ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများယနေ့အထိ ထိတ်လန့်စိုးရိမ်နေရဆဲ
လာအိုနိုင်ငံမှာ အမေရိကန်တို ဗုံးကျဲစစ်ဆင်ရေး အများအပြား ပြုလုပ်ခဲ့ပြီးနောက် ဆယ်စုနှစ်တွေအကြာမှာ လာအိုနိုင်ငံက လူတွေဟာ ပြင်ပဒဏ်ရာများ၊ အတိတ်ဆိုးများနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
#World_History
Published_ 18 March 2024
#အမေရိကန်ကျဲခဲ့သည့်ဗုံး #လာအိုဒေသခံများယနေ့အထိထိတ်လန့်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 March 2024
၁။ အချိန်အခါမဟုတ်မိုးရွာဦးမည်ဖြစ်၍ မိုးကြောင့် စိုက်ပျိုးသီးနှံမပျက်ရအောင်ဆောင်ရွက်ထားရန်လိုဟုဆို
၂။ တရုတ်အာလူးတွေ ကုန်အဝင်များနေသဖြင့် ပြည်တွင်းအာလူးဈေးထိုးကျပြီး တောင်သူတွေအခက်တွေ့
၃။ မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီး၊ သုံးထပ်ကျောင်းဆောင်နှင့် အာရုံခံတန်ဆောင်များ တည်ဆောက်ရန်ပါဝင်လှူဒါန်းနိုင်
၄။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ကျဲခဲ့သည့်ဗုံးများကြောင့် လာအိုဒေသခံများ ယနေ့အထိထိတ်လန့်စိုးရိမ်နေရဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Politics
Published 18 March 2024
တနင်္ဂနွေနေ့က ပြီးဆုံးခဲ့တဲ့ ရုရှားနိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတ ဗလာဒီမာပူတင်က ဆိုဗီယက်ခေတ်နောက်ပိုင်း စံချိန်တင် အပြတ်အသတ် အနိုင်ရခဲ့ပြီး အရင်ကတည်းက အာဏာချုပ်ကိုင်ထားနိုင်တဲ့ကြားထဲက ပိုမိုအာဏာမြဲလာတဲ့သဘော ဖြစ်ပါတယ်။
အနောက်နိုင်ငံကို ဆန့်ကျင်ရင်ဆိုင်ပြီး ယူကရိန်းကို တပ်သားတွေ လွှတ်လိုက်တာ ရုရှားအနေနဲ့ မှန်ကန်တယ်ဆိုတာကို ပြသရာ ရောက်တယ်လို့ ပူတင်ကဆိုပါတယ်။
KGB ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအာဏာရလာတဲ့ ပူတင်က ထိုရွေးကောက်ပွဲရလဒ်ဟာ အနောက်တိုင်းခေါင်းဆောင်တွေအနေနဲ့ နောင်နှစ်များစွာတိုင်အောင် စစ်ဖြစ်နေသည်ဖြစ်စေ ငြိမ်းချမ်းရေး ရနေသည်ဖြစ်စေ ယုံကြည်ချက်မြင့်လာတဲ့ ရုရှားကို လက်ခံရင်ဆိုင်သွားရလိမ့်မယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။
အသက် ၇၁ နှစ်ရှိပူတင်က သမ္မတသက်တမ်း နောက်ထပ် ၆ နှစ်တာဝန်ယူရမှာဖြစ်ကာ သက်တမ်းပြည့်မြောက်ပါက ဟိုဆက်ဖ်စတာလင်ကို ကျော်လွန်ပြီး ရုရှားရဲ့ သက်တမ်းအကြာဆုံး ခေါင်းဆောင် ဖြစ်လာမှာပါ။
စစ်တမ်းကြေညာချက်အရ ပူတင်ဟာ ၈၇.၈ မဲရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့တာဖြစ်ပြီး ဆိုဗီယက်ခေတ်နောက်ပိုင်း အများဆုံးရလဒ် ဖြစ်ပါတယ်။
နိုင်ငံရေးပြိုင်ဘက်တွေနဲ့ စိစစ်ဖြတ်တောက်သူတွေကို အကျဥ်းချထားတာတွေကြောင့် မဲဆန္ဒပေးပွဲက လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများက ပြောပါတယ်။
ကွန်မြူနစ်ကိုယ်စားလှယ် နီကိုလိုင်ခါရီတိုနော့ဗ်က ၄ ရာခိုင်နှုန်းအောက်ဖြင့် ဒုတိယနေရာ၊ မျက်နှာသစ်ကိုယ်စားလှယ် ဗလာဒီဆလပ်ဒါဗန်ကော့ဗ်က တတိယနေရာ၊ အမျိုးသားဝါဒီစွန်းရောက် လီယိုနစ်ဆလုစကီက စတုတ္ထနေရာ အသီသီးရှိခဲ့ပါတယ်။
