#Local_News
Published_ 30 November 2022
အခုဆောင်းတွင်းကာလမှာ ဝေးလံခေါင်သီတဲ့ကချင် ပြည်နယ်ကကျေးလက်နေပြည်သူတွေအတွက် အနွေးထည်၊ စောင်နဲ့ကျောင်းသုံးစာအုပ်တွေအပါ အဝင်စာအုပ်စာပေတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာမှာ တီဗွီအဟောင်းအကျွမ်းတွေကို အုတ်အစားအသုံးပြုကာ စေတီတည်ထားကိုကွယ်ရန် ပြုလုပ်နေပြီး လိုအပ်တဲ့ တီဗွီအဟောင်းတွေကို အလှူခံနေတယ်လို့ တီဗွီစေတီတည်ထားဖို့ ဆောင်ရွက်နေသူထံက အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 November 2022
၁။ အုတ်အစား တီဗွီအဟောင်းများအစားထိုး၍ စေတီတည်ထားကိုးကွယ်မည်
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရရှိထား၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုတင်ပို့နိုင်
၃။ ကချင်ကျေးလက်နေပြည်သူများအတွက် ဆောင်းတွင်းကာလအနွေးထည်နှင့် စာအုပ်စာပေများလိုအပ်နေ
၄။ ရေညှိအခြေပြုထုတ်လုပ်ထားသည့် ထုပ်ပိုးမှုစနစ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆုရရှိရန် ယူကေကုမ္ပဏီမျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကနေစပြီး မတ်ပဲဈေးနှုန်းတွေက တစ်တင်းကို ကျပ် ၆၀၀၀၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေခဲ့ပြီး အခု နိုဝင်ဘာလ တတိယအပတ်တွင် ၅သောင်း၇ထောင်ကျပ်နဲ့ ဒီကနေ့ နိုဝင်ဘာလ နောက်ဆုံးရက်ဖြစ်တဲ့ ၃၀ရက်နေ့မှာတော့ ငွေကျပ် ၅သောင်း၅ထောင်အထိကျဆင်းခဲ့တယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 November 2022
နိုဝင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာ ၃၀ ရက်)တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၇၅၄ ဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း သိန်း ၂၀ အထက်တွင်ရှိကြောင်း သိရသည်။
ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၂၆ သိန်းအထက်တွင် ရှိနေပြီး ဈေးကွက်အတွင်းရောင်းအဝယ်မရှိအေးနေကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်အားလုံးကို ၂၅ သိန်း ၃ သောင်းဖြင့်ရောင်းချရန် အသင်းမှထုတ်ပြန်ထားပြီး လက်ရှိတွင် ငွေလဲနှုန်းမှာ ကျနေသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အကျဘက်သို့ ဦးတည်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောသည်။
ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုး လိုင်စင်လျှောက်ထားခြင်း နှင့် ရွှေတုံး ရွှေခဲလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းအကြီး၊ အလတ်၊ အသေး အမျိုးအစားခွဲခြားဖော်ပြပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသို့တင်ပြ၍ ထောက်ခံချက်ရယူရမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 30 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးတွင် ယနေ့နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်က ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လူလေးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ဘုရားအနီးတွင် မသင်္ကာသူ ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန်ခေါ်ဆောင်စဉ် ပြန်လည်ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတို့နှင့်အတူ ကီးပက်ဖုန်း၊ ဓာတ်ခဲတို့ ချိတ်ဆက်ထားသည့် ဖောက်ခွဲရန်အသင့်ပြင်ထားသော လက်လုပ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1352 of 1975