#World_News
Published 28 January 2026
■ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ(EU)တို့ဟာ ကုန်ပစ္စည်းအများစုအပေါ် အခွန်စည်းကြပ်မှုများ လျှော့ချသွားမယ့် သဘောတူညီချက်တစ်ခုကို အင်္ဂါနေ့က ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး မြှင့်တင်ရန်နဲ့ အမေရိကန်အပေါ် မှီခိုမှုလျှော့ချနိုင်ရန် ရည်ရွယ်တာ ဖြစ်ပါတယ်။
■ သဘောတူညီချက်အရ ၂၀၃၂ ခုနှစ်အရောက်မှာ ကုန်ပစ္စည်းတန်ဖိုးတွေရဲ့ ၉၆.၆ ရာခိုင်နှုန်း အခွန်လျှော့ချပယ်ဖျက်ခြင်းဖြင့် EU မှ အိန္ဒိယသို့ တင်ပို့ကုန်တွေကို နှစ်ဆဖြစ်လာစေမယ့် မျှော်မှန်းထားပြီး ဥရောပကုမ္ပဏီတွေအတွက် ယူရို ၄ ဘီလီယံခန့် သက်သာစေနိုင်ပါတယ်။
■ လာမယ့် ၇ နှစ်အတွင်း အိန္ဒိယကုန်ပစ္စည်း ၉၉.၅ ရာခိုင်နှုန်းမှာ အခွန်လျှော့ချဖို့နဲ့ အိန္ဒိယရဲ့ ပင်လယ်ထုတ်ကုန်တွေ၊ သားရည်၊ အထည်အလိပ်၊ ဓာတုတွေ၊ ရာဘာတွေ၊ သတ္တုနဲ့ ကျောက်မျက်ရတနာပစ္စည်းများအပေါ် အခွန်ပယ်ဖျက်သွားဖို့ အိန္ဒိယကုန်သွယ်ရေးဌာနက ဖော်ပြထားပါတယ်။
■ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဥရောပသမဂ္ဂနဲ့ အိန္ဒိယကြား သဘောတူညီချက်ကြီးတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီလို့ ပြောခဲ့ပြီး အိန္ဒိယမှလူပေါင်း ၁.၄ ဘီလီယံနဲ့ ဥရောပမှ သန်းပေါင်းများစွာသော လူတွေအတွက် အခွင့်အလမ်းကြီးတွေ ယူလာပေးလိမ့်မယ်လို့ ဆိုပါတယ်။
■ အိန္ဒိယသို့တင်သွင်းမယ့် EU ကားတွေရဲ့ အခွန်စည်းကြပ်မှုက ၅ နှစ်အတွင်း ၁၁၀ ရာခိုင်နှုန်း လျော့ကျလာနိုင်တဲ့အတွက် Volkswagen နဲ့ BMW တို့လို ကားကုမ္ပဏီတွေ အကျိုးရှိလာနိုင်ပါတယ်။
■ EU မှ ဝိုင်၊ အရက်ပျံနဲ့ အခြားသောပစ္စည်းတွေအတွက် အိန္ဒိယက အခွန်လျှော့ချသွားမှာဖြစ်ပေမယ့် အမဲသား၊ သကြား၊ နို့ထွက်ပစ္စည်းတွေတော့ မပါဝင်ပါဘူး။
■ သဘောတူညီချက် ရရှိခဲ့ပေမယ့် အိန္ဒိယကုမ္ပဏီတွေဟာ EU ရဲ့ Carbon Border Adjustment Mechanism(CBAM) လုပ်ငန်းစဉ် သက်ရောက်နေဦးမှာ ဖြစ်ပါတယ်။
■ EU က ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးမှာ ပါဝင်ကြိုးပမ်းတဲ့ အိန္ဒိယအတွက် ယူရိုသန်း ၅၀၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
Source: Reuters