#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု) နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_17 December 2022
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားခရီးသွားဈေးကွက်ဟာ တတိယအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 18 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်ရဲထွန်း(ဓာတု)
နှင့်အတူ
-"ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံစေတီတော်ပေါ်ရောက်ဖြစ်ခဲ့ပြီး အဓိငှာန်တွေဝင်ဖြစ်ခဲ့တာဖြစ်ကြောင်း
-မြန်မာပြည်အကြောင်းပြောရင်ရွှေတိဂုံဘုရားအကြောင်းမပါလို့မရပါဘူးဆိုတဲ့အကြောင်း
-သာမန်လူတွေထက် ရွှေတိဂုံဘုရားအကြောင်းပိုသိတာဖြစ်လို့"ရွှေတိဂုံစေတီတော်မှ ရှားပါးမှတ်တမ်းများ"စာအုပ်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 18 December 2022
ရန်ကုန်-မော်လမြိုင် ညရထားခရီးစဉ်များကို ယနေ့ မှစ၍ယာယီ ရပ်ဆိုင်းလိုက်ကြောင်း မော်လမြိုင် ဘူတာကြီးက သတင်းထုတ်ပြန်ထားသည်။
မော်လမြိုင်ဘူတာမှ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ညရထား ခရီးစဉ်အတွက် ကြိုတင်ဝယ်ယူထားသော ရိုးရိုးတန်း၊ အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံတွင် ပြန်လည်ပေးချေနေပြီဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း မော်လမြိုင်-ရန်ကုန် ပြေးဆွဲလျက် ရှိသော လေအိတ် နေ့အမြန်ရထားကိုမူ နေ့စဉ် အစုန်အဆန် ပြေးဆွဲပေးနေမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 18 December 2022
မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ခေါ်) ဆရာကြီးဦးရွှန်းမြိုင်သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ သိရသည်၊၊
ဆရာကြီးဦးရွှန်းမြိုင်ကွယ်လွန်ချိန်တွင် အသက်(၇၉) နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ ထုတ်ပြန်ထားသည်၊၊
ဆရာကြီးကို ဒီဇင်ဘာလ(၂၀)ရက်တွင် အေးရိပ်ငြိမ်သုဿန်တွင် သဂြိုဟ်သွားရန်ရှိကြောင်း သိရသည်၊၊
မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဆရာကြီးဦးရွှန်းမြိုင်သည် ဂီတတေးသီချင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ မြို့မငြိမ်း၏သီချင်းများကိုစုစည်း၍ မြို့မငြိမ်းမြန်မာသီချင်းများ အမှတ်စဥ်(၁)စာအုပ်နှင့်မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့် သံစုံတီးဝိုင်းစာအုပ်ကို ထုတ်ဝေခဲ့သည်၊၊
မြို့မငြိမ်းမြန်မာသီချင်းများအမှတ်(၁)စာအုပ်ကို မြို့မငြိမ်း(၁၀၅) နှစ်ပြည့်အဖြစ်အမှတ်တရအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး မြို့မငြိမ်းရေးသားခဲ့သည့်တေးသီချင်းများအကြောင်း ပြုစုရေးသားထားခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့်သံစုံတီးဝိုင်းစာအုပ်တွင် မဟာဂီတသီချင်းများ၏စန္ဒယားလက်ကွက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ဧရာဝတီတိုင်းဒေသကြီးတွင်ဆေးရုံ (၁၃၃)ရုံဖြင့် တစ်ရက်ကို ပျမ်းမျှအတွင်း လူနာပေါင်း(၃၀၀၀)ကျော်ကို လက်ခံကုသပေးလျက်ရှိပြီး ကျိုက်လတ်ပြည်သူဆေးရုံတွင်လည်း တိုးချဲ့ကုသဆောင်သစ်ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်၊၊
