#World_Health
Published 30 August 2025
▪️ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီဆိုရင် အစားအစာကိုပဲ ပြေးမြင်ကြပါတယ်။
▪️ ဒါပေမဲ့ အစာမစားဘဲနဲ့လည်း သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်တာကြောင့် ဒီအကြောင်းတွေကို ဖော်ပြသွားပါမယ်။
▪️ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကူးစက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲတို့က သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တယ်လို့ မွန်ဘိုင်း ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာပရာနက်ဗ်ဂိုဒီက ပြောသွားပါတယ်။
▪️ ဖိစီးမှုကြောင့် ကော်တီဆောထွက်စေကာ သိမ်းထားတဲ့ဂလူးကို့စ်တွေ ထုတ်လွှတ်လိုက်ပါတယ်။
▪️ တစ်ညလောက် အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာ အင်ဆူလင်ယဉ်ပါးစေပြီး သွေးထဲမှာ ဂလူးကို့စ်ရှိနေစေပါတယ်။
▪️ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က သိမ်းထားတဲ့ ဂလူးကို့စ်ထွက်စေကာ ယာယီမြင့်တက်စေပါတယ်။
▪️ ရောဂါကူးစက်မှုတွေ ဖြစ်တဲ့အခါ ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ရပြီး ဂလူးကို့စ်အဖြစ်နဲ့ စွမ်းအင်ပိုလိုအပ်လာပါတယ်။
▪️ အမျိုးသမီးတွေ ဓမ္မတာစက်ဝန်းရောက်ချိန်၊ မီးယပ်သွေးဆုံးချိန်တို့မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အင်ဆူလင်မတိုးတော့ဘဲ သွေးတွင်းသကြားဓာတ် အတက်အကျ ဖြစ်စေပါတယ်။
▪️ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိရှိထားဖို့ အရေးကြီးပြီး စိတ်ဖိစီးမှုဖြေလျှော့ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ ဟော်မုန်းအပြောင်းအလဲ၊ သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်မြင့်တက်တာကို သတိထားမိတဲ့အခါ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
Source: Indian Express.
အိန္ဒိယဟာ အမေရိကန်သို့တင်ပို့မယ့် ပါဆယ်ပို့ဆောင်ရေးအများစုကို ရပ်ဆိုင်းလိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ဖိအားများလာပါတယ်။
#World_Business
Published 29 August 2025
#အိန္ဒိယ #အမေရိကန်ပါဆယ်ပို့ဆောင်ရေးအများစုကိုရပ်ဆိုင်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 August 2025
▪️ အမေရိကန်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးမှတ်တမ်း ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်အဖွဲ့မှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပြီး ကမ္ဘာ့လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးကိစ္စရပ်တွေမှာ အမေရိကန်နုတ်ထွက်ခြင်းက စိုးရိမ်စရာဖြစ်တယ်လို့ လူ့အခွင့်အရေးထောက်ခံသူများ ပြောနေကြပါတယ်။
▪️ အဖွဲ့ဝင် ၁၉၃ နိုင်ငံအားလုံး ကာလအပိုင်းအခြားအလိုက် ပြန်လည်သုံးသပ်ချက်(UPR)ဆိုတာက ၄ နှစ်ခွဲမှ ၅ နှစ်ကြာတိုင်း အဖွဲ့ဝင်နိုင်ငံအားလုံးက ယင်းတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းများကို တင်ပြရတာဖြစ်ပြီး အခြားနိုင်ငံတွေက သုံးသပ်ပေးကြပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဌာနအရာရှိတစ်ဦးက အမေရိကန်ဟာ UPR လုပ်ငန်းစဉ်မှာ ပါဝင်ခြင်း၊ အကြောင်းအရာတင်ပြခြင်းတို့ ပြုလုပ်မှာမဟုတ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၄ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်မယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
