YANGON, 14 April 2025 — U.S. Secretary of State Marco Rubio extended Thingyan and Myanmar New Year greetings, expressing solidarity and hope for the people of Myanmar in the wake of recent hardships.
In a message shared through the official Facebook page of the U.S. Embassy in Yangon, Secretary Rubio conveyed warm wishes, stating:
“Thingyan is a time to reflect on the past and look forward to a brighter future. This year, we are united amid the sorrow and devastation brought upon so many in the aftermath of the March 28 earthquake.”
He reaffirmed the United States’ commitment to Myanmar, noting that the U.S. will continue working alongside the international community to provide lifesaving humanitarian assistance and support recovery efforts.
“The spirit of Thingyan reminds us of the possibility of renewal and the hope for a better tomorrow,” Rubio said. “We remain committed to supporting those working to restore Burma’s path to democracy and will continue to collaborate on peace and security in the region.”
In his statement, Secretary Rubio referred to the country as “Burma”, reflecting longstanding U.S. government usage of the country’s former name in official contexts.
His message comes at a time when Myanmar is still grappling with the aftermath of the recent earthquake, which caused widespread damage and loss of life, particularly in central regions. International relief and reconstruction efforts remain ongoing
#ymg/knl
၁၄ ဧပြီ ၂၀၂၅
သင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံး မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက သင်္ကြန်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရန်ကုန်မြို့အခြေစိုက် အမေရိကန်ပြည်ထောင်စုရဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုရဲ့ ဆုတောင်းကို ဧပြီလ ၁၃ရက်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
သင်္ကြန်စိတ်ဓာတ်က ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အသစ်တစ်ဖန်ဖြစ်နိုင်ချေရှိမှုနှင့် မျှော်လင့်ချက် တွေကို ကျွန်ုပ်တို့ သတိရစေပါတယ်လို့လည်း မာကိုရူဘီရိုကပြောပါတယ်။
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်း မင်္ဂလာ များနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပြောကြားပါ တယ်လို့လည်း သူကဆုမွန်တောင်းပါတယ်။
သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပါသည်။ ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ကြရသည့် လူ ပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်။ ဤခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်း ရပ်တည်နေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ် ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့ ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း သူကပြောပါတယ်။
ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်လှတယ်လို့ သူကပြောလိုက်ပြီး ယခုသင်္ကြန်အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများအားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင် လာပါစေကြောင်းလည်း သူကဆုမွန်ကောင်းတောင်းပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရဲ့ သင်္ကြန်ဆုတောင်းမှာဖော်ပြထားပါတယ်။
#ymg/knl
၁၃ ဧပြီ ၂၀၂၅
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ယနေ့ မြန်မာနိုင်ငံအနှံ့စတင်ဆင်နွှဲကျင်းပနေရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၌ ကျင်းတဲ့ ” အေးသင်္ကြန်” ၌ တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ နစကကောင်စီဝင်များနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဆင်ယင်ကျင်းပနေခြင်းဖြစ် ပါတယ်။ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က .မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စုကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုဏ်ပြုသော အားဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့အား .သရုပ်ဖော်ခြင်းကို ကြည့်ရှုအားပေးကြပြီး သနပ်ခါးများလိမ်းခြယ်ပေးခဲ့ ကြပါတယ်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် သက်ကြီးရွယ်အို အဘိုးအဘွားများအား လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ ပြုလုပ်ပေးနေမှုများနှင့် စတုဒီသာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ယမန်နှစ်က ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ထူးခြားစည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့
သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသများ၌နစ်နာဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထားသောအားဖြင့် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အပျော်အပါးနှင့်သီဆိုကခုန်ခြင်းမပါဘဲ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့ သည့်သင်္ကြန်၊ အေးချမ်းသာယာသည့်သင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးပြောင်းကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။
April 13, 2025
Nay Pyi Taw — The traditional Myanmar Maha Thingyan Festival for the Myanmar calendar year 1386 began nationwide today, marked by cultural reverence and peaceful observance. This year’s celebrations, held under the theme “Peaceful Thingyan,” are being conducted in line with Myanmar’s customs and traditions, emphasizing harmony and spiritual reflection.
Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Prime Minister, along with his wife Daw Kyu Kyu Hla, attended the official opening ceremony at the Naypyitaw Mayor’s Thingyan Pavilion. The couple was joined by Deputy Prime Minister Vice-Senior General Soe Win and his wife, SAC members, Union-level officials, and senior military officers.
In keeping with tradition, festival-goers engaged in the symbolic sprinkling of water using Thapyay leaves, a customary practice believed to wash away the misfortunes of the past year and usher in blessings for the new year. The celebration also included a demonstration of Thanaka application—a distinctive feature of Myanmar’s cultural heritage. The Senior General and his wife participated in the demonstration, underscoring national efforts to have Thanaka recognized as part of UNESCO’s Intangible Cultural Heritage of Humanity.
