#World_Health
Published 11 May 2024
▪️ လူတွေဟာ မိနစ်အနည်းငယ်မျှ စိတ်ဆိုးဒေါသထွက်တဲ့အခါ သွေးကြောနံရံများရှိ ဆဲလ်များအလုပ်လုပ်ပုံ ထိခိုက်နိုင်ကာ သွေးစီးဆင်းမှု ကျဥ်းမြောင်းစေပါတယ်။
▪️ ခဏတာမျှ ဒေါသထွက်လျှင်ပင် နှလုံးရောဂါများ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း အမေရိကန်နှလုံး အဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ လူရွယ်များဖြင့် စမ်းသပ်ရာမှာ ဒေါသထွက်စရာ အကြောင်းတွေကို ပြန်စဥ်းစားခိုင်းခြင်းဖြင့် သွေးကြောလုပ်ဆောင်ချက်များ ချို့ယွင်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ နှလုံးကျန်းမာရေး ပြဿနာရှိပြီးသားသူတွေအတွက်တော့ ပိုပြီးစိုးရိမ်စရာ ဖြစ်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ဒိုင်အိချီရှင်ဘိုက ဖော်ပြထားပါတယ်။
▪️ နှလုံးဖောက်ခြင်းနဲ့ အပြင်းအထန် စိတ်ခံစားချက်များကြား ဆက်စပ်ပုံကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
▪️ ရှင်ဘိုနဲ့အဖွဲ့က ဒေါသ၊ စိုးရိမ်ပိုပန်မှု၊ ဝမ်းနည်းမှုတို့ကို လေ့လာဖို့ စမ်းသပ်ခံ ၂၈၀ ကိုခေါ်ယူခဲ့ပါတယ်။
▪️ ထိုအခါမှာ ဒေါသထွက်တဲ့လူတွေက သွေးကြောနံရံချဲ့နိုင်စွမ်း သိသိသာသာ လျော့နည်းပြီး မိနစ် ၄၀ မျှကြာမြင့်တာကို တွေ့ရှိရပါတယ်။
▪️ ကြိမ်ဖန်များစွာ ဒေါသထွက်ခြင်းက နှလုံးသွေးကြော ကျန်းမာရေးအပေါ် ရေရှည်မှာ ထိခိုက်စေပါတယ်။
▪️ ထိုလေ့လာချက်က ဒေါသထွက်ခြင်းဟာ သွေးကြောနံရံ လုပ်ဆောင်ချက်တွေကို ထိခိုက်ပုံတွေ၊ သွေးကြောနံရံတွေဆိုတာက နှလုံးရောဂါတွေ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပုံတွေကို သိရှိစေပါတယ်။
▪️ ဒီဖြစ်စဥ်တွေအကြောင်း နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်သေးပေမယ့် နှလုံးကျန်းမာရေးအတွက် စိတ်ဖိစီးမှုများနဲ့ ခံစားမှုများကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။
#Source: India Today
Published_10 May 2024
မြန်မာ-အိန္ဒိယ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးကိစ္စကို ယနေ့ မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur က ၎င်း၏သံအမတ်ခန့်အပ်လွှာကို နေပြည်တော်ရှိ နိုင်ငံတော်စီမံ ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင်ထံ ပေးအပ်ခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ် များအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင်များ စေလွှတ်လျက်ရှိမှု အခြေ အနေများ၊ ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ ၏နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လွတ် လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက် ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်း သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက် ခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
အီရန်အနေနဲ့ နျူကလီးယား လက်နက်များ မပြန့်ပွားရေး (NPT) သဘောတူညီချက် အပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များ ဖွဲစည်းမှုဘောင်အတွင်းကနေ နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ(IAEA)နဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို အီရန်နျူကလီးယား အကြီးအကဲ မိုဟာမက်အက်စ်လာမီက နျူကလီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်(ICNST) ၂၀၂၄ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