ယူကရိန်းမှာ အထူးစစ်ဆင်ရေး ပြုလုပ်တာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရုရှားစစ်တပ် ခိုင်မာရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပူတင်က မော်စကိုမှာ အောင်ပွဲခံမိန့်ခွန်း ပြောကြားသွားပါတယ်။
ရုရှားကို ဖိနှိပ်ဆန့်ကျင်ချင်တဲ့သူတွေ အခုလည်း မအောင်မြင်သလို နောင်လည်းဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် အဲလက်ဇိုင်းနေဗယ်နီ အာတိတ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့လက သေဆုံးခဲ့တာကြောင့် မဲပေးရုံတွေမှာ ပူတင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြကြပေမယ့် ပူတင်က ထိုရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဆန်ပြီး ဆန္ဒပြမှုတွေက ရွေးကောက်ပွဲရလဒ်တွေကို သက်ရောက်နိုင်မှာ မဟုတ်ကြောင်း သတင်းထောက်တွေထံ ပြောပြခဲ့ပါတယ်။
၃ ရက်တာ ရွေးကောက်ပွဲအတွင်း ယူကရိန်းဘက်က ရုရှားရှိ ရေနံချက်စက်ရုံများ ၊ ရုရှားနေရာများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကာ ရုရှားနယ်စပ်များကို ထိုးဖောက်ရန် ကြိုးပမ်းခဲ့ပါတယ်။
ရုရှားမြို့များရှိ မဲရုံတွေမှာ မဲပေးသူပေါင်း ရာထောင်ချီ တန်းစီနေတာ မြင်တွေ့ရပြီး အထူးသဖြင့် လူငယ်တွေများပြားတာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
#World_Politics #ရုရှားသမ္မတရွေးကောက်ပွဲ #ပူတင်မဲအပြတ်အသတ်အနိုင်ရ #Source: Reuters
#World_Health
Published 18 March 2024
ယနေ့ခေတ်မှာ လူတွေဟာ အိမ်သာတက်ရင်း လက်ကိုင်ဖုန်းအသုံးပြုကြပြီး အချိန်ကြာမြင့်စွာ ထိုင်နေတတ်ကြပါတယ်။
ဒါဟာ အချိန်ကြာလာတာနဲ့အမျှ အန္တရာယ်ဖြစ်လာနိုင်ပြီး ကာကွယ်လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အစာအိမ်နဲ့ အူလမ်းကြောင်း ဆရာဝန် အဲလက်ရှာဘူခရစ္စက ပြောပြသွားပါတယ်။
ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကတော့
(၁) သွေးလိပ်ခေါင်း
မာတဲ့မျက်နှာပြင်ပေါ်မှာ ကြာမြင့်စွာထိုင်ခြင်းက သွေးကြောများ ရောင်ရမ်းစေပြီး မအီမသာဖြစ်နိုင်ကာ ဝမ်းသွားစဥ် သွေးထွက်ခြင်းပင် ဖြစ်နိုင်ပါတယ်။
(၂) အူဆန့်ခြင်း
ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အူထဲမှာ ဖိအားများလာကာ ဝမ်းသွားရ ခက်ခဲလာပါတယ်။
(၃) တင်ပါးဆုံရိုးအားနည်းလာခြင်း
တင်ပါးဆုံကြွက်သားတွေက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တို့ကို ထောက်ပံ့ထားတာကြောင့် အဆိုပါကြွက်သားများ အားနည်းသွားတဲ့အခါ ဆီးအကုန်မသွားနိုင်တာမျိုး ဖြစ်လာပါတယ်။
ထိုအန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့
(၁) အိမ်သာထဲမှာ ထိုင်တဲ့အချိန် အရမ်းမကြာစေဘဲ လိုအပ်သလောက် ကိစ္စပြီးတဲ့အခါ ပြန်ထသင့်ပါတယ်။
(၂) ထိုင်တဲ့အခါ ကိုယ်နေဟန်ထား မှန်ကန်စွာထားသင့်ပါတယ်။
(၃) ခြေထောက်ကို ခုံပုပေါ်တင်ထားခြင်းဖြင့် အူလမ်းကြောင်းကို သဘာဝကျကျ ရှိနေစေပါတယ်။