▪️ UPR မှာ ပါဝင်ပတ်သက်နေတာဟာ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်းနဲ့ ယင်းဟာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေကို ရှုတ်ချရန် ဆက်တိုက်ပျက်ကွက်နေတာကို လျစ်လျူရှုထားကြောင်း အဆိုပါအရာရှိက ပြောပါတယ်။
▪️ ဂျီနီဗာမှာရှိတဲ့ အမေရိကန်ကိုယ်စားလှယ်ကလည်း ဒီဆုံးဖြတ်ချက်အတွက် အသိပေးထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
▪️ ဒီအတိုင်းသာဆိုရင် UPR ထံ တင်ပြချက်မပေးပို့မယ့်အထဲမှာ အမေရိကန်က ပထမဆုံးဖြစ်လာနိုင်တယ်လို့ ကောင်စီပြည်သူ့မှတ်တမ်းဆန်းစစ်ချက်အရ သိရပါတယ်။
▪️ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်မင်းကြီးရုံးမှ ပြောရေးဆိုခွင့်အကြီးအကဲ ရာဗီနာရှမ်ဒါဆာနီက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အတွက် နှမြောမိကြောင်းနဲ့ အမေရိကန်နဲ့ အခြားနိုင်ငံအားလုံး ပါဝင်ဆောင်ရွက်ပေးခြင်းက ကမ္ဘာတဝှမ်း လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မြှင့်တင်မှုတွေ ရရှိစေခဲ့ကြောင်း ပြောသွားပါတယ်။
▪️ အမေရိကန်ကတော့ သူတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ဦးဆောင်နိုင်မှုအပိုင်းမှာ ဂုဏ်ယူနေပါတယ်။
Source: Reuters
#World_Health
Published 29 August 2025
▪️ အမျိုးသမီးတွေဟာ လိင်မှုစိတ်ဆန္ဒ လျော့နည်းလာခြင်းနဲ့ မီးယပ်သွေးဆုံးချိန်အတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းလက္ခဏာအမျိုးမျိုး ခံစားရတတ်ပါတယ်။
▪️ ဒါဟာ ဟော်မုန်းသိသိသာသာ ပြောင်းလဲခြင်းကနေ နေထိုင်မှုအခြေအနေ၊ စိတ်အခြေအနေ၊ လိင်စိတ်ဆန္ဒပိုင်းမှာ သက်ရောက်တာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတို့ကလည်း ပိုဆိုးလာပါတယ်။
▪️ ဒီအတွက် ကမ္ဘာပေါ်က အကောင်းဆုံးဆေးဖက်ဝင်ပစ္စည်းက ဂျင်ဆင်းဖြစ်ပြီး မီးယပ်သွေးဆုံးကာလအတွင်း ခံစားရတဲ့ပြဿနာများအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။
▪️ အီရန်မှာ မီးယပ်သွေးဆုံးပြီးနောက် စိတ်ဓာတ်ကျခြင်းဝေဒနာ ခံစားနေရတဲ့ အသက် ၄၅ နှစ်မှ ၆၀ အတွင်း အမျိုးသမီး ၆၆ ဦးကို လေ့လာခဲ့ပါတယ်။
▪️ တစ်ဖွဲ့ကို ဂျင်ဆင်းဆေးတောင့် တစ်နေ့ကို ၂၅၀ မီလီဂရမ် ၂ ကြိမ်ဖြင့် ၈ ပတ်သုံးစွဲစေပါတယ်။
▪️ အခြားအဖွဲ့ကိုတော့ အာနိသင်မပါတဲ့ ဆေးတောင့်တွေသာ ပေးခဲ့ပါတယ်။
▪️ ဂျင်ဆင်းအသုံးပြုသူတွေမှာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်က ၁၀.၆၄ မှ ၁၃.၉ မှတ်သို့ တိုးတက်လာကာ လိင်စိတ်ဆန္ဒလှုံ့ဆော်ခြင်း၊ ဆန္ဒပြည့်ခြင်း၊ ကျေနပ်မှုရခြင်းတို့မှာလည်း သိသိသာသာ တိုးတက်ခဲ့ပါတယ်။
▪️ ဂျင်ဆင်းမှာပါတဲ့ ဂျင်ဆီနိုဆိုက်ဓာတ်က ဟော်မုန်းနဲ့ အာရုံကြောစနစ်တို့ကို သက်ရောက်စေကာ စိတ်အခြေအနေနဲ့ ဟော်မုန်းမညီမျှခြင်းတို့ကို ထောက်ကူပေးပါတယ်။
▪️ လေ့လာချက်အတိုင်းအတာ သေးငယ်ပြီး အချိန်ကာလတိုတောင်းခြင်းတာကြောင့် ရေရှည်သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ နောက်ထပ်သုတေသန ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
Source: The Jerusalem Post.
