နေပြည်တော်၊ ဒီဇင်ဘာ ၃၁
ယခုလက်ရှိ ဖြစ်ပေါ်နေသော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) အပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာချိန်မှစ၍ လွတ်လပ်ရေးကို အစောဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံခေါင်းဆောင်များ ၏တွေ့ဆုံမှုများတွင် အတည်ပြုထားပြီးဖြစ်သည့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို အစဉ်တစိုက် ထောက်ခံလျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ရည်မှန်းချက်အပေါ်တွင်လည်း ထောက်ခံရပ်တည်ကြောင်း သတင်းထုတ်ပြန်ချက်တွင် အလေးအနက်ပြုထားသည်။
မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အခြေခံကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို အပြန်အလှန် လေးစား လိုက်နာလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုင်ဝမ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားတွင် အောက်ပါအတိုင်း အဓိကအချက် များ ပါဝင်သည်-
ပြည်တွင်းရေးကိစ္စရပ်ဖြစ်ခြင်း- နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရဟူသော မူဝါဒအရ ထိုင်ဝမ်ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်။
ဒေသတွင်းလုံခြုံရေး- ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေ နိုင်သဖြင့် ယင်းလှုပ်ရှားမှုများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပဋိပက္ခကို ကြီးထွားစေမည့် အားပေးမှုများကို ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံနှင့် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ထားသည့် နိုင်ငံအဖြစ် ဆက်လက် ရပ်တည် သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အတည်ပြု ပြောကြားထားသည်။
#ymg/knl
မကြာသေးမီက Brown တက္ကသိုလ်နှင့် MIT တို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများမှ သံသယရှိသူသည် Diversity Immigrant Visa Program (လူသိများသော အမည်- Green Card Lottery) အစီအစဉ်ဖြင့် အမေရိကန် နိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ကြောင်း ပေါ်ပေါက်လာပြီးနောက်တွင်၊ သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။
အဓိကအချက်အလက်များ
သံသယရှိသူ - အသက် ၄၈ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသားဖြစ်ပြီး Brown တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ Claudio Manuel Neves Valente သည် ၂၀၁၇ ခုနှစ်တွင် Diversity Lottery အစီအစဉ်မှတစ်ဆင့် ဗီဇာကံထူးကာ အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ Valente သည် ကြာသပတေးနေ့က New Hampshire ရှိ သိုလှောင်ရုံတစ်ခုအတွင်း၌ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
တိုက်ခိုက်မှုများ - Valente သည် ကျောင်းသားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည့် Brown တက္ကသိုလ် ပစ်ခတ်မှုတွင် အဓိကသံသယရှိသူ ဖြစ်သည်။ သူသည် Massachusetts ပြည်နယ်၊ Brookline ရှိ နေအိမ်၌ MIT ပါမောက္ခ Nuno F.G. Loureiro အသတ်ခံရမှုတွင်လည်း စွပ်စွဲခံထားရသူဖြစ်သည်။ Valente နှင့် Loureiro တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပေါ်တူဂီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတည်းတွင် အတူတက်ရောက်ခဲ့ဖူးကြောင်း အာဏာ ပိုင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။
မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှု - ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က သမ္မတ ထရမ့် ၏ ညွှန်ကြားချက်အရ Diversity Visa Program ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ Noem က သံသယရှိသူအား "ကျွန်မ တို့နိုင်ငံထဲသို့ ဝင်ခွင့်မပြုခဲ့သင့်ကြောင်း" ပြောကြားခဲ့ပြီး အဆိုပါ ကံစမ်းမဲအစီအစဉ်ကို "အလွန်ဆိုးရွားသော အစီအစဉ်" ဟု သမုတ်ခဲ့သည်။
နောက်ခံအကြောင်းအရာ - Diversity Visa Lottery အစီအစဉ်သည် အမေရိကန်သို့ ဝင်ရောက်မှုနှုန်း နည်းပါးသော နိုင်ငံများမှ လူပုဂ္ဂိုလ်များအတွက် နှစ်စဉ် Green Card ပေါင်း ၅၀,၀၀၀ အထိ ထုတ်ပေးနေသည့် အစီအစဉ်ဖြစ်သည်။ သမ္မတ ထရမ့်က ဤအစီအစဉ်သည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ဖြစ်စေနိုင်ပြီး အရည်အချင်းအခြေပြု စံနှုန်းများ မရှိဟု အကြောင်းပြကာ ကာလရှည်ကြာ ဝေဖန်ကန့်ကွက်လာခဲ့သူ ဖြစ်သည်။
