၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
၂၀ နိုဝင်ဘာ၊၂၀၂၅
အကျဉ်းချုပ်
◾️အမေရိကန်က ယင်း၏ ငြိမ်းချမ်းရေး အစီအစဉ်ကို ကိယက်ဗ်မှ လက်ခံစေလိုကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောသည်။
◾️ယူကရိန်းက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန်အစီအစဉ်က ရည်မှန်းထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
◾️ဇယ်လန်စကီးသည် ငြိမ်းချမ်းရေး အစီအစဉ်သစ်အတွက် တူရကီသို့ သွားရောက်နေသည်။
◾️သူသည် ကြာသပတေးနေ့တွင် အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံမည်။
◾️ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်၍ ကိယက်ဗ်က ရိပ်ဖမ်း သံဖမ်းရရှိထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
လန်ဒန်/ကိယက်ဗ်၊ နိုဝင်ဘာ ၁၉ (ရိုက်တာ) - ယူကရိန်းနိုင်ငံက နယ်မြေနှင့် လက်နက်အချို့ကို စွန့်လွှတ်ရန် အဆိုပြုထားသည့် ရုရှားနှင့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်က ရေးဆွဲထားသော မူဘောင်ကို သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် လက်ခံရမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု က အရိပ်လက္ခဏာပြခဲ့ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူနှစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။
အဆိုပါကိစ္စ၏ ထိလွယ်ရှလွယ်ရှိမှုကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်များက အဆိုပါ အဆိုပြုချက်များတွင် ယူကရိန်း၏ လက်နက်ကိုင်တပ်ဖွဲ့ အရွယ်အစားကို လျှော့ချရန် အပါအဝင် အခြား အချက်များ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ဝါရှင်တန်က ကိယက်ဗ်သည် အဓိကအချက်များကို လက်ခံစေလိုနေကြောင်း သူတို့က ပြောသည်။
အရှေ့ပိုင်း ယူကရိန်းတွင် ရုရှား၏ နောက်ထပ် နယ်မြေ သိမ်းပိုက်မှုများကို ကိယက်ဗ်က ရင်ဆိုင်နေရချိန် နှင့် ဇယ်လန်စကီးက ဗုဒ္ဓဟူးနေ့တွင် ပါလီမန်က စွမ်းအင်နှင့် တရားရေး ဝန်ကြီးများကို ရာထူးမှ ထုတ် ပယ်ခဲ့ရသည့် အဂတိလိုက်စားမှု စိစစ်မှုကို ကိုင်တွယ် ဖြေရှင်းနေရချိန်တွင် ထိုကဲ့သို့သော အစီအစဉ် သည် ကိယက်ဗ်အတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ရပ်အဖြစ် ပြသနေလိမ့်မည်။
အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက X (တွစ်တာ) တွင် ဝါရှင်တန်သည် "ဤပဋိပက္ခ၏ နှစ်ဖက်စလုံးမှ အချက်အလက်များအပေါ် အခြေခံ၍ စစ်ပွဲကို အဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသော စိတ်ကူးများကို ဆက် လက်ရေးဆွဲသွားမည်" ဟု ပြောကြားခဲ့သည်။
"ယူကရိန်းစစ်ပွဲကဲ့သို့ ရှုပ်ထွေးပြီး အသက်ဆုံးရှုံးစေသော စစ်ပွဲကို အဆုံးသတ်ရန်မှာ အလေးအနက်ထားပြီး လက်တွေ့ကျသည့် အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ရန် လိုအပ်ပါသည်။ ကြာရှည်ခံမည့် ငြိမ်းချမ်းရေးကို ရရှိရန်အတွက် နှစ်ဖက်စလုံးသည် ခက်ခဲသော်လည်း မရှိမဖြစ်လိုအပ်သော အလျှော့အတင်းများကို သဘောတူရန် လိုအပ်သည်" ဟု ရူဘီယိုက ပြောကြား ခဲ့သည်။
ဝါရှင်တန်က ရုရှားနှင့် ဆွေးနွေးထားသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အဆိုပြုချက်များနှင့် ပတ်သက်၍ ကိယက်ဗ်က "အရိပ်အမြွက်" လက်ခံရရှိထားကြောင်း ယူကရိန်းအကြီးတန်းအရာရှိကြီး တစ်ဦးက ရိုက်တာကို ပြောကြားခဲ့သည်။ ယူကရိန်းသည် အဆိုပြုချက်များ ပြင်ဆင်ရာတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ဗုဒ္ဓဟူးနေ့တွင် သမ္မတ တေရစ်ပ် အာဒိုဂန်နှင့် တူရကီ၌ ဆွေးနွေးပွဲများ ပြုလုပ်နေသော ဇယ်လန်စကီး သည် ကြာသပတေးနေ့တွင် ကိယက်ဗ်၌ အမေရိကန် စစ်တပ်အရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ Telegram တွင် မှတ်ချက်များပေးရာ၌ ဇယ်လန်စကီးက ဝါရှင်တန်၏ မူဘောင်ကို ဖော်ပြခြင်းမရှိဘဲ သုံးနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အကူအညီပေးမည့် ထိရောက်သော အမေရိကန် ခေါင်းဆောင်မှုကို တောင်းဆိုခဲ့သည်။
"သွေးထွက်သံယိုမှုများကို ရပ်တန့်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် အဓိက အချက်မှာ ကျွန်ုပ်တို့၏ မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အမေရိကန် ခေါင်းဆောင်မှုသည် ထိရောက်ပြီး ခိုင်မာနေရန် ဖြစ်သည်" ဟု အန်ကာရာ၌ အာဒိုဂန်နှင့် တွေ့ဆုံပြီးနောက် ဇယ်လန်စကီးက ရေးသားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့သာလျှင် "စစ်ပွဲကို နောက်ဆုံးတွင် အဆုံးသတ်ရန် လုံလောက်သော ခွန်အားရှိသည်" ဟု ဇယ်လန်စကီးက ပြော ကြားခဲ့သည်။
အာဒိုဂန်သည် ဆွေးနွေးပွဲများအတွက် မတူညီသော ပုံစံများကို အဆိုပြုခဲ့ကြောင်းနှင့် "လိုအပ်သော ပလက်ဖောင်းကို တူရကီက ပံ့ပိုးပေးရန် အသင့်ရှိခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီး သည်" ဟုလည်း ယူကရိန်းသမ္မတကပြောကြားခဲ့သည်။ စစ်ပွဲကို အဆုံးသတ်ရန် ထရမ့်အစိုးရ၏ ကြိုးပမ်း မှု အသစ်တစ်ရပ်၏ လက္ခဏာများကြောင့် ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းအစိုးရ ဘွန်းဈေးနှုန်းများ လများ အတွင်း အကြီးမားဆုံး ခုန်တက်ခဲ့သည်။
