#Local_News
Published _3 October 2022
ရခိုင်ပြည်နယ် ၊ သံတွဲ-ဂွကားလမ်း မိုင်တိုင်အမှတ်၊ ၆၅/၄ နှင့် ၆၅/၅ ကြား၊ ဘုရားတောင်ကွေ့တွင် စက်တင်ဘာလ ၂ ရက်က ကုန်တင်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိသောကြောင့် ဆိုင်ကယ်စီးနင်းသူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
သံတွဲမြို့နယ်၊ ကွေ့ချောင်းအုပ်စု၊ ရေစဉ်ကျေးရွာနေသူအသက် ၃၂ နှစ်အရွယ် အောင်ဆန်းလင်းက FUSO အမျိုးအစား ကုန်တင်ယာဉ်ကို သံတွဲဘက်မှ မောင်းနှင်လာစဉ် ဂွဘက်မှ သံတွဲဘက်သို့ ကျိုက်ထိုမြို့နယ် တစ်ဂိတ်ချောင်းဖျားကျေးရွာနေသူ အသက် ၁၈ နှစ်အရွယ် သက်ဇော်လွင် မောင်းနှင်ပြီး ညောင်ဦးမြို့နယ် အရှေ့ပုလင်းကျေးရွာနေသူ အသက် ၃၆ နှစ်အရွယ် နိုင်ဝင်း စီးနင်းလိုက်ပါလာသော Honda Dream 125 ဆိုင်ကယ်နှင့် လမ်းအကွေ့တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးအနက် နိုင်ဝင်းမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး သက်ဇော်လွင်မှာလည်း ရရှိဒဏ်ရာများဖြင့် ဆပ်သွားဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _3 October 2022
အမြန်လမ်းတွင် MINI BUS တစ်စီး တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် နှစ်ဦးဒဏ်ရာရသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၆/၁)နှင့်(၇၆/၂) ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ HIGER MINI BUS (အဖြူရောင်)ယာဉ် တိမ်းမှောက်ရာနေ
ရာသို့ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၅)ဦးနှင့် ကလေး(၂)ဦးတို့အနက် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#LocalNews
Published 2 Oct 2022
ကချင်ပြည်နယ်အတွင်း အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ဘိုးဘွား ၂၀၀ ဦးခန့်အား အောက်တိုဘာလ ၂ ရက်တွင် ထောက်ပံ့ဂါရဝပြုခဲ့ကြကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရဖွဲ့မှ သက်ကြီးဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေ ကျပ်တစ်သိန်းစီနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ဂါရဝပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ဂါရဝပြုအခမ်းအနားသို့ တက်ရောက်သည့် အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၅၀ ဦး ၊ တက်ရောက်နိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁၄၅ ဦးတို့ကို ထောက်ပံ့ဂါရဝပြု လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းတွင် အသက်အကြီးဆုံး အသက် ၁၂၁ နှစ်အရွယ် တနိုင်းမြို့နယ်မှအဘွားတစ်ဦးအတွက် လှူဒါန်းငွေကျပ် ၂၅၀၀၀၀ ၊ အလားတူ ဒုတိယအသက်ကြီးဆုံးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ အသက် ၁၁၂ နှစ်ရှိ အဘွားတစ်ဦးနှင့် မိုးညှင်းမြို့နယ်မှ အသက် ၁၁၀ နှစ်ရှိ အဘိုးတစ်ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၀ စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
"သက်ကြီးဘိုးဘွားတွေရဲ့ ဘဝလုံခြုံမှုရှိစေရေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်တွေမှာထည့်သွင်းအသုံးပြုသွားနိုင်ဖို့အတွက်အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက်ပေးသွားမယ်"ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခမ်းအနားတွင်ပြောကြားသွားသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွားများအား ၂၀၁၅ ခုနှစ်က စတင်၍ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 2 Oct 2022
ရန်ကုန် တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက ခေမာဗုဒ္ဓတက္ကသိုလ် (KHEMA BUDDHA UNIVERSITY) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားပြီးနောက် ဆရာတော်ကြီးများက ခေမာဗုဒ္ဓတက္ကသိုလ်၏ အဓိပတိမဟာနာယကချုပ်၊ ဩဝါဒါစရိယ၊ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ကထိက ဆရာတော်များအဖြစ် ခန့်အပ်လွှာများကို ဆရာတော်များထံ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး အင်းတကော် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်ကစ္စာယနသာရက ခေမာဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းမြွက်ကြားကာ ဆရာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံတော် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘ ဒ္ဒန္တပညာဓဇက အနုမောဒနာတရား ဟောကြားခဲ့ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)၊အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်(စွယ်တော်ရှေ့)၊မဟာသံဃာ့နာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ဘာသာဗေဒပညာရှင် ဆရာကြီး ဦးမြင့်ဆွေတို့တည်ထောင်ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊မန္တလေး)၊သီတဂူဆရာတော်တည်ထောင်ဖွင့်လှစ်သည့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့သာ ရှိကြသော်လည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များ အလျှိုအလျှိုပေါ်ပေါက်လာခဲ့ကြရာ ၂၀၂၀ ပြည့်နှစ်၏ စာရင်းများအရ ဗုဒ္ဓတက္ကသိုလ်စာရင်းဝင်တက္ကသိုလ်ပေါင်း (၂၅) ခုထိရှိကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များဥပဒေကို မပြဋ္ဌာန်းရသေးပေး။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 October 2022
လတ်တလောမှာ ပုဂံဒေသရှိ စေတနာကြီးဘုရားအပါအဝင် ပုဂံဘုရား(၁၀)ဆူကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1358 of 1858