#World_Health
Published 15 August 2023
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဆိုဒီယမ်လျှော့ချသုံးစွဲရန် ပထမဆုံးအကြိမ် တင်ပြခဲ့ကာ ဆိုဒီယမ်အလွန်အကျွံ စားသုံးမိခြင်းသည် တစ်ကမ္ဘာတဝှမ်းမှာ ရောဂါဖြစ်ခြင်းနဲ့ အသက်သေဆုံးခြင်းတို့ရဲ့ အဓိကတရားခံ ဖြစ်နေပါတယ်။
ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါဆုံး ဓာတ်တွေထဲက တစ်ခုဖြစ်သလို အလွန်အကျွံစားသုံးမိပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။
ဆားမှာ ဆိုဒီယမ်အများအပြား ပါဝင်ပြီး အနည်းငယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။
ဆားအလွန်အကျွံစားခြင်းကြောင့် သွေးပေါင်ချိန်တိုးစေနိုင်ပြီး နှလုံးသွေးကြောပြဿနာများ ဖြစ်နိုင်ချေ များစေကြောင်း နာဗီမွမ်ဘိုင်း မက်ဒီကာဗာဆေးရုံမှ နှလုံးသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာ'ဘရာဂျက်ရှ်ကူမာကွန်မာ'က ပြောကြားခဲ့ပါတယ်။
- ဆိုဒီယမ်အမြောက်အများပါဝင်တဲ့ အဆင့်ဆင့်ထုပ်ပိုးစားစရာများ ရှောင်ရှားသင့်ပါတယ်။
- ထမင်းစားစားပွဲမှ ဆားနဲ့ အငန်ဓာတ်ပါတဲ့ အချဉ်ရည်များ ဖယ်ရှားသင့်ပါတယ်။
- အရသာအတွက် ဆားအသုံးပြုမယ့်အစား ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးရွက်ပင်များ၊ ကြက်သွန်ဖြူ၊ ရှောက်သီးတို့ကို အသုံးပြုသင့်ပါတယ်။
- အငန်ဓာတ်ပါတဲ့ အာလူးကြော်များ၊ ခရက်ကာများစတဲ့ မုန့်များ မစားသုံးသင့်ပါ။
- စားစရာဝယ်ယူတဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကို သေချာဖတ်ရှုစစ်ဆေးသင့်ပါတယ်။
ဆိုဒီယမ်မပါတဲ့ စားစရာဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက DASH လို့ခေါ်တဲ့ သွေးတိုးကင်းဝေးစေရန် စားစရာနည်းလမ်းပဲ ဖြစ်ပါတယ်။
ထိုစားသောက်ပုံစံက ဆိုဒီယမ်နည်းပါးခြင်း၊ မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် မြင့်မားခြင်း၊ ပြည့်ဝဆီနည်းပါးခြင်းတို့ ပါဝင်ကာ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီးအနှံ၊ အဆီနည်းတဲ့နို့တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ဆိုဒီယမ်စားသုံးမှုကန့်သတ်ချက်က တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၂,၃၀၀ မီလီဂရမ်အောက်သာ ရှိသင့်ပါတယ်။
ဒါကြောင့် ဆားစားသုံးမှု ရှောင်ရှားနိုင်ရန်အတွက် ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးကြော်တို့လို အသင့်စား စားစရာများလျှော့ချစားသုံးခြင်း၊ အသင့်ထုပ်ပိုးပြီးသော စားစရာများ ရှောင်ရှားခြင်း၊ အချဉ်ရည် ဆော့စ်များရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: India Today
#World_Health #နှလုံးကျန်းမာရေး #ဆားအလွန်အကျွံစားသုံးခြင်း