(၄) ရေများများသောက်ခြင်း၊ ရေဓာတ်ပါတဲ့ အစားအစာ စားခြင်းတို့ဖြင့် ဝမ်းကိုပျော့ပျောင်းစေပါတယ်။
(၅) အိမ်သာတက်တဲ့အခါ အခက်အခဲ တွေ့လာပြီဆိုရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။
#World_Health #အချိန်ကြာမြင့်စွာအိမ်သာတက်ခြင်း #ကျန်းမာရေးဆိုးကျိုးပြဿနာများကြုံတွေ့#Source: The Jerusalem Post
#World_Health
Published 18 March 2024
အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ဟာ ခန္ဓာကိုယ်လုပ်ဆောင်ချက်တိုင်းနီးပါးကို သက်ရောက်နေပါတယ်။
ထိုနှစ်မျိုးက အလုံးစုံကျန်းမာရေးပေါ် သက်ရောက်နေသလို အထူးသဖြင့် အမျိုးသမီးတွေမှာ နှလုံးသွေးကြောစနစ်ပေါ် သိသိသာသာ သက်ရောက်နေတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
ရောဂါအများစု ဖြစ်ရတဲ့အထဲမှာ စိတ်ဖိစီးမှုအကြောင်းကို သိပ်ပြီးသတိမထားမိကြပါဘူး။
နှလုံးရောဂါတွေက အဖြစ်နိုင်ဆုံးဖြစ်ပြီး ကိုယ်ခံအားနည်းခြင်း၊ ဟော်မုန်းမမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်ကြပ်ခြင်း၊ ကြွက်သားအရိုးငြမ်း မူမမှန်ခြင်း၊ အူလမ်းကြောင်း ကျန်းမာရေးပြဿနာတို့လည်း ဖြစ်နိုင်ပါတယ်။
ဖိစီးမှုကို ကြာရှည်စွာ ခံစားရတဲ့အခါ သွေးတိုးလာနိုင်ပြီး နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများလာပါတယ်။
အမျိုးသမီးတွေဟာ ဟော်မုန်းများ၊ လူမှုအခြေအနေများ၊ ဖိစီးမှုများကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုကြုံတွေ့ရနိုင်သလို အိပ်စက်မှုပြဿနာလည်း အမျိုးသားတွေထက် ပိုမိုခံစားရနိုင်ပါတယ်။
နှလုံးသွေးကြောကျန်းမာရေးမှာ အိပ်စက်မှုက အရေးပါတာကြောင့် အိပ်ရေးမဝပါက ရောင်ရမ်းခြင်း၊ သွေးတိုးခြင်း၊ ဂလူးကို့စ် ဇီဝကမ္မဖြစ်စဥ် ချွတ်ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အိပ်ရေးမဝပါက ဖိစီးမှုတုန့်ပြန်ခြင်းကို ပိုမိုဆိုးရွားစေကာ ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာများကို ပိုဆိုးစေပါတယ်။
နှလုံးကျန်းမာရေးအတွက် နည်းလမ်းတွေကတော့ တရားထိုင်ခြင်း ယောဂကျင့်ခြင်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ချိန်ပုံမှန်သတ်မှတ်ခြင်းနဲ့ အိပ်ရာမဝင်မီ စိတ်ပြေလျော့စေရန် ကျင့်ကြံခြင်း၊ လူမှုအားပေးမှု ကွန်ရက်များမှာ ပါဝင်ခြင်းနဲ့ ပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းတို့ ပါဝင်ပါတယ်။
#World_Health #စိတ်ဖိစီးမှုလျှော့ချ #ကောင်းစွာအိပ်စက်ရန်လိုအပ် #Source: India Today
၁၇ မတ် ၂၀၂၄
ဥရောပကော်မရှင်က ကာကွယ်ရေးအစီအစဉ်တွေအတွက် လက်နက်ခဲယမ်း ထုတ်လုပ်ရေးမြှင့်တင်ဖို့ ရန်ပုံငွေ ယူရို သန်း၅၀၀ အပါအဝင် ယူရိုငွေ ၂ ဘီလျံနီးပါးကို ခွဲဝေသုံးစွဲမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်ရေးအထောက်အကူဥပဒေရဲ့အောက်မှာ သုံးစွဲမယ့် ယူရိုသန်း၅၀၀ ဟာ ၂၀၂၅ခုနှစ်အထိ တစ်နှစ်ကို အမြောက်ဆံပေါင်း နှစ်သန်းထုလုပ်နေမှုကို နှစ်ဆတိုးစေလိမ့်မယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Source CCTV+
