#World_Science
Published 23 June 2025
▪️ မယ်ရီလန်းတက္ကသိုလ်မှ အင်းဆက်ပိုးမွှားပညာရှင် အပါအဝင် သုတေသီအဖွဲ့ဟာ ခြင်တွေမှာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါ ဖြစ်စေပြီး ငှက်ဖျားရောဂါတိုက်ဖျက်မယ့် လက်နက်ကြီးတစ်ခုအကြောင်း ဖော်ပြလာပါတယ်။
▪️ ကမ္ဘာပေါ်မှာ ငှက်ဖျားကြောင့် နှစ်စဉ်လူပေါင်း ၆ သိန်းကျော် သေဆုံးနေပြီး ယနေ့ခေတ်ခြင်တွေက ဓာတုကုသနည်းတွေနဲ့ ငှက်ဖျားပျောက်ဆေးတွေကို ခံနိုင်ရည်ရှိလာပါတယ်။
▪️ Metarhizium လို့ခေါ်တဲ့ သဘာဝမှိုပိုးမွှားတစ်မျိုးကို ခြင်မရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းတဲ့အခါ ခြင်မတွေကို သေစေနိုင်လောက်တဲ့ အာရုံကြောအဆိပ် ထွက်စေပါတယ်။
▪️ ခြင်ထီးတွေကို ထိုမှိုဆေးရည်နဲ့ ဖျန်းလိုက်ပြီးနောက် ခြင်မတွေနဲ့ မိတ်လိုက်စေကာ မှိုပိုးမွှားကူးစက်သွားစေပါတယ်။
▪️ မိတ်လိုက်ပြီးနောက် ၂ ပတ်အတွင်းမှာ ခြင်မ ၉၀ ရာခိုင်နှုန်းနီးပါး သေဆုံးသွားကြောင်း အနောက်အာဖရိက ဘာကီနာဖာဆိုမှာ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
▪️ Metarhizium မှိုဟာ ခြင်မတွေကို သေစေနိုင်ပေမယ့် လူသားတွေမှာတော့ အန္တရာယ်မဖြစ်စေပါဘူး။
▪️ မှိုထည့်သွင်းပေးထားတဲ့ ခြင်ထီးတွေဟာ ခြင်မတွေနဲ့ စစထိတွေ့ပြီးနောက် ၂၄ နာရီအထိ ကူးစက်စေနိုင်တာကို တွေ့ရပါတယ်။
▪️ ဒါ့အပြင် ဒီခြင်တွေဟာ ပိုးမွှားသတ်ဆေးတွေကိုလည်း သိပ်ပြီးအနံ့မခံနိုင်တော့ဘဲ ပိုမိုထိတွေ့စေနိုင်ပါသေးတယ်။
▪️ ပြုပြင်ထုတ်လုပ်ထားတဲ့ Metarhizium တွေဟာ အခြားကဏ္ဍတွေမှာလည်း ပိုးမွှားအင်းဆက်များ ထိန်းသိမ်းရန်အတွက် အသုံးပြုနေပြီး ခြင်တွေကို တိုက်ဖျက်ရာမှာ အားကိုးရာအသစ် ဖြစ်လာနိုင်ပါတယ်။
#Source: Phys
#World_Health
Published 23 June 2025
▪️ စိတ်ဓာတ်ကျပြဿနာရှိသူတွေဟာ ဘဝနောက်ပိုင်းမှာ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အထူးသဖြင့် အသက် ၄၀၊ ၅၀ ၊ ၆၀ ဝန်းကျင်တွေမှာ စိတ်ဓာတ်ကျပြဿနာဖြစ်ရင် ဖြစ်နိုင်ခြေများပါတယ်။
▪️ နော့တင်ဂမ်တက္ကသိုလ်၊ အဒီလိတ်တက္ကသိုလ်၊ ဩစတြေးလျ ကာတင်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေက သုတေသနပြုလုပ်ထားတာ ဖြစ်ပါတယ်။
▪️ စိတ်ကျပြဿနာဟာ စိတ်ကျန်းမာရေးကို သက်ရောက်စေရုံမက ရေရှည်မှာ ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်လို့ သုတေသီ ဂျေကော့ဘရိန်းက ဆိုပါတယ်။
▪️ ဒါကြောင့် ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် စိတ်ကျပြဿနာကို ကုသဖို့က အရေးကြီးတာ ဖြစ်ပါတယ်။