#World_Health
Published 15 August 2023
လူတွေဟာ အသက်အရွယ် ကြီးလာတာနဲ့ ပိုပြီး အထီးကျန်ဆန်လာကာ အဆက်အသွယ် ပြတ်လာကြပါတယ်။
အထူးသဖြင့် ကိုဗစ်ကာလနဲ့ ဆိုရှယ်မီဒီယာ အလွန်အကျွန် အသုံးပြုလာကြခြင်းကြောင့် ပိုပြီးအထီးကျန်လာကြပါတယ်။
တစ်ယောက်တည်း အထီးကျန်ဆန်လာရတဲ့ ပြဿနာက ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း အမေရိကန်အထွေထွေခွဲစိတ်ရေးရုံးက ဖော်ပြလိုက်ပါတယ်။
အထီးကျန်ဆန်တာနဲ့ တစ်ယောက်တည်းဖြစ်နေရခြင်းတို့ကြား ကွဲပြားခြားနားတာကို နားလည်ထားရပါမယ်။
အထီးကျန်ဆန်ခြင်းဆိုတာက မိမိမျှော်မှန်းသလောက် လူမှုပေါင်းသင်းရေး မရှိတာကြောင့် ဝမ်းနည်းပူဆွေးရခြင်း ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ဘယ်သူမှ အနားမှာ မရှိဘဲ တစ်ယောက်တည်းဖြစ်နေခြင်း ဖြစ်ပါတယ်။
လူမှုအထီးကျန်ခြင်း မဖြစ်စေရန်အတွက် အထီးကျန်ခြင်းမခံစားရဖို့က အဓိကဖြစ်ပါတယ်။
လူမှုပေါင်းသင်းရေးမှာ ဆက်ဆံရေးပြတ်တောက်တဲ့အခါ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ကျခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဒီမန်ရှာတို့အပြင် တစ်ခုခုမှားယွင်းစွာ အသုံးပြုခြင်း၊ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးခြင်း၊ အခြားပြဿနာများလည်း ဖြစ်နိုင်ချေများပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေမှာ ချစ်ရသူဆုံးရှုံးခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ အငြိမ်းစားယူခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ ကောင်းမွန်စေကာ ပျော်ရွှင်ချမ်းသာရမှာ ဖြစ်ပါတယ်။
အချိန်နဲ့ ကြိုးစားအားထုတ်မှုကို ရင်းနှီးမြှုပ်နှံပြီး ဆက်ဆံရေးကို ပြုစုပျိုးထောင်ရပါမယ်။
တစ်ဦးတစ်ယောက်နဲ့ အချိန်ကောင်းကောင်း ရစေရန် နည်းလမ်းရှာဖွေရပါမယ်။
ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးတာက အထီးကျန်စေနိုင်တာကြောင့် ဖုန်းကိုချထားပြီး မျက်နှာကြည့်စကားပြောပါ။
ကိုယ့်ထက် ဘဝမှာ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူတွေနဲ့ ဆက်ဆံပြီး သူတို့ရဲ့အကြောင်းတွေကို နားထောင်ကြည့်ခြင်းဖြင့် မှတ်သားစရာတွေ ရရှိလာနိုင်ပါတယ်။
လူမှုပေါင်းသင်းရေး ရရှိဖို့ ခက်ခဲနေရတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါပြီ။
#World_Health #မိတ်ဖွဲ့ပေါင်းသင်းခြင်း #ကျန်းမာရေးပြဿနာ
Source: The Jerusalem Post
#Yangon_Times
ရုပ်သံမှထုတ်လွှင့်တဲ့ အိန္ဒိယလက်မောင်းလှဲလိဂ်ပြိုင်ပွဲမှာ မယှဉ်ပြိုင်ခင် အားကစားသမားတွေက သူတို့ရဲ့လက်မောင်းတွေကို ကိုယ်ဟန်ပြနေကြပါတယ်။
Published_ 14 August 2023