#World_Health
Published 29 August 2025
▪️ အသက် ၁၀၀ အထိ အသက်ရှည်ကြတဲ့သူတွေမှာ ရောဂါဘယကြီးတွေ ကင်းဝေးစေတဲ့ အံ့ဖွယ်လူသားစွမ်းရည် ပိုင်ဆိုင်ကြဖွယ်ရှိကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဆွီဒင်မှ သက်ကြီးရွယ်အို လေ့လာချက်ကြီး ၂ ခုထဲမှာ ဒီလိုမျိုး ရာစုနှစ်တိုင်အောင် အသက်ရှည်ကြသူတွေဟာ ရောဂါဖြစ်ပွားမှုနည်းပါးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါအခြေအနေတွေ ကင်းဝေတတ်ကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ မူလယုံကြည်ချက်အရတော့ အသက်ရှည်လာလေ ကျန်းမာရေးမကောင်းဘဲ နေရတဲ့နှစ်တွေ ပိုများလာလေပဲ ဖြစ်ပါတယ်။
▪️ သုတေသီတွေက အသက် ၁၀၀ အထိ နေနိုင်တဲ့သူတွေနဲ့ စောစီးစွာ အသက်ဆုံးပါးသူတွေရဲ့ ကျန်းမာရေးမှတ်တမ်းများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ပထမလေ့လာချက်မှာ ၁၉၁၂ မှ ၁၉၂၂ အတွင်း စတော့ဟုမ်းကောင်တီမှာ မွေးဖွားတဲ့ လူပေါင်း ၁၇၀,၇၈၇ ဦးရဲ့ မှတ်တမ်းများကို လေ့လာပါတယ်။
▪️ အသက် ၆၀ မတိုင်ခင် ကွယ်လွန်လား၊ အသက် ၁၀၀ အထိ နေရလားဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ထိုအခါမှာ အသက် ၁၀၀ လူတွေက ဘဝသက်တမ်းနောက်ပိုင်းမှာ ရောဂါဖြစ်ပွားနှုန်း လျော့နည်းသလို ဘဝတလျှောက်လုံး ဒီလိုပဲဖြစ်ပါတယ်။
▪️ ဒါကြောင့် သူတို့ဟာ ရောဂါဘယတွေကြောင့် အသက်ဆုံးပါးခြင်းမျိုး ရှားပါးသလို ရောဂါတွေကင်းဝေးကြတယ်လို့ ယူဆရပါတယ်။
▪️ အသက်ရှည်ကျန်းမာရခြင်းဟာ မျိုးရိုးလိုက်ခြင်း၊ နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်သက်ရောက်မှုများနဲ့ သက်ဆိုင်နေပြီး ဒီထက်ပိုလေ့လာဖို့ ရည်ရွယ်ထားကြောင်း သုတေသီများ ပြောထားပါတယ်။
Source: ANI News
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ်ဆောက်လုပ်တဲ့ ဒါကာမြို့ရှောင်အဝေးပြေးလမ်းမကြီး ရဲ့ ၁၈ ကီလိုမီတာ ပထမအပိုင်းရှည်ကြီးကို တနင်္ဂနွေနေ့က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
#World_Development
Published 28 August 2025
#ဘင်္ဂလားဒေ့ရှ် #ဒါကာမြို့ရှောင်အဝေးပြေးလမ်းမကြီး
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 August 2025
▪️ ထရမ့်ရဲ့ အမေရိကန်အစိုးရက နိုင်ငံခြားကျောင်းသားများ၊ တာဝန်ကျ နိုင်ငံခြားဧည့်သည်များ၊ မီဒီယာအဖွဲ့ဝင်များရဲ့ ဗီဇာကာလကို တင်းကြပ်ရန် ရည်ရွယ်နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစိုးရဥပဒေကြမ်းအဆိုအရ သိရပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးပြန်လည်ရရှိပြီးနောက် လူဝင်မှုနှိမ်နင်းရေးတွေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
▪️ ယခုနောက်ဆုံးထုတ်ပြန်ချက်ကြောင့် အမေရိကန်မှာ သက်တမ်းတိုးနေထိုင်လိုတဲ့ နိုင်ငံခြားကျောင်းသားတွေ၊ တာဝန်ကျလုပ်သားတွေ၊ နိုင်ငံခြားသတင်းထောက်တွေအတွက် အခက်အခဲ ဖြစ်လာစေဦးမှာပါ။
▪️ အဆိုပြုဥပဒေကြမ်းအရ နိုင်ငံခြားကျောင်းသားများအတွက် F ဗီဇာ၊ အမေရိကန်မှာ တာဝန်ကျအလုပ်လုပ်ခွင့်ပြုတဲ့ J ဗီဇာ၊ မီဒီယာများအတွက် I ဗီဇာများကို အချိန်ကာလအတိအကျ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။
▪️ ကျောင်းသားတွေနဲ့ တာဝန်ကျလုပ်သား ဗီဇာကာလတွေက ၄ နှစ်ထက်မပိုနိုင်ဘဲ သတင်းထောက်တွေအတွက် ဗီဇာကတော့ ရက်ပေါင်း ၂၄၀ အထိ ဖြစ်နိုင်ကာ တရုတ်မီဒီယာတွေဆိုရင်တော့ ရက် ၉၀ အထိသာ ဖြစ်နိုင်ပါတယ်။
▪️ ဒါဟာ ဗီဇာကိုင်ဆောင်ထားသူတွေ အမေရိကန်မှာ ရှိနေစဉ် သေချာစောင့်ကြည့်ကြီးကြပ်သွားဖို့ ဖြစ်တယ်လို့ အစိုးရကပြောပါတယ်။
▪️ ၂၀၂၀ တုန်းက အလားတူဆောင်ရွက်ချက်မျိုး အဆိုပြုစဉ်က နိုင်ငံရပ်ခြားပညာသင်များကို ကိုယ်စားပြုတဲ့ NAFSA အဖွဲ့အစည်းက ကန့်ကွက်ခဲ့ပါသေးတယ်။
▪️ ထရမ့်အစိုးရက တရားဝင်ရွှေ့ပြောင်းနေထိုင်မှုအပေါ် စိစစ်မှုကို တိုးမြှင့်ထားကာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဂရင်းကတ်တွေနဲ့ ကျောင်းသားဗီဇာများကို ရုပ်သိမ်းလိုက်ပါတယ်။
Source: Reuters
Page 133 of 1152