Published 28 January 2024
သားအိမ်ခေါင်းကင်ဆာက အိန္ဒိယမှာ စိုးရိမ်စရာရောဂါကြီးတစ်ခု ဖြစ်နေပြီး နေထိုင်မှုစနစ်ကလည်း များစွာ အရေးပါနေပါတယ်။
အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြား အိန္ဒိယအမျိုးသမီးတွေကြား ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း ထိန်းသိမ်းကာကွယ်ရေးနည်းလမ်းများ နားလည်ထားရန် လိုအပ်ပါတယ်။
ထိုကင်ဆာက အမျိုးသမီး အယောက်တစ်သိန်းမှာ ၁၄.၇ ဦးနှုန်း ဖြစ်ပွားပြီး သေဆုံးမှုနှုန်းက ၉.၂ ဦးနှုန်း ရှိနေပါတယ်။
သားအိမ်ခေါင်းကင်ဆာဆိုတာက သားအိမ်အောက်ဆုံးအပိုင်းဖြစ်တဲ့ သားအိမ်ခေါင်းမှာ အကျိတ်ဖြစ်ပေါ်တာဖြစ်ပြီး HPV ရောဂါပိုးကူးစက်တဲ့အခါ ကင်ဆာဖြစ်တတ်ပါတယ်။
စကင်ဖတ်ခြင်း၊ HPV ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာက အစောပိုင်းမှာ လက္ခဏာမပြတတ်ဘဲ ရောဂါဆိုးရွားလာတဲ့အခါ ယောနိကနေ ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်း၊ အရည်ထွက်ခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ တင်ပါးကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။
အစောပိုင်းလက္ခဏာအနေနဲ့ ဆေးစစ်တဲ့အခါ သားအိမ်ခေါင်းမှာ အနာဖြစ်ခြင်းနဲ့ မျက်နှာပြင် ပုံမှန်မဟုတ်ခြင်းတို့ ပေါ်တတ်ပါတယ်။
ဒီကင်ဆာက အဖြစ်များပြီး လိင်မှုပြုလုပ်သူအားလုံးနီးပါး တစ်ချိန်ချိန်မှာ ဖြစ်ပွားတတ်ပါတယ်။
အချို့နေထိုင်မှုပုံစံတွေက HPV ကူးစက်နိုင်ခြေနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေတို့ကို များစေတာကြောင့် ဆင်ခြင်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းများပါဝင်ကာ ဆေးလိပ်ဖြတ်ခြင်းဖြင့် ဖြစ်နိုင်ခြေလျော့ကျစေပါတယ်။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ ကိုယ်အလေးချိန် ကျစေပါတယ်။
ကိုယ်ဝန်တားဆေးလို ဆေးတွေက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်လို့ သားဖွားမီးယပ်ဆရာဝန် ပူဂျာမက်တာက ပြောပြထားပါတယ်။
လိင်မှုကိစ္စဆက်ဆံသူ အရေအတွက် လျှော့ချခြင်းဖြင့် HPV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ နည်းပါးကာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
အသက် ၃၀ နောက်ပိုင်း ပုံမှန်ဆေးစစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြင့် ရောဂါစောစီးစွာ တွေ့ရှိနိုင်ပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။
ဟင်းသီးဟင်ရွက်၊ အသီးအနှံ၊ အားရှိတဲ့ အစားအစာတွေက ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
Source: India Today.
#World_Health
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group