ဇူလိုင်လတွင် အစ္စတန်ဘူလ်၌ တွေ့ဆုံခဲ့သည့်နောက်ပိုင်း ကိယက်ဗ်နှင့် မော်စကိုတို့အကြား မျက်နှာ ချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသေးဘဲ၊ ရုရှားတပ်ဖွဲ့များသည် မော်စကို၏ လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲကို ဆက်လက်ဖိအားပေးနေပြီး တစ်ညတာ တိုက်ခိုက်မှုများတွင် လူ ၂၅ ဦး သေဆုံးခဲ့သည်။
ရုရှား၏ ရပ်တည်ချက်တွင် ပြောင်းလဲမှုမရှိ စစ်ပွဲကို အဆုံးသတ်ရန်အတွက် ယင်း၏ သတ်မှတ်ချက်များကို မော်စကိုက ပြောင်းလဲမည့် အရိပ်အယောင်မပြသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုများသည် အရှိန်အဟုန် ရရှိလာပုံရနေသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် အမေရိကန် ဦးဆောင်သော နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် အစီအစဉ်များကို ကိယက်ဗ်မှ စွန့်လွှတ်ရန်နှင့် ရုရှား၏ အစိတ်အပိုင်းအဖြစ် မော်စကိုက တောင်းဆိုသည့် ပြည်နယ်လေးခုမှ သူတို့၏တပ်ဖွဲ့များကို ရုပ်သိမ်းရန် ယခင်ကတည်းက တောင်းဆို ခဲ့သည်။ မော်စကိုသည် ထိုတောင်းဆိုချက်များထဲမှ တစ်ခုခုကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြခြင်း မရှိသေးဘဲ ယူကရိန်းကလည်း ယင်းတို့ကို လက်ခံမည်မဟုတ်ဟု ဆိုသည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနယ်မြေ၏ ၁၉% ခန့်ကို ထိန်းချုပ်ထားပြီး ရှေ့သို့ တဖြည်းဖြည်း တိုးမြှင့်နေကာ ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများ ကို မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
နေတိုးအဖွဲ့ဝင်ဖြစ်ပြီး ကိယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးနှင့် ရင်းနှီးစွာ ရှိနေသည့် တူရကီသည် ၂၀၂၂ ခုနှစ်၊ စစ်ပွဲ၏ အစောပိုင်း သီတင်းပတ်များတွင် ပထမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လက်ခံ ကျင်းပခဲ့ပြီး ထရမ့်မှ တိုက်ပွဲများကို အဆုံးသတ်ရန် အစီအစဉ်သစ်တစ်ခု စတင်ခဲ့သည့် ယခုနှစ်အထိ ယင်းသည် တစ်ခုတည်းသောဆွေးနွေးပွဲဖြစ်ခဲ့သည်။
ကရင်မလင်က အန်ကာရာတွင် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲများ၌ ရုရှားကိုယ်စားလှယ်များ ပါဝင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ အမေရိကန်နှင့် တူရကီတို့ နှင့် စကားပြောဆိုရန် ပူတင်သည် လမ်ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေး အာမခံချက်ဖြင့် နယ်မြေလဲလှယ်ခြင်းလား။
ဗုဒ္ဓဟူးနေ့တွင် အဆိုပါကိစ္စကို တိုက်ရိုက်သိရှိသော အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ Axios က အစီရင်ခံရာတွင် အမေရိကန်၏ အစီအစဉ်သစ်သည် နောင်တွင် ကိယက်ဗ်နှင့် ဥရောပအတွက် ရုရှား၏ ကျူးကျော်မှုနှင့်ပတ်သက်၍ အမေရိကန်၏ လုံခြုံရေး အာမခံချက်ကို ရရှိရန်အတွက် ယူကရိန်းက လက်ရှိ မထိန်းချုပ်နိုင်သေးသည့် အရှေ့ပိုင်း ယူကရိန်း၏ အစိတ်အပိုင်းတစ်ခုကို မော်စကိုအား ပေးအပ်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။
အဆိုပါ အမေရိကန်၏ အဆိုပြုချက်အသစ်ဟု ယူဆရသော အကြောင်းအရာများကို မှတ်ချက်ပေးသော ဥရောပ သံတမန်တစ်ဦးက သူတို့သည် ထရမ့်အစိုးရ၏ "ကိယက်ဗ်ကို အကျဉ်းအကြပ်ထဲ တွန်းပို့ရန်" နောက်ထပ် ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်း၏ ရပ်တည်ချက် သို့မဟုတ် ဝါရှင်တန်၏ ဥရောပ မဟာမိတ်များ၏ ရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားခြင်မရှိပါက အဖြေမရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
ယူကရိန်းက ယင်း၏ စစ်တပ်ကို လျှော့ချသင့်သည်ဟူသော အကြံပြုချက်သည် အလေးအနက်ထားသော အဆိုပြုချက်ထက် ရုရှား၏ တောင်းဆိုချက်လိုဖြစ်နေကြောင်း အခြားဥရောပ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
စစ်တပ်အတွင်းဝန် ဒန် ဒရစ်စကောလ် ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ကိယက်ဗ်၌ "အချက်အလက်ရှာဖွေရေးမစ်ရှင်" ဖြင့် ရောက်ရှိနေကြောင်း ကိယက်ဗ်ရှိ အမေရိကန်သံရုံးက ပြောကြား ခဲ့သည်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ရန်ဒီ ဂျော့ချ်သည်လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ပြီး သူနှင့် ဒရစ်စကောလ်တို့သည် ကြာသပတေးနေ့တွင် ဇယ်လန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို အကျွမ်းတဝင်ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
သတင်းအကျဉ်းချုပ်
-လုံခြုံရေး အထူးတင်းကြပ်ထားပြီး တရားခံမျက်ကွယ်တွင် စီရင်ချက်ချမှတ်
-ဟာစီနာက စွပ်စွဲချက်များကို ပယ်ချ၊ ခုံရုံးသည် ကြိုတင်စီစဉ်ထားသည့် မတရားခုံရုံးဖြစ်သည်ဟု ဆို)
