Published 6 Feb 2023
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၆)ရက်က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်တဲ့ အဖွဲ့ဝင်တွေကို ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးကဲ့သို့သောလုပ်ငန်း အပါအဝင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ တွင်အကျိုးရှိစွာ အသုံးပြုဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်တာဝန်ရှိသူတို့ တက်ရောက် ကြပြီး ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
#Myanmar
#Myanmar_Russia
#Local_News
Published_ 6 February 2023
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 February 2023
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူတွေအနေနဲ့ နောက်ပိုင်းမှာ သတ်မှတ်ချက်နဲ့ ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရနိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 February 2023
တနင်္သာရီတိုင်းဒေသကြီးကိုလာရောက်ကြတဲ့ ရှင်ကိုးရှင်ဘုရားဖူးတွေ၊ရှေးမြိုဟောင်းတွေကိုလာရောက်သူတွေ အနည်းငယ်ရှိလာသော်လည်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးနေဆဲဖြစ်တယ်လို တနင်္သာရီတိုင်းယဉ်ကျေးမှုအမွေအနှစ်များစောင့် ရှောက်ရေးအဖွဲ့မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 6 February 2023
၁။ တနင်္သာရီတိုင်းကို ရှင်ကိုးရှင်ဘုရားဖူးအချို့လာရောက်ကြသော်လည်း ခရီးသွားပါးနေဆဲဖြစ်ဟုဆို
၂။ သတ်မှတ်ချက်နှင့်ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လိုင်စင်ရနိုင်တော့မည်ဟုဆို
၃။ တနင်္သာရီ၊ ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးထစ်ချုန်းနိုင်
၄။ ငွေကြေးဖောင်းပွခြင်းကြောင့် ဂျပန်နိုင်ငံ၏ ရာသီစာအထူးဆူရှီများဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၀ ကျော်ရဲ့ အခွန်ကောက်လုပ်ငန်းတွေကို လေလံပေးမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
February 5, 2023
၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုလ ၂၁ ရက်မှာ စတင်ကျင်းပမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် စုစုပေါင်း အသင်း ၁၂ သင်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC) ကွင်းတို့မှာ ကျင်းပသွား မယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1363 of 2119