#Health_Mindset
Published 24 December 2022
တစ်ဦးတစ်ယောက်ဟာ မပြည့်စုံဘဲ အခက်အခဲပြဿနာများရှိတတ်ပေမယ့် ထိုသူ့အပေါ်စိတ်ဝင်စားလာတတ်တာဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတာကြောင့် လူတွေဟာ ယုတ္တိသဘောနဲ့ စိတ်ခံစားမှုတို့ကြား ပြတ်သားအောင် နေချင်ကြပါတယ်။
ကမ္ဘာတဝှမ်းကလူတွေ ခံစားကြဖူးတဲ့ ချစ်ခြင်းမေတ္တာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုအသိုင်းအဝိုင်း၊ ဘာသာစကားတို့ကိုပါ ကျော်ဖြတ်လာတတ်ပါတယ်။
'ဘင်ဂျမင်ကာဗယ်လက်ဇယ်'က စိတ်ပညာဘွဲ့ရပါရဂူဖြစ်ပြီး ချစ်ခြင်းမေတ္တာနောက်ကွယ်က ဆင့်ကဲဖြစ်စဉ်တွေကို နက်ရှိုင်းစွာစူးစမ်းလေ့လာခဲ့ပါတယ်။
ဆင့်ကဲပြောင်းလဲမှုအရ ကြည့်မယ်ဆိုရင် အချစ်မေတ္တာဟာ နှစ်ဦးနှစ်ဖက်အသုံးဝင်တဲ့ ပတ်သက်မှုတစ်ခုထက် မပိုဘူးလို့ ရှင်းပြလိုက်ပါတယ်။
ကလေးရယူလောက်တဲ့ အချိန်ကာလအထိတော့ လူတွေဟာ တစ်လင်တစ်မယားစနစ်ကို ပိုမိုနှစ်သက်လာကြတယ်လို့ Nature ဂျာနယ်မှာဖော်ပြထားပါတယ်။
အခုခေတ်တင်မဟုတ် လွန်ခဲ့တဲ့နှစ်ထောင်သောင်းကတည်းက ကိုယ့်ရဲ့စံပြလက်တွဲဖော်ကို ရှာဖွေရတာဟာ ခက်ခဲရှုပ်ထွေးလှပါတယ်။
လူသားမျိုးရိုးတွေဟာ အနာဂတ်မျိုးဆက်တွေဆီ ရောက်လာတဲ့အခါမှာတော့ ချစ်ခြင်းမေတ္တာအဖြစ် ဆင့်ကဲပြောင်းလဲလာတာဖြစ်ပါတယ်။
အချစ်သာမရှိဘူးဆိုရင် စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်ဖြစ်နေမှာပါ။
ချစ်ခြင်းမေတ္တာဆိုတာဟာ လိင်မှုကိစ္စနဲ့ မျိုးဆက်ပြန့်ပွားရေးအတွက်သာ ပေါ်ပေါက်လာတာမဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့ သိပ္ပံပညာရှင်တွေရှိပါတယ်။
လိင်တူတွေကြား မေတ္တာမျှလာကြတာကလည်း ကလေးမယူဘဲနဲ့ ဆက်လက်လက်တွဲသွားနိုင်တယ်လို့ ပြသနေရာရောက်ပါတယ်။
ကလေးရှိရှိ/မရှိရှိ အချစ်ကိုဦးစားပေးခံစားတဲ့အခါ ရေရှည်ခိုင်မြဲတတ်ကြပါတယ်။
တစ်ဦးတစ်ယောက်ကို ချစ်မိတဲ့အခါ အခြားလူတွေက သူ့လောက်ဆွဲဆောင်မှုမရှိကြဘူးလို့ ထင်မြင်ယူဆတတ်ကြပါတယ်။
အချစ်ကြောင့် မနာလို စွဲလမ်းမှုတွေ ပေါ်ပေါက်လာတတ်ပြီး ကိုယ်ချစ်တဲ့သူတွေကြောင့်ပဲ ထိခိုက်နာကျင် ရူးမူးတတ်ကြပါသေးတယ်။
ဒါပေမဲ့ ဒီလိုရှုပ်ထွေးလှတဲ့ခံစားချက်တွေကပဲ တစ်ယောက်နဲ့တစ်ယောက် အကာအကွယ်ပေးနေကြတာဖြစ်ပါတယ်။
အချစ်ကြောင့် စုံလုံးကန်းပြီး ဆုံးဖြတ်ချက်တွေမှားသွားတယ်ဆိုရင် ဆက်လက်ပြီး အကြုံပြုဖော်ပြထားပါတယ်။
အချစ်နဲ့ကံကြမ္မာကို ယုံစားခြင်းက သေချာပေါက်မှားယွင်းတယ်လို့ သိထားကြပေမယ့် လက်တွဲဖော်ကောင်းနဲ့ ရေရှည်ခိုင်မြဲနိုင်တာကြောင့် သင့်တင့်ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