Source: AP
၁၆ ဒီဇင်ဘာ၊၂၀၂၅ (နေပြည်တော်)-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ သံအမတ်ကြီး H.E, Haji Mohamad Sarif Pudin bin Matserudin နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim တို့သည် သီးခြားစီခွဲ၍ ဒီဇင်ဘာ ၁၆ ရက် နံနက် က နေပြည် တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ယင်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။
ဘရူနိုင်းသံအမတ်ကြီး၏သံအမတ်ခန့်အပ်လွှာကိုလက်ခံခဲ့စဉ် ဗိုလ်ချုပ်မှူးကြီးနှင့် ဘရူးနိုင်းသံအမတ် အသစ်တို့သည် မြန်မာနှင့်ဘရူနိုင်းအကြားပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်းအာဆီယံပဋိဉာဉ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့်အခြေအနေများကိုဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

ပါကစ္စတန်သံအမတ်အသစ်နှင့်တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် သံအမတ်အသစ်တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး
ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေများကိုဆွေးနွေးခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးက သံအမတ်နှစ်ဦးစလုံးကို မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲများသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
#yng/knl
၁၄ ဒီဇင်ဘာ ၂၀၂၅
အမေရိကန်က ဘီလာရုစ်၏ အဓိကဓာတ်မြေဩဇာပို့ကုန်ပိတ်ဆုံအရေးယူမှုရုပ်သိမ်းပေးပြီး ဘီလာရုစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်အတိုက်အခံခေါင်းဆောင်အပါအဝင် အကျဉ်းသား၁၂၃ဦး ပြန်လွှတ်ပေးခဲ့သည်။
အဓိက ဖြစ်ပေါ်တိုးတက်မှုများ
ဘီလာရုစ်နိုင်ငံသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဲလစ် ဘီယာလျပ်စကီး (Ales Bialiatski) နှင့် အတိုက် အခံ ခေါင်းဆောင် မာရီယာ ကာလက်စ်နီကာဗာ (Maria Kalesnikava) တို့ အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ဤလွှတ်ပေးမှုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်အောက်ရှိ အမေရိကန် ကိုယ်စားလှယ်တစ်ဦး ကြားဝင် ညှိနှိုင်းပေးသည့် သဘောတူညီချက်ရရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းအတွက် အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်၏ အဓိက ဓာတ်မြေသြဇာပို့ကုန်ဖြစ်သော ပိုတက်ရှ်အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် သဘော တူညီခဲ့သည်။
လွတ်မြောက်လာသူများ
အဲလစ် ဘီယာလျပ်စကီး - ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲဆုရှင်ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ထောင်ချခံထားရသူဖြစ်သည်။
မာရီယာ ကာလက်စ်နီကာဗာ - ၂၀၂၀ ပြည့်နှစ် လူကာရှန်ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အခြားလွတ်မြောက်လာသူများမှာ
အကျဉ်းသား ၉ ဦး လစ်သူယေးနီးယားနိုင်ငံသို့ ပေးပို့ခဲ့သည်။
အကျဉ်းသား ၁၁၄ ဦးကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။
အမေရိကန်၏ ရပ်တည်ချက်
လာမည့်လများအတွင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ခန့်အထိ လွတ်မြောက်လာနိုင် ဖွယ်ရှိကြောင်း အမေရိကန် ကိုယ်စားလှယ် ဂျွန်ကိုးလ်ကပြောကြားခဲ့သည်
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာပါက ပိတ်ဆို့အရေးယူမှု အများစုကို ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။
အမေရိကန်၏ သံတမန်ရေးရာ ဆောင်ရွက်ချက်သည် ဘီလာရုစ်က ရုရှားအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ရည်ရွယ်သည်။
တုံ့ပြန်မှုများနှင့် ထုတ်ပြန်ချက်များ
ဘီယာလျပ်စကီးက သူ၏ လွတ်လပ်ခွင့်ကို ကြိုဆိုခဲ့သော်လည်း ထောင်ပေါင်းများစွာ အကျဉ်းကျ ခံနေရဆဲ ဖြစ်ကြောင်း ထောက်ပြကာ လူ့အခွင့်အရေး တိုက်ပွဲ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
