#World_Health
Published 29 January 2026
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေနဲ့ အသင့်စား စားစရာတွေမှာ အသုံးများတဲ့ အချို့သော တာရှည်ခံဆေးတွေ များများစားမိပါက ကင်ဆာနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေကြောင်း လေ့လာချက်ကြီး ၂ ခုမှာ တွေ့ရှိထားပါတယ်။
■ ၂၀၀၉ နဲ့ ၂၀၂၃ အတွင်း လူပေါင်းတစ်သိန်းကျော်ရဲ့ အချက်အလက်တွေကနေ သုတေသနပြုလုပ်ခဲ့ကြပါတယ်။
■ ကမ္ဘာတဝှမ်းမှာ ထုပ်ပိုးစားစရာဈေးကွက် ကျယ်ပြန့်လာတာကြောင့် ဒီတွေ့ရှိချက်က အရေးကြီးနေပါတယ်။
■ အဆင့်ဆင့်ထုပ်ပိုးတဲ့ စားစရာတွေဟာ စက်ရုံထုတ်တွေဖြစ်ပြီး ဆား၊ သကြား၊ ဆိုးကျိုးအဆီတွေ ပါဝင်မှုမြင့်မားပြီး မရှိမဖြစ်အာဟာရဓာတ်တွေတော့ နည်းပါးပါတယ်။
■ ဒီတာရှည်ခံဆေးတွေက ကင်ဆာ၊ ဆီးချိုတို့နဲ့ ဆက်စပ်နေလားဆိုတာကို အဓိကထား လေ့လာခဲ့ကြပါတယ်။
■ အိန္ဒိယမှာရောင်းတဲ့ ထုပ်ပိုးစားစရာတွေထဲမှာ တွေ့ရတဲ့ ပိုတက်ဆီယံ၊ ဆော်ဘိတ်၊ ဆိုဒီယံနိုက်ထရိုက်၊ အက်ဆီတစ်အက်ဆစ်တို့ အပါအဝင် အသုံးများတဲ့ တာရှည်ခံဆေး ၁၇ မျိုးကို သုတေသီတွေ လေ့လာခဲ့ကြပါတယ်။
■ တာရှည်ခံဆေးမျိုးစုံကို အများအပြားစားမိတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
■ ပိုတက်ဆီယံဆော်ဘိတ်က ကင်ဆာမျိုးစုံဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း၊ ဆာလ်ဖိုက်တွေက ကင်ဆာမျိုးစုံ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ အိန္ဒိယကျန်းမာရေး ပညာရှင်တွေက စားသောက်ကုန်ကွပ်ကဲမှု ပိုမိုတင်းကြပ်ဖို့၊ လတ်ဆတ်တဲ့ စားစရာတွေ စားသုံးကြဖို့ တိုက်တွန်းနေပါတယ်။
Source: India Today