အချစ်ကြောင့် စုံလုံးကန်းတယ်ဆိုတာက အကြိမ်များစွာ စိတ်ပျက်ရတာတောင် အံ့ဩမှုတွေကြုံတွေ့ရမယ်လို့ ဆက်လက်ယုံကြည်နေခြင်းကြောင့် ဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 23 December 2022
စပိန်ရဲတပ်ဖွဲ့ဟာ အက်ဖ်ဘီအိုင်ရဲ့ အလိုအရှိဆုံးဝရမ်းပြေး ၁၀ဦးထဲက တစ်ဦးဖြစ်တဲ့ နယူးဇီလန်သာတစ်ဦးကို ဒီဇင်ဘာ ၂၁ ရက်က မက်ဒရစ်မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သူဟာ လိင်ကုန်ကူးမှုနှင့် ကလေးသူငယ်လိင်မဖွယ်မရာပြုမှုတို့ဖြင့် အမေရိကန်ပြည်ထောင်စုက တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်ပါတယ်။
Source AFP
#FBI's_10 most_wanted_fugitives
#Spanish_Polish_arrest_fugitive
#FBI
#World_Entertainment
Published 23 December 2022
ပဲလေ့စ်ဂါနီယာရဲ့ မြေအောက်ခန်းထဲမှာ ပဲရစ်အော်ပရာမှ အကမယ်'ဗယ်လင်တိုင်းကိုလာဆန်တေ'ဟာ ဘဲလေးအကဖိနပ်ရဲ့အတွင်းပိုင်းကို စက်နဲ့အခြောက်မခံခင်မှာ အရောင်တင်ဆီဖြင့် သုတ်လိမ်းနေပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 December 2022
၁။ ပို့ကုန်မှ နိုင်ငံခြားငွေ ဒေါ်လာ ၁၅ ဘီလီယံကျော် ရရှိရန်မျှော်မှန်းထား
၂။ နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်
၃။ ပုထိုးသားများဘုရားအပါအဝင် ပုဂံဘုရား(၈)ဆူကို ထိန်းသိမ်းရေးများ ဆောင်ရွက်ပေးနေ
၄။ စင်ပေါ်၌အဆင်ပြေချောမွေ့စွာ ဘဲလေးအကကပြနိုင်ရန် ဖိနပ်များကိုအထူးပြင်ဆင်ထိန်းညှိဝတ်ဆင်ကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 23 December 2022
အမေရိကန်နိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၂,၂၀၀ ထက်မနည်း ဖျက်သိမ်းလိုက်ရကာ ဒါဟာ မျိုးရိုးစဉ်ဆက်တစ်ခုအတွင်း တစ်ကြိမ်သာတွေ့ရတတ်တဲ့ မုန်တိုင်းမျိုးဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာန(NWS)က ကြေညာလိုက်ပါတယ်။
ချမ်းအေးမှုက ခရစ္စမတ်သီတင်းပတ်အထိ ဆက်ရှိနိုင်ပြီး နှစ်ပေါင်း ၄၀ အတွင်း အချမ်းဆုံးခရစ္စမတ်ဖြစ်လာမယ်လို့ ခန့်မှန်းသူများက ဆိုပါတယ်။
ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီအထိ အမေရိကန်လေကြောင်းခရီးစဉ်ပေါင်း ၂,၂၀၀ ကျော်ဖျက်သိမ်းခဲ့ကာ သောကြာနေ့မှာပျံသန်းမယ့် ခရီးစဉ် ၉၀၀ ကျော်ကိုလည်း ကြိုတင်ဖျက်သိမ်းလိုက်ရတာကြောင့် ခရစ္စမတ်အားလပ်ရက်မှာ ချစ်ခင်သူတွေနဲ့ အတူနေထိုင်ဖို့စီစဉ်ထားတဲ့ သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ကြာသပတေးနေ့အတွင်း ခရီးစဉ် ၃,၇၀၀ ကျော်ဟာလည်း နှောင့်နှေးကြန့်ကြာဦးမယ်လို့ ကြေညာထားရပါတယ်။
ကြာသပတေးနေ့က လေယာဉ်ခရီးစဉ်ဖျက်သိမ်းတဲ့အထဲမှာ ချီကာဂိုနဲ့ ဒင်ဗာတို့မှ ခရီးစဉ်အများဆုံးပါဝင်ပါတယ်။