▪️ ဒီမန်ရှာရောဂါဆိုတာက မှတ်ဉာဏ်ပိုင်းနဲ့ စဉ်းစားတွေးတောမှုပိုင်းတို့ ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
▪️ ဦးနှောက်ကျုံ့သွားပြီးတော့ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပြောဆိုတွေးတောမှု နေ့စဉ်အလုပ်တွေမှာ ခက်ခဲခြင်းတို့ ဖြစ်လာပါတယ်။
▪️ ဒီမန်ရှာရောဂါထဲမှာမှ အဖြစ်အများဆုံး အယ်ဇိုင်းမားရောဂါဆိုရင် ကမ္ဘာတဝှမ်းရှိ လူပေါင်း ၅၇ သန်းမှာ ဖြစ်နေပြီး ကုသနည်းလမ်း မရှိပါဘူး။
▪️ ဒီပြဿနာတွေဟာ ဦးနှောက်၊ သွေးကြောများ၊ ဟော်မုန်းများ၊ မျိုးဗီဇတို့မှာ အပြောင်းအလဲဖြစ်သွားတာနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုတေသီများ ပြောပါတယ်။
▪️ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ စိတ်ကျပြဿနာဖြစ်ခြင်းက နောက်ပိုင်းမှာ ဒီမန်ရှာစတင်ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
#Source: India Today
အစ္စရေးလ်နဲ့ အီရန်တို့ကြား တင်းမာမှုမြင့်တက်နေရာမှာ တူရကီက အီရန်နဲ့ထိစပ်နေတဲ့ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်မှုများ ဆောင်ရွက်နေပါတယ်။
#World_Crisis
Published 23 June 2025
#တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေး #စစ်ပွဲပဋိပက္ခ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 June 2025
၁။ စားအုန်းဆီ တစ်ပိဿာ ကျပ်၁၀၀ ကျော် အထိထပ်မံကျဆင်း
၂။ Agro-based Textile industrial Complex တည်ဆောက်မည်
၃။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်လက်မှတ်ရေးထိုး
၄။ စစ်ပွဲပဋိပက္ခကြောင့် တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသောအီရန်အရေအတွက်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 23 June 2025
▪️ သိပ္ပံပညာရှင်တွေဟာ ဂျိမ်းစ်ဝက်ဘ်စပေ့စ် အဝေးကြည့်မှန်ပြောင်းကို အသုံးပြုပြီးတော့ နေမင်းကြီးနဲ့ဆင်တူတဲ့ ကြယ်တစ်ခုနားတဝိုက်မှာ ရေခဲတွေကို ပထမဆုံးတွေ့ရှိခဲ့ပါတယ်။
▪️ ဒီလိုတွေ့ရှိခြင်းက အစောပိုင်း နေစကြဝဠာဖွဲ့စည်းမှုအတွင်း ရေတည်ရှိခဲ့တဲ့ အထောက်အထား မြင်တွေ့ရတာဖြစ်ပါတယ်။
▪️ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ သုတေသီများက ထိုမှန်ပြောင်းရဲ့ NIRSpec ကိုအသုံးပြုပြီး ရေခဲအပိုင်းအစတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။