-ဘင်္ဂလားဒေ့ရှ်အစိုးရက သူမကို လွှဲပြောင်းပေးရန် အိန္ဒိယနိုင်ငံအား တောင်းဆို
-အုံကြွမှုအတွင်း လူ ၁၄၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ပြောကြား
ဒါကာ၊ နိုဝင်ဘာ ၁၇ (ရိုက်တာ) - ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ကျောင်းသားဦးဆောင်သည့် အုံကြွမှုကို သွေးထွက်သံယို ဖြိုခွင်းရန် အမိန့်ပေးခဲ့သည်ဟု အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်ဆေးမှုအပြီး ဖြုတ်ချခံလိုက်ရသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို သူမ မရှိသည့် မျက်ကွယ်၌ တနင်္လာနေ့တွင် သေဒဏ်ချမှတ်လိုက်ပါသည်။
သားကောင်ဖြစ်ခဲ့ရသူများ၏ မိသားစုဝင်များအပါအဝင် လူပြည့်ကြပ်နေသော တရားခွင်အတွင်းရှိ လူများ က လက်ခုပ်တီး အားပေးကြွေးကြော်ခဲ့ကြပြီး၊ အပြင်ဘက် လူအုပ်ကြီးထဲမှ အချို့ဆိုလျှင် ဒူးထောက်၍ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်အထိ ဖြစ်ခဲ့ပါသည်။ ဤစီရင်ချက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ သမိုင်းတွင် ခေါင်းဆောင်တစ်ဦးအပေါ် ချမှတ်သည့် အပြင်းထန်ဆုံး ပြစ်ဒဏ်လည်း ဖြစ်ပါသည်။
သူမ၏အစိုးရကို ဆန့်ကျင်သည့် အုံကြွမှုများ အမြင့်ဆုံးဖြစ်နေချိန် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် ဟာစီနာကမူ ဤတရားရုံးသည် "ကြိုတင်စီစဉ်ထားသည့် (မတရား) ခုံရုံး" (rigged tribunal) သက်သက်သာဖြစ်သည်ဟု ပယ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရက ၎င်းကို "သမိုင်းဝင် စီရင်ချက်" တစ်ခုအဖြစ် ဖော်ပြခဲ့သော်လည်း တည်ငြိမ်ကြရန် တိုက်တွန်းခဲ့သလို ဆူပူမှုများရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သတိပေးခဲ့ပါသည်။
စီရင်ချက်ချပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံအနေဖြင့် ဟာစီနာနှင့် အလားတူအမှုဖြင့် သေဒဏ်ချမှတ်ခံထားရသော ပြည်ထဲရေးဝန်ကြီးဟောင်း Asaduzzaman Khan Kamal တို့ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ပါသည်။ အိန္ဒိယဖက်ကမူ စီရင်ချက်ကို မှတ်သား ထားကြောင်းနှင့် အသေးစိတ်ကို ထည့်သွင်းပြောကြားခြင်းမရှိဘဲ "အပြုသဘောဆောင် ဆက်ဆံသွား မည်" ဟုသာ ဆိုပါသည်။
ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုများ
အစောပိုင်းက ဟာစီနာ့ဖခင်၏ နေအိမ်အကြွင်းအကျန်များကို ဖြိုချဖျက်ဆီးရန် တောင်းဆိုကြသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုနေအိမ်၏ အစိတ်အပိုင်းအများစုမှာ ပြီးခဲ့သည့်နှစ်ကတည်းက ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။
အစိုးရ အဆောက်အအုံများနှင့် တရားရုံးဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များကို ချထားခဲ့သလို၊ မြို့တော်နှင့် အခြားမြို့ကြီးများတွင်လည်း လုံခြုံရေး တင်းကြပ်ထားပါသည်။
ဖေဖော်ဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီ ဤစီရင်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ဟာစီနာ၏ Awami League ပါတီကို ဝင်ပြိုင်ခွင့် ပိတ်ပင်ထားသည်ကို မပယ်ဖျက်ပေးပါက အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည်ဟု ဟာစီနာ၏သားက တနင်္ဂနွေနေ့တွင် သတိပေးခဲ့ပါသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင် ၁၅ နှင့် သြဂုတ် ၅ ရက်အကြား အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း လူ ၁၄၀၀ ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ခန့်မှန်းထားပါသည်။ အများစုမှာ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်ဖြစ်ပြီး ၎င်းသည် ၁၉၇၁ လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုးရွားဆုံး နိုင်ငံရေး အကြမ်းဖက်မှုလည်း ဖြစ်ပါ သည်။
မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုများကို အရေးယူမည်ဟု အစိုးရ ပြောကြား
အသက် ၇၈ နှစ်အရွယ် ဟာစီနာသည် လှုံ့ဆော်မှု၊ သတ်ဖြတ်ရန် အမိန့်ပေးမှုနှင့် အုံကြွမှုကာလအတွင်း ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် ပျက်ကွက်မှုအပါအဝင် စွဲချက်သုံးခုဖြင့် အပြစ်ရှိကြောင်း တွေ့ ရှိရသည်ဟု တရားသူကြီး Golam Mortuza Mozumder က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ သူမကို ပြစ်ဒဏ်တစ်ရပ်တည်းသာ ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် - အဲဒါကတော့ သေဒဏ်ပါပဲ" ဟု တရားသူကြီး Mozumder က ပြောကြားခဲ့သည်။
စီရင်ချက်ချပြီးနောက် မီဒီယာများထံ ပေးပို့ခဲ့သည့် အီးမေးလ်ကြေညာချက်ထဲတွင် ဟာစီနာက တရားရုံးသည် "ဘက်လိုက်ပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိနေသည်" ဟု စွပ်စွဲခဲ့ပါသည်။
"ရွံရှာဖွယ်ကောင်းလှတဲ့ ဒီသေဒဏ်ချမှတ်မှုဟာ ကြားဖြတ်အစိုးရထဲက အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နောက်ဆုံး ရွေးကောက်ခံ ဝန်ကြီးချုပ်ကို ဖယ်ရှားဖို့နဲ့ Awami League ပါတီကို နိုင်ငံရေးအင်အားစုအဖြစ်ကနေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်လိုတဲ့ ဗြောင်ကျပြီး လူသတ်လိုတဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေပါတယ်" ဟု သူမက ပြောပါသည်။