နော်ဝေ နိုဘယ်ကော်မတီက သူ၏ လွတ်မြောက်မှုအပေါ် စိတ်သက်သာရာရကြောင်းနှင့် ဝမ်းမြောက် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်ပရောက် ဘီလာရုစ် အတိုက်အခံများက ထရမ့်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဤသဘော တူညီချက်သည် ပိတ်ဆို့အရေးယူမှုများ ထိရောက်ကြောင်း သက်သေပြနေသည်ဟု ဆိုသော်လည်း စနစ် ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် တိုက် တွန်းခဲ့သည်။
နောက်ခံအကြောင်းအရာ
၂၀၂၀ ရွေးကောက်ပွဲ နှိမ်နင်းမှုများနှင့် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းစစ်ကို ထောက်ခံခဲ့ခြင်းတို့ကြောင့် ဘီလာရုစ်သည် အနောက်နိုင်ငံများ၏ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် နိုင်ငံရေးအကျဉ်းသားများ ရှိနေသည်ဆိုခြင်းကို ငြင်းဆိုလေ့ ရှိပြီး ယခင်က ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့ Viasna ၏ ခန့်မှန်းချက်အရ စနေနေ့က အကျဉ်းသားလွှတ်ပေးခြင်း မတိုင်မီအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁,၂၂၇ ဦး ကျန်ရှိနေသေးသည်ဟုဆိုသည်။
အလားအလာ
ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ နောက်ထပ် လွှတ်ပေးမှုများ ဖြစ်လာနိုင်သည်။
ကျန်ရှိနေသေးသော ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး သေချာစေရန်အတွက် ဆက်လက်ထိတွေ့ ဆက်ဆံသွားရန် အသင့်ရှိကြောင်း အမေရိကန်က အချက်ပြခဲ့သည်။
သတင်းအရင်းအမြစ်- နိုင်ငံတကာသတင်းဌာနများ

၁၀ ဒီဇင်ဘာ၊၂၀၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမြောက်ပိုင်း အဓိကမိသားစုကြီးလေးစု မှ ထွက်ပြေးတိမ်းရှောင်နေကြသူ လေးဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများမှ ထွက်ပြေးလွတ်မြောက် နေသော ငွေကြေးထောက်ပံ့သူသူဋ္ဌေးကြီးများနှင့် အဓိက ခေါင်းဆောင် (၁၀၀) ဦးတို့ကို အလိုရှိကြောင်း ဒီဇင် ဘာ ၉ရက်က ကြေညာခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိသားစုကြီး လေးစု ရာဇဝတ်ဂိုဏ်းမှ အဓိက ထွက်ပြေးနေသူများဖြစ်ကြသော ဝူချီဖျင် (Wu Qiping)၊ ဝူချင်း ကျိန့် (Wu Qingzheng)၊ ဖူရှောင်ဘင်း (Fu Xiaobin) နှင့် အုချန်ဟွာ (Ou Changhua) တို့ ဖြစ်ကြ ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။
စစ်ဆေးတွေ့ရှိချက်များအရ ဝူချီဖျင်၊ ဝူချင်းကျိန့်၊ ဖူရှောင်ဘင်း၊ အုချန်ဟွာ စသည့် ရာဇဝတ်မှု သံသယ ရှိသူ များသည် ပြည်ပအင်အားစုများ၏ အကာအကွယ်ကို ရယူကာ လူအင်အားစုဆောင်း၍ အဖွဲ့များဖွဲ့စည်းခြင်း၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းလိမ်လည်မှုများကို ရေရှည်ကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့ ရာ လိမ်လည်မှုပမာဏမှာ ကြီးမားပြီး ၎င်းတို့၏ လုပ်ရပ်သည်အလွန်ဆိုးရွားကြောင်း အဆိုပါဝန်ကြီးဌာနက ပြောပါတယ်။
အထူးသဖြင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာမြောက်ပိုင်းရှိ တရုတ်နိုင်ငံနှင့်ပတ်သက်သော ရာဇဝတ်မှု များကို နှိမ်နင်းရန် အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း၊ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖိအား ပေး အရေးယူနေသည့် အခြေအနေအောက်တွင်ပင် အထက်ပါ သံသယရှိသူများသည် လုပ်ရပ်များကို လျှော့ချ ခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ ဥပဒေချိုးဖောက်သော ရာဇဝတ်မှုများကို ဆက်လက်၍ အကြီးအကျယ် ကျူးလွန် နေကြဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားထားပါတယ်။
အဆိုပါ ထွက်ပြေးနေသူများ၏ ကျူးလွန်မှုအချက်အလက်များမှာ ထင်ရှားပြီး သက်သေအထောက် အထား များလည်း ခိုင်လုံပြည့်စုံသည့်အတွက် ဂျဲ့ကျန်းပြည်နယ် (ဟန်ကျိုး၊ ဝမ်ကျိုး)၊ ဖူကျန့်ပြည်နယ် (ချွမ်ကျိုး၊ လုံယန်)၊ ဟဲနန်ပြည်နယ် (ဖိန်တိရှန်)၊ ကွမ်တုံးပြည်နယ် (ရှန်ကျန့်)၊ ယူနန်ပြည်နယ် (ကူမင်း) နှင့် ချုံချင့် စသည့် ဒေသအသီးသီးမှ ရဲတပ်ဖွဲ့များသည် ထိုသူတို့အား ဆုကြေးငွေထုတ်၍ လူသိရှင်ကြား ဝရမ်းထုတ် အလိုရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ထွက်ပြေးနေသူများအနေဖြင့် လက်ရှိအခြေအနေမှန်ကို အမှန်အတိုင်း ရှုမြင် သုံးသပ်ကြရန်၊ အချိန်မနှောင်းမီ လမ်းမှားမှ ပြန်လှည့်ကြရန်နှင့် မိမိတို့သဘောဆန္ဒအလျောက် လာရောက်အဖမ်းခံ အလင်းဝင်၍ သက်ညှာစွာ စဉ်းစားပေးမှုကို ရယူကြရန်လည်း တရုတ်ရဲတပ်ဖွဲံက တိုက်တွန်းထားပါတယ်။
