#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် စနစ်တကျ လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 1 december 2022
အလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးခေါ်ယူရန် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်ကမ်းလှမ်းစာ ၁၈၆ ခု ပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရကုမ္ပဏီများက စေလွှတ်သွားမည်ဖြစ်၍ အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး(တိုကျိုမြို့) သို့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့ခဲ့ကြောင်း ပါရှိသည်။
အလုပ်ကမ်းလှမ်းစာ(Demand Letter) များနှင့်ပတ်သက်၍ မြန်မာသံရုံး(တိုကျိုမြို့)မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအား စာရွက်စာတမ်းအထောက်အထားများနှင့်တကွ စီစစ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ စီစစ်ခြင်းကို မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_1 December 2022
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၂ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၆၃ သန်း၊ စစ်တွေ (ပုံမှန်)ဂိတ်မှ အမေရိကန်ဒေါ်လာ ၈ သန်း၊ ကျောက်ဖြူဇုန်မှ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၆၂ သန်း၊ မောင်တောဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၂ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၉ သန်းရရှိထားပြီး ၄ သန်းကျော်ပိုမိုကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ပြီး အဆိုပါစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်းနှင့် ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန်ခြောက်များ ပါဝင်ကြောင်း သိရသည်။
တင်ပို့နေသည့် ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည်များပါဝင်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 1 December 2022
မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကိုအသုံးပြု၍ မဲခေါင်မြစ်ဝှမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ မဲခေါင်ဒေသများဆိုင်ရာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစင်တာ Safe Mekong Coordination Center(SMCC)ကို နိုဝင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်၊၊
ယင်းစင်တာကို အသုံးပြု၍ မဲခေါင်မြစ်ဝှမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အချက်အလက်များ အတူမျှဝေရေး၊ အစည်းအဝေးကျင်းပရေးစသည်တို့ကို ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတွင် မိတ်ဖက်နိုင်ငံများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဒေသများ ဖြစ်သည့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နှင့် အတူ “Safe Mekong” ပူးတွဲမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုကိုလည်း ခြောက်ကြိမ်ဖော်ဆောင်ခဲ့ပြီး အဆိုပါ နိုင်ငံများ က မဲခေါင်မြစ်ပူးတွဲကင်းလှည့်လှုပ်ရှားမှုကို ၁၂၃ ကြိမ်ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုမြှင့်တင်ရာတွင် ရွှေတြိဂံဒေသ ၊ လန်ချန်း-မဲခေါင် ဒေသများအတွက် ပါဝင်ကြောင်း လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published_1 December 2022
ဘဏ်များအနေဖြင့် လုပ်ငန်းတည်နေရာ ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေအဖြစ် ငွေကျပ် ငါးသိန်းပေးဆောင်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှညွှန်ကြားချက်ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ယခုလို ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါကြေညာချက်တွင် ဖွင့်လှစ်ပြီးသည့် ဘဏ်တွေ၏ ရုံးချုပ်များ၊ ရုံးခွဲများ လုပ်ငန်းနေရာ ပြောင်းရွှေ့ရာတွင် ယခင်လုပ်ငန်းနေရာနှင့် မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့မည်ဆိုပါက အခကြေးငွေ ကျပ်ငါးသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း ပါရှိသည်။
ယင်းအပြင် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းနှင့် ပိတ်သိမ်းခြင်းများ ဆောင်ရွက်မည်ဆိုပါက အခကြေးငွေ ကျပ်နှစ်သိန်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဘဏ်စုစုပေါင် ၂၄ ခုရှိပြီး လက်ရှိတွင်လည်း ပြည်တွင်းဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA) သည် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန်အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားကြောင်း တရားဝင်အသိပေးထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_1 December 2022
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင် တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား စုစုပေါင်း ၇၂၉ ဦးကို တရားဝင် ပို့ဆောင်ထားကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁ ရက်တွင် Regular ကုန်ထုတ်လုပ်သားသစ် (၆၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၀၉) ဦး၊ နိုဝင်ဘာ ၃ ရက်တွင် Re-Entry ကုန်ထုတ်လုပ်သား (၂၇) ဦး၊ နိုဝင်ဘာ ၁၀ ရက်တွင် Regular ကုန်ထုတ်လုပ်သား(၃၄)ဦး ၊ Re-Entry ကုန်ထုတ်လုပ်သား (၁၅) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂) ဦး စုစုပေါင်း (၅၁) ဦး၊ နိုဝင်ဘာလ ၁၅ ရက် တွင် ကုန်ထုတ်လုပ်သားသစ် (၈၈) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၃၁) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂၉) ဦး စုစုပေါင်း (၁၄၈) ဦး၊နိုဝင်ဘာ ၁၇ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၃၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၀) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၇၈) ဦး စုစုပေါင်း ၁၂၆ ဦး၊ နိုဝင်ဘာ ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၇၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၉) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၃၇) ဦးစုစုပေါင်း ၁၁၉ ဦးနှင့်နိုဝင်ဘာလ၂၆ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၁) ဦး၊ CBT ကုန်ထုတ်လုပ်သား (၆) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၂) ဦး စုစုပေါင်း ၁၄၉ ဦး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် Regular လုပ်သား (၆၂) ဦးနှင့် Re-Entry လုပ်သား (၂၈) ဦးကို ယခုလဆန်းပိုင်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ကြေညာထားသည်။
တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုသည် ကုန်ထုတ်လုပ်သား ၊ ကုန်ထုတ် Re-entry လုပ်သား ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
Page 1350 of 1975