ကြားဖြတ်အစိုးရကမူ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းနှင့် တာဝန် သိစိတ်ဖြင့် နေထိုင်ကြရန်နှင့် အများပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို မနှောင့်ယှက်ကြရန် တိုက်တွန်းခဲ့သည်။
စီရင်ချက်ကြောင့် "လူထုကြားတွင် ပြင်းထန်သည့် ခံစားချက်များ သဘာဝကျစွာ ဖြစ်ပေါ်လာနိုင်ပါတယ်" ဟု အစိုးရက ပြောသည်။ "ဖရိုဖရဲဖြစ်အောင်၊ ဝရုန်းသုန်းကားဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးပမ်းမှုတွေ၊ ဒါမှမဟုတ် အများပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်တာမျိုးတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဖြေရှင်းသွားမယ်" ဟုလည်း ဖြည့်စွက်ပြောကြားသည်။
စီရင်ချက်မချမီ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
တရားခွင်အတွင်း၌ တရားလိုရှေ့နေများက ကျောင်းသားဦးဆောင်သော အုံကြွမှုကို နှိမ်နင်းရန် သေစေ နိုင်သည့် လက်နက်အင်အားသုံးဖို့ ဟာစီနာက တိုက်ရိုက်အမိန့်ပေးခဲ့သည့် သက်သေအထောက်အထား များ သူတို့ထံတွင် ရှိကြောင်း တရားရုံးကို ပြောကြားခဲ့ပါသည်။
ဟာစီနာအတွက် နိုင်ငံတော်က ခန့်အပ်ပေးထားသော ရှေ့နေက လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး၊ သူမကို စွဲဆိုထားသည့် စွဲချက်များမှာ အခြေအမြစ်မရှိသည့်အတွက် တရားရှင်လွှတ်ပေးရန် တရားရုံးကို လျှောက်လဲခဲ့သည်။
ကြားနာမှုမတိုင်မီကတည်းက ဟာစီနာက စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး၊ ခုံရုံးသည် မမျှတသလို အပြစ်ရှိကြောင်း စီရင်ချက်ချမည်မှာ "ကြိုတင်သိရှိပြီးသား အဖြေ" ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။
ကြားဖြတ်အစိုးရကမူ ထိုစွပ်စွဲချက်များကို ပယ်ချခဲ့ပါသည်။ "ခုံရုံးဟာ လေ့လာသူတွေကို ခွင့်ပြုထားသလို ပုံမှန်မှတ်တမ်းတွေကို ထုတ်ပြန်ပေးပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တာပါ" ဟု အစိုးရပြောခွင့်ရပ ုဂ္ဂိုလ်က စီရင်ချက်မချမီ နာရီပိုင်းအလိုတွင် ပြောကြားခဲ့သည်။
"ခိုင်မာတဲ့ မည်သည့်လူ့အခွင့်အရေးအဖွဲ့အစည်းကမှ လက်ရှိလုပ်ငန်းစဉ်ကို နိုင်ငံရေးအရ တွန်းအားပေး လုပ်ဆောင်တာလို့ မပြောခဲ့ပါဘူး" ဟု သူတို့က ထပ်လောင်းပြောကြားသည်။
စီရင်ချက်မချမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေအနေမှာ တင်းမာနေခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း နိုင်ငံတစ်ဝန်း၌ အနည်းဆုံး လက်လုပ်ဗုံး ၃၀ ပေါက်ကွဲခဲ့ကာ မော်တော်ယာဉ် ၂၆ စီး မီးရှို့ခံ ခဲ့ရပါသည်။ ထိခိုက်သေဆုံးမှု ရှိသည်ဟုမူ သတင်းမရရှိပါ။
ဟာစီနာ ထွက်ပြေးသွားပြီးကတည်းက လူဦးရေ သန်း ၁၇၀ ရှိသော မွတ်စလင်အများစုနေထိုင်ရာ ဤတောင်အာရှနိုင်ငံကို ကြားဖြတ်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်နေခြင်း ဖြစ်ပသည်။
၁၉၉၁ ခုနှစ်က စစ်အာဏာရှင် ဟူစိန်မိုဟာမက်အာရှဒ်သည် တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် (အလုပ်ကြမ်းနှင့်) ချမှတ်ခံခဲ့ရဖူးသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့အထည်အလိပ် တင်ပို့မှုအများဆုံး နိုင်ငံများထဲတွင် ပါဝင်ပြီး ကမ္ဘာလုံး ဆိုင်ရာ အမှတ်တံဆိပ်ကြီးများသို့ တင်ပို့နေခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် ဆန္ဒပြပွဲများကြောင့် ဤလုပ်ငန်းကဏ္ဍမှာ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ End
နိုဝင်ဘာ ၁၅၊၂၀၂၅ (Sky News)-
Panorama အစီအစဉ်တွင် သူ၏ မိန့်ခွန်းကို ပြုပြင်တည်းဖြတ်မှုအတွက် BBC ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံကြား တရားစွဲဆိုမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အမေရိကန်သမ္မတက စနေနေ့ည၌ Air Force One လေယာဉ်ပေါ်တွင် ရှိနေစဉ် အဆိုပါ အသံလွှင့်ဌာနကို တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ သူတို့ကို တရားစွဲမယ်။ ဒေါ်လာ တစ်ဘီလီယံ (ပေါင် ၇၉၂ သန်း) နဲ့ ငါးဘီလီယံ (ပေါင် ၃.၇၉ ဘီလီယံ) ကြား လျော်ကြေးရဖို့ သူတို့ကို တရားစွဲမယ်၊ လာမယ့်အပတ်လောက်မှာ ဖြစ်နိုင်တယ်" ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဒါကို လုပ်ရမယ်၊ သူတို့ လိမ်လည်ခဲ့တယ်ဆိုတာ ဝန်ခံပြီးသားပဲ။ သူတို့ ဒါကို မလုပ်ဘဲ နေခဲ့ကြတာ မဟုတ်ဘူး။ သူတို့ လိမ်လည်ခဲ့တယ်။ ကျွန်တော့်ပါးစပ်က ထွက်တဲ့ စကားလုံးတွေကို သူတို့ ပြောင်းလဲခဲ့တယ်"ဟုထရမ့်ကပြောသည်။