#အိန္ဒိယမှလက်မောင်းလှဲ
#World_Sports
#Yangon_Times
#Daily_News
Published_ 14 August 2023
၁။ မြန်မာ့လက်ဝှေ့ကျော်ဒေဝ အနေဖြင့် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု ဆိုထားသော်လည်း ရွှေရာမာန်ကစိန်ခေါ်ထား
၂။ မိုးတွင်းတွင် ကားစီးလုံးငှားပြီး ခရီးထွက်သူအချို့ရှိနေ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေး၊ ရှမ်းပြည်နှင့်ကမ်းခြေသို့အသွားများ
၃။ မိုးရာသီကာလ လမ်းချော်ပြီး ယာဉ်တိုက်မှုမဖြစ်အောင် YBS ယာဉ်များ ကားဘီးနှင့်ဘရိတ်ကောင်းအောင်ကြီးကြပ်နေ
၄။ မျှော်လင့်ချက်များစွာဖြင့် အရှိန်ရနေသည့်အိန္ဒိယမှလက်မောင်းလှဲအားကစားပြိုင်ပွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 14 August 2023
တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတို့မှ တီထွင်ထုတ်လုပ်နေတဲ့ အသံထက်မြန် ဒုံးကျည်ထိပ်ဖူးများကို တန်ပြန်နိုင်မယ့် ဖျက်ဒုံးကျည်များ ထုတ်လုပ်ရန် ဂျပန်နဲ့ အမေရိကန်တို့ ယခုသီတင်းပတ်အတွင်း သဘောတူညီခဲ့ကြောင်း ဂျပန်နိုင်ငံမှ 'ယိုမီယူရီ'သတင်းစာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
လက်ရှိ ပဲ့ထိန်းဒုံးကျည်တွေကို ရှောင်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ လက်နက်တွေကို ပစ်မှတ်ထားမယ့် ဖျက်ဒုံးကျည်များကိစ္စကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ဂျပန်ဝန်ကြီးချုပ် 'ဖူမီယိုကီရှီဒါ'တို့ အမေရိကန်မှာ သောကြာနေ့၌ တွေ့ဆုံတဲ့အခါ သဘောတူညီသွားဖို့ မျှော်မှန်းရကြောင်း တင်ပြထားပါတယ်။
သာမန်ပဲ့ထိန်းဒုံးကျည်တွေက ကြိုတင်ခန့်မှန်းတဲ့အတိုင်း ဝေဟင်ကနေ မြေပြင်သို့ ကျရောက်တာဖြစ်ပေမယ့် အသံထက်မြန် ဒုံးကျည်တွေကတော့ လမ်းကြောင်းပြောင်းလဲနိုင်ကာ သူတို့ကို ပစ်မှတ်ထားဖို့ ပိုမိုခဲယဉ်းပါတယ်။
အမေရိကန်၊ ဂျပန်တို့နဲ့အတူ တောင်ကိုရီးယားသမ္မတ 'ယွန်ဆော့ယောလ်'ပါဝင်မယ့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို မယ်ရီလန်း ကမ့်ဒေးဗစ်ရှိ သမ္မတအပန်းဖြေနေရာမှာ တွေ့ဆုံမှာဖြစ်ပြီး ဘိုင်ဒင်နဲ့ ကီရှီဒါတို့က နောက်ထပ်တွေ့ဆုံသွားဦးမှာ ဖြစ်တယ်လို့ ယိုမီယူရီက ဆိုပါတယ်။
ဖျက်ဒုံးကျည်ထုတ်လုပ်ရေး ဆွေးနွေးရန် အမေရိကန်နဲ့ ဂျပန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများ ဇန်နဝါရီလက အစည်းအဝေးပြုလုပ်ပြီး သဘောတူညီခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သဘောတူညီမှုဟာ ဒုံးကျည်ကာကွယ်ရေးနည်းပညာပိုင်းမှာ ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမှာဖြစ်ပါတယ်။