၁၇ မတ် ၂၀၂၄
ထိုင်းရဲတပ်ဖွဲ့က ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ် ဟက်ပန်းကို အွန်လိုင်းလောင်းကစားမှုနှင့် ဆက်နွယ်တဲ့ ငွေကြေး ခဝါချမှုနှင့် တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပါတယ်။
ယနေ့ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့ မနက်က သမ်ဆွန်းဟောင်ရဲစခန်းမှ ရဲတွေဟာ မြို့ပြရဲတပ်ဖွဲ့ဌာနခွဲ(၂)မှ နို့တစ်စာကို ဘန်ကောက်မြို့ လက်ဆီရပ်ကွက်မှာရှိတဲ့ ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်ရဲ့ အိမ်မှာ လာပေးခဲ့ပါတယ်။ အဆိုပါနို့တစ်စာက ဒုတိယရဲချုပ်ဟာ ကြာသပတေးနေ့က သူ့ကိုတရားစွဲခဲ့တာနှင့်ပတ်သက်လို့ သိရှိစေဖို့အကြောင်းကြားတာဖြစ်ပါတယ်။
အစပထမမှာတော့ ရဲတွေကို ဒုရဲချုပ်ရဲ့အိမ်ဝင်းထဲ လုံခြုံရေးတွေကပေးမဝင်ပါဘူး။ သူတို့က နို့တစ်စာကိုပြဖို့ပြောတဲ့အခါ ရဲတွေက ငြင်းဆန်ခဲ့လို့ဖြစ်ပါတယ်။
အဲဒီနောက် ရဲတွေက သူတို့ကို ဝတ္တရားနှောက်ယှက်မှုနှင့် အရေးယူမယ်လို့ သတိပေးပြီးနောက်မှ ဝင်ခွင့်ရပါတယ်။ အဲဒီအတွက် အခြေအတင်ပြောဆိုညှိနှိုင်းခဲ့ရတာ မိနစ်၂၀လောက်ကြာခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး တော်ဆက် ဆူဗီမိုလ်က နို့တစ်စာအကြောင်း အသိပေးခံခဲ့ရပြီး သူ့အနေနှင့်လည်း ဥပဒေ အရ ရဲချုပ်ကို အရေးယူတဲ့အပေါ် သဘောတူခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
နောက်ပိုင်းမှာ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချိတ်က သတင်းထောက်တွေကိုပြောကြားရာမှာ နို့တစ်စာလာပေးတုန်းက သူအိမ် မှာရှိမနေတဲ့အကြောင်းနှင့် သူ့ကိုစုံစမ်းစစ်ဆေးမှုတွေဟာ ဥပဒေကြောင်းအရ လုပ်ခဲ့တာ ဟုတ်မဟုတ် နို့တစ်စာကို အသေးစိတ် စစ်ဆေးဦးမယ်လို့ပြောပါတယ်။အကယ်၍ အဲသလိုမဟုတ်ခဲ့ရင် နို့တစ်စာဟာ တရားမဝင်ဘူးလို့ သူကပြောပါတယ်။
အင်္ဂါနေ့မှာ ဒုရဲချုပ်နှင့် သူ့ရှေ့နေတွေက သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်က သူဟာ အွန်လိုင်းလောင်းကစားကွန်ယက်ကြီးနှင့်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အပေါ် ဒုရဲချုပ်က ငြင်းခဲ့ပါ တယ်။ တရားရုံးဟာ သူ့ကိုဖမ်းဆီးဖို့ ဝရမ်းထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သူကထောက်ပြပါတယ်။
ရဲဗိုလ်ချုပ်ကြီး ဆူရာချတ်ဟာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှာ ဝါအရင့်ဆုံးသူတစ်ဦးဖြစ်နေတာကြောင့် သူ့အပေါ် အသရေဖျက်ဖို့ ကြိုးစားနေကြတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ရှေ့နေ နက်သာဝစ် နက်တီဂျာရူရုတ်က ပြောပါတယ်။
လက်ရှိ ရဲချုပ်ရဲဗိုလ်ချုပ်ကြီး တော်ဆက်ဆူဗီမိုလ်ဟာ ဒီနှစ်စက်တင်ဘာလမှာ အငြိမ်းစားယူဖို့ရှိနေပါတယ်။
မတ် ၁၃ရက်က အွန်လိုင်လောင်းကစားမှုနှင့်ဆက်နွယ်တယ်ဆိုတဲ့စွပ်စွဲချက်နှင့် ထိုင်းရဲအရာရှိကြီး (၃)ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။
Source BKK Post, PBS World
Page 382 of 1028