ချီကာဂိုရှိ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ်နှောင့်နှေးမှု ပျမ်းမျှအားဖြင့် ၁၅၉ မိနစ်ရှိခဲ့ပြီး နှင်းနဲ့ရေခဲများကြောင့် စောစီးစွာ မဆင်းသက်နိုင်ခဲ့ကြောင်း ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးက ထုတ်ပြန်ခဲ့ကာ CNN က တင်ပြထားပါတယ်။
နောက်ထပ်ကြန့်ကြာမှုများ ရှိလာနိုင်တဲ့အတွက် အဓိကလေကြောင်းလိုင်းတွေဖြစ်တဲ့ United, Delta နဲ့ American တို့ကတော့ ခရီးထွက်ခွာချိန်ရွှေ့ပြောင်းလိုတဲ့ ခရီးသည်များအတွက် လက်မှတ်ခလျှော့ပေါ့ပေးနေပြီ ဖြစ်ပါတယ်။
ပြည်နယ်အများအပြားမှာ မုန်တိုင်းကြီးနဲ့ မကြုံမိစေရန်အတွက် ခရစ္စမတ်သီတင်းပတ်အတွင်း ခရီးသွားလာမယ့် အမေရိကန်ပြည်သူတွေကို သတိထားပြီး စောစီးစွာထွက်ခွာကြဖို့ သမ္မတ'ဂျိုးဘိုင်ဒင်'က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
"ငယ်ငယ်တုန်းကလို သာမန်နှင်းကျတဲ့ဖြစ်စဉ်မဟုတ်ပါဘူး၊ တကယ်ကိုဆိုးရွားတဲ့ ဖြစ်စဉ်ပါ" လို့ သတိပေးခဲ့ပါတယ်။
ယခုရက်သတ္တပတ်အကုန်အတွင်း အချို့ဒေသတွေမှာ -၅၀ ကနေ -၇၀ ဒီဂရီဖာရင်ဟိုက်အထိ အရိုးခိုက်အောင် ချမ်းစိမ့်နိုင်ကြောင်း NWS က ကြေညာထားပါတယ်။
ဒီဆောင်းမုန်တိုင်းက သောကြာနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းအဖြစ် လျင်မြန်စွာပြောင်းလဲသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အနောက်အလယ်ပိုင်းနဲ့ ကနေဒါတို့မှာ လေပြင်းတိုက်ခတ်ပြီး ဆီးနှင်းများကျရောက်နိုင်ကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 23 December 2022
လက်ဗွေရာပုံတွေကိုကြည့်ပြီး စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နိုင်ချေကို ခန့်မှန်းဖော်ပြနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
စပိန်သုတေသီများက ဦးဆောင်ပြီး ရှုပ်ထွေးလှတဲ့အာရုံကြောကွန်ရက်စနစ်စက်ကို အသုံးပြုကာ စိတ်ကစဉ့်ကလျားဝေဒနာသည်တွေရဲ့ လက်ဗွေများကနေ ရောဂါအချက်အလက်များကို ရှာဖွေမှတ်သားခဲ့ကြပါတယ်။
စိတ်ရောဂါတွေကို ရှာဖွေတဲ့နေရာမှာ လက်ဗွေရာက အရေးပါပြီး အဆိုပါစက်ပစ္စည်းကလည်း မရှိမဖြစ်ကိရိယာဖြစ်ကြောင်း ဘာစီလိုနာရှိ FIDMAG သုတေသနမှ ဆိုလိုက်ပါတယ်။
ထိုကိရိယာရဲ့ အယ်လ်ဂိုရစ်သမ်တွေကို အသုံးပြုပြီး သုတေသီများက စိတ်ရောဂါဝေဒနာရှင် ၆၁၂ ဦးနဲ့ သာမန်ကျန်းမာရေးကောင်းသူ ၈၄၄ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
ညာဘက်လက်မက တိကျမှုနှုန်း ၆၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဒီပမာဏက ရောဂါကိုတိတိကျကျရှာဖွေဖို့အတွက်တော့ မလုံလောက်ပေမယ့် လက်ဗွေရာပုံတွေကို အခြားအချက်အလက်များနဲ့ ပေါင်းစပ်ပြီး အသုံးချလို့ရပါသေးတယ်။
