#Local_News
Published_ 25 May 2023
မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တရုတ်ကြက်ခြေနီအသင်းမှ မြန်မာကြက်ခြေနီအသင်းကို ကန်ဒေါ်လာ(၁)သိန်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြုံတွေ့ရပြီးနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန်အတွက် တရုတ်နိုင်ငံကြက်ခြေနီအသင်းသည် မေလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ လက်ငင်းငွေကူညီမှု မြန်မာနိုင်ငံက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြုံတွေ့ရပြီးနောက် ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအား ကူညီပံ့ပိုးပေးရန်အတွက် တရုတ်နိုင်ငံကြက်ခြေနီ အသင်းသည် မေလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို လက်ငင်းငွေကူညီမှု အမေရိကန်ဒေါ်လာ ၁ သိန်း ပေးအပ်ခဲ့သည်ဟုဆိုသည်၊၊
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ လတ်တလောတွင် ကြုံတွေ့ခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရသေဆုံးမှုနှင့် ပျက်စီးဆုံးရှုးမှုများအား နှစ်သိမ့်အားပေးလိုပါကြောင်း၊ ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံသည် ရှေးဦးစွာ မြန်မာနိုင်ငံထံသို ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊
တရုတ်နိုင်ငံကြက်ခြေနီအသင်းသည်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ ကူညီမှုများပေးအပ်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ၍ အေးအတူပူအမျှဖြစ်သည့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အပြည့်အဝပေါ်လွင်စေကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ မိမိတတ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်သွားကာ ဒေသခံပြည်သူများ ယာယီအခက်အခဲများကိုကျော်ဖြတ်၍ ဆောလျင်စွာအိမ်ရာပြန်လည်တည်ဆောက်ရန် ကူညီသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်၊၊

#ymg/tthl #Local_News #မိုခါမုန်တိုင်းဘေးသင့်ဒေသ
#YMG #Yangon_Media_Group
#Local_News
Published- 25 May 2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF များက အရပ်သားများလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မေလ ၂၄ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ပုလော မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းကြောင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ymg/pl #Local_News #ခရီးသွားမော်တော်ယာဉ်တစ်စီးပစ်ခတ်ခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 25 May 2023
၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ချီးမြှင့် အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနား၌ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။
ထို့နောက် ဘွဲ့တံဆိပ်လက်ခံရရှိတဲ့ Ms. LEE JUNG HEE က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ယင်းအခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် မိုတက် လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
ထို့နောက် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်မိုတက်နှင့် Ms. LEE JUNG HEE တို့အား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် #တောင်ကိုရီးယားနိုင်ငံသူတစ်ဦးအားဘွဲ့တံဆိပ်ချီးမြှင့် #YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ကျေးရွာအချို့မှာ ပင်လယ်ရေကြောင့် ရေတွင်းရေကန်နဲ့အိမ်သာတွေပျက်စီးသွားခဲ့ပြီး ဒါတွေကိုအမြန်ဆုံးပြန်တည် ဆောက်ပေးဖို့လိုအပ်နေတယ်လို့ ရွှေလောင်းလှေဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Local_News #ရေတွင်းရေကန်နှင့်အိမ်သာများအားလုံးပျက်စီး #မုန်တိုင်းဘေးသင့်ဒေသအချို့
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၆ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၃သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး ၁၉၇၄ ဒေါ်လာပေါက်ဈေးရှိ #Gold
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၃ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၀၃၆၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၀၄ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၁၀၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Local_News
Published_ 24 May 2023
အခု၂၀၂၃ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းသင်ရိုးနဲ့သင်ကြားပေးတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ(၂၀၀)ကျော် မှတ်ပုံတင်ရရှိပြီးဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Local_News #ကိုယ်ပိုင်ကျောင်းများနှစ်ဆတိုး #ကျောင်းအပ်နှံသူလည်းနှစ်ဆတိုးလာ
#YMG #Yangon_Media_Group
Page 1360 of 2316