#Local_News
Published_ 4January 2023
ရွှေတိဂုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရန် ရွှေပြား(၂၄)ချပ်ကိုလှူဒါန်းခဲ့သည့် အလှူရှင်(၂၀)ဦးနှင့် ကျပ်တစ်သိန်းအထက်ငွေသားအလှူရှင်များကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက်အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၇၈)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ(၃)ရက် မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိက အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ.ပါဠိပါရဂူ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနားယူကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်ရွှေပြား အလှူရှင် (၂၀)က ရွှေပြားအချပ် (၂၄)ချပ်လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၂၄)ဦးအပါအဝင် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁၃၁၆၆၂၉၇၉၉/ (ကျပ်သိန်း တစ်သောင်းသုံးထောင့် တစ်ရာခြောက်ဆယ့်ခြောက်သိန်းနှစ်သောင်းကိုးထောင်ခုနှစ်ရာကိုးဆယ်ကိုး) တိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဇန်နဝါရီလထဲမှာ ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ ရာသီဥတုအေးရာမှ အအေးပေါ့ပြီး ရာသီဥတုပြန်နွေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Sport_Legend
Published 3 January 2023
ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမားကြီး'ပီလီ'ကို နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် ဆံပင်ညှပ်ပေးခဲ့တဲ့ ဘရာဇီးလ်ဆံသဆရာအတွက်တော့ ဖောက်သည်အဖြစ်ရော မိတ်ဆွေအဖြစ်ပါ ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 January 2023
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ပုံမှန်အတိုင်းပဲအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ဒီဇင်ဘာလ ၂၃ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲကအနာကြီးဝေဒနာရှင်တွေ၊ အရေပြားရောဂါသည်တွေ နာတာရှည်လူနာတွေကို ထီဆုငွေဖြင့်လှူဒါန်းသွားဖို့ရှိတယ်လို့ ပုဗ္ဗတွဲလက်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုဟိန်းမင်းဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 3 January 2023
၁။ အနာကြီးဝေဒနာရှင်များ၊ နာတာရှည်လူနာများကို ထီဆုငွေဖြင့်လှူဒါန်းမည်ဟုဆို
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထား
၃။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မိတ်ဆွေအဖြစ်ရော ဖောက်သည်အဖြစ်ပါ ပီလီကိုဆုံးရှုံးလိုက်ရသည့် ဘရာဇီးလ်ဆံသဆရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1351 of 2045