The delegation also presented gifts to senior citizens and observed traditional rituals such as ceremonial hair washing, nail trimming, and the distribution of Satuditha meals—free communal offerings symbolizing merit-making and compassion.
Last year, the Maha Thingyan Festival was officially inscribed on UNESCO’s Representative List of the Intangible Cultural Heritage of Humanity. However, in light of the recent Mandalay earthquake on March 28, this year’s festivities are being conducted without entertainment programs, music, or dancing. Authorities have chosen to observe a more subdued and respectful version of Thingyan, focusing on cultural preservation and national solidarity during a time of mourning and recovery.
#ymg/knl
၁၃ ဧပြီ ၂၀၂၅
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုုင်ကို ယခုလစောစောပိုင်းက ဘန်ကောက်မြို့တွင် နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတစ်ခုသို့ ဗိုလ်ချုပ်မှူးကြီးတက်ရောက်လာစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါတရာက တွေ့ဆုံခဲ့တယ်လို့ ဧပြီ ၁၃ ရက် နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သက်ဆင်က ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံစဉ် မြန်မာခေါင်းဆောင်ကို ခုခံရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးသည် ဧပြီ ၄ရက်က ဘန်ကောက်တွင်ကျင်းပတဲ့ ဘင်မ်စတက်အစည်းအဝေးကာလအတွင်း တွေ့ဆုံ ခဲ့ကြတာဖြစ်တယ်လို့လည်း သက်ဆင်က ထုတ်ဖော်ပြောပါတယ်။
“ သူ့ကို ကျွန်တော်ပြောဖို့အခွင့်အရေးရခဲ့တယ်။ ဘာဖြစ်လို့လဲဆုတော့ ကျွန်တော့်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ဖြစ်ထွန်းတာကို မြင်တွေ့လိုလို့ဖြစ်တယ်” လို့ သက်ဆင်ကပြောပါတယ်။
သက်ဆင်က သူ့အနေနှင့် အဲဒီတွေ့ဆုံမှုမတိုင်ခင် ကမ္ဘာ့စူပါပါဝါနိုင်ငံတွေနှင့် ဆက်သွယ်ပြောဆိုခဲ့တယ် လို့လည်းဆိုပါတယ်။ သူအနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် အကြမ်းဖက် မှုတွေ အဆုံးသတ်တာ ထိုင” ်းနိုင်ငံအနေနှင့်မြင်တွေ့လိုတဲ့ဆန္ဒရှိတယ် လို့လည်း သူကပြောပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးမှုများကတစ်ဆင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်တာ မြင်တွေ့လိုတဲ့ အကြောင်း စူပါပါဝါနိုင်ငံတွေကို ကျွန်တော် အမြဲပြောခဲ့တယ်” လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးအတွက်လမ်းကြောင်းရှာဖွေရာမှာ နစကအစိုးရနှင့် တိုက်ရိုက်စကားပြောဖို့လိုတယ်လို့ သက်ဆင်က ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံအနေနှင့် နစက နှင့် ခုံခံရေးအဖွဲ့တွေအကြား စေ့စပ်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ စစ်အစိုးရကို ထောက်ခံတယ်လို့ တွက်ဆကြမှာ စိုးရိမ်တဲ့အတွက် သူ့သမီးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါတရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ် မဆက်ဆံဖို့ ထိုင်းပညာရှင်တွေက ပြောနေတဲ့ကြားထဲကနေ သူ့အနေနှင့် ဗိုလ်ချုပ်မှူးကြီးကိုတွေ့ဆုံခဲ့တာဖြစ် တယ်လို့လည်း သက်ဆင်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ အကြံပြုချက်ကို လက်ခံတယ်လို့ သက်ဆင်က ပြောပါတယ်။ ပြီးတော့ တရားဝင် ဆွေးနွေးပွဲမစတင်ခင် နောက်ထပ်ဆွေးနွေးတာတွေလိုအပ်လိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ် လို့ သူက ဆိုပါတယ်။
“ ကျွန်တော့်အကြံပြုချက်ကို သူအလေးထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေမှု မစတင်ခင်မှာ သူနှင့် ကျွန်တော် သူ အကြိမ်များစွာ ပြောဖို့လိုပါဦးမယ်” လို့ သက်ဆင်ကပြောကြားလိုက်ပါတယ်။
သက်ဆင်က သူ့အနေနှင့် မြန်မာနိုင်ငံမှာစီစဉ်ထားတဲ့ရွေးကောက်ပွဲကိစ္စကိုတော့ မဆွေးနွေးဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။ အာဆီယံအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစမလုပ်ဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ဘဲ ရွေးကောက်ပွဲလုပ်မှာကို ဆန့်ကျင်တဲ့ရပ်တည်ချက်ရှိတာကိုလည်း သူသိပါတယ်လို့ သက်ဆင်ကပြောပါတယ်။
Source The Nation
၁၁ ဧပြီ ၂၀၂၅
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ် လူသားးချင်း စာနာ ဖောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီအဖြစ် တရုတ်ယွမ်ငွေ တစ်ဘီလျံ( အမေရိကန်ဒေါ်လာ ၁၃၆သန်းကျော်)ကို ထပ်မံပံ့ပိုးပေးမည်ဟု ကြေညာပါတယ်။
ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ယခုအခါ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ် ပြန်ပြောဆိုခဲ့ခြင်းနှင့်အတူ နောက်ထပ်အကူအညီကိုလည်း ကြေညာပေးခဲ့ခြင်းဖြစ်ပါတယ်။၊
အဆိုပါ အကူအညီသည် မြန်မာအစိုးရ၏ တောင်းဆိုချက်အရ ပေးအပ်ခြင်းဖြစ်တယ်လို့လည်း ကြေညာ ချက်မှာဖော်ပြထားပါတယ်။ အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သောပစ္စည်းများကို ဝယ်ယူမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကိုလည်း ကုသရေးနှင့်ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မယ်လို့ သိရပါတယ်။