▪️ HD 181327 လို့အမည်ပေးထားတဲ့ကြယ်ဟာ သက်တမ်းနှစ်ပေါင်း ၂၃ သန်းရှိပြီဖြစ်ပြီး ကြယ်ပတ်ပတ်လည်မှာ ရေခဲတွေပါတဲ့ အပိုင်းအစစက်ဝိုင်းကွင်းကြီး ရှိနေပါတယ်။
▪️ ဒီစက်ဝိုင်းကွင်းတွေဟာ ဒီစကြဝဠာထဲက စေတန်ဂြိုဟ်ရဲ့ စက်ဝိုင်းကွင်းတွေနဲ့ Kuiper Belt အတွင်းရှိ ရေခဲအရာဝတ္ထုတွေထဲက တွေ့ရတဲ့ရေခဲဖြစ်ပေါ်မှုနဲ့ ဆင်တူနေပါတယ်။
▪️ ရေခဲတွေက ဂြိုဟ်များဖြစ်ပေါ်မှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပတ်သက်နေပါတယ်။
▪️ ဒီစက်ဝိုင်းကြီးရဲ့ အပြင်ဘက်ခြမ်းမှာ ရေခဲ ၂၀ ရာခိုင်နှုန်းရှိတဲ့ နှင်းလုံးများရှိနေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် ကြယ်ဆီကိုနီးကပ်လာရင် ရေခဲပါဝင်မှု လျော့နည်းလာပါတယ်။
▪️ လှုပ်ရှားနေတဲ့ စက်ဝိုင်းပတ်ကြီးထဲမှာ ပွတ်တိုက်ကြရင်း စကြဝဠာထဲမှာ Kuiper Belt လည်ပတ်စက်ဝိုင်းလိုမျိုး အမှုန်များတဲ့ ရေခဲတွေကို ထုတ်လွှတ်ပါတယ်။
▪️ ဒီတွေ့ရှိချက်က အစောပိုင်း နေစကြဝဠာစနစ်ထဲမှာ ရေပါဝင်မှုအကြောင်း သီအိုရီတွေကို ထောက်ခံသလိုဖြစ်နေပြီး ဂြိုဟ်ဖွဲ့စည်းပုံနဲ့ ရေပို့ဆောင်ရေးတွေရဲ့ အနာဂတ်သုတေသနတွေကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
#Source: Daily Galaxy
#World_Health
Published 23 June 2025
▪️ လူတဝက်ကျော်လောက်ဟာ နိုးစက်မြည်တဲ့အခါ အချိန်နောက်ရွှေ့တတ်ကြသူတွေဖြစ်ပြီး ပျမ်းမျှအားဖြင့် ၂.၅ ကြိမ်လောက် အချိန်ရွှေ့တဲ့ခလုတ်ကို နှိပ်ကြကာ နောက်ထပ် ၁၁ မိနစ်လောက် ပိုအိပ်တတ်ကြပါတယ်။
▪️ ဒါပေမဲ့ ဒီလိုမျိုး ထပ်အိပ်မိခြင်းက မနက်ခင်းလုပ်ငန်းစဉ်တွေ ထိခိုက်နိုင်ပြီး အလုပ်နောက်ကျစေပါတယ်။
▪️ နိုးစက်မြည်တာကို နောက်ရွှေ့တာက ကျန်းမာရေးအပေါ် ထိခိုက်ပုံတွေနဲ့ ဒီအကျင့်ဖျောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေအကြောင်း ဒေါက်တာ ဒင်းနစ်အော့ကလေက ပြောသွားပါတယ်။
▪️ ခဏခဏ အိပ်ရာနိုးတဲ့အခါ အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။
ဒါဟာ နှစ်ခြိုက်စွာအိပ်ပျော်တဲ့အဆင့်ကို မရောက်နိုင်ပါဘူး။
▪️ နိုးစက်ခဏခဏမြည်လို့ နိုးလာတဲ့အခါ စိတ်မသက်မသာဖြင့် အိပ်ရာထရစေပါတယ်။
▪️ ဒီလိုမျိုး ခဏခဏလုပ်တဲ့အခါ အကျင့်ဖြစ်လာပြီး ပိုးဆိုးရွားလာနိုင်ပါတယ်။
▪️ နိုးစက်ကို အချိန်နောက်ရွှေ့ခြင်းက အိပ်စက်မှုအပိုင်းမှာ ပြဿနာရှိနေတဲ့သဘော ဖြစ်ပါတယ်။
▪️ လုံလောက်စွာ အိပ်စက်မှုမရတဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေ အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။
