၁၉ ဧပြီ ၂၀၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရ ပါတယ်။
မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသား များ ဆူပူ သောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင် ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြ ပြီး ဖျက်ဆီးမှု တွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတဲ့အတွက် အခြေအနေကို ထိန်းသိမ်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက် ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျ ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
အဲဒါကြောင့်ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေ အား ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်ကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပါ တယ်။
ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဉ်လို့ သတင်းရရှိပါတယ်။
@ymg/knl
၁၉ ဧပြီ ၂၀၂၄
ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီအတွက် အောင်ပွဲအသေအချာဖြစ်စေမည့် ခြောက်ပတ် ကြာ အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၉ ရက် သောကြာနေ့မှာ စတင်လိုက်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံးရွေးကောက်ပွဲဖြစ်သည့် အိန္ဒိယရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၉၆၈သန်းက ဆန္ဒမဲ ပေးကြမည်ဖြစ်ပါတယ်။
ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထးရာ ဂင်္ဂါမြစ်ကမ်းဘေးရှိ ဟာရီဒွာမြို့က မဲရုံတစ်ရုံရဲ့အပြင်ဘက်မှာ မဲပေးကြ မယ့် လူတန်းကြီး ဟာ မဲရုံမဖွင့်ခင်ကတည်းက အရှည်ကြီးဖြစ်နေတာတွေ့ကြရပါတယ်။
“ ကျွန်တော်ဒီနေ့မဲလာပေးတာဟာ နိုင်ငံက ဦးတည်နေတဲ့လမ်းကြောင်းအပေါ် သဘောကျလို့ဖြစ်တယ်” လို့ အသက် ၂၇နှစ်အရွယ် ဆိုက်ကားဆရာ ဂန်ဂါဆင်းကပြောပါတယ်။
“ ကျွန်တော်က ကိုယ်ရေးကိုယ်တာအတွက်မဟုတ်ဘဲ နိုင်ငံချမ်းသာရေးအတွက်စိတ်ထားပြီး မဲပေးမှာပါ” လို့သူကပြောပါတယ်။
အသက် ၇၃နှစ်အရွယ်မိုဒီဟာ ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ်တစ်စုကြာယူထားခဲ့ပြီးတဲ့တိုင် ဆက်လက် ပြီး လူကြိုက်များနေဆဲဖြစ်ပါတယ်။
“ စံချိန်းချိုးတဲ့အထိ မဲတွေပေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်” လို့ မိုဒီက မဲပေးပွဲစတင်တဲ့အချိန်မှာ ဆိုရှယ်မီဒီယာ အိတ်စ် ကနေ ရေးသားခဲ့ပါတယ်။
မိုဒီဟာ ၂၀၁၄နှင့် ၂၀၁၉ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အာဏာရ ဘီဂျေပီ ပါတီကိုဦးဆောင်နေခဲ့ပါတယ်။
ရွေးကောက်ပွဲတွေကို ဧပြီ ၁၉ရက်မှ ဇွန်လ(၁)ရက်အထိ အဆင့်(၇)ဆင့်ဖြင့် အိန္ဒိယနိုင်ငံတစ်လွှားက မဲရုံပေါင်းတစ်သန်းကျော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မဲတွေကို ဇွန်(၄)ရက်နေ့မှာ ရေတွက်မှာဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီရက်မှာပဲ ရလာဒ်ကို ကြေညာ လေ့ရှိပါတယ်။
Source AFP
အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်
၁၉ ဧပြီ ၂၀၂၄
အစ္စရေးက အီရန်ကို သောကြာနေ့မှာလက်တုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ အမေရိကန်မီဒီယာ များက သတင်းဖော်ပြကြပြီးနောက် အီရန်နိုင်ငံပိုင်မီဒီယာကလည်း အီရန် အလယ်ပိုင်း အစ်စ်ဖန်ဟန် ပြည်နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့တယ်လို့ သတင်းရေးသားကြပါတယ်။