ယင်းအပြင် ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့ကိုလည်း စေလွှတ်ကာ ငလျင်ဒဏ်ခံဒေသများသို့ ကွင်း ဆင်းစစ်ဆေးပြီး ပြနလည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်များ ရေး ဆွဲရာတွင်ပံ့ပိုးကူညီသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာဆိုပါတယ်။ တရုတ်နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များလည်း စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမယ် လို့သိရပါတယ်။
မြန်မာနိုင်ငံ၏ ပြင်းထန်ငလျင်ကြီး (မန္တလေးငလျင်ကြီး) ဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရသည် ပထမဆုံးသော နိုင်ငံအဖြစ် ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ကြေညာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံတွင်ရောက်ရှိတာဝန်ထမ်းဆောင်နေစဉ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အသက်ရှင်သူ ၉ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကာ သေဆုံးသူ ၅၉ ဦး၏ သက်မဲ့ခန္ဓာများကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို့အပြင် အိမ်ခြေနှင့် အရေးပါသော အခြေခံအဆောက်အအုံများ ၂၈၇၀၀၀ စတုရန်းမီတာ ဧရိယာကို စစ်ဆေးပေးခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူပေါင်း ၂၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။
ငလျင်ဘေးသင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရွက်ဖျင်တဲ အလုံး ၄၀၀၀၊ စောင် အထည် ၁၀၀၀၀၊ အရေးပေါ်ဆေးအိတ်များ ၅၅၀၀၀ ကျော်၊ ခြင်ထောင် အလုံး ၄၀၀၀၀၊ တာပေါ်လင်စ အချပ် ၁၈၀၀၀၊ အိပ်အိတ် အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊ ကျန်းမာရေးဆေးအိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက် အဖာ ၂၀၀၀ စသည့် ပစ္စည်းများကို တရုတ်နိုင်ငံအတွင်းမှ အမြန်ဆုံးဝယ်ယူပြီး အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/knl
April 11, 2025
Yangon — In a significant expansion of its humanitarian assistance to Myanmar, China has announced an additional 1 billion yuan (over USD 137 million) in emergency aid to support ongoing earthquake recovery efforts.
The announcement was made on April 10 by Mr. Li Ming, spokesperson for the China International Development Cooperation Agency (CIDCA). Speaking at a press briefing, Li noted that Myanmar’s disaster response has now entered a critical phase focused on pandemic prevention, medical control, and long-term reconstruction.
The expanded aid package comes in response to a formal request from the Myanmar government. The funds will be used to procure urgently needed materials including fuel, prefabricated housing units, surgical equipment, medicines, and vaccines.
In addition to material aid, China will dispatch specialized teams of medical and disease prevention experts to provide treatment and conduct disinfection operations in affected areas. Disaster assessment teams will also be deployed to carry out on-site evaluations, helping shape Myanmar’s recovery and disaster risk reduction strategies.
Recognizing the impact of the earthquake on Myanmar’s rich cultural heritage, China will send cultural heritage and architectural inspection teams to assess, test, and restore damaged ancient relics and historic buildings.
This latest commitment builds on China’s earlier emergency response to the Mandalay Earthquake, which included an initial aid package worth 100 million yuan. Chinese rescue teams were among the first on the ground, successfully rescuing nine survivors—including a pregnant woman—and recovering the remains of 59 victims.
Chinese personnel conducted inspections of over 287,000 square meters of residential and vital infrastructure areas, while also providing medical treatment and health check-ups for more than 2,000 people.
To meet urgent humanitarian needs, China promptly delivered emergency supplies via special flights. The shipments included 4,000 tents, 10,000 blankets, over 55,000 medical kits, 40,000 mosquito nets, 18,000 tarpaulins, and 4,000 sleeping bags.
Additional items—such as 10,000 solar-powered lamps, 2,000 cooking sets, 38,800 health kits, and 2,000 packs of instant noodles—were also provided to support basic living conditions and sustenance for displaced communities.
The aid underscores China’s rapid and comprehensive response to the crisis, reinforcing its role as a key partner in Myanmar’s ongoing recovery and reconstruction efforts.
#ymg/knl
Page 19 of 237