#TV Yangon Times Matters အစီအစဉ်
Published - 1 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုးလင်းဟိန်း (Uncle ZAN Art & Watch Gallery)နှင့် အတူ
-"နာရီကို ငယ်ငယ်ကတည်းကကြိုက်တာဆိုတော့ တစ်ခါတစ်လေ ဈေးကြီးတာမျိုးမဟုတ်ဘဲ စိတ်ကူးထဲမှ ာကြိုက်တဲ့နာရီမျိုးစုံပတ်ဖြစ်လေ့ရှိကြောင်း
-တန်ဖိုးရှိနာရီဆိုတာထက် ရှားပါးနာရီတွေကို ပိုစုဖြစ်တယ် နာရီချစ်သူအချင်းချင်း ရောင်းဝယ်လဲလှယ်တာလုပ်လေ့ရှိကြောင်း
-နိုင်ငံခြားကဝင်တဲ့ နာရီတွေလည်းရှိတယ် နာရီတစ်လုံးစုဆောင်းတော့မယ်ဆိုရင် အတုလားအစစ်လား အချက်အလက်တွေကို သေချာလေ့လာစုဆောင်းလေ့ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published 1 Jan 2023
လာမယ့်နှစ်မှာ ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ မန္တလေးနန်းတွင်းအဆောက်အအုံတွေ မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းအမွေအနှစ်တွေနဲ့ အင်းဝဘုရားတွေကို ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းရှိ ရှေးဟောင်းသုတေသနဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 1 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုးလင်းဟိန်း(Uncle ZAN Art & Watch Gallery)နှင့်အတူ
-"နာရီကို ငယ်ငယ်ကတည်းကကြိုက်တာဆိုတော့ တစ်ခါတစ်လေ ဈေးကြီးတာမျိုးမဟုတ်ဘဲ စိတ်ကူးထဲမှာ ကြိုက်တဲ့နာရီမျိုးစုံပတ်ဖြစ်လေ့ရှိကြောင်း
-တန်ဖိုးရှိနာရီဆိုတာထက် ရှားပါးနာရီတွေကို ပိုစုဖြစ်တယ် နာရီချစ်သူအချင်းချင်း ရောင်းဝယ်လဲလှယ်တာလုပ်လေ့ရှိကြောင်း
-နိုင်ငံခြားကဝင်တဲ့ နာရီတွေလည်းရှိတယ် နာရီတစ်လုံးစုဆောင်းတော့မယ်ဆိုရင် အတုလားအစစ်လား အချက်အလက်တွေကို သေချာလေ့လာစုဆောင်းလေ့ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published 1 Jan 2023
YBS စီးခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာလုံခြုံမှုရှိစေရန်အတွက် ယာဉ်လိုင်းတွေမှာ Telematics စနစ်တပ်ဆင်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 1 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုးလင်းဟိန်း(Uncle ZAN Art & Watch Gallery)နှင့်အတူ
-"နာရီကို ငယ်ငယ်ကတည်းကကြိုက်တာဆိုတော့ တစ်ခါတစ်လေ ဈေးကြီးတာမျိုးမဟုတ်ဘဲ စိတ်ကူးထဲမှာ ကြိုက်တဲ့နာရီမျိုးစုံပတ်ဖြစ်လေ့ရှိကြောင်း
- တန်ဖိုးရှိနာရီဆိုတာထက် ရှားပါးနာရီတွေကို ပိုစုဖြစ်တယ် နာရီချစ်သူအချင်းချင်း ရောင်းဝယ်လဲလှယ်တာလုပ်လေ့ရှိကြောင်း
- နိုင်ငံခြားကဝင်တဲ့ နာရီတွေလည်းရှိတယ် နာရီတစ်လုံးစုဆောင်းတော့မယ်ဆိုရင် အတုလားအစစ်လား အချက်အလက်တွေကို သေချာလေ့လာစုဆောင်းလေ့ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1st Jan 2023
လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို နှောင့်ယှက်ထိပါး၍တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ၂ဝ၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက် ည တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသည်မှာ တစ်နှစ်နှင့် ၁၁ လကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟူသောလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်က ပြည်သူများသို့ ပြောသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သောမိန့်ခွန်းတွင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ခဲ့ရာ ယနေ့ အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် DKBA၊ KNU- KNLA/PCI PNLO၊ NMSP၊ ALPI RCSS(SSA)၊ LDU စသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် UWSA၊ NDAAI SSPP(SSA) စသည့် အဖွဲ့ သုံးဖွဲ့၊ စုစုပေါင်း အဖွဲ့ ၁၀ တို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစက အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို နှောင့်ယှက်ထိပါး၍ တိုက်ခိုက်ချိန်မှအပ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၄ နှစ်ကျော်ကာလတိုင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း(၂၁)ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published: 1 January 2023
တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နှင့် တိုင်းပြည်ကိုမူလအခြေအနေအတိုင်း အေးချမ်းစေဖို့ ဆောင်ရွက်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားပါတယ်။
၂၀၂၃ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက အဆိုပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့အခွင့်အရေး ပိုမိုဆောင်ရွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ ဆောင်ရွက်နေပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။
လွတ်လပ်ရေးရတာ (၇၅)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် လွတ်လပ်ရေးရဲ့အရသာကို အပြည့်အဝမခံစားကြရသေးဘူးလို့ လက်နက်ကိုင် ပဋိပက္ခတွေကို ရည်ညွန်းပြီး ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
“လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို တတ်နိုင်သမျှချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဆောင်ရွက် ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုများ ရရှိခဲ့ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးရဲ့ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာ အမှန်တရားနဲ့ လိုလားဖို့ပဲအရေးကြီးပါတယ်” လို့ သူကပြောပါတယ်။
၂၀၂၃ခုနှစ်ဟာ လွတ်လပ်ရေးစိန်ရတုနှစ်ဖြစ်လို့ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခု ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့နှစ်တစ်နှစ်ဖြစ်ပြီး အဲဒီအခွင့်အရေးကို အရယူနိုင်ဖို့မျှော်လင့်တယ််လို့လည်း ဆိုပါတယ်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ြည်ထောင်စုတည်ဆောက်ရေး အတွက် ယခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲ ဖြစ်လို့ နစက အနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက်ကမ်းကြိုလျက် ရှိနေပါတယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်စပ်ရည်ညွန်းပြီး ဗိုလ်ချူပ်မှူးကြီးက နှစ်သစ်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။
ymg/knl
#Myanmar_Politics
Page 1355 of 2045