️ တရုတ်အဖွဲ့ဟာ ယခင်ကလည်း လူငယ်တွေရဲ့ သွေးမှာတွေ့ရတဲ့ ပရိုတိန်း အစိတ်အပိုင်းတွေရဲ့ အိုမင်းဆန့်ကျင်နိုင်စွမ်းကိုလည်း လေ့လာခဲ့ကြပါတယ်။
▪️ ကြွက်ပေါင်းရာချီထံမှ အချက်အလက်များ ရရှိဖို့ အချိန် ၇ နှစ်ကြာမြင့်ခဲ့ပါတယ်။
▪️ ပျမ်းမျှရှင်သန်သက်တမ်း ၂၂.၇ ရာခိုင်နှုန်း မြင့်တက်လာတယ်ဆိုတာ ကမ္ဘာပေါ်မှာပါ အများဆုံးဖြစ်တယ်လို့ ကျန်းချင်ယုက ဆိုပါတယ်။
▪️ ဒီသုတေသနက အစသာရှိသေးပြီး လက်တွေ့စမ်းသပ်မှုများနဲ့ ဆေးဝါးများ မထုတ်လုပ်နိုင်ခင်မှာ သိပ္ပံနည်းကျ ပြဿနာတွေ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။
▪️ ဒီမတိုင်ခင် လူသားများနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မျောက်ဝံကြီးတွေမှာ စမ်းသပ်မှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
#Source: WION
Page 136 of 823