အာကာသမှ ဒုံးကျည်ထိပ်ဖူးများကို ပစ်ရန်ရည်ရွယ်ပြီး အမေရိကန်နဲ့ ဂျပန်တို့က တာဝေးပစ်ဒုံးကျည် ထုတ်လုပ်တာဖြစ်ပြီး မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှုများကို ကာကွယ်ရန် ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြား ပင်လယ်ထဲက စစ်သင်္ဘောတွေပေါ်မှာ ဂျပန်က နေရာချတပ်ဆင်ထားတာ ဖြစ်ပါတယ်။
Source: Reuters #World_News #အသံထက်မြန်ဒုံးကျည် #အမေရိကန်နှင့်ဂျပန်တို့ပူးပေါင်း
#Yangon_Times
Published_ 14 August 2023
အက်ဆစ်လျှံတက်ခြင်းအတွက် သောက်သုံးလေ့ရှိတဲ့ နာမည်ကြီးဆေးတွေကို ရေရှည်သုံးစွဲခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ချေများကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
အိုမီပရာဇိုးလ်၊ အီစိုမီပရာဇိုးလ်၊ လန်ဆိုပရာဇိုးလ် စတဲ့ ပရိုတွန်ပန့်အင်ဟစ်ဘစ်တာဆေး (PPI)တွေကို သောက်သုံးနေရတဲ့ လူနာတွေကို လေ့လာကာ American Academy of Neurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အစာစားပြီး လဲနေတဲ့အခါ အစာအိမ်အက်ဆစ်က အစာပြွန်ထဲသို့ ရောက်လာကာ ပြွန်နံရံတွေကို ထိပါးစေပြီး အက်ဆစ်လျှံတက်ခြင်း ဖြစ်ပေါ်စေပါတယ်။
PPI တွေက အစာအိမ်နံရံရှိ အက်ဆစ်ထုတ်လုပ်တဲ့ အင်ဇိုင်းများကို ပစ်မှတ်ထားကာ အက်ဆစ်လျှံတက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာချေလမ်းကြောင်းပြဿနာများကို ကုသပေးတာဖြစ်ပါတယ်။
အက်ဆစ်လျှံတက်ခြင်းက အချိန်နဲ့အမျှ ဖြစ်ပေါ်တတ်ပေမယ့် မကြာခဏဖြစ်နေပြီဆိုရင်တော့ အစာအိမ်ရေမျိုအက်ဆစ်လျှံတက်ခြင်းရောဂါ ဖြစ်နိုင်ပြီး အစာပြွန်ကင်ဆာအထိပါ ဖြစ်နိုင်ကြောင်း မိုင်ယိုဆေးခန်းက ပြောပြခဲ့ပါတယ်။
PPI တွေက အက်ဆစ်လျှံတက်ခြင်းကို ကူညီထိန်းချုပ်ပေးပေမယ့် ရေရှည်မှာတော့ လေဖြတ်ခြင်း၊ အရိုးအက်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါတို့ ဖြစ်နိုင်ချေများနိုင်ကြောင်း တွေ့ရှိထားတယ်လို့ မင်နီဆိုတာတက္ကသိုလ်မှ သုတေသီတစ်ဦးက စာတမ်းပြုစုသူ 'ကာမက်ရှီလက်ရှ်မီနာရာယန်'က ပြောပြသွားပါတယ်။
ပျမ်းမျှအသက် ၇၅ နှစ်ခန့်ရှိတဲ့ စမ်းသပ်ခံ ၅,၇၁၂ ဦးကို အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက လေ့လာခဲ့ရာ ထိုဆေးတွေကို ရေတိုသောက်သုံးတဲ့အခါ ဒီမန်ရှာမဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲကာ PPI ကို ၂.၈ နှစ်ကြာ သုံးစွဲသူအဖွဲ့၊ ၂.၈ နှစ်မှ ၄.၄ နှစ်အထိ သုံးစွဲသူအဖွဲ့၊ ၄.၄ နှစ်အထက် သုံးစွဲသူအဖွဲ့၊ လုံးဝမသုံးစွဲတဲ့အဖွဲ့ဆိုပြီး ခွဲခြားခဲ့ပါတယ်။
အခြားအချက်အလက်များပါ ထည့်သွင်းတွက်ချက်ပြီးနောက် ၄.၄ နှစ်ကြာသုံးစွဲသူတွေဟာ လုံးဝမသုံးစွဲသူတွေထက် ဒီမန်ရှာဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၄.၄ နှစ်အောက် ကြာအောင် သောက်သုံးသူတွေကတော့ ဒီမန်ရှာဖြစ်နိုင်ချေ များလာတဲ့အထောက်အထား မတွေ့ခဲ့ကြပါဘူး။