စိတ်ကစဉ့်ကလျားရောဂါ(schizophrenia)ဟာ ဆိုးရွားတဲ့ စိတ်မူမမှန်ခြင်းဖြစ်ပြီး ကယောင်ခြောက်ချားဖြစ်ခြင်း၊ ပုံရိပ်ယောင်မြင်ခြင်း၊ နေ့စဉ်လုပ်ကိုင်ချက်တွေကို ထိခိုက်စေတဲ့ အပြုအမူမမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
သိပ္ပံနည်းပညာတွေကနေ ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်မယ့် မျိုးဗီဇဆိုင်ရာအမှတ်အသားတွေကို တွေ့ရှိနိုင်ပါတယ်လို့ ဒေါက်တာ'ကင်ဒက်ခ်ဝေါ့သ်'က ပြောကြားခဲ့ပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Health
Published 23 December 2022
ဆောင်းတွင်းအကူးအပြောင်းမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတို့ ဖြစ်ကြတဲ့အပြင် အဆိုးဆုံးကတော့ လည်ချောင်းနာခြင်းပဲ ဖြစ်ပါတယ်။
လည်ချောင်းထဲမှာ စူးရှတဲ့ခံစားမှုက ခံစားရခက်ခဲပြီး မျိုချတဲ့အခါ စကားပြောတဲ့အခါနဲ့ အိပ်တဲ့အခါမှာတောင် အနှောင့်အယှက်ဖြစ်ရပါတယ်။
လည်ချောင်းမှာ စူးသလိုခံစားရပြီးအိပ်ရာနိုးလာပြီဆိုရင် အသက်ရှူလမ်းကြောင်းထဲမှာ ဆောင်းတွင်းဗိုင်းရပ်စ်ဝင်လာတဲ့ လက္ခဏာဖြစ်ကာ မကြာခင်ပိုဆိုးလာတော့မှာပါ။
လည်ချောင်းထဲမှာ အဲဒီလိုခံစားရတာဟာ ဗိုင်းရပ်စ်ကြောင့် ရောင်ရမ်းခြင်းဖြစ်ပေါ်တာဖြစ်ပြီး အထူးသဖြင့် လည်ချောင်းနံရံအာသီးမှာ ဖြစ်ပွားလေ့ရှိပါတယ်။
စူးရှတဲ့ခံစားချက်က ရက်အနည်းငယ်အတွင်း သက်သာသွားပေမယ့် အဆိုပါရက်ပိုင်းအတွင်း တံတွေးမျိုချရင်တောင် နာကျင်ရပါတယ်။
လည်ချောင်းနာခြင်းအတွက် ကိုယ်တိုင်ကုသနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပျားရည် ၁ ဇွန်း
ပျားရည်က ပိုးသေစေပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
လည်ချောင်းနံရံမှာ ချောမွေ့စေတဲ့အလွှာတစ်လွှာ အုပ်ပေးထားတာကြောင့် မျိုချရတာကို သက်သာစေပါတယ်။
(၂) ဆားရေ
ဆားရေဖြင့် အာလုပ်ကျင်းပေးခြင်းက တစ်ရှူးရောင်ရမ်းခြင်းကို လျော့ကျစေပြီး လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
၁ မိနစ် ၂ မိနစ်ခန့် အာလုပ်ကျင်းပြီး မမျိုချဘဲ ထွေးပစ်ရမှာဖြစ်ပါတယ်။
(၃) ချာမိုမိုင်အကြမ်းရည်
လည်ချောင်းထဲ ယားယံသလိုခံစားလာရပြီဆိုတာနဲ့ ဒီအကြမ်းရည်ကို သောက်သုံးပေးပါက နာကျင်မှုကို သက်သာစေမှာဖြစ်ပါတယ်။
(၄) သံပရာရည်နွေးနွေး
အဝါရောင်အချဉ်သီးတွေမှာ ပိုးသေစေနိုင်ပြီး ကိုယ်ခံအားမြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ပိုးမွှားများဆက်လက်မပွားများနိုင်တော့ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
Page 632 of 952