အလိုရှိတရားခံနှင့်ပတ်သက်တဲ့ ခိုင်လုံသော သတင်းအချက်အလက် ပေးပို့ပြီး အာဏာပိုင်များ ဖမ်းဆီး ရမိ အောင် ကူညီပေးသူ မည်သူ့ကိုမဆို ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့များက ဆုကြေးငွေ ယွမ် ၂ သိန်း (အမေရိကန်ဒေါ်လာ၂၈,၂၅၉ခန့်) ချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြထားပါတယ်။
Ymg/knl







ဒီဇင်ဘာ၈၊၂၀၂၅
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် အရေးကြီးသော နိုင်ငံရေးအကူးအပြောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆာ့ခ် ဖောင်ကက်ခယို (Sihasak Phuangketkeow) က ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှတ်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာ့ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဒီဇင်ဘာ ၇ရက်က လာရောက်ကာ ဂါရဝပြုတွေ့ဆုံခဲ့ သည်။ သူသည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေတို့နှင့်လည်းတွေ့ဆုံခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ြရေး၊နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အထူး သဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်း လိမ်လည်မှုများ (online scams) တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်မည်ဟုဆိုသည်။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီ ရေး၊ ဆက်သွယ်ချိတ်ဆက်မှုများမြှင့်တင်ရေးနှင့် ပုံမှန်ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် အမှတ်(၂) ချစ်ကြည် ရေး တံတား (မဲဆောက်-မြဝတီ) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင်နှစ်နိုင်ငံ ရေအရည်အသွေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာအပေါ် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည့် ထိုင်းဘုရင့်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ် (Chief of Joint Staff) နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်း တပ်စစ်ဦးစီးချုပ် (Army Chief of Staff) တို့လည်းလိုက်ပါလာခဲ့ကြကြောင်းသိရှိရသည်။
#ymg/knl
၈ ဒီဇင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမျာအတွက် ထိုင်းနိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) သည် လာမည့် ၅ နှစ်တာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသိရသည်။
◾️PTTEP၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက် Upstream online တွသ် ဖော်ပြထားခြင်းဖြစ်သည်။
◾️အဆိုပါ PTTEP၏ အစီအစဉ်သည် တန်ဖိုးမြှင့်တင်ခြင်း (Driving Value)၊ ကာဗွန်လျှော့ချခြင်း (Decarbonisation) နှင့် လုပ်ငန်းကဏ္ဍစုံသို့ တိုးချဲ့ခြင်း (Diversification) ဟူသော အဓိကမဟာဗျူဟာ ၃ ရပ်အပေါ် အခြေခံထားသည်ဟုဆိုသည်။
◾️လာမည့်နှစ်အတွက် PTTEP ၏ အဓိက ဦးစားပေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်နေသော မြန်မာကမ်းလွန်ရှိ ရတနာနှင့် ဇောတိက လုပ်ကွက်များလည်းပါဝင်သည်။
◾️မြန်မာကမ်းလွန်ရှိ M3 စီမံကိန်းများအပါအဝင် တည်ဆောက်ရေးကာလတွင်ရှိသော စီမံကိန်းများကို သတ် မှတ်ထားသည့် ကာလအတွင်း စတင်လည်ပတ်နိုင်ရန် PTTEP က အရှိန်မြှင့်တင်လိုသည်ဟု ဆိုသည်။
◾️၂၀၂၆ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အယ်လ်ဂျီးရီး ယားနိုင်ငံတို့၌ ရှာဖွေရေးနှင့် အကဲဖြတ်တွင်းများ တူးဖော်ရန်အတွက် ဒေါ်လာ ၁၀၁ သန်း ရင်းနှီး မြှုပ်နှံရန် PTTEP က စီစဉ်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
◾️နောက်ဆုံးထုတ်ပြန်ထားသည့် ၅ နှစ်တာ စီမံကိန်းအရ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ (Capex) သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၅.၂၄၉ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုနှစ်တွင် စုစုပေါင်း အသုံးစရိတ်သည်လည်း ဒေါ်လာ ၇.၆၇၆ ဘီလီယံဖြင့် အများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#ymg/knl
Page 24 of 275