သုတေသီတွေက သူတို့တွေ့ရှိချက်ကို ဒီထက်ပိုပြီးချဲ့ထွင်နိုင်စေရန် မျှော်လင့်နေကြပါတယ်။
အက်ဆစ်လျှံတက်ခြင်းကို ကုသဖို့အတွက် အန်တဆစ်လိုမျိုး ဆေးတွေပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ နောက်ကျမှစားသောက်ခြင်းကို ရှောင်ရှားခြင်းတို့ဖြင့် ကျင့်သုံးနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ပြောင်းလဲမှုမလုပ်ခင် အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ဖို့အရေးကြီးကြောင်းလည်း သတိပေးသွားပါတယ်။
Source: NY Post
#World_Health
#အစာအိမ်အက်ဆစ်လျှံတက်ခြင်း #ဆေးဝါးများ #ဒီမန်ရှာ #လေ့လာတွေ့ရှိ
#YMG #Yangon_Times
Published_ 14 August 2023
အသုံးပြုပြီးသား ပလတ်စတစ်တွေကို ဆပ်ပြာအဖြစ်သို့ ပြောင်းလဲမယ့် နည်းလမ်းတစ်ခုကို သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ နှစ်စဉ်တန်ချိန်သန်း ၂၀၀ ခန့်ထွက်ရှိနေပြီး ၈၀ ရာခိုင်နှုန်းက ကုန်းမြေတွေမှာ ကျန်ရှိနေကာ ၁၀ ရာခိုင်နှုန်းအောက်သာ ပြန်လည်သုံးစွဲနေကြပါတယ်။
ပလတ်စတစ်တွေဟာ ဓာတုနည်းအရ ဖက်တီးအက်ဆစ်များနဲ့ ဆင်တူပြီး ဆပ်ပြာထုတ်လုပ်ရာမှာ အဓိကအစိတ်အပိုင်း ဖြစ်နေပါတယ်။
ထိုဖြေရှင်းနည်းလမ်းကို ဗာဂျီးနီးယားနည်းပညာမှ ဓာတုဗေဒ လက်ထောက်ပရော်ဖက်ဆာ 'ကောင်းလျန်လူ'က တွေ့ရှိခဲ့တာဖြစ်ပြီး ပိုလီအီသင်းကို ဖက်တီးအက်ဆစ်သို့ ပြောင်းလဲပေးကာ ဆပ်ပြာအဖြစ် ထပ်ဆင့်ပြောင်းလဲတာဖြစ်ပါတယ်။
သစ်သားမီးလောင်စာကို ဆဲလူးလို့စ်လိုမျိုး ပိုလီမာတွေနဲ့ အများစုပြုလုပ်ထားကြောင်း၊ သစ်သားလောင်ကျွမ်းတဲ့အခါ ပိုလီမာတွေက ပိုမိုတိုတောင်းတဲ့ အပိုင်းအစများ ဖြစ်သွားကာ ကာဗွန်ဒိုင်အောက်ဆိုဒ်သို့ အပြည့်အဝဓာတ်မတိုးခင် ဓာတ်ငွေ့မော်လီကျူးများ ဖြစ်သွားကြောင်း၊ ပိုလီအီသိုင်လင်းမော်လီကျူးတွေကို ဖြိုခွဲပြီး ဓာတ်ငွေ့မော်လီကျူးများမဖြစ်ခင် ရပ်တန့်လိုက်မယ်ဆိုရင် ပိုမိုတိုတောင်းတဲ့ အပိုင်းအစ ရရှိနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။
ပလတ်စတစ်များ မီးရှို့ရန်အတွက် သုတေသနအဖွဲ့က ပေါင်းအိုးလိုမျိုး ဓာတ်ပေါင်းဖိုကို အသုံးပြုကြပါတယ်။
အောက်ခြေမှာ ပိုလီမာအတန်းတွေ ဖြိုခွဲနိုင်ဖို့ အပူချိန်မြင့်မားပေးထားရပေမယ့် အပေါ်ပိုင်းကတော့ အလွန်အကျွံဖြိုခွဲခြင်းမဖြစ်ရအောင် အနည်းငယ်အေးမြထားရပါတယ်။
ဒီနောက် အကြွင်းအကျန်များကို ရယူကာ ဖယောင်းကဲ့သို့ ပစ္စည်းရရှိလာပြီး ဆပ်ပြာအဖြစ်သို့ ပြောင်းလဲခဲ့ကြပါတယ်။
Source: WION
#World_Science
#ပလတ်စတစ် #ဆပ်ပြာ #နည်းလမ်းအသစ် #သိပ္ပံပညာရှင်များတွေ့ရှိ
#YMG #Yangon_Times
Page 494 of 983