#World_News
Published_10 May 2024
#နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ #(NPT)သဘောတူညီချက်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_10 May 2024
၁။ ပြည်ထောင်စုအကျိုးကို ရှေ့ရှု့ကြမည်ဆိုပါက သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်မည်ဟုဆို
၂။ မြန်မာ့ရွှေထည်ကို ဂျပန်မှအားပေးနေပြီး ကျောက်ထည်များကိုUS၊ ဥရောပ၊ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်တို့မှ အားပေးနေ
၃။ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေးပြီးနောက် ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းများကျဆင်းလာ
၄။ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီနှင့် အီရန်ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟုပြော... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 10 May 2024
▪️ အစ္စရေးလ်က ရှိသမျှဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကြာသပတေးနေ့က ပြောကြားလိုက်ကာ ဂါဇာစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေးခဲ့တဲ့အပေါ် ခုခံတုန့်ပြန်လိုက်ပါတယ်။
▪️ အစ္စရေးလ်က ဂါဇာတောင်ပိုင်းမှ ရာဖာမြို့ကို ခြိမ်းခြောက်နေတာ ကြာရှည်နေပြီဖြစ်ပြီး ယခုသီတင်းပတ်အတွင်း အရပ်သားအချို့ တိမ်းရှောင်ထွက်ပြေးခဲ့ပြီ ဖြစ်ပါတယ်။
▪️ စစ်ပြေးရှောင်လာတဲ့ ပါလက်စ်တိုင်း ၁ သန်းကျော် ခိုလှုံနေတဲ့ရာဖာမြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား ထောင်ဂဏန်းခန့်နဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးလ်ဓားစာခံ ဒါဇင်ခန့် ရှိနေနိုင်တယ်လို့ အစ္စရေးလ်ဘက်က ဆိုထားပါတယ်။
▪️ အရပ်သားများ ဘေးကင်းလုံခြုံရေး သေချာမှုမရှိဘဲနဲ့ ရာဖာကိုကျူးကျော်မယ့် ကိစ္စကို အမေရိကန်အစိုးရက မထောက်ခံဘူးလို့ သတိပေးထားပါတယ်။
▪️ အစ္စရေးလ်တို့ကလည်း ရာဖာကို မသိမ်းဘဲ အောင်ပွဲမရနိုင်ဘူးလို့ ဆိုထားပါတယ်။
▪️ အမေရိကန်က ဗုံးလက်နက်တင်ပို့မှုများ ရပ်ဆိုင်းထားခြင်းနဲ့ ပတ်သက်ပြီး အစ္စရေးလ်အစိုးရ နှုတ်ပိတ်နေခဲ့ကာ ရာဖာမြို့ကို မကျူးကျော်ဖို့ ဘိုင်ဒင်က လူသိရှင်ကြား သတိပေးထားပါတယ်။
▪️ အစ္စရေးလ်တို့ တစ်ဦးတည်းရပ်တည်ရမယ် ဆိုရင်လည်း ဒီတိုင်းရပ်တည်သွားမှာဖြစ်ပြီး ရှိသမျှဖြင့် တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
▪️ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်တာတွေကို ဘိုင်ဒင်နဲ့အတူ ကျော်လွှားနိုင်မယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
▪️ အစ္စရေးလ်ရဲ့ ရန်သူတွေရော မိတ်ဆွေတွေရောကို ပြောပြချင်တာက အစ္စရေးလ်ဟာ သူများလက်အောက် အရောက်မခံနိုင်ကြောင်း၊ မားမားမတ်မတ် ရပ်တည်ပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ပြုလုပ်မှာဖြစ်ကြောင်း၊ ဟားမတ်စ် ဟက်ဇ်ဘိုလာတို့ကို တိုက်ခိုက်ပြီး ဘေးကင်းလုံခြုံမှု ရယူမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂဲလန့်က ပြောကြားခဲ့ပါတယ်။