ယင်းကဲ့သို့ဧရာဝတီတိုင်းတွင် အတွင်းလူနာများလက်ခံကုသပေးနေသည့်အခြေအနေများနှင့် တိုးချဲ့ကုသဆောင်သစ်များ ထပ်မံဖွင့်လှစ်လိုက်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက '(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား'၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း (၁၁၇၈)ရုံအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဆေးရုံ (၁၃၃)ရုံ ခွင့်ပြုထားရှိကာ အဆောက်အအုံ ဆောက်လုပ်ဆဲနှင့် အဆောက်အအုံမရှိသေးသည့် တိုက်နယ်ဆေးရုံ ရှစ်ရုံမှအပ ဆေးရုံများအားလုံး လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နေ့ ပျမ်းမျှအတွင်းလူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဧရာဝတီတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ်ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရိုင်ကုသရေး ဦးစီးဌာနရုံးနှစ်ရုံး တိုးချဲ့ဖွဲ့စည်း ခွင့်ပြုမှုရရှိခဲ့ပါကြောင်းပြောကြားခဲ့သည်၊၊
ဆက်လက်၍ ယခုဖွင့်လှစ်သည့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ရန်ပုံငွေမှ ကျပ်ငွေ (၃၉၇)ဒသမ (၇၃) သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ပြီး ယခုအဆောင်သစ်တွင် လူနာဆောင်များ အဓိကပါဝင်ကာ အောက်ဆီဂျင်ပေး၍ ကြပ်မတ်ကုသနိုင်သည့် (HDU)ခုတင် ငါးလုံး အပါအဝင် စုစုပေါင်း ခုတင် ၅၀ ခန့်အထိ ထားရှိအသုံးပြုနိုင်မည်ဖြစ်ကာ နောင်ကာလတွင် ထပ်မံတိုးချဲ့နိုင်မည့်ပုံစံဖြင့်တည် ဆောက်ထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 18 December 2022
တွံ့တေးတူးမြောင်းကို ဖြတ် တံတားသစ် တစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာက ငွေကျပ်၃၄ ဘီလီယံ ဖြင့် တည်ဆောက်နေကြောင်း သိရသည်။
ယင်းတံတားမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရာတွင် တံတားချဉ်းကပ်လမ်း အတွက် ငွေကျပ် ၂ ဘီလီယံနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ် ၃၂ ဘီလီယံ ဖြစ်ပြီး လက်ရှိတွင် တံတား ၁၉ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တံတားအရှည် ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင်ခုံး တံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၄၉ ပေနှင့် အကျယ် ၄၅၉ ပေ ၊ တံတားခံနိုင်ဝန်(ခွင့်ပြုအလေးချိန်)မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ပင်မတံတား ခန်းဖွင့်အကျယ် ၁၆၀ မီတာရှိ သံမဏိသံပေါင်ခုံး တံတားတစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၄၅ မီတာစီရှိ Steel Box Girder နှစ်ခန်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်ဘက်ခြမ်း၌ ချဉ်းကပ်တံတားခန်းဖွင့်အကျယ် ၃၀ မီတာ ရှစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၂၀ မီတာ တစ်ခန်း၊ ဒလမြို့နယ် ဘက်ခြမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ် ၃၀ မီတာ ခုနစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၂၀ မီတာ တစ်ခန်းစီတို့ဖြင့် တည်ဆောက်နေကြောင်း၊ တံတားအောက်ခံ အုတ်မြစ်များကို သံကူကွန်ကရစ် ဘိုးပိုင်၊ အပေါ်ထည်ပင်မတံတားမှာ သံမဏိသံပေါင် ခုံးတံတားနှင့် Steel Box Girder ဖြစ်၍ ချဉ်းကပ်တံတားများကို PC Girder များဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ဒလမြို့နယ်ဘက်ခြမ်းရှိ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ Pier (တိုင်)လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသည့်အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ငွေကျပ် ၂ ဘီလီယံဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ်ရေလယ်တိုင်များဖြစ်သော တိုင်အမှတ် RP1 ၊ S2 ၊ S3 ၊ S4 နှင့် S5 တို့၏ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများမှာလည်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်ရှိချဉ်းကပ် တံတားတိုင်များဖြစ်သော တိုင်အမှတ် S1 ၊ S နှင့် S7တို့၏ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1345 of 2005