#Health_Matters
Published_ 5 August 2023
- ဘယ်လိုလာလာ သိနေအောင် ဘယ်လိုကာကွယ်နိုင်မလဲဆရာ ...??
#Health_Matters #ကိုဗစ်ဘယ်ရောက်သွားပြီလဲ
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 5 August 2023
- ကိုဗစ်ဟာ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး ပြန်လာနိုင်သလားဆရာ ...??
#Health_Matters #ကိုဗစ်ဘယ်ရောက်သွားပြီလဲ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 5 August 2023
၁။ ပြည်တွင်းခရီးသွား ကုမ္ပဏီ (၂၃)ခုကို ထိုင်းဗီဇာဝန်ဆောင်မှုအတွက် လုပ်ကိုင်ခွင့်ပြု
၂။ ဩဂုတ်လအတွင်း ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့်ကလေးငယ်များကို ဗီတာမင်ဆေးများ တိုက်ကျွေးမည်
၃။ မြန်မာ့အုန်းလက်မှုထုတ်ကုန်ပစ္စည်းများ အာရှမှာသာမက ဒူဘိုင်းနှင့်ဥရောပနိုင်ငံများမှာပါ ဈေးကွက်ရရှိနေ
၄။ ရွှံ့အလွန်ထူထပ်နေသည့် ဂျာမနီဟဲဗီးမက်တယ်ဂီတပွဲ၌ ရာသီဥတုအခြေအနေကြောင့် လက်မှတ်ဝယ်ထားသူအချို့အားဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Health_Matters
Published_ 5 August 2023
- ကိုဗစ်ဘယ်ရောက်သွားပြီလဲဆရာ...??
#Health_Matters #ကိုဗစ်ဘယ်ရောက်သွားပြီလဲ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 5 August 2023
အခုရက်ပိုင်းအတွင်း သံလွင်မြစ်၊သောင်ရင်းမြစ်၊ဘီလင်းမြစ်၊နန့်ယင်းမြစ်နှင့်နန့်ကောင်းမြစ်ရေ များကြီးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
သံလွင်မြစ်ရေသည် ဘားအံတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိမည်ဖြစ်သည်ဟုဆိုသည်။
သောင်ရင်းမြစ်ရေသည် မြဝတီတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်မည်ဟုခန့်မှန်းထားသည်။
ဘီးလင်းမြစ်ရေသည် ဘီးလင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
နန့်ယင်းမြစ်ရေသည် မိုးကောင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း နောက်ထပ်(၁)ပေခန့်တက်နိုင်ကာစိုးရိမ်ရေအမှတ်အထက်တွင်ဆက်လက်တည်ရှိမည်ဖြစ်သည်။
နန့်ကောင်းမြစ်ရေသည် မိုးကောင်းတွင် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့မြစ်ရေများတက်နေသဖြင့် ဘားအံမြို့၊မြဝတီမြို့၊ဘီးလင်းမြို့နှင့်မိုးကောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
#tthl
#Yangon_Times
ရေဘေးရှောင်စခန်းငါးခုမှာ အိမ်ထောင်စု(၁၇၆)စု က အမျိုးသား (၃၇၆)ဦး၊ အမျိုးသမီး(၄၁၆) ဦးရောက်ရှိ
Published_ 5 August 2023
#ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း (၅) ခု ဖွင့်လှစ်ထား
#YMG/my
#Yangon_Times
#Local_News
Published 5 August 2023
ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်အချို့တွင် ဇူလိုင်လနောက်ဆုံး အ ပတ်မှစ၍ ကမ်းလွန်စီမံကိန်းအချို့မှ သဘာဝဓာတ်ငွေ့များဖြင့် အင်အားဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဥ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG)အရောင်းဆိုင်များတွင် CNG လာရောက် ဖြည့်တင်းသော မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှု လျော့ကျစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိတွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များကို တွဲကားများဖြင့် ရောင်းချပေးသော CNG အရောင်းဆိုင် ၆ဆိုင်နှင့် ပိုက်လိုင်းများ သွယ်တန်း၍ ဖြန့်ဖြူးရောင်းချပေးသည့်ဆိုင် ၃၅ ဆိုင် စုစုပေါင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး CNG အရောင်းဆိုင်အချို့တွင်မော်တော်ယာဉ်များ ပုံမှန်ထက်ပို၍ တန်းစီစောင့် ဆိုင်းရမှုများ ရှိခဲ့သည့်အတွက် ဇူလိုင် ၂၆ ရက်ကစ၍ ညောင်တုန်း- မအူပင် ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေက ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၊ ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်ရှိသည့် သဘာဝဓာတ်ငွေ့အပြင်ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုပါ အားဖြည့် အသုံးပြုနေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့ဌာန အထွေထွေမန်နေဂျာက ပြောကြားထားသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၁ ဆိုင်၌ သဘာဝဓာတ်ငွေ့ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက် မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး တစ်ရက်လျှင် CNG သုံးမော်တော်ယာဉ် အစီးရေ ၂၈၀၀၀ ကျော် CNG လာရောက်ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
#Local_News #CNG တန်းစီရမှုလျော့ကျ #သဘာဝဓာတ်ငွေ့များဖြည့်တင်းဆောင်ရွက်ထား
#Yangon_Times/PP
Page 1354 of 2422