▪️ ရာဖာမြို့ကို ကျူးကျော်ဖို့အတွက်နဲ့ အခြားစစ်ဆင်ရေး အစီအစဥ်များအတွက် အစ္စရေးလ်တပ်တွေမှာ လက်နက်ခဲယမ်း အလုံအလောက်ရှိတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဒန်နီယယ်ဟာဂရီက ပြောပြခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 10 May 2024
▪️ ဒိန်ချဥ်သောက်ခြင်းဖြင့် ဆီးချိုရောဂါ ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်ဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန် FDA က ဆိုပါတယ်။
▪️ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး အထောက်အထားတွေကို လေ့လာပြီးနောက် ဒိန်ချဥ်သောက်သုံးခြင်းနဲ့ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေနည်းခြင်းတို့ကြား ဆက်စပ်မှုပုံစံမျိုးကို FDA က ထောက်ခံလိုက်ပေမယ့် အထောက်အထားက နည်းပါးသေးတယ်လို့ ဖော်ပြထားပါတယ်။
▪️ အထောက်အထား မခိုင်လုံပေမယ့် လူ့ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ်လို့ အတ္တလန်တာ မက်ထရိုပိုလီတန်မှ အာဟာရပညာရှင် ရှယ်ရီကိုးလ်မန်းကောလင်းစ်က ဆိုပါတယ်။
▪️ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးရဖို့ တစ်ပတ်ကို ဒိန်ချဥ် ၂ ခွက်ခန့် ပုံမှန်သောက်သင့်ပါတယ်။
▪️ ဒိန်ချဥ်ဟာ အပင်အခြေပြု စားစရာများဖြစ်တဲ့ အသီးအနှံ၊ ဟင်းရွက်၊ ဂျုံပြောင်း၊ ပရိုတိန်း၊ ပဲ၊ ပဲပိစပ်တို့လိုမျိုး ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ကောလင်းစ်က ပြောပြပါတယ်။
▪️ ဒိန်ချဥ်မှာ ကောင်းကျိုးပြုပိုးမွှားတွေ ပါဝင်ပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးမျိုးသော အဏုဇီဝပိုးမွှားတွေက အူလမ်းကြောင်းကို ကျန်းမာစေကာ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
▪️ ဂရိဒိန်ချဥ်တွေဆိုရင် ပရိုတိန်းနဲ့ ကယ်လ်စီယမ် ကြွယ်ဝပြီး သကြားနည်းပါးတာကို ရွေးချယ်သင့်ပါတယ်။
▪️ ၂ ခွက်ထက်ပိုသောက်တာကတော့ အကျိုးကျေးဇူး ပိုမိုမရရှိနိုင်ပါဘူး။
#Source: New York Post
#World_Health
Published 10 May 2024
▪️ နံနက်အိပ်ရာနိုးတဲ့အခါ ပျော်ရွှင်တက်ကြွဖို့အတွက်က စနစ်ကျကျနဲ့ လက်တွေ့ကျကျလေး လုပ်တတ်ဖို့လိုတယ်လို့ မီချီဂန်မှ လိုင်စင်ရ စိတ်ရောဂါပညာရှင် ဒေါက်တာ မစ်ရှဲလ်လီနိုက ပြောပြသွားပါတယ်။
▪️ နံနက်အိပ်ရာနိုးတဲ့အခါ မပြုလုပ်သင့်တဲ့ အချက်တွေနဲ့ ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။
▪️ မပြုလုပ်သင့်တာတွေကတော့..
- အိပ်ရာနိုးတာနဲ့ လက်ကိုင်ဖုန်းတန်းကြည့်တာဟာ မလိုလားအပ်တဲ့ ဖိအားများ ဝင်ရောက်စေနိုင်ပါတယ်။
- နိုးစက်ပေးတဲ့အခါ ကျယ်လောင်ဆူညံတဲ့ အသံမျိုးက စိုးရိမ်ပူပန်စိတ်ကို ဖြစ်စေပါတယ်။
- အိပ်ရာနိုးစ ဦးနှောက်က အထက်မြက်ဆုံး ဖြစ်မနေသေးတဲ့ အချိန်မှာ ပြဿနာတွေဖြေရှင်းခြင်းက အလုပ်မဖြစ်ပါဘူး။
- အရင်နေ့က အဆင်မပြေခဲ့တာကို ပြန်စဥ်းစားခြင်းဟာ ပြန်ပြီးအဖတ်ဆည်နိုင်မှာ မဟုတ်ပါဘူး။
▪️ ပြုလုပ်သင့်တဲ့အချက်တွေကတော့..
- နံနက်ခင်းမှာ တရားထိုင်၊ အသက်ပြင်းပြင်းရှူခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ခေါင်းကြည်လင်စေပါတယ်။
- ဖြစ်ချင်တာတွေ ပြီးမြောက်ချင်တာတွေကို ဦးစားပေးပြီး မှတ်သားပါ။
- မိမိကျေနပ်ပျော်ရွှင်စေမယ့် အရာကို အိပ်ခန်းမှာ ချိတ်ထားပါ။
- အကြောလျှော့တာမျိုး၊ ယောဂကျင့်တာမျိုး ပြုလုပ်ပါ။
- ပြုလုပ်ချင်တာကို တစိုက်မတ်မတ် လေ့ကျင့်ပြုလုပ်ပါ။
#Source: New York Post
Page 137 of 823