ထို့နောက် ထရမ့်က ယခုသီတင်းပတ်ကုန်တွင် ဝန်ကြီးချုပ် ဆာာ ကီယာစတားမား နှင့် ဤကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပြီး "ဖြစ်ပျက်ခဲ့သည့်အပေါ် ယူကေ ပြည်သူများ အလွန်ဒေါသထွက်နေကြသည်၊အဘယ်ကြောင့်ဆိုသော် BBC သည် သတင်းတု ဖြစ်ကြောင်း ပြသလိုက်သောကြောင့်ဖြစ်သည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် လူအုပ်စုတစ်စုက အမေရိကန် ကက်ပီတိုလ် အဆောက်အအုံ၌ အဓိကရုဏ်းမဖြစ်ပွားမီ ထရမ့်ပြောကြားခဲ့သော မိန့်ခွန်းကို BBC က သတင်းအစီအစဉ်တွင် ပြုပြင် တည်းဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်ခဲ့ကြောင်း ဌာနတွင်း မှတ်တမ်းတစ်ခုကို The Daily Telegraph က ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။
BBC အကျပ်အတည်း ဘယ်လိုဖြစ်ပွားခဲ့သလဲ
စိုးရိမ်မှုများမှာ ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် BBC က ထုတ်လွှင့် ခဲ့သော "Trump: A Second Chance?" မှတ်တမ်းရုပ်သံတွင် သမ္မတ၏ မိန့်ခွန်း အပိုင်းအစများမှ ဗီဒီယို ဖိုင်များကို ဖြတ်ဆက်၍ သူက ကက်ပီတိုလ် အဆောက်အအုံသို့ ထောက်ခံသူများနှင့်အတူ လမ်းလျှောက် သွားပြီး "သတ္တိရှိရှိ တိုက်ပွဲဝင်ရန်" ပြောကြားခဲ့သကဲ့သို့ ထင်ရအောင် ပြုလုပ်ခဲ့ခြင်းနှင့် သက်ဆိုင်နေ သည်။ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် BBC ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ နှင့် BBC News အမှုဆောင်အရာရှိချုပ် ဒေဘိုရာ တားနက်စ် တို့ နှစ်ဦးစလုံး သူတို့၏ ရာထူးများမှ နုတ်ထွက် ခဲ့ကြသည်။
အသရေဖျက်မှု တောင်းဆိုရန် အခြေအမြစ်မရှိ
ကြာသပတေးနေ့တွင် အဆိုပါ အသံလွှင့်ဌာနက သမ္မတအား တရားဝင် တောင်းပန်ခဲ့ပြီး ယင်းသည် "ဆုံးဖြတ်ချက် အမှားအယွင်း" ဖြစ်ကြောင်းနှင့် အစီအစဉ်ကို "မည်သည့် BBC ပလက်ဖောင်းများတွင်မဆို ဤပုံစံအတိုင်း ထပ်မံထုတ်လွှင့်တော့မည် မဟုတ်ကြောင်း" အာမခံပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဗီဒီယိုဖိုင်ကို တည်းဖြတ်ခဲ့သည့်ပုံစံအတွက် BBC က စိတ်ရင်းအမှန်ပင် ဝမ်းနည်းပါသည်" ဟု ပြောကြားခဲ့သော်လည်း "အသရေဖျက်မှု တောင်းဆိုရန် အခြေအမြစ်ရှိသည် ဆိုခြင်းကိုမူ ကျွန်ုပ်တို့ လုံးဝ သဘောမတူပါ" ဟု သူတို့က ထပ်လောင်းပြောကြားခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းတွင် ထရမ့်၏ ရှေ့နေများက BBC အနေဖြင့် တောင်းပန်ခြင်း၊ ဗီဒီယိုဖိုင်ကို ပြန်လည်ရုပ်သိမ်းခြင်း နှင့် လျော်ကြေးပေးခြင်းတို့ မပြုလုပ်ပါက ဒေါ်လာ ၁ ဘီလီယံအတွက် တရား စွဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။
သမ္မတ၏ မိန့်ခွန်း အပိုင်းအစများကို ဖြတ်ဆက်၍ သူက ကက်ပီတိုလ် အဆောက်အအုံသို့ ထောက်ခံ သူများနှင့်အတူ လမ်းလျှောက်သွားပြီး "သတ္တိရှိရှိ တိုက်ပွဲဝင်ရန်" ပြောကြားခဲ့သကဲ့သို့ ထင်သွားအောင် ပြီးခဲ့သည့်နှစ် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလိုတွင် BBC က ထုတ်လွှင့်ခဲ့သော "Trump: A Second Chance?" မှတ်တမ်းရုပ်သံတွင် ဖန်တီး ပြုလုပ်ခဲ့သည်။
တရားဥပဒေအရ စိန်ခေါ်မှုများ
သို့သော် ဥပဒေပညာရှင်များက မစ္စတာထရမ့်အနေဖြင့် ယူကေ သို့မဟုတ် အမေရိကန် တရားရုံးများ၌ အမှုဖွင့်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရမည်ဟု ပြောကြားထားသည်။
အသရေဖျက်မှု လျော်ကြေးငွေ ပေါင် ၁၀၀,၀၀၀ ($၁၃၂,၀၀၀) ထက် မကျော်လွန်လေ့ရှိသော ယူကေ တရားရုံးများသို့ အမှုတင်သွင်းရန် နောက်ဆုံးသတ်မှတ်ရက်မှာ ကျော်လွန်သွားပြီဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် အဆိုပါ မှတ်တမ်းရုပ်သံကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်ခဲ့ပြီး ယင်းမှာ တစ်နှစ်ထက် ပိုမိုကြာမြင့်သွားခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် အဆိုပါ မှတ်တမ်းရုပ်သံကို အမေရိကန်တွင် မပြသခဲ့သောကြောင့်၊ အမေရိကန်ပြည်သူများ မကြည့်ရှု နိုင်ခဲ့သော အစီအစဉ်တစ်ခုကြောင့် သမ္မတအပေါ် အထင်အမြင်သေးသွားသည်ဟု သက်သေပြ ရန် ခက်ခဲလိမ့်မည်လည်းဖြစ်သည်။
The Telegraph တွင် ထပ်မံဖော်ပြခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ထုတ်လွှင့်ခဲ့သော အစီရင်ခံ စာတစ်ခုတွင် BBC ၏Newsnight အစီအစဉ်ကလည်း အဆိုပါ မိန့်ခွန်း၏ ဗီဒီယိုဖိုင်ကိုပင် ရွေးချယ် တည်းဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်အသစ်များကို စုံစမ်းစစ်ဆေးနေကြောင်း BBC က ပြောကြားခဲ့ သည်။
BBC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "BBC ဟာ အမြင့်မားဆုံးသော တည်းဖြတ်မှုစံနှုန်းတွေကို ကိုင်စွဲထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ သတိပြုမိပြီးဖြစ်ပြီး အခု စုံစမ်းစစ်ဆေးနေပါတယ်" ဟု ပြောကြားခဲ့သည်။ End
ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ် တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့ သည်။
ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။
ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။
ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။