▪️ နိုးစက်မြည်တဲ့အခါ အချိန်နောက်ရွှေ့ခြင်းပြဿနာကို ဖြေရှင်းဖို့အတွက် တစ်နေ့တာလိုအပ်တဲ့ အိပ်စက်ချိန် ၇-၈ နာရီကို ပြည့်ဝစွာအိပ်စက်ဖို့ လိုပါတယ်။
▪️ ကိုယ်တွင်းထဲက အိပ်ရာနိုးချိန်ကို သတ်မှတ်ကာ ထိုအချိန်ရောက်တိုင်း အိပ်ရာထဖို့က အရေးကြီးပါတယ်။
▪️ အိပ်စက်ဖို့ ခက်ခဲတာမျိုးမဖြစ်အောင် အိပ်ခါနီးမှာ ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ မကြည့်သင့်ပါဘူး။
▪️ အိပ်ရာထတဲ့အခါမှာ သဘာဝအလင်းရောင်နဲ့ ထိတွေ့ခြင်းက ကိုယ်တွင်းဖြစ်စဉ်ကို ထိန်းသိမ်းပေးပြီး လူကိုနိုးကြားစေပါတယ်။
▪️ ဒီလိုတွေလုပ်တာတောင်မှ အဆင်မပြေသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Source: New York Post
#World_Health
Published 22 June 2025
▪️ သွေးပေါင်ချိန်များတဲ့ သွေးတိုးရောဂါဆိုတာက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာမှာ အသံတိတ်ဒုက္ခပေးနေပြီး နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ရောဂါတို့ ဖြစ်လာစေပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းအပြင် နှလုံးကျန်းမာစေမယ့် အစားအစာတွေကလည်း သွေးပေါင်ချိန်ကို ထိန်းသိမ်းလျှော့ချပေးနိုင်မှာပါ။
ဒါကြောင့် သွေးပေါင်ချိန်ကို လျှော့ချနိုင်စေမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အစိမ်းရောင်အရွက်များ
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊ အာရူဂူလာအရွက်တို့ဟာ ပိုတက်ဆီယံကြွယ်ဝပြီး ပိုလျှံနေတဲ့ ဆိုဒီယံတွေကို ကျောက်ကပ်ကနေ စွန့်ပစ်ကာ သွေးပေါင်ချိန် လျော့ကျစေပါတယ်။
(၂) သကြားမုန်လာ
▪️ သကြားမုန်လာက နိုက်ထရိတ်ကြွယ်ဝကာ နိုက်ထရစ်အောက်ဆိုဒ်အဖြစ်သို့ ပြောင်းလဲပေးပြီး သွေးကြောတွေ ကျယ်စေပါတယ်။
(၃) အုတ်ဂျုံ
▪️ သူ့မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ ဘီတာဂလူကန်ပါဝင်ပြီး သွေးကြောလုပ်ဆောင်ချက် ကောင်းမွန်စေကာ ကိုလက်စ်ထရောလ် လျှော့ချနိုင်ပါတယ်။
(၄) ငှက်ပျောသီး
▪️ ပိုတက်ဆီယံကြွယ်ဝပြီး ဆားရဲ့ဆိုးကျိုးကို ချိန်ညှိပေးကာ နှလုံးခုန်နှုန်းထိန်းညှိစေနိုင်ပြီး သွေးပေါင်ချိန်ပမာဏ ကောင်းမွန်စေပါတယ်။
(၅) အဆီပါသောငါး
▪️ ဆော်လ်မွန်၊ ငါးကွပ်ရှပ်တို့လိုငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ကာ ရောင်ရမ်းခြင်းနဲ့ ထရိုင်ဂလစ်ဆရိုက် လျှော့ချနိုင်ပြီး နှလုံးကို အလုံးစုံတိုးတက်စေပါတယ်။
#Source: DoctorNDTV
Page 167 of 1143