အီရန်မြို့တော်တော်များများမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုန့်ပြန်လုပ်ဆောင်မှုတွေရှိခဲ့ တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။ အစ်ဖန်ဟန် မြို့အနီးတစ်ဝိုက်မှာ ပေါက်ကွဲသံတွေကြားတယ်လို့လည်း အီရန်ရဲ့ တရားဝင်ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပ်က အစ္စရေးကို အီရန်က ဒုံးကျည်ရာပေါင်းများစွာနှင့် ပစ်လွှတ်တိုက်ခိုက်ပြီးတဲ့နောက် အီရန်ကိုပြန်တိုက်ခိုက်မယ်လို့ အစ္စရေးက သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။
အီရန်ရဲ့ ဖာစ်သတင်းအေဂျင်စီက သတင်းပေးပို့ရာမှာ အစ်ဖန်ဟန်လေဆိပ်နှင့် ရှက်ကာရီလေတပ်အခြေ စိုက် စခန်းအမှတ်(၈)တွေအနီး ကွာဂျာဗာရက်စတန်အနီး ပေါက်ကွဲမှုသုံးခုအသံကြားရတယ်လို့ပြော ပါတယ်။
အီရန် အာကာသအေဂျင်စီပြောရေးဆိုခွင့်ရသူ ဟိုစိန်ဒါလီရီယန်ကလည်း ဒရုန်းတော်တော်များများကို အောင်မြင်စွာပစ်ချခဲ့တယ်လို့ပြောပါတယ်။
ဒုံးကျည်ဖြင့်တိုက်ခိုက်မှု မကြားရသေးဘူးလို့လည်း သူကပြောပါတယ်။
အကြီးအကျယ်ထိခိုက်မှုတွေနှင့် ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ မတွေ့ရဘူးလို့ လည်း တရားဝင် IRNA သတင်းအေဂျင်စီက ပြောပါတယ်။
ကျယ်လောင်တဲ့ပေါက်ကွဲသံတွေဆိုတာဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်က လေထဲက ပစ်မှတ် တွေကို ပစ်ချတဲ့အသံတွေဖြစ်တယ်လို့ အစ်ဖန်ဟန်မှ အကြီးတန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ် ဆီယာဗက် မီဟန်ဒိုးစ်က နိုင်ငံပိုင်ရုပ်သံကိုပြောကြားပါတယ်။
Source AFP
၁၈ ဧပြီ ၂၀၂၄
အစ္စရေးလ်ကို အီရန်တိုက်ခိုက်တာဟာ အကျိုးအကြောင်း ဆီလျော်ပြီး တရားဝင်ဖြစ်ကာ ဒေသတွင်းတင်းမာမှု မြင့်တက်စေလိုခြင်း မရှိဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်နာနီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန် မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားရာမှာ ကန်နာနီက အီရန်လုပ်ရပ်ဟာ တရားဝင် ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်း အပိုဒ် ၅၁ နဲ့ ကိုက်ညီပြီး ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
‘’အီရန်က ဒေသတွင်းတင်းမာမှု မြင့်တက်လိုခြင်းမရှိပါဘူး။ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများ၊ နိုင်ငံတကာဥပဒေများနဲ့အညီ ပြုလုပ်ခဲ့တာ ဖြစ်တယ်ဆိုတာကို အလေးပေးပြောလိုပါတယ်’’ လို့ ပြောကြားသွားပါတယ်။
ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ အီရန်တို့က အစ္စရေးလ်ဘက်ကို ဒရုန်း ၁၇၀၊ ပဲ့ထိန်းဒုံးကျည် ၃၀ ကျော်၊ တိုက်ချင်းပစ်ဒုံးကျည် ၁၂၀ ကျော်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မတိုက်ခိုက်ခင်တစ်ရက်မှာ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)က ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးလ်ဆက်စပ်တဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အခုဆိုရင် အီရန်ရှိ ဘန်ဒါအက်ဘာဆိပ်ကမ်းအနီးမှာ ကမ်းကပ်ထားပုံကို မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ထိုသင်္ဘောဟာ အစ္စရေးလ်အစိုးရပိုင်ဖြစ်ပြီး နိုင်ငံတကာ ပို့ဆောင်ရေးစည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ကန်နာနီက ဆိုပါတယ်။
ဆီးရီးယားမှာ အစ္စရေးလ်တိုက်ခိုက်ဖို့ကို အမေရိကန်က ခွင့်ပြုတဲ့အတွက် အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။
Published 18 April 2024
ဒီဇင်ဘာလတုန်းက အစ္စရေးလ်ဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတစ်ခုဟာ ဂါဇာရှိ အကြီးဆုံး မျိုးပွားဆေးခန်းကို ထိမှန်ခဲ့ရာ ပေါက်ကွဲမှုကြောင့် သန္ဓေဌာနထောင့်တစ်နေရာမှာ သိမ်းထားတဲ့ အရည်နိုက်ထရိုဂျင်အိုး ၅ လုံး အဖုံးပွင့်သွားခဲ့ပါတယ်။
အလွန်အေးတဲ့ အရည်တွေ အငွေ့ပျံသွားပြီး နိုက်ထရိုဂျင်အိုးတွေထဲက အပူချိန်မြင့်တက်လာကာ ဂါဇာမြို့ အယ်လ်ဘက်စ်မာ ဖန်ပြွန်သန္ဓေဌာနမှာ သိမ်းထားတဲ့ သန္ဓေသားလောင်း ၄၀၀၀ ကျော်၊ သုတ်ပိုးနဲ့ သန္ဓေမဖြစ်သေးတဲ့ မမျိုးဥ ၁၀၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။
ထိုပေါက်ကွဲမှုရဲ့ သက်ရောက်မှုက မခန့်မှန်းနိုင်လောက်တဲ့အထိ ထိခိုက်နေနိုင်ပါတယ်။
နိုက်ထရိုဂျင်အိုးတွေထဲက သန္ဓေသားလောင်းတွေဟာ မျိုးမပွားနိုင်ဖြစ်နေတဲ့ ပါလက်စ်တိုင်းစုံတွဲတွေအတွက်တော့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။
အသက်ပေါင်း ၅၀၀၀ မကတဲ့ သန္ဓေသားတွေဟာ မိဘတွေအတွက်တော့ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာ အသေအချာသိထားတယ်လို့ ဆေးခန်းတည်ထောင်ခဲ့တဲ့ သားဖွားမီးယပ်ဆရာဝန် ဘာဟေးလ်ဒင်းဂယ်လာယီနီက ပြောပြခဲ့ပါတယ်။
သုတ်ပိုးတွေ မျိုးဥတွေ မထုတ်လုပ်နိုင်တော့တဲ့ စုံတွဲတွေ၊ သန္ဓေသားလောင်း မရှင်သန်နိုင်တော့တဲ့ စုံတွဲတွေကတော့ နောက်ထပ်ကိုယ်ဝန် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးလ်က အရပ်ဘက် အဆောက်အအုံတွေကို တမင်ရည်ရွယ်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားကာ ကျန်းမာရေးဌာနတွေမှာ စစ်ရေးစစ်ရာတွေ လုပ်ဆောင်နေတဲ့ ဟားမတ်စ်တို့ကို စွပ်စွဲလိုက်ပါတယ်။
ဂါဇာဒေသဟာ ဆင်းရဲနွမ်းပါးပေမယ့် ကလေးမရနိုင်တဲ့ စုံတွဲတွေဟာ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုကြပါတယ်။
အမြောက်ဆံတစ်ခုတည်းနဲ့ အသက်ပေါင်း ၅၀၀၀ ဆုံးရှုံးသွားရတယ်လို့ ဂယ်လာယီနီက ဆိုသွားပါတယ်။
ရိုက်တာသတင်းဌာနမှ သတင်းထောက်များ ဧပြီလမှာ ထိုနေရာသို့ ရောက်ရှိခဲ့ပြီး ဓာတ်ခွဲခန်းထဲ ပျက်စီးနေဆဲဖြစ်တာတွေကို မြင်တွေ့ခဲ့ကြပါတယ်။
Source: Reuters
တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းသွားနိုင်အောင် ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ CR450 EMU ရထား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ဆောက်လုပ်သွားနိုင်ရန် စီစဥ်ထားကြောင်း တရုတ်ပြည်မီးရထားအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
၁၇ ဧပြီ ၂၀၂၄
တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို အားလုံး၏ သွေးစည်းညီညွတ်မှုနှင့် တုံ့ပြန်ပြသ ကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။
“ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ကြောင့် အချို့သော ကိုယ်ကျိုးအတ္တ လွန်ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည် ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည် ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော် လွှားနိုင်ခဲ့ကြပြီးဖြစ်ကြောင်းနှင့် ယခုနှစ်သစ်မှာလည်း နစကအနေနှင့် ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ယုံကြည် ချက် တို့နှင့်အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။
Page 30 of 202