၂၉ မတ် ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖုန်းဆက်သွယ်၍ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။
အဲသလိုပြောကြားခဲ့တာကို မိုဒီက သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာ သတင်းစကား ရေးသားခဲ့တာဖြစ်ပါတယ်။
ငလျင်ရဲ့ အဖျက်အစီးကြောင့် အသက်ဆုံးရှုံးခဲ့ရမှုတွေအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ မိုဒီက ဗိုလ်ချုပ်မှူးကြီးကိုပြောပါတယ်။
မြန်မာရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်တဲ့အလျောက် အိန္ဒိယဟာ ယခုလို ခက်ခဲနေတဲ့ အချိန်မှာ မြန်မာပြည်သူတွေနှင့်အတူ တစ်စည်းတစ်လုံးတည်း ရပ်တည်နေတယ်လို့လည်း မိုဒီကပြောပါတယ်။
ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေနှင့် ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေဟာ “ ဘရာမာစစ်ဆင်ရေး” Operation Brahma. ရဲ့အစိတ်အပိုင်းအဖြစ် ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အလျင်အမြန်စေလွှတ်ထားလျက်ရှိတယ်လို့လည်း မိုဒီက ပြောပါတယ်။

မတ် ၂၉ ၂၀၂၅
မြန်မာနိုင်ငံတွင်လှုပ်ရှားခဲ့သော ငလျင်ကြီးကြောင့် ကြေကွဲဝမ်းနည်းကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ယနေ့ မတ်၂၉ရက်က တယ်လီဖုန်းဆက်သွယ်ပြီး ကရုဏာစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံသည် ပြင်းထန်သော ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း သတင်းကြား သိရကြောင်း၊ငလျင်ကြောင့်အသေအပျောက်နှင့် စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ နေရသည်ကို တရုတ်အစိုးရနှင့် ပြည်သူတို့ကိုယ်စား သေဆုံးသူများအတွက် လေးလေးနက်နက် ဝမ်းနည်း ကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သဘာဝ ဘေးသင့် ပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီအပြင်တရုတ်နှင့် မြန်မာသည် ပျော်ရွှင်ခြင်းနှင့်ခက်ခဲခြင်းကိုအတူမျှဝေကျော်လွှားနိုင်သော အေးအတူ ပူအမျှနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများသည် လေးနက်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ဆက်ဆံ ရေးရှိကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့် ပြည်သူများ သဘာဝဘေးဒဏ်ကို ကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိတယ်လို့လည်း ပြောကြားပါတယ်။
ထိုရက်မှာပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Qiang သည် မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကရုဏာစကား သဝဏ်လွှာပေးပို့ခဲ့တယ်လို့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယ အကူအညီ များ ယနေ့ နံနက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းအကူအညီမှာ ငလျင်လှုပ်ပြီး ( ၂၁ ) နာရီအကြာတွင် ရောက်ရှိလာသည့် အိန္ဒိယလေတပ်၏ ပထမအကြိမ် လေယာဉ် ဖြစ်ကြောင်း၊မြန်မာ ငလျင်အတွက် အကူအညီပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်လေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက လူမှုကွန်ရက်စာမျက်နှာတွင် ဆိုရှယ်မီဒီယာ တွင် ရေးသားခဲ့ပြီးနောက် ယခုအခါ ကူညီပစ္စည်းများ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
Operation Brahma စီမံချက်အမည်ဖြင့် အိန္ဒိယနိုင်ငံသည် ယမန်နေ့က ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ပထမဆုံးတုံ့ပြန်ကူညီဆောင်ရွက်သည့်နိုင်ငံအဖြစ် စောင်များ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊အစားအသောက်ထုပ်များ၊မီးစက်များနှင့် မရှိမဖြစ်လိုအပ်သောဆေးဝါးများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်ခန့်သည် ပထမအသုတ်အဖြစ် ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက် ၁၆ ကီလို မီတာ အကွာကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာမှ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အား ပြင်း ထန်သည့် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများအပြင် လူသေဆုံးမှုများလည်း ရှိခဲ့ ကြောင်း သိရသည်။
၂၈ မတ် ၂၀၂၅
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယ နိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။
“ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတွေမှာ လှုပ်ရှားခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေများအတွက် စိုးရိမ်ပါတယ်။ လူတိုင်းအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြစေဖို့ ဆုတောင်းပေးနေတပါတယ်။အိန္ဒိယအနေနှင့် ဖြစ်နိုင်သမျှသော ထောက်ပံ့ကူညီမှုများအတွက် အဆင် သင့် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဌာနတွေကို အဆင်သင့်လုပ်ထားကြဖို့ မှာကြားထားပါတယ်။ မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရန်လည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနကို မှာကြားထားပါတယ်” လို့ မိုဒီက ဆိုရှယ်မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
ယနေ့ မွန်းလွဲ ၁၂နာရီ ၅၀ခန့်က မြန်မာ နိုင်ငံ စစ်ကိုင်းမြို့ ရဲ့ အနောက်မြောက်ဖက် ၁၆ ကီလိုမီတာ အကွာကို ဗဟိုပြုကာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းထန် တဲ့ငလျင်တစ်ခုလှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အဲဒီငလျင်ဒဏ်ကို မြန်မာနိုင်ငံတွင်မကဘဲ အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ နေရာအချို့များတွင်ပါ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
#ymg/knl
#Source: IndiaToday
Page 26 of 237