#World_Health
Published 28 January 2026
■ သစ်သီးတိုင်းက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားစေတာ မဟုတ်ဘဲ သဘာဝသကြားဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပေးစွမ်းနိုင်တယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။
■ အရေးကြီးတာက စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့ အသီးတွေဖြစ်ဖို့ပဲလို့ ဆိုပါတယ်။
■ အင်ဆူလင်အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ်ထိန်းပေးနိုင်မယ့် အသီး ၆ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) ပန်းသီး - အခွံနဲ့ပါ စားသုံးရင် အမျှင်ဓာတ်နဲ့ ပိုလီဖီနောတို့ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျှော့ချပေးပါတယ်။
■ (၂) ထောပတ်သီး - ကောင်းကျိုးပြု အဆီတွေ အမျှင်ဓာတ်တွေ ကြွယ်ဝပြီး ဂလူးကို့စ် တည်ငြိမ်စေပါတယ်။
■ (၃) ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ အင်ဆူလင်ကို ဆဲလ်တွေ တုံ့ပြန်စေပါတယ်။
■ (၄) ဂရိတ်ဖရု - အင်ဆူလင် လုပ်ဆောင်မှုကောင်းစေတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်ပါတယ်။
■ (၅) လိမ္မော်သီးအလုံးလိုက် - ဖျော်ရည်မဟုတ်ဘဲ အသီးလိုက်စားခြင်းက အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီတို့ ပေးစွမ်းနိုင်ပြီး ဂလူးကို့စ်ညွှန်ကိန်း နည်းစေပါတယ်။
■ (၆) ပန်းသီးအစိမ်း - အချိုဓာတ်နည်းပါးကာ ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
■ အင်ဆူလင်ယဉ်ပါးခြင်း၊ ဆီးချိုစတဲ့ ပြဿနာရှိသူတွေကတော့ အသီးဖျော်ရည်၊ သစ်သီးခြောက်တို့ ရှောင်ရှားသင့်ပါတယ်။
■ ဒါကြောင့် အသီးတွေကို သေချာရွေးချယ်ပြီး သတိထားစားသုံးပါက သွေးတွင်းသကြားဓာတ်ကို ထောက်ကူပေးနိုင်ပါတယ်။
Source: Indian Express.