"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။
တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင် သူများက ပြောကြားသည်။
အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ပေးနေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်သည်။
အကျဉ်းချုပ်
▪️ဘက်လိုက်မှု စွပ်စွဲချက်များကြောင့် BBC ၏ ထိပ်တန်း အကြီးအကဲနှစ်ဦး တနင်္ဂနွေနေ့တွင် နုတ် ထွက်
▪️BBC မှတ်တမ်းရုပ်သံက ထရမ့်၏ မိန့်ခွန်းနှင့် ပတ်သက်၍ ကြည့်ရှုသူများကို အထင်အမြင် လွဲမှားစေ ခဲ့
▪️ထရမ့်က တရားဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်
▪️အစိုးရက ရန်ပုံငွေ ပုံစံကို ပြန်လည်သုံးသပ်နေချိန်တွင် အကျပ်အတည်း ပေါ်ပေါက်
▪️ဥက္ကဋ္ဌက BBC ကို ကာကွယ်ပြောဆို၊ ဘက်မလိုက်မှုသည် ယင်း၏ DNA တွင် ရှိသည်ဟု ဆို
လန်ဒန်၊ နိုဝင်ဘာ ၁၀ (ရိုက်တာ) - သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို တည်းဖြတ်မှုကြောင့် BBC ၏ ထိပ်တန်းအဆင့် နုတ်ထွက်မှုများက ဗြိတိန်အသံလွှင့်ဌာနကြီး လုပ်ငန်းဘယ်လိုလည်ပတ်မည်လဲ ဆိုသည့်ကိစ္စ နှင့် ယင်း၏ သတင်းပညာအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ဆက်လက် ရရှိထားနိုင်ခြင်း ရှိ၊ မရှိ အပေါ် တင်းမာမှုများကျယ်ပြန့်စွာ ပွင့်ထွက်သွားစေခဲ့ရသည်။
ထရမ့်၊ အစ္စရေး-ဟားမတ်စ် စစ်ပွဲ နှင့် လိင်ပြောင်းလဲသူများ၏ ကိစ္စရပ်များအား သတင်းဖော်ပြမှုတွင် BBC သည် ပျက်ကွက်မှုများဖြစ်ခဲ့ကြောင်း ကိုးကားဖော်ပြထားသည့် အကြံပေးဟောင်းတစ်ဦး၏ ဌာနတွင်း အစီရင်ခံစာတစ်ခု Daily Telegraph သို့ ပေါက်ကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ နှင့် သတင်းဌာန အကြီးအကဲ ဒေဘိုရာ တားနက်စ် တို့ တနင်္ဂနွေနေ့တွင် နုတ်ထွက်ခဲ့ကြရသည်။
သို့သော် အဆိုပါ နုတ်ထွက်မှုများက အရှုပ်တော်ပုံကို ထိန်းချုပ်နိုင်မည့်အစား၊ ယင်း၏ ရန်ပုံငွေကို ဆုံးဖြတ်ပေးသည့် ပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် အများပိုင် အသံလွှင့် ဌာနကြီးသည် ခေါင်းဆောင်မရှိဘဲ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အကျပ်အတည်းထဲသို့ သက်ဆင်း သွားစေခဲ့ရသည်။
ကြည့်ရှုသူများသည် သတင်းနှင့် ဖျော်ဖြေရေးအတွက် Netflix၊ YouTube နှင့် ဆိုရှယ်မီဒီယာများ ကဲ့သို့သော အရာများဆီသို့ ပြောင်းလဲလာချိန်တွင် ရုပ်မြင်သံကြား ပိုင်ဆိုင်သည့် အိမ်ထောင်စုတိုင်းက ပေးဆောင်ရပြီး BBC ရန်ပုံငွေ၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့် - လက်ရှိ လိုင်စင် ကြေးမှာ ခေတ်မမီတော့ကြောင်း BBC ကို ထောက်ခံသူများကပင် ဝန်ခံကြသည်။
BBC သည် ပြည်သူ့ယုံကြည်မှုအပေါ် မှီခိုနေရ
“BBC မှာ ရှိတဲ့ အရေးကြီးဆုံး တန်ဖိုးကတော့ ယုံကြည်မှုပါပဲ၊ ပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းက သူ့ရဲ့ သတင်းတင်ဆက်မှုဟာ ဘက်မလိုက်ဘူး၊ ဓမ္မဓိဋ္ဌာန်ကျတယ်၊ သတင်းရင်းမြစ် မှန်ကန်ပြီး စစ်ဆေးပြီး ဖြစ်တယ် ဆိုတဲ့ အချက်အပေါ်မှာ အခြေခံပါတယ်" ဟု ကွန်ဆာဗေးတစ် လွှတ်တော်အမတ်နှင့် မီဒီယာ ဆိုင်ရာ အစိုးရ ဝန်ကြီးဟောင်း ဂျွန် ဝှစ်တင်းဒေးလ်က ရိုက်တာသို့ ပြောကြားခဲ့သည်။
"ပြီးတော့ ကြည့်ရှုသူတွေနဲ့ နားထောင်သူတွေက အဲဒီအပေါ်မှာ ယုံကြည်မှု မရှိတော့ဘူးဆိုရင် အဲဒါက BBC အတွက် အလွန်ကြီးမားတဲ့ ထိခိုက်မှုပါပဲ"ဟုသူကပြောသည်။
Enders Analysis ကို တည်ထောင်သူ ကလဲ အန်းဒါးစ် က "ပဋိညာဉ်စာတမ်းကို ရှင်သန်ကျော်လွှားနိုင်ဖို့ BBC အပေါ် ရှိရမယ့် ယုံကြည်မှုကို ပြန်လည်ရယူဖို့" ခေါင်းဆောင်သစ် တစ်ဦးကို အမြန်ဆုံး ခန့်အပ်သင့်ကြောင်း ပြောကြားခဲ့သည်။
၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော BBC သည် ကမ္ဘာ့အသက်အကြီးဆုံး မီဒီယာ အဖွဲ့ အစည်း များထဲမှ တစ်ခုဖြစ်ပြီး ယင်း၏ သတင်းပညာအတွက် ကမ္ဘာတစ်ဝှမ်း၏ လေးစားမှုခံရသည်။ အဆိုပါ အဖွဲ့ သည် လက်ရှိတွင် ဘာသာစကား ၄၂ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသည်။
ရုပ်မြင်သံကြားနှင့် ရေဒီယို ထုတ်လွှင့်ခြင်းအပြင်၊ ရိုက်တာ၏ သတင်းသုံးစွဲသူတစ်ဦး ဖြစ်သော BBC သည် ကမ္ဘာပေါ်တွင် အကြီးဆုံး အင်္ဂလိပ်ဘာသာ သတင်းဝက်ဘ်ဆိုက်ကို လည်ပတ်လျက်ရှိကြောင်း စက်မှု လုပ်ငန်းမဂ္ဂဇင်း Press Gazette အရ သိရသည်။
ပေါက်ကြားလာသောမှတ်စုတိုကBBCတွင်အဖွဲ့အစည်းဆိုင်ရာဘက်လိုက်မှုရှိနေသည်ကိုညွှန်ပြ
ယမန်နှစ်အစောပိုင်းတွင် စံချိန်စံညွှန်း အကြံပေးဟောင်း မိုက်ကယ် ပရက်စကော့ ရေးသားခဲ့သော မှတ်စု တိုမှ ကောက်နှုတ်ချက်များကို The Telegraph က ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ မှတ်စုတိုတွင် ဝန်ထမ်းများကြား အဖွဲ့အစည်းအတွင်း လက်ဝဲယိမ်း ဘက်လိုက်မှုများကို ဖော်ပြသည့် အယ်ဒီတာဆိုင်ရာ ပျက်ကွက်မှုများဟု သူကပြောသော စာရင်းတစ်ခုကို ပြုစုထားသည်။
အပြင်းထန်ဆုံးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီလေးတွင် ထုတ်လွှင့် ခဲ့သော Panorama မှတ်တမ်းရုပ်သံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် Capitol Hill အဓိကရုဏ်းကို အားပေးအားမြှောက်ပြုနေပုံ ပေါ်စေရန် ထရမ့်၏ မိန့်ခွန်း နှစ်ပိုင်းကို ပေါင်းစပ် တည်းဖြတ်ခဲ့သည် ဟူ သော ဖော်ထုတ်ချက်ဖြစ်သည်။ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို လွတ်လပ်သော ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်က BBC ကို တရားဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်
တနင်္ဂနွေနေ့တွင် ပေးပို့သော စာတစ်စောင်အရ၊ သမ္မတ၏ ရှေ့နေများက နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား၍ ယင်း၏ မှတ်တမ်းရုပ်ရှင်ကို ပြန်လည်ရုပ်သိမ်းရမည် သို့မဟုတ် ဒေါ်လာ ၁ ဘီလီယံ ထက်မနည်းသော နစ်နာကြေး အတွက် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။ တနင်္လာ နေ့တွင် တည်းဖြတ်မှုမှာ "ဆုံးဖြတ်ချက် အမှားအယွင်း" ဖြစ်ကြောင်း ဝန်ခံခဲ့သည့် BBC က ယင်းအပေါ် မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
Sunday Times ၏ နိုင်ငံရေး သတင်းထောက်ဟောင်း ပရက်စကော့က ပျက်ကွက်မှုများ ပေါ်ပေါက် လာသည့်အခါ BBC အကြီးအကဲများက အရေးယူမှု မရှိသည့်အပေါ် "စိတ်ပျက်မိသောကြောင့်" ယင်း၏ မှတ်စုတို memo ကို စုစည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းမှတ်စုတို ထုတ်ပြန်ပြီးနောက်၊ ကော်ပိုရေးရှင်းသည် ပေါက်ကြားလာသော စာရွက်စာတမ်းများ အပေါ် မှတ်ချက် မပေးလိုကြောင်းသာ ပြောကြားပြီး ရက်ပေါင်းများစွာ ဆွံ့အသွားခဲ့သည်။
ဘုတ်အဖွဲ့နှင့် ပဋိပက္ခ တစ်ခု ဖြစ်ပွားခဲ့ပြီး သတင်း အမှုဆောင်များက တောင်းပန်စာ ထုတ်ပြန်လိုသော် လည်း ဘုတ်အဖွဲ့က တားမြစ်ခဲ့သည်ဆိုသည့်အကြောင်းကို BBC ၏ မီဒီယာ သတင်းထောက် ကေတီ ရက်ဇယ်လ် နှင့် ယင်း၏ ထိပ်တန်း နိုင်ငံရေး တင်ဆက်သူများထဲမှ တစ်ဦးဖြစ်သော နစ်ခ် ရော်ဘင်ဆင် တို့ နှစ်ဦးစလုံးက ကြားသိခဲ့ရသည်ဟုဆိုသည်။
ယင်းတို့နှစ်ဦးက ကွန်ဆာဗေးတစ် ထရီဇာ မေ ဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် သူမ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့ သည့် BBC ဘုတ်အဖွဲ့ဝင် ရော်ဘီ ဂစ်ဘ် သည် BBC ၏ သတင်းထုတ်ပြန်မှုအပေါ် ဝေဖန်သူ တစ်ဦးဖြစ်ကြောင်း လက်ညှိုးထိုးခဲ့သည်။ ဂစ်ဘ်က ယင်းအပေါ်မှတ်ချက်ပေးရန် တောင်းဆိုမှုကိုချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။
BBC ဥက္ကဋ္ဌ ဆမီရှာ က ဘုတ်အဖွဲ့သည် တောင်းပန်မှုကို မတားမြစ်ခဲ့သော်လည်း တုံ့ပြန်ရန် အချိန်ပေး ဖို့အပ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
ဘုတ်အဖွဲ့ဝင်များသည် မတူညီသော အမြင်များ ရှိကြပြီး ပြင်းထန်သော ငြင်းခုံမှုများ ပြုလုပ်ခဲ့ကြသော် လည်း ဒေဗီ နှင့် တားနက်စ် တို့ နုတ်ထွက်မှုနှင့်အတူ အဖွဲ့အစည်းအတွင်း "အာဏာသိမ်းမှု" ဖြစ်ပွားခဲ့ သည်ဟု အချို့သော မီဒီယာ သုံးသပ်သူများ၏ ပြောကြားချက်မှာ "စိတ်ကူးယဉ်" သာ ဖြစ်ကြောင်းသူက ပြောကြားခဲ့သည်။
ရှာက ထရမ့်ရုပ်သံ တည်းဖြတ်မှုအတွက် တောင်းပန်ခဲ့သော်လည်း "BBC News ၏ DNA နှင့် ယဉ်ကျေးမှု" သည် ဘက်မလိုက်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်လူမျိုးများသည် အခြားသတင်းဌာနများ ထက် BBC News ကို ပိုမို ယုံကြည်ကြောင်း စစ်တမ်းများက ဖော်ပြသည်ဟု သူက ဆိုသည်။
BBC ကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခု ရှိခဲ့သည်ဟု ထောက်ခံသူများက ယုံကြည်
Guardian နှင့် Financial Times မှ သတင်းထောက်များ၊ နှင့် BBC ဝန်ထမ်းအချို့ အပါအဝင် အသံလွှင့် ဌာနကို ထောက်ခံသူများက ကော်ပိုရေးရှင်းကို တန်ဖိုးလျှော့ချရန် စနစ်တကျ စီစဉ်ထားသော လက်ယာ ယိမ်းလှုပ်ရှားမှုတစ်ခု ရှိခဲ့သည်ဟုယုံကြည်ခဲ့ကြကြောင်း အများပြည်သူသို့အသိပေး ထုတ်ပြန်ချက်များ အရ သိရသည်။
"ဒါဟာ အများပြည်သူဝန်ဆောင်မှု အသံလွှင့်လုပ်ငန်းနဲ့ BBC ကို ဆန့်ကျင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြိုင်ဘက်တွေက ဖန်တီးလိုက်တဲ့ အကျပ်အတည်း ဖြစ်ပါတယ်" ဟု စီးပွားရေး ပညာရှင်နှင့် BBC ၏ အုပ်ချုပ်ရေး အဖွဲ့ဟောင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒိုင်အန်း ကွိုင်းလ် က ရိုက်တာသို့ ပြောကြားခဲ့သည်။
မှတ်စုတိုထဲရှိ ဝေဖန်မှုများက နေ့စဉ် ပေါက်ကြားမှုနေခြင်းကြောင့် ဖိအားများကို မြင့်တက်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် ကဲ့သို့ ထင်ရှားသော ပုဂ္ဂိုလ်များကြောင့်လည်း အငြင်းပွားမှုကို ပိုမို လောင်မြိုက်စေခဲ့သည်ဟု ထောက်ခံသူများက ဆိုသည်။
လက်ရှိ Prospect မဂ္ဂဇင်းကို ဦးစီးနေသည့် Guardian ၏ အယ်ဒီတာဟောင်း အလန် ရက်စ်ဘရစ်ဂျာ က BBC ဘုတ်အဖွဲ့ဝင် အများအပြားသည် ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေး နောက်ခံမှ လာကြသူများ သို့မဟုတ် သတင်းပညာအလုပ်ကို အချိန်ကြာမြင့်စွာ အလုပ်မလုပ်ခဲ့သူများ ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ညွှန်ကြားရေးမှူးချုပ် အသစ်အပြင် ကော်ပိုရေးရှင်းသည် ပိုမိုခိုင်မာသော အုပ်ချုပ်မှု လိုအပ် သည်ဟု သူက ဆိုသည်။
"ဘုတ်အဖွဲ့ကိုယ်တိုင်က အယ်ဒီတာဆိုင်ရာ ဆုံးဖြတ်ချက်ကောင်းတွချမှတ်ဖို့ အနေအထား သိပ်မကောင်း ပါဘူး" ဟု သူက ရိုက်တာသို့ ပြောကြားခဲ့သည်။
"ဝင်လာမယ့် ညွှန်ကြားရေးမှူးချုပ်တိုင်းက သူတို့နောက်မှာ ဘယ်သူရှိမလဲ၊ ကာကွယ်ပေးဖို့ လိုအပ်တဲ့ အခါမှာ သတင်းပညာကို ကာကွယ်ပေးနိုင်တဲ့သူတွေ၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ ဒါမှမဟုတ် တောင်းပန်ဖို့ လိုအပ်တဲ့အခါ ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့သူတွေ ရှိ၊ မရှိ သိချင်ကြမှာပါပဲ"ဟုသူကပြောသည်။
လိုင်စင်ကြေး ပုံစံ
အစိုးရက BBC ၏ လိုင်စင်ကြေး ပုံစံသည် ရေရှည် တည်တံ့မှု ရှိ၊ မရှိ နှင့် ပဋိညာဉ် သက်တမ်း တိုးခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခြား ရွေးချယ်စရာများကို ထည့်သွင်း စဉ်းစားသင့်၊ မသင့် ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေချိန်တွင် ဤအရှုပ်တော်ပုံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ရှိ ၁၀ နှစ် သက်တမ်းရှိ ပဋိညာဉ်သည် ၂၀၂၇ တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
လေဘာပါတီ ဝန်ကြီးချုပ် ကဲ စတားမား ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစိုးရသည် BBC ကို ထောက်ခံ ပြီး ယင်းက အဖွဲ့အစည်းဆိုင်ရာ ဘက်လိုက်မှု ရှိသည်ကို ငြင်းဆိုခဲ့သည်။
BBC သည် ယင်း၏ ရန်ပုံငွေ ပုံစံနှင့် လစ်ဘရယ်ဆန်သော ရပ်တည်ချက်ဟု ယူဆရသည့်အပေါ် ကန့်ကွက် သော ပြည်တွင်း သတင်းစာအများအပြားနှင့် ဆိုရှယ်မီဒီယာပေါ်မှ ဝေဖန်သူများ၏ ပြင်းထန်သော စိစစ်မှု ကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရသည်။.
အဖွဲ့အစည်း၏ ဝင်ငွေသည် ၂၀၂၄/၂၅ တွင် လိုင်စင်ကြေးနှင့် စီးပွားရေးဝင်ငွေတို့ကြောင့် ၉% တိုးတက်ပြီး ပေါင် ၅.၉ ဘီလီယံ (ဒေါ်လာ ၇.၉ ဘီလီယံ) သို့ ရောက်ရှိခဲ့သော်လည်း လိုင်စင်ပယ်ဖျက်သူ အရေ အတွက်များမှာလည်း မကြာသေးမီနှစ်များအတွင်း တိုးပွားလာခဲ့သည်။
ယမန်နှစ် တစ်နှစ်တည်းတွင် လိုင်စင် ၃၀၀,၀၀၀ ဆုံးရှုံးမှုကြောင့် BBC သည် ဝင်ငွေ ပေါင် သန်း ၅၀ ခန့် လျောနည်းခဲ့သည်။
ဒေါ်လာ ၁ = ၀.၇၄၅၁ ပေါင်
မူရင်းအရင်းအမြစ်- ရိုက်တာသတင်းသုံးသပ်ချက်
၁၀ နိုဝင်ဘာ၊၂၀၂၅-
◾️BBC ၏ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီTim Davie နှင့် သတင်းဌာန အကြီးအကဲ ဒီဘိုရာတာနက်စ် Deborah Turness တို့သည် နိုင်ငံရေးဘက်လိုက်မှုဆိုင်ရာ စွပ်စွဲချက်များ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အမေရိကန် ကက်ပီတယ်လ (Capitol) အဓိကရုဏ်းကို ဒေါ်နယ်ထရမ့်က အားပေးတိုက်တွန်းပုံ ပေါက်အောင် တည်းဖြတ်ထားသည့် Panorama မှတ်တမ်းရုပ်ရှင်ကြောင့် နုတ်ထွက်ခဲ့ကြရသည်။
◾️ပေါက်ကြားခဲ့သော အတွင်းပိုင်း အစီရင်ခံစာတစ်ခုတွင် အစ္စရေး-ဟားမတ်စ် စစ်ပွဲ၊ လိင်ပြောင်း လဲသူများဆိုင်ရာ အငြင်းပွားမှုများနှင့် ထရမ့်၏ မိန့်ခွန်းတည်းဖြတ်မှု အပါအဝင် ကိစ္စရပ်များစွာအပေါ် BBC ၏ သတင်းတင်ဆက်ပုံများကို ဝေဖန်ထားသည်။ BBC Arabic ဌာနသည် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုကို ပြသခဲ့ပြီး ဝန်ထမ်းအချို့က လိင်ပြောင်းလဲသူ တက်ကြွ လှုပ်ရှားသူများကို ထိခိုက်သည် ဟု သူတို့ယူဆသည့် သတင်းတင်ဆက်မှုများကို ဖုံးကွယ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
◾️ “အမှားအယွင်းများ ရှိခဲ့ကြောင်း" Davie က ဝန်ခံခဲ့သော်လည်း ယုံကြည်စိတ်ချရသော သတင်း ပညာရပ်အတွက် BBC ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းကိုမူ သူကခုခံ ကာကွယ်ပြောဆိုခဲ့သည်။ Turnessကမူ ဌာနတွင်း ဘက်လိုက်မှု ရှိသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ သူတို့၏ နုတ်ထွက်မှုသည် BBC ဘုတ်အဖွဲ့ကို အံ့အားသင့်စေခဲ့သည်ဟု ဆိုကြပြီး၊ ၂၀၂၇ ခုနှစ်တွင် ယင်း၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန်အတွက် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
တုံ့ပြန်မှုများ
◾️ ထရန့်က သူတို့နှစ်ဦးကို "အလွန်မရိုးသားသူများ" ဟု ခေါ်ဝေါ်ခဲ့ပြီး BBC ကို ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲလိုက်သည်။
◾️ ယူကေ (UK) ယဉ်ကျေးမှုဝန်ကြီးက မတည်ငြိမ်သော နှစ်များအတွင်း အသံလွှင့်ဌာနကို ဦးဆောင် လမ်းပြခဲ့မှုအတွက် Davie ကို ချီးကျူးခဲ့သည်။
◾️ ဗြိတိန်၏ သဘောထားကွဲပြားသော မီဒီယာဝန်းကျင် အလယ်တွင် ဘက်မလိုက်မှုကို ထိန်းသိမ်းရန် BBC ၏ ဆက်လက်ရုန်းကန်နေရမှုကို ဤအငြင်းပွားဖွယ်ရာက မီးမောင်းထိုးပြနေကြောင်း လေ့လာသူ များက ပြောကြားသည်။
ကိုးကား-ရိုက်တာသတင